ကျောက်မဲတိုက်ပွဲ တပ်မတော်မှ ရဟတ်ယာဉ်သုံး ပစ်ခတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ယနေ့ ဖြစ်ပွားသော တိုက်ပွဲများတွင် တပ်မတော်က ရဟတ်ယာဉ် နှစ်စီးသုံး၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
တပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင် စီ RCSS/SSA တို့အကြား တိုက်ပွဲများဆက် လက် ဖြစ်ပွားလျက်ရှိသည်။
နမ့်ခုံပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက “မနက်တုန်းက ၁၁ နာရီဝန်းကျင် လောက်မှာထင်တယ် စခန်း သာမှာ ပစ်နေတာ ၁၁ နာရီလောက်မှာ စခန်းသာ အဝင်ပေါ့နော အဲမှာ ဖြစ် တယ်။ ၁၂ နာရီကျတော့ ဒီပုံဝိုး ဂွင်မှာ လာလှည့်တယ်။ ပြီးရင် ပစ္စည်းတွေ ချပေးသလားပေါ့နော အဲဒါလည်း ပါတယ်။ ရဟတ်ယာဉ်နဲ့ ဗုံးကြဲ တယ်။ ပစ်တာပေါ့ သူက ဗုံးသံအကျယ်ကြီးကျတာပေါ့ ၁၆ ချက်ပေါ့နော်။ သူတို့ကြားတာ။ ရွာသားတွေ သူတို့တွေကြားတာ” ဟု ပြောသည်။
အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွား လာ ခဲ့ပြီး တိုက်ပွဲမှာ ယနေ့အထိ ဆက်လက်ဖြစ်ပွား လာနေခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်က နန်းပန်းအိဖြူကလည်း “ဒီနေ့တိုက်ပွဲက ကျနော်တို့ ကျောက် မဲမှာဆိုလို့ရှိရင် ဒီရဟတ်ယာဉ်နဲ့ အဲလိုမျိုးမြင်နေရတယ်ပေါ့။ ပြီးကျလို့ရှိရင် အခု ကျောက်မဲမြို့ နားလေးမှာ လေနော ကျွဲကုန်းနားလေးမှာပေါ့ တပ်မတော်ဖက်နေပြီးတော့ တစ်ဖက်သတ် ပစ်တယ်လို့တော့ ကြားနေရ တယ်ပေါ့။ ဒီနေ့က သူက ရဟတ်ယာဉ်နဲ့သွားတာ ဆိုတော့လေ တိုက်ပွဲကတော့ သူက RCSS နဲ့ တပ်မ တော်နဲ့ ဖြစ်တာပေါ့နော်။ အခုဆိုလို့ရှိရင်သူက ရဟတ်ယာဉ် ၂ စီးပါ ပါလာတာပေါ့” ဟု ပြောသည်။
ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းတွင် ပြောင်းဖူးခူးနေသည့် ဒေသခံ တစ်ဦးအား လက်နက်ကြီးကျည်ထိ မှန်ကာ ဒဏ်ရာရရှိထားပြီး ဒဏ်ရာ အသေးစိတ်ကို အသေးစိတ် မသိရသေးဟု နမ့်ခုံပရဟိတအသင်း တာ ဝန်ရှိသူက ဆိုသည်။ သို့သော် အဆိုပါ ဒဏ်ရာ ရရှိထားသူကို ၎င်းတို့ အဖွဲ့မှ သွားရောက် သယ်ယူနေသည် ဟု ပြောသည်။
အောက်တိုဘာလ ၇ ရက်နေ့ ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် RCSS/SSA ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်၍ မရသကဲ့သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ လည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
သို့သော် အောက်တိုဘာလ ၂ ရက်နေ့မှ ၅ ရက်နေ့ တပ်မတော်နှင့် တိုက်ပွဲ ၁၀ ကြိမ်ထက် မနည်းဖြစ် ပွားခဲ့ ပြီး တပ်မ တော်မှ RCSS/SSA ကိုအကြောင်းကြားခြင်း မရှိပဲ ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်လာ သည့် အတွက် တိုက်ပွဖြစ်ပွားရခြင်းဖြစ်သည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး အုပ်ခေးက အောက်တိုဘာလ ၆ ရက်နေ့ ယမန်နေ့က သတင်းနှင့်မီဒီယာကွန်ရက်သို့ ပြောဆိုထားသည်။
ဒု-ဗိုလ်မှူးကြီး အုပ်ခေး က “ကျောက်မဲမှာ ကျနော်တို့ ဆက်ဆံရေးရုံးလည်းရှိတယ်။ NCA လက်မှတ်ရေး ထိုးထားတဲ့ ငြိမ်းချမ်းရေး အဖွဲ့လည်း ဟုတ်တယ်။ အဲဒီအတွက်ကြောင့် ဘာဖြစ်လို့ တပ်မတော်အနေနဲ့ ဘာမှ နားလည်မှု ညှိနှိုင်းမှု အကြောင်းကြားမှု မရယူပဲနဲ့ အဲလိုမျိုးရုတ်တရပ် တပ်အင်အားတွေ အလုံးအရင်း ထိုးစစ်ဆင်ပြီးတော့ တိုက် ပွဲဖြစ်ချင်တာလဲ အဲဒါကျနော်တို့ တော်တော်စဉ်းစားစရာဖြစ်တာပေါ့” ဟု ပြောသည်။
ယခုကဲ့သို့ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက နှစ်ဖက်လက်နက်ကိုင် အဖွဲ့ အစည်းကြားတွင် စစ်ရေးတင်းမာမှု ရှည်ကြာလာနိုင်ပြီး နောက်ဆုံးတွင် မြို့ပေါ်အထိ တိုက်ပွဲဖြစ် ပွားလာ မည်ကို စိုးရိမ်သည်ဟု ဒု-ဗိုလ်မှူးကြီး အုပ်ခေး က ပြောသည်။
လက်ရှိတွင် မြေပြင် အနေအထားအရ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းအကြားတွင် စစ်ရေးတင်းမာမှု ဆက်လက်ရှိနေပြီး တပ်မတော်ဖက်မှလည်း တပ်အင်အားများကို ထပ်မံဖြည့်တင်းထားသည်ဟု RCSS/SSA ကဆိုသည်။
ထို့အပြင် တပ်မတော်က မီဒီယာများကို ဖြေကြားထားသည့် RCSS/SSA သည် ရှမ်းပြည်နယ် တောင်ပိုင်း တွင် အခြေစိုက်သည့် လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းသို့ နယ်မြေချဲ့ထွင်လာ သည့်အ တွက် တိုက်ပွဲ ဖြစ်ပွားလာ ခြင်းဖြစ်သည်ဟု ပြောဆိုမှုသည် NCA စာချုပ်ကို ဆန့်ကျင်နေသည့် အပြင် တပ်မတော်နှင့် RCSS တို့အကြား တရားဝင် နယ်မြေ အတိအကျ သတ်မှတ်ထားခြင်း မရှိသေးဟု ဒု-ဗိုလ်မှူးကြီး အုပ်ခေး က ပြောသည်။
ဒု-ဗိုလ်မှူးကြီး အုပ်ခေးက “အဲဒီဖြေကြားချက်ဟာ လုံး၀ အခြေအမြစ်မရှိတဲ့ NCA ထဲက စာချုပ် သဘော တူထားတဲ့ စာချုပ်အတိုင်းနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတယ်။ အဲဒါကြောင့် ဆိုလိုချက်တာက RCSS နဲ့ တပ်မတော်နဲ့ နယ်မြ သတ်သတ်မှတ်မှတ်ရယ်လို့ သဘောတူထားတဲ့ဟာက မရှိသေးဘူး NCA စာချုပ်ထဲမှာ လုံးဝမပါရှိသေးဘူး။ အဲဒီ NCA ထဲမှာလည်း အဲဒီ တပ်နေရာချထားရေး ဆိုတဲ့နေရာမှာ နောက်ပိုင်း လုံခြုံ ရေးဆိုတဲ့ အပိုင်း ဆွေးနွေးတဲ့အခါမှာ အဲဒီအခါမှ ထည့်သွင်းဆွေးနွေးသွားမယ် ဆိုပြီးတော့ အတည့်အလင်း ဖော်ပြထား ပါရှိတယ်နော။ NCA စာချုပ်ထဲက အခန်း ၃ ပေါ့လေ။” ဟုပြောသည်။
RCSS/SSA သည် အခြား တိုင်းရင်းသာ လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။
လက်ရှိတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးတင်းမာမှု ရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းသည် တပ်မတော် ၏ တစ်ဖက်သတ် အပစ်ရပ်စဲရေး နယ်မြေထဲတွင်ပါဝင်ပြီး အဆို ပါဒေသအတွင် တပ်မတော်သည် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA အပါအဝင် အခြား လက် နက်ကိုင် အဖွဲ့အ စည်းများဖြစ်သည့် PSLF/TNLA၊ KIO/KIA၊ MNDAA ကိုးကန့်တို့နှင့်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
*** ZAWGYI ***
ေက်ာက္မဲတိုက္ပြဲ တပ္မေတာ္မွ ရဟတ္ယာဥ္သံုး ပစ္ခတ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႔နယ္အတြင္း ယေန႔ ျဖစ္ပြားေသာ တိုက္ပြဲမ်ားတြင္ တပ္မေတာ္က ရဟတ္ယာဥ္ ႏွစ္စီးသံုး၍ ပစ္ခတ္တိုက္ခိုက္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
တပ္မေတာ္ႏွင့္ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္ စီ RCSS/SSA တို႔အၾကား တိုက္ပြဲမ်ားဆက္ လက္ ျဖစ္ပြားလ်က္ရွိသည္။
နမ့္ခံုပရဟိတအသင္း တာ၀န္ရွိသူတစ္ဦးက “မနက္တုန္းက ၁၁ နာရီ၀န္းက်င္ ေလာက္မွာထင္တယ္ စခန္း သာမွာ ပစ္ေနတာ ၁၁ နာရီေလာက္မွာ စခန္းသာ အ၀င္ေပါ့ေနာ အဲမွာ ျဖစ္ တယ္။ ၁၂ နာရီက်ေတာ့ ဒီပံုဝိုး ဂြင္မွာ လာလွည့္တယ္။ ၿပီးရင္ ပစၥည္းေတြ ခ်ေပးသလားေပါ့ေနာ အဲဒါလည္း ပါတယ္။ ရဟတ္ယာဥ္နဲ႔ ဗံုးႀကဲ တယ္။ ပစ္တာေပါ့ သူက ဗံုးသံအက်ယ္ႀကီးက်တာေပါ့ ၁၆ ခ်က္ေပါ့ေနာ္။ သူတို႔ၾကားတာ။ ရြာသားေတြ သူတို႔ေတြၾကားတာ” ဟု ေျပာသည္။
ေအာက္တိုဘာလ ၂ ရက္ေန႔မွ စတင္ကာ တိုက္ပြဲမ်ား ျဖစ္ပြား လာ ခဲ့ၿပီး တိုက္ပြဲမွာ ယေန႔အထိ ဆက္လက္ျဖစ္ပြား လာေနျခင္းျဖစ္သည္ဟု သိရသည္။
ျမန္မာႏိုင္ငံလံုးဆိုင္ရာ ရွမ္းလူငယ္ကြန္ရက္က နန္းပန္းအိျဖဴကလည္း “ဒီေန႔တိုက္ပြဲက က်ေနာ္တို႔ ေက်ာက္ မဲမွာဆိုလို႔ရွိရင္ ဒီရဟတ္ယာဥ္နဲ႔ အဲလိုမ်ိဳးျမင္ေနရတယ္ေပါ့။ ၿပီးက်လို႔ရွိရင္ အခု ေက်ာက္မဲၿမိဳ႕ နားေလးမွာ ေလေနာ ကြ်ဲကုန္းနားေလးမွာေပါ့ တပ္မေတာ္ဖက္ေနၿပီးေတာ့ တစ္ဖက္သတ္ ပစ္တယ္လို႔ေတာ့ ၾကားေနရ တယ္ေပါ့။ ဒီေန႔က သူက ရဟတ္ယာဥ္နဲ႔သြားတာ ဆိုေတာ့ေလ တိုက္ပြဲကေတာ့ သူက RCSS နဲ႔ တပ္မ ေတာ္နဲ႔ ျဖစ္တာေပါ့ေနာ္။ အခုဆိုလို႔ရွိရင္သူက ရဟတ္ယာဥ္ ၂ စီးပါ ပါလာတာေပါ့” ဟု ေျပာသည္။
ယေန႔ျဖစ္ပြားခဲ့သည့္ တိုက္ပြဲအတြင္းတြင္ ေျပာင္းဖူးခူးေနသည့္ ေဒသခံ တစ္ဦးအား လက္နက္ႀကီးက်ည္ထိ မွန္ကာ ဒဏ္ရာရရွိထားၿပီး ဒဏ္ရာ အေသးစိတ္ကို အေသးစိတ္ မသိရေသးဟု နမ့္ခံုပရဟိတအသင္း တာ ၀န္ရွိသူက ဆိုသည္။ သို႔ေသာ္ အဆိုပါ ဒဏ္ရာ ရရွိထားသူကို ၎တို႔ အဖြဲ႔မွ သြားေရာက္ သယ္ယူေန သည္ ဟု ေျပာသည္။
ေအာက္တိုဘာလ ၇ ရက္ေန႔ ယေန႔ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲ အေျခအေနႏွင့္ ပတ္သက္ၿပီး သိရွိႏိုင္ရန္ RCSS/SSA ေျပာေရးဆိုခြင့္ရွိသူမ်ားကို ဆက္သြယ္၍ မရသကဲ့သို႔ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးမွ လည္း တစ္စံုတစ္ရာ ထုတ္ျပန္ထားျခင္းမရွိေသးေပ။
သို႔ေသာ္ ေအာက္တိုဘာလ ၂ ရက္ေန႔မွ ၅ ရက္ေန႔ တပ္မေတာ္ႏွင့္ တိုက္ပြဲ ၁၀ ႀကိမ္ထက္ မနည္းျဖစ္ ပြားခဲ့ ၿပီး တပ္မ ေတာ္မွ RCSS/SSA ကိုအေၾကာင္းၾကားျခင္း မရွိပဲ ၀င္ေရာက္ ထိုးစစ္ဆင္ တိုက္ခိုက္လာ သည့္ အတြက္ တိုက္ပြျဖစ္ပြားရျခင္းျဖစ္သည္ဟု RCSS/SSA ေျပာေရးဆိုခြင့္ရွိသူ ဒု-ဗိုလ္မွဴးႀကီး အုပ္ေခးက ေအာက္တိုဘာလ ၆ ရက္ေန႔ ယမန္ေန႔က သတင္းႏွင့္မီဒီယာကြန္ရက္သို႔ ေျပာဆိုထားသည္။
ဒု-ဗိုလ္မွဴးႀကီး အုပ္ေခး က “ေက်ာက္မဲမွာ က်ေနာ္တို႔ ဆက္ဆံေရးရံုးလည္းရွိတယ္။ NCA လက္မွတ္ေရး ထိုးထားတဲ့ ၿငိမ္းခ်မ္းေရး အဖြဲ႔လည္း ဟုတ္တယ္။ အဲဒီအတြက္ေၾကာင့္ ဘာျဖစ္လို႔ တပ္မေတာ္အေနနဲ႔ ဘာမွ နားလည္မႈ ညွိႏႈိင္းမႈ အေၾကာင္းၾကားမႈ မရယူပဲနဲ႔ အဲလိုမ်ိဳး႐ုတ္တရပ္ တပ္အင္အားေတြ အလံုးအရင္း ထိုးစစ္ဆင္ၿပီးေတာ့ တိုက္ ပြဲျဖစ္ခ်င္တာလဲ အဲဒါက်ေနာ္တို႔ ေတာ္ေတာ္စဥ္းစားစရာျဖစ္တာေပါ့” ဟု ေျပာသည္။
ယခုကဲ့သို႔ တိုက္ပြဲမ်ား ဆက္တိုက္ဆိုသလို ဆက္လက္ျဖစ္ပြားေနမည္ဆိုပါက ႏွစ္ဖက္လက္နက္ကိုင္ အဖြဲ႔ အစည္းၾကားတြင္ စစ္ေရးတင္းမာမႈ ရွည္ၾကာလာႏိုင္ၿပီး ေနာက္ဆံုးတြင္ ၿမိဳ႕ေပၚအထိ တိုက္ပြဲျဖစ္ ပြားလာ မည္ကို စိုးရိမ္သည္ဟု ဒု-ဗိုလ္မွဴးႀကီး အုပ္ေခး က ေျပာသည္။
လက္ရွိတြင္ ေျမျပင္ အေနအထားအရ ႏွစ္ဖက္လက္နက္ကိုင္ အဖြဲ႔အစည္းအၾကားတြင္ စစ္ေရးတင္းမာမႈ ဆက္လက္ရွိေနၿပီး တပ္မေတာ္ဖက္မွလည္း တပ္အင္အားမ်ားကို ထပ္မံျဖည့္တင္းထားသည္ဟု RCSS/SSA ကဆိုသည္။
ထို႔အျပင္ တပ္မေတာ္က မီဒီယာမ်ားကို ေျဖၾကားထားသည့္ RCSS/SSA သည္ ရွမ္းျပည္နယ္ ေတာင္ပိုင္း တြင္ အေျခစိုက္သည့္ လက္နက္ကိုင္ အဖြဲ႔ျဖစ္ၿပီး ရွမ္းျပည္နယ္ ေျမာက္ပိုင္းသို႔ နယ္ေျမခ်ဲ႕ထြင္လာ သည့္အ တြက္ တိုက္ပြဲ ျဖစ္ပြားလာ ျခင္းျဖစ္သည္ဟု ေျပာဆိုမႈသည္ NCA စာခ်ဳပ္ကို ဆန္႔က်င္ေနသည့္ အျပင္ တပ္မေတာ္ႏွင့္ RCSS တို႔အၾကား တရား၀င္ နယ္ေျမ အတိအက် သတ္မွတ္ထားျခင္း မရွိေသးဟု ဒု-ဗိုလ္မွဴးႀကီး အုပ္ေခး က ေျပာသည္။
ဒု-ဗိုလ္မွဴးႀကီး အုပ္ေခးက “အဲဒီေျဖၾကားခ်က္ဟာ လံုး၀ အေျခအျမစ္မရွိတဲ့ NCA ထဲက စာခ်ဳပ္ သေဘာ တူထားတဲ့ စာခ်ဳပ္အတိုင္းနဲ႔ လံုး၀ဆန္႔က်င္ဘက္ျဖစ္ေနတယ္။ အဲဒါေၾကာင့္ ဆိုလိုခ်က္တာက RCSS နဲ႔ တပ္မေတာ္နဲ႔ နယ္ျမ သတ္သတ္မွတ္မွတ္ရယ္လို႔ သေဘာတူထားတဲ့ဟာက မရွိေသးဘူး NCA စာခ်ဳပ္ထဲမွာ လံုး၀မပါရွိေသးဘူး။ အဲဒီ NCA ထဲမွာလည္း အဲဒီ တပ္ေနရာခ်ထားေရး ဆိုတဲ့ေနရာမွာ ေနာက္ပိုင္း လံုျခံဳ ေရးဆိုတဲ့ အပိုင္း ေဆြးေႏြးတဲ့အခါမွာ အဲဒီအခါမွ ထည့္သြင္းေဆြးေႏြးသြားမယ္ ဆိုၿပီးေတာ့ အတည့္အလင္း ေဖာ္ျပထား ပါရွိတယ္ေနာ။ NCA စာခ်ဳပ္ထဲက အခန္း ၃ ေပါ့ေလ။” ဟုေျပာသည္။
RCSS/SSA သည္ အျခား တိုင္းရင္းသာ လက္နက္ကိုင္ အဖဲြ႕အစည္း ၉ ဖြဲ႔ႏွင့္အတူ တစ္ႏိုင္ငံလံုး ပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို လက္မွတ္ေရးထိုးထားသည့္အဖြဲ႔ျဖစ္သည္။
လက္ရွိတပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္ အဖဲြ႕အစည္းမ်ားအၾကား စစ္ေရးတင္းမာမႈ ရွိေနသည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းသည္ တပ္မေတာ္ ၏ တစ္ဖက္သတ္ အပစ္ရပ္စဲေရး နယ္ေျမထဲတြင္ပါ၀င္ၿပီး အဆို ပါေဒသအတြင္ တပ္မေတာ္သည္ NCA လက္မွတ္ေရးထိုးထားသည့္ RCSS/SSA အပါအ၀င္ အျခား လက္ နက္ကိုင္ အဖြဲ႔အ စည္းမ်ားျဖစ္သည့္ PSLF/TNLA၊ KIO/KIA၊ MNDAA ကိုးကန္႔တို႔ႏွင့္လည္း တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနသည္။