ကျောက်မဲမြို့နယ် လက်နက်ကြီး ပေါက်ကွဲမှု တစ်ဦးဒဏ်ရာရ၊ လူငါးရာခန့်ထွက်ပြေးရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ ခန့်ခဲကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ လူဦးရေ ၅၀၀ ခန့် နီးစပ်ကျေးရွာများသို့ ထွက် ပြေးတိမ်းရှောင်နေရသည်ဟု အကူအညီပေးနေသူများ က ပြောသည်။

ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဝင်းက “မနေ့က လက်နက်ကြီး အိမ်ပေါ်ကျပြီးတော့ သူတို့တစ်ယောက်ဒဏ်ရာ ရတယ်လို့ ကြားတယ် ပေါ့နော။ သူ့အခြေ အနေ က သူကို ကျောက်မဲဆေးရုံမှာ သူ့ကိုတင်ထားတာပေါ့နော ဆေးကုသမှုခံယူနေတယ်” ဟု ပြောသည်။

သို့သော် အဆိုပါလက်နက်ကြီးကို မည်သည့် အဖွဲ့အစည်းမှ ပစ်ခတ်သည်ကို မသိရပေ။

လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရရှိသူ ခန့်ခဲရွာသားမှာ ကျောက်မဲပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး ကျောကုန်း၊ ရင်ဘတ်၊ နားရွက် နှင့် လက်မောင်းတို့တွင် ဒဏ်ရာရရှိထားသည်ဟု သိရသည်။

အောက်တိုဘာလ ၄ ရက်နေ့ ညက ခန့်ခဲကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ တွက် ခန့်ခဲကျေးရွာအုပ်စုမှ ကျေးရွာ ၃ ရွာရှိ ဒေသခံများမှာလည်း ကြောက်လန့်ကာ နီးစပ်ရာကျေးရွာသို့ ထွက်ပြေးတိမ်း ရှောင်လာ ကြသည်ဟု ကူညီကယ်ဆယ်မှုများ လုပ်ဆောင်ပေးနေသည့် အမည်မ ဖော်လို သူ နမ့်ခုံပရဟိတ အသင်းတာဝန်ရှိသူတစ်ဦး က ပြောသည်။

အမည်မဖော်လိုသူ နမ့်ခုံပရဟိတ အသင်း၏ တာဝန်ရှိသူတစ်ဦးက “ဒီနေ့တော့ နည်းနည်းလေး ငြိမ်သွား ပါပြီခင်ဗျ။ မနေ့တုန်းကတော့ နည်းနည်းလေးအပြင်းအထန်တော့ ဖြစ်ကြပါတယ်။ အခုက ရွာသားတွေ ကကတော့ မနေ့ညက ညကြီးဆိုတော့ ညတွင်းချင်း ပုံဝိုးကို ထွက်ပြေးတိမ်းရှောင် ကြတယ်။ လူအယောက် ၂၀၀ လောက်ရှိမယ်ခင်ဗျ။ ဒါပေမယ့် ခန့်ခဲရွာမှာလည်း ကျန်နေသေးတယ်။ ပုံဝိုးက ဘေးပတ်ဝန်းကျင် က လည်း ပုံဝိုးထဲမှာ တစ်ချို့ကျတော့ အမျိုးအိမ်မှာ လာနေကြတယ်။ အားလုံးပေါင်းဆိုတော့ တွက်ကြည့် လိုက် မယ်ဆိုရင်တော့ လူဦးရေ ၅၀၀ လောက်ရှိမယ် ၃ ရွာကို”ဟု ပြောသည်။

လက်ရှိတွင် ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များမှာ ပုံဝိုးဘုန်းကြီးကျောင်းတွင် နေထိုင်နေကြရပြီး စားသောက်ရေးအတွက် ဘုန်းကြီးကျောင်းနှင့် ဒေသအတွင်းရှိ ပရဟိတအသင်းများက ကူညီပေးနေ သည် ဟု အကူအညီပေးနေသူများက ဆိုသည်။

ကျောက်မဲမြို့နယ်အတွင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ တပ်မတော်နှင့် RCSS/ SSA တို့ကြား တိုက်ပွဲများ ကြို ကြား ကြိုကြားဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၄ ရက်နေ့ ယမန်နေ့အထိ ဖြစ် ပွားခဲ့သည်ဟု နမ့်ခုံပရဟိတအသင်း က ဆိုသည်။

“ပထမ ၃၀ ရက်နေ့ကတော့ ဒီပန်လော့ နမ့်ပြက်နားမှာ ဖြစ်တယ်။ ဖြစ်တော့ သူတို့ ပစ်ရင်းနဲ့သွားတာ ပေါ့ နော လမ်းကြောင်း ရှင်းလား ဘယ်လိုအဓိပ္ပာယ်နဲ့ပစ်ပြီးတော့ သွားလဲ ကျနော်လည်း မသိဘူး။ အဲမှာ တစ် ရက်နေ့ကျတော့ ဒီနမ့်ဝါ နမ့်ဝါဆိုတာ ဟဲကွီအုပ်စုပေါ့ ဟဲကွီအုပ်စု နမ့်ဝါရွာ နမ့်ဝါရွာမှာ သူတို့ဘေးနား ပတ် ဝန်းကျင်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တော့ နမ့်ဝါက ပြည်သူလူထုက ဟဲကွီအုပ်စုကို လာ တယ်။ ၂ ရက်နေ့မှာလာတယ် ၃ ရက်နေ့ကျတော့ ပြန်သွားတယ်။ အဲမှာ ၄ ရက်နေ့ကျတော့ ခန့်ခဲရွာ ပတ် ဝန်းကျင်ပေါ့။”

စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ အကြား ပစ်ခတ်မှု ၅ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး အချို့ ပစ်ခတ်မှုများမှာ တိုက်ပွဲပုံစံမျိုး မဟုတ်ပဲ တပ်မတော်ဖက်မှ တစ်ဖက်သတ်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ပြောရေးဆို ခွင့်ရှိသူများကို သတင်းနှင့် မီဒီယာကွန်ရက် ဆက်သွယ်၍ မရသကဲ့သို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယခုကဲ့သို့ စစ်ရေးတင်းမာမှုများ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့်အတွက် ဒေသခံပြည်သူများမှာ စားဝတ်နေရေးအတွက် ပြောင်းချိုး၊ စပါးစိုက် တောင်ယာခုတ် စသည့်တို့ကို သွားလာလုပ်ကိုင်ရာတွင် အခက်အခဲဖြစ်လာခြင်း၊ မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များကြောင့် ကြောက် လန့်နေရသည့်အတွက် လုပ်ကိုင်စားသောက်ရာတွင် ကျီးလန့်စာ စားနေရသည့် ဘဝများဖြင့် နေနေရသည်ဟု ဆိုသည်။

လက်ရှိတပ်မတော်နှင့် RCSS/SSA တို့ကြား စစ်ရေးတင်းမာမှု ရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းသည် တပ်မ တော် ၏ တစ်ဖက်သတ် အပစ်ရပ်စဲရေး နယ်မြေထဲတွင်ပါဝင်ပြီး အဆိုပါဒေသအတွင်း တပ်မတော်မှ အခြား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် PSLF/TNLA၊ KIO/KIA၊ MNDAA ကိုးကန့်တို့နှင့်လည်း ရံဖန်ရံခါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

*** ZAWGYI ***
ေက်ာက္မဲၿမိဳ႔နယ္ လက္နက္ၾကီး ေပါက္ကြဲမႈ တစ္ဦးဒဏ္ရာရ၊ လူငါးရာခန္႔ထြက္ေျပးရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ ခန္႔ခဲေက်းရြာအတြင္းသို႔ လက္နက္ႀကီး က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ ေဒသခံတစ္ဦး ထိခိုက္ဒဏ္ရာရရွိကာ လူဦးေရ ၅၀၀ ခန္႔ နီးစပ္ေက်းရြာမ်ားသို႔ ထြက္ ေျပးတိမ္းေရွာင္ေနရသည္ဟု အကူအညီေပးေနသူမ်ား က ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၁ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းထြန္း၀င္းက “မေန႔က လက္နက္ႀကီး အိမ္ေပၚက်ၿပီးေတာ့ သူတို႔တစ္ေယာက္ဒဏ္ရာ ရတယ္လို႔ ၾကားတယ္ ေပါ့ေနာ။ သူ႔အေျခ အေန က သူကို ေက်ာက္မဲေဆးရံုမွာ သူ႔ကိုတင္ထားတာေပါ့ေနာ ေဆးကုသမႈခံယူေနတယ္” ဟု ေျပာ သည္။

သို႔ေသာ္ အဆိုပါလက္နက္ႀကီးကို မည္သည့္ အဖြဲ႔အစည္းမွ ပစ္ခတ္သည္ကို မသိရေပ။

လက္ရွိတြင္ ထိခိုက္ဒဏ္ရာ ရရွိသူ ခန္႔ခဲရြာသားမွာ ေက်ာက္မဲျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈ ခံယူေနၿပီး ေက်ာကုန္း၊ ရင္ဘတ္၊ နား႐ြက္ ႏွင့္ လက္ေမာင္းတို႔တြင္ ဒဏ္ရာရရွိထားသည္ဟု သိရသည္။

ေအာက္တိုဘာလ ၄ ရက္ေန႔ ညက ခန္႔ခဲေက်းရြာအတြင္းသို႔ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲခဲ့သည့္ အ တြက္ ခန္႔ခဲေက်းရြာအုပ္စုမွ ေက်းရြာ ၃ ရြာရွိ ေဒသခံမ်ားမွာလည္း ေၾကာက္လန္႔ကာ နီးစပ္ရာေက်းရြာသို႔ ထြက္ေျပးတိမ္း ေရွာင္လာ ၾကသည္ဟု ကူညီကယ္ဆယ္မႈမ်ား လုပ္ေဆာင္ေပးေနသည့္ အမည္မ ေဖာ္လို သူ နမ့္ခံုပရဟိတ အသင္းတာ၀န္ရွိသူတစ္ဦး က ေျပာသည္။

အမည္မေဖာ္လိုသူ နမ့္ခံုပရဟိတ အသင္း၏ တာ၀န္ရွိသူတစ္ဦးက “ဒီေန႔ေတာ့ နည္းနည္းေလး ၿငိမ္သြား ပါၿပီခင္ဗ်။ မေန႔တုန္းကေတာ့ နည္းနည္းေလးအျပင္းအထန္ေတာ့ ျဖစ္ၾကပါတယ္။ အခုက ရြာသားေတြ ကကေတာ့ မေန႔ညက ညႀကီးဆိုေတာ့ ညတြင္းခ်င္း ပံုဝိုးကို ထြက္ေျပးတိမ္းေရွာင္ ၾကတယ္။ လူအေယာက္ ၂၀၀ ေလာက္ရွိမယ္ခင္ဗ်။ ဒါေပမယ့္ ခန္႔ခဲရြာမွာလည္း က်န္ေနေသးတယ္။ ပံုဝိုးက ေဘးပတ္၀န္းက်င္ က လည္း ပံုဝိုးထဲမွာ တစ္ခ်ိဳ႕က်ေတာ့ အမ်ိဳးအိမ္မွာ လာေနၾကတယ္။ အားလံုးေပါင္းဆိုေတာ့ တြက္ၾကည့္ လိုက္ မယ္ဆိုရင္ေတာ့ လူဦးေရ ၅၀၀ ေလာက္ရွိမယ္ ၃ ရြာကို”ဟု ေျပာသည္။

လက္ရွိတြင္ ထြက္ေျပးလာၾကသည့္ စစ္ေဘးေရွာင္မ်ားမွာ ပံုဝိုးဘုန္းႀကီးေက်ာင္းတြင္ ေနထိုင္ေနၾကရၿပီး စားေသာက္ေရးအတြက္ ဘုန္းႀကီးေက်ာင္းႏွင့္ ေဒသအတြင္းရွိ ပရဟိတအသင္းမ်ားက ကူညီေပးေန သည္ ဟု အကူအညီေပးေနသူမ်ားက ဆိုသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္းတြင္ ၿပီးခဲ့သည့္ စက္တင္ဘာလ ၃၀ ရက္ေန႔မွ စတင္ကာ တပ္မေတာ္ႏွင့္ RCSS/ SSA တို႔ၾကား တိုက္ပြဲမ်ား ႀကိဳ ၾကား ႀကိဳၾကားျဖစ္ပြားခဲ့ၿပီး ေအာက္တိုဘာလ ၄ ရက္ေန႔ ယမန္ေန႔အထိ ျဖစ္ ပြားခဲ့သည္ဟု နမ့္ခံုပရဟိတအသင္း က ဆိုသည္။

“ပထမ ၃၀ ရက္ေန႔ကေတာ့ ဒီပန္ေလာ့ နမ့္ျပက္နားမွာ ျဖစ္တယ္။ ျဖစ္ေတာ့ သူတို႔ ပစ္ရင္းနဲ႔သြားတာ ေပါ့ ေနာ လမ္းေၾကာင္း ရွင္းလား ဘယ္လိုအဓိပၸာယ္နဲ႔ပစ္ၿပီးေတာ့ သြားလဲ က်ေနာ္လည္း မသိဘူး။ အဲမွာ တစ္ ရက္ေန႔က်ေတာ့ ဒီနမ့္ဝါ နမ့္ဝါဆိုတာ ဟဲကြီအုပ္စုေပါ့ ဟဲကြီအုပ္စု နမ့္ဝါရြာ နမ့္ဝါရြာမွာ သူတို႔ေဘးနား ပတ္ ၀န္းက်င္ကို လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ေတာ့ နမ့္ဝါက ျပည္သူလူထုက ဟဲကြီအုပ္စုကို လာ တယ္။ ၂ ရက္ေန႔မွာလာတယ္ ၃ ရက္ေန႔က်ေတာ့ ျပန္သြားတယ္။ အဲမွာ ၄ ရက္ေန႔က်ေတာ့ ခန္႔ခဲရြာ ပတ္ ၀န္းက်င္ေပါ့။”

စက္တင္ဘာလ ၃၀ ရက္ေန႔မွ ေအာက္တိုဘာလ ၄ ရက္ေန႔အထိ ေက်ာက္မဲၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA တို႔ အၾကား ပစ္ခတ္မႈ ၅ ႀကိမ္ခန္႔ျဖစ္ပြားခဲ့ၿပီး အခ်ိဳ႕ ပစ္ခတ္မႈမ်ားမွာ တိုက္ပြဲပံုစံမ်ိဳး မဟုတ္ပဲ တပ္မေတာ္ဖက္မွ တစ္ဖက္သတ္ပစ္ခတ္ျခင္းျဖစ္သည္ဟု ေဒသခံ မ်ားက ေျပာသည္။

အဆိုပါ ပစ္ခတ္မႈႏွင့္ ပတ္သက္၍ အေသးစိတ္သိရွိႏိုင္ရန္ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ RCSS/SSA ေျပာေရးဆို ခြင့္ရွိသူမ်ားကို သတင္းႏွင့္ မီဒီယာကြန္ရက္ ဆက္သြယ္၍ မရသကဲ့သို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးမွ တစ္စံုတစ္ရာ ထုတ္ျပန္ထားျခင္း မရွိေသးေပ။

ယခုကဲ့သို႔ စစ္ေရးတင္းမာမႈမ်ား တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားလာသည့္အတြက္ ေဒသခံျပည္သူမ်ားမွာ စား၀တ္ေနေရးအတြက္ ေျပာင္းခ်ိဳး၊ စပါးစိုက္ ေတာင္ယာခုတ္ စသည့္တို႔ကို သြားလာလုပ္ကိုင္ရာတြင္ အခက္အခဲျဖစ္လာျခင္း၊ ေျမျမဳပ္မိုင္းႏွင့္ မေပါက္ကြဲေသးသည့္ လက္နက္ႀကီးက်ည္မ်ားေၾကာင့္ ေၾကာက္ လန္႔ေနရသည့္အတြက္ လုပ္ကိုင္စားေသာက္ရာတြင္ က်ီးလန္႔စာ စားေနရသည့္ ဘ၀မ်ားျဖင့္ ေနေနရ သည္ဟု ဆိုသည္။

လက္ရွိတပ္မေတာ္ႏွင့္ RCSS/SSA တို႔ၾကား စစ္ေရးတင္းမာမႈ ရွိေနသည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းသည္ တပ္မ ေတာ္ ၏ တစ္ဖက္သတ္ အပစ္ရပ္စဲေရး နယ္ေျမထဲတြင္ပါ၀င္ၿပီး အဆိုပါေဒသအတြင္း တပ္မေတာ္မွ အျခား လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားျဖစ္သည့္ PSLF/TNLA၊ KIO/KIA၊ MNDAA ကိုးကန္႔တို႔ႏွင့္လည္း ရံဖန္ရံခါ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနသည္။