ရခိုင် စစ်ရှောင် ၂ သိန်း ကျော်သွားပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများကြောင့် ဒေသခံအရပ်သားများ ဆက်လက် ထွက်ပြေးနေရပြီး စစ်ရှောင်ပြည်သူ ၂ သိန်းကျော်ရှိပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်း အရုံး REC က ထုတ်ပြန်လိုက်သည်။
REC ၏ အောက်တိုဘာလ ၁ ရက်နေ့ က ထုတ်ပြန်လိုက်သည့် စာရင်းအရ စစ်ရှောင်စခန်းရောက် စစ်ဘေးဒုက္ခသည် ဦးရေ ၇၇၉ ၄၄ ဦး၊ စစ်ခန်းပြင်ပတွင် ၁၄၈၈၆၀ ဦး၊ စုစုပေါင်း ၂၂၆၈၀၄ ဦး ရှိပြီဟု သိရသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က “ကျနော်တို့ ဇူလိုင် ပထမ အပတ်မှာ ထုတ်ခဲ့ပြီးတော့မှ သြဂုတ် ဆိုတော့ ၂ လမထုတ်နိုင်ခဲ့ဘူးပေါ့နော်။ ဆိုတော့ အခု အောက်တိုဘာ ပထမအပတ်ဆိုတော့ ကြားထဲမှာ ၂ လဟာတာ ရှိတာပေါ့။ ကျနော်တို့ တိုးလာတာက သုံးသောင်းကျော် လောက်ရှိတယ်ဗျ။ အခုက အားလုံး ၂ သိန်း ၂ သောင်းနှင့် ခြောက်ထောင်ကျော်ဗျ။ အဓိကတိုးလာတာက တော့ ကျောက်တော် ရသေ့တောင် ဘူးသီးတောင်ဖက်မှာ တိုးလာတယ်ခင်ဗျ။ မြောက်ဦးဖက်လည်း အနည်း ငယ်တိုးပါတယ်။ ဒါပေမယ့် အဓိကတိုးတာကတော့ ကျောက်တော် ရသေ့ တောင်ဘူးသီးတောင်ပါဗျ” ဟု ပြောသည်။
“အဓိကအခင်းအကျင်းကကျတော့ ဒီကိုဗစ်ကာလမှာ စစ်ဘေးတိမ်းရှောင်လာတဲ့ အခါကျတော့ ကူညီ ထောက် ပံ့မှုက လူတွေလည်း လာလို့ သွားလို့မရဘူး အဲလိုဖြစ်တာလေနော အဲဒီတော့ လိုအပ်တဲ့ နေရာထိုင်ခင်း အစား အသောက် အခြားလိုအပ်တဲ့ ထောက်ပံ့မှုတွေကတော့ အရမ်းကြီးနည်းပါး တာပေါ့လေနော အဲဒီအခက်အခဲ တစ်ခုရှိတယ်။ တစ်ချို့သောမြို့နယ်တွေမှာတော့ အခြေခံလိုအပ်ချက်တွေနဲ့ တခြားစားရေးသောက်ရေး ထောက် ပံ့မှု အချို့တော့ ရတာပေါ့လေ။ ဒါပေမယ့်လည်း ကျန်တဲ့ဖက်ကို မရောက်တဲ့ ဟိုဖက်ပြေးဒီဖက်ပြေးနေရသူတွေ ကတော့ စားရေးသောက်ရေး နေရေးထိုင်ရေးနှင့် တစ်ခြား ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကတော့ ရှိနေ တုန်းပါပဲ။”
စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း စစ်ရှောင်များအတွက် နိုင်ငံတကာ၊ အစိုးရ၊ ဌာဆိုင်ရာများ၏ အကူ အညီ ထောက်ပံံ့မှု အချို့ ရောက်ရှိလာသော်လည်း အချို့ မြို့နယ်များသို့ မရောက်သည့် အနေအထားများလည်း ရှိနေသည်ဟု REC က ဆက်ပြောသည်။
“အဓိကကတော့ မြေပုံမြို့နယ် မင်းပြားမြို့နယ်မှာ အထောက်အပံ့ရရှိတာကို နည်းပါတယ်။ နောက်ပြီးတော့ ဘူး သီးတောင် မြို့နယ်ပေါ့နော်။ ဒီ ၃ နေရာမှာ အထောက်အပံ့ရရှိမှုနည်းပါတယ်။ နောက်တစ်ခါ ဒီထဲမှာ ဆိုလို့ရှိရင် ဒလက်ချောင်းအထဲမှာရှိတဲ့ ပိတ်မိနေတဲ့ ရွာတွေပေါ့လေ ဒါဆို တော်တော်လေးကို ဆိုးဆိုးဝါးဝါး အခက်အခဲ ရှိနေပါတယ်။ သူတို့ကတော့လေ ဘာကြောင့်လဲဆိုတော့ အဲဒီ ဒလက်ချောင်းမှာကျတော့ စစ်တပ်ကနေပြီး တော့မှ ပြင်ပက အကူအညီကို လုံးဝပေးမဝင်ဘူး ပိတ်ဆို့ထားတယ်။ ဒေသတွင်းကလူတွေကလည်း အပြင်ကို သွားပြီးတော့ ပြန်လာလို့မရအောင် သူတို့က ကန့်သတ်မှုတွေလုပ်ထားပါတယ်။ ဆိုတော့ အဲလိုမျိုး ဒလက် ချောင်းဖက်မှာတော့ တော်တော်လေးကို အခက်အခဲရှိပါတယ်ခင်ဗျာ” ဟု ဦးဇော်ဇော်ထွန်း က ပြောသည်။
ကျောက်တော်မြို့၊ မဟာမုနိဘုရားဝန်းအတွင်း စက်တင်ဘာလ လလယ်ခန့်က ရောက်ရှိလာသည့် စစ်ရှောင် တစ်ထောင်ကျော် အတွက် စားနပ်ရိက္ခာများနှင့် ယာယီတဲများ ဆောက်လုပ်ရန် အကူအညီများ လိုအပ်နေ သည်ဟု စစ်ရှောင်များအား ကူညီပေးနေသူများ က ပြောသည်။
“လူကများတော့ အဓိက ယာယီတဲဆောက်ဖို့ စီမံထားတယ်။ အဲ့ဒီအတွက် အလှူရှင်လိုတာပေါ့။ ပြီးတော့ စား နပ်ရိက္ခာလည်း လိုတာပေါ့။ လောလောဆယ်တော့ အနီးအနားက အလှူရှင်တွေပေးတာ နည်းနည်း ပါးပါးရှိ တယ်။ လွှတ်တော်ကိုယ်စားလှယ်တချို့လည်း လာကြည့်တယ်၊ ဆန်တို့ဘာတို့ လာလှူတာရှိတယ်လို့ ပြော တယ်” ဟု စစ်ရှောင်များအား ကူညီပေးနေသည့် ကျောက်တော်ဒေသခံတစ်ဦး က ပြောသည်။
COVID-19 ကြောင့် ရခိုင်ပြည်သူများ ကြောက်ရွံ့ နေကြချိန်တွင် ထိုအခြေအနေအပေါ် အခွင့်ကောင်းယူ၍ တပ်မတော်မှ စစ်ရေးလှုပ်ရှားမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုကျူးလွန်နေသည်ဟုလည်း ရခိုင် ဒေသခံများ၊ ရခိုင်နိုင်ငံရေးပါတီများ နှင့် ရခိုင်ပြည်နယ်အတွင်းက အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
“အပြစ်မဲ့တဲ့အရပ်သားတွေကို သံသယနဲ့ ဖမ်းဆီးတယ်။ AA ဆိုပြီး စွပ်စွဲလိုက်တယ်။ စစ်ဆေးနေရင်း သေသွား တယ်။ လူထုတွေ ထွက်ပြေးရတယ်။ စစ်ကြောင်းတွေ ကျေးရွာတွေထဲ ဝင်လာတယ်။ လက်နက်ကြီးတွေ ပစ် တယ်။ သေနတ်တွေနဲ့ ပစ်တယ်။ ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတယ်။ မီးရှို့ ခံရတယ်။ တစ်ရွာလုံးကို ဖမ်းထား တယ်။ ဒီလိုမျိုး အရပ်သားတွေအပေါ်မှာ ကျူးလွန်တဲ့ အရပ်သားမဟုတ်ပလေ့စေ ဒီလိုမျိုး တရားဥပဒေမဲ့ လူမ ဆန်အောင် ညှင်းပန်းနှိပ်စက်တာတွေ ရှိနေတယ်။ ဒါမျိုးတွေကို အချိန်မှီ စုံစမ်းစစ်ဆေးပြီးတော့ ဖော်ထုတ်ပေး စေချင်တယ်” ဟု ရခိုင်အမျိုးသားပါတီ (ANP) ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန် က ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား စက်တင်ဘာလ ၃၀ ရက်နေ့ နှင့် အောက်တိုဘာလ ၁ ရက်နေ့ ၂ ရက်ဆက်တိုက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ဒေသခံ ပြည်သူအချို့လည်း စစ်ဘေးလွတ်ကို ထွက်ပြေးနေရသည်ဟု သိရသည်။ သို့သော်လည်း အခြေအနေ အသေး စိတ်ကို မသိရသေးဘူးဟု ဦးဇော်ဇော်ထွန်းက ပြောသည်။
နှစ်နှစ် နီးပါးခန့် ကြာမြင့်လာသည့် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူမျာ ယနေ့ထိတိုင် စစ်ဘေးရှောင်နေကြရပြီး ဇူလိုင်လ ၇ ရက်နေ့ထုတ်ပြန်ချက်အရ ရခိုင်စစ်ရှောင် ၁၉၀,၇၀၀ ကျော်ရှိခဲ့ရာမှ ယနေ့တွင် စစ်ဘေးဒုက္ခသည်ဦးရေ ၂၂၆၈၀၄ ဦး ရှိသွားပြီဖြစ်သည်။
*** ZAWGYI ***
ရခိုင္ စစ္ေရွာင္ ၂ သိန္း ေက်ာ္သြားၿပီ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၂ ရက္။
ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားေနသည့္ တုိက္ပြဲမ်ား၊ စစ္ေရးပဋိပကၡမ်ားေၾကာင့္ ေဒသခံအရပ္သားမ်ား ဆက္လက္ ထြက္ေျပးေနရၿပီး စစ္ေရွာင္ျပည္သူ ၂ သိန္းေက်ာ္ရွိၿပီဟု ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္း အရံုး REC က ထုတ္ျပန္လိုက္သည္။
REC ၏ ေအာက္တိုဘာလ ၁ ရက္ေန႔ က ထုတ္ျပန္လုိက္သည့္ စာရင္းအရ စစ္ေရွာင္စခန္းေရာက္ စစ္ေဘးဒုကၡသည္ ဦးေရ ၇၇၉ ၄၄ ဦး၊ စစ္ခန္းျပင္ပတြင္ ၁၄၈၈၆၀ ဦး၊ စုစုေပါင္း ၂၂၆၈၀၄ ဦး ရွိၿပီဟု သိရသည္။
ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအရံုး REC အတြင္းေရးမွဴး ဦးေဇာ္ေဇာ္ထြန္း က “က်ေနာ္တို႔ ဇူလိုင္ ပထမ အပတ္မွာ ထုတ္ခဲ့ၿပီးေတာ့မွ ၾသဂုတ္ ဆိုေတာ့ ၂ လမထုတ္ႏိုင္ခဲ့ဘူးေပါ့ေနာ္။ ဆိုေတာ့ အခု ေအာက္တိုဘာ ပထမအပတ္ဆိုေတာ့ ၾကားထဲမွာ ၂ လဟာတာ ရွိတာေပါ့။ က်ေနာ္တို႔ တိုးလာတာက သံုးေသာင္းေက်ာ္ ေလာက္ရွိတယ္ဗ်။ အခုက အားလံုး ၂ သိန္း ၂ ေသာင္းႏွင့္ ေျခာက္ေထာင္ေက်ာ္ဗ်။ အဓိကတိုးလာတာက ေတာ့ ေက်ာက္ေတာ္ ရေသ့ေတာင္ ဘူးသီးေတာင္ဖက္မွာ တိုးလာတယ္ခင္ဗ်။ ေျမာက္ဦးဖက္လည္း အနည္း ငယ္တိုးပါတယ္။ ဒါေပမယ့္ အဓိကတိုးတာကေတာ့ ေက်ာက္ေတာ္ ရေသ့ ေတာင္ဘူးသီးေတာင္ပါဗ်” ဟု ေျပာသည္။
“အဓိကအခင္းအက်င္းကက်ေတာ့ ဒီကိုဗစ္ကာလမွာ စစ္ေဘးတိမ္းေရွာင္လာတဲ့ အခါက်ေတာ့ ကူညီ ေထာက္ ပံ့မႈက လူေတြလည္း လာလို႔ သြားလို႔မရဘူး အဲလိုျဖစ္တာေလေနာ အဲဒီေတာ့ လိုအပ္တဲ့ ေနရာထိုင္ခင္း အစား အေသာက္ အျခားလိုအပ္တဲ့ ေထာက္ပံ့မႈေတြကေတာ့ အရမ္းႀကီးနည္းပါး တာေပါ့ေလေနာ အဲဒီအခက္အခဲ တစ္ခုရွိတယ္။ တစ္ခ်ိဳ႕ေသာၿမိဳ႕နယ္ေတြမွာေတာ့ အေျခခံလိုအပ္ခ်က္ေတြနဲ႔ တျခားစားေရးေသာက္ေရး ေထာက္ ပံ့မႈ အခ်ိဳ႕ေတာ့ ရတာေပါ့ေလ။ ဒါေပမယ့္လည္း က်န္တဲ့ဖက္ကို မေရာက္တဲ့ ဟိုဖက္ေျပးဒီဖက္ေျပးေနရသူေတြ ကေတာ့ စားေရးေသာက္ေရး ေနေရးထိုင္ေရးႏွင့္ တစ္ျခား က်န္းမာေရးဆိုင္ရာ ျပႆနာေတြကေတာ့ ရွိေန တုန္းပါပဲ။”
စက္တင္ဘာလ ေနာက္ဆံုးအပတ္အတြင္း စစ္ေရွာင္မ်ားအတြက္ ႏုိင္ငံတကာ၊ အစိုးရ၊ ဌာဆုိင္ရာမ်ား၏ အကူ အညီ ေထာက္ပံံ့မႈ အခ်ိဳ႕ ေရာက္ရွိလာေသာ္လည္း အခ်ိဳ႕ ၿမိဳ႕နယ္မ်ားသို႔ မေရာက္သည့္ အေနအထားမ်ားလည္း ရွိေနသည္ဟု REC က ဆက္ေျပာသည္။
“အဓိကကေတာ့ ေျမပံုၿမိဳ႕နယ္ မင္းျပားၿမိဳ႕နယ္မွာ အေထာက္အပံ့ရရွိတာကို နည္းပါတယ္။ ေနာက္ၿပီးေတာ့ ဘူး သီးေတာင္ ၿမိဳ႕နယ္ေပါ့ေနာ္။ ဒီ ၃ ေနရာမွာ အေထာက္အပံ့ရရွိမႈနည္းပါတယ္။ ေနာက္တစ္ခါ ဒီထဲမွာ ဆိုလို႔ရွိရင္ ဒလက္ေခ်ာင္းအထဲမွာရွိတဲ့ ပိတ္မိေနတဲ့ ရြာေတြေပါ့ေလ ဒါဆို ေတာ္ေတာ္ေလးကို ဆိုးဆိုးဝါးဝါး အခက္အခဲ ရွိေနပါတယ္။ သူတို႔ကေတာ့ေလ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီ ဒလက္ေခ်ာင္းမွာက်ေတာ့ စစ္တပ္ကေနၿပီး ေတာ့မွ ျပင္ပက အကူအညီကို လံုး၀ေပးမ၀င္ဘူး ပိတ္ဆို႔ထားတယ္။ ေဒသတြင္းကလူေတြကလည္း အျပင္ကို သြားၿပီးေတာ့ ျပန္လာလို႔မရေအာင္ သူတို႔က ကန္႔သတ္မႈေတြလုပ္ထားပါတယ္။ ဆိုေတာ့ အဲလိုမ်ိဳး ဒလက္ ေခ်ာင္းဖက္မွာေတာ့ ေတာ္ေတာ္ေလးကို အခက္အခဲရွိပါတယ္ခင္ဗ်ာ” ဟု ဦးေဇာ္ေဇာ္ထြန္း က ေျပာသည္။
ေက်ာက္ေတာ္ၿမိဳ႕၊ မဟာမုနိဘုရားဝန္းအတြင္း စက္တင္ဘာလ လလယ္ခန္႔က ေရာက္ရွိလာသည့္ စစ္ေရွာင္ တစ္ေထာင္ေက်ာ္ အတြက္ စားနပ္ရိကၡာမ်ားႏွင့္ ယာယီတဲမ်ား ေဆာက္လုပ္ရန္ အကူအညီမ်ား လိုအပ္ေန သည္ဟု စစ္ေရွာင္မ်ားအား ကူညီေပးေနသူမ်ား က ေျပာသည္။
“လူကမ်ားေတာ့ အဓိက ယာယီတဲေဆာက္ဖို႔ စီမံထားတယ္။ အဲ့ဒီအတြက္ အလွဴရွင္လိုတာေပါ့။ ၿပီးေတာ့ စား နပ္ရိကၡာလည္း လိုတာေပါ့။ ေလာေလာဆယ္ေတာ့ အနီးအနားက အလွဴရွင္ေတြေပးတာ နည္းနည္း ပါးပါးရွိ တယ္။ လႊတ္ေတာ္ကိုယ္စားလွယ္တခ်ိဳ႕လည္း လာၾကည့္တယ္၊ ဆန္တို႔ဘာတို႔ လာလွဴတာရွိတယ္လို႔ ေျပာ တယ္” ဟု စစ္ေရွာင္မ်ားအား ကူညီေပးေနသည့္ ေက်ာက္ေတာ္ေဒသခံတစ္ဦး က ေျပာသည္။
COVID-19 ေၾကာင့္ ရခိုင္ျပည္သူမ်ား ေၾကာက္ရြံ႕ ေနၾကခ်ိန္တြင္ ထိုအေျခအေနအေပၚ အခြင့္ေကာင္းယူ၍ တပ္မေတာ္မွ စစ္ေရးလႈပ္ရွားမႈမ်ား၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား ပိုမိုက်ဴးလြန္ေနသည္ဟုလည္း ရခိုင္ ေဒသခံမ်ား၊ ရခိုင္ႏုိင္ငံေရးပါတီမ်ား ႏွင့္ ရခိုင္ျပည္နယ္အတြင္းက အရပ္ဘက္အဖြဲ႕အစည္းမ်ားက ေျပာသည္။
“အျပစ္မဲ့တဲ့အရပ္သားေတြကို သံသယနဲ႔ ဖမ္းဆီးတယ္။ AA ဆိုၿပီး စြပ္စြဲလိုက္တယ္။ စစ္ေဆးေနရင္း ေသသြား တယ္။ လူထုေတြ ထြက္ေျပးရတယ္။ စစ္ေၾကာင္းေတြ ေက်းရြာေတြထဲ ဝင္လာတယ္။ လက္နက္ႀကီးေတြ ပစ္ တယ္။ ေသနတ္ေတြနဲ႔ ပစ္တယ္။ ရြာသားေတြကို ဖမ္းဆီးစစ္ေဆးတယ္။ မီးရိႈ႕ ခံရတယ္။ တစ္ရြာလံုးကို ဖမ္းထား တယ္။ ဒီလိုမ်ိဳး အရပ္သားေတြအေပၚမွာ က်ဴးလြန္တဲ့ အရပ္သားမဟုတ္ပေလ့ေစ ဒီလိုမ်ိဳး တရားဥပေဒမဲ့ လူမ ဆန္ေအာင္ ညွင္းပန္းႏွိပ္စက္တာေတြ ရွိေနတယ္။ ဒါမ်ိဳးေတြကို အခ်ိန္မွီ စံုစမ္းစစ္ေဆးၿပီးေတာ့ ေဖာ္ထုတ္ေပး ေစခ်င္တယ္” ဟု ရခိုင္အမ်ိဳးသားပါတီ (ANP) ေျပာေရးဆိုခြင့္ရွိသူ ေဒၚေအးႏုစိန္ က ေျပာသည္။
ထို႔အျပင္ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္တြင္း တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ ULA/AA တို႔အၾကား စက္တင္ဘာလ ၃၀ ရက္ေန႔ ႏွင့္ ေအာက္တုိဘာလ ၁ ရက္ေန႔ ၂ ရက္ဆက္တုိက္ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနၿပီး ေဒသခံ ျပည္သူအခ်ိဳ႕လည္း စစ္ေဘးလြတ္ကို ထြက္ေျပးေနရသည္ဟု သိရသည္။ သို႔ေသာ္လည္း အေျခအေန အေသး စိတ္ကို မသိရေသးဘူးဟု ဦးေဇာ္ေဇာ္ထြန္းက ေျပာသည္။
ႏွစ္ႏွစ္ နီးပါးခန္႔ ၾကာျမင့္လာသည့္ ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ ULA/AA တို႔အၾကား ျဖစ္ပြားေနသည့္ တုိက္ပြဲမ်ားေၾကာင့္ ေဒသခံျပည္သူမ်ာ ယေန႔ထိတိုင္ စစ္ေဘးေရွာင္ေနၾကရၿပီး ဇူလိုင္လ ၇ ရက္ေန႔ထုတ္ျပန္ခ်က္အရ ရခိုင္စစ္ေရွာင္ ၁၉၀,၇၀၀ ေက်ာ္႐ွိခဲ့ရာမွ ယေန႔တြင္ စစ္ေဘးဒုကၡသည္ဦးေရ ၂၂၆၈၀၄ ဦး ရွိသြားၿပီျဖစ္သည္။