စစ်တွေတွင် ပြင်ပထွက်သူများအား ခွင့်ပြုချက် ကတ်ပြားများ စတင်စစ်ဆေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။

COVID-19 ကူးစက်မှုများ မြှင့်တက်နေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အပြင်ထွက်သူများအား အစိုးရမှ ထုတ်ပေးသည့် အပြင် ထွက်ခွင့်ကတ်ပြား ကိုင်ဆောင်ထားခြင်း ရှိမရှိကို အောက်တိုဘာလ ၇ ရက်နေ့ (ယနေ့) မှ စတင်၍ စစ် ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံများ က ပြောသည်။

စစ်တွေမြို့တွင် Stay at Home သတ်မှတ်ထုတ်ပြန်ထားသော်လည်း ယခုရက်ပိုင်းအတွင်း အပြင်ထွက်သူများ ပိုမိုများပြားလာနေပြီး၊ COVID-19 ကူးစက်မှုကလည်း လျော့ကျသွားခြင်း မရှိသည့်အတွက် ယခုကဲ့သို့ စစ်ဆေး အရေးယူမှုများ ပြုလုပ်လာရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရခိုင်လူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (AHCT) ၏ အတွင်းရေးမှူး အဖွဲ့ ဝင် ဦးဇော်ဇော်ထွန်း က “လူသွားလာမှု ရှိနေတဲ့ နေရာတွေကို စစ်တာပေါ့။ ဒီနေ့ကစပြီး Card တွေပေးနေတော့ စစ် နေတာပေါ့။ ဒါကလည်း လိုအပ်တယ်လို့ မြင်တယ်။ ဒီရောဂါက ထိန်းချုပ်လို့ရတဲ့ အနေအထားတော့ မရှိသေး ဘူး။ အခုဆိုရင် သေဆုံးသူက လည်း ၇ ယောက်တောင် ရှိသွားပြီ။ လိုအပ်လို့ အပြင်ထွက်တဲ့လူထက် ထွက်ချင် တိုင်း ထွက်နေတဲ့ လူတွေက လည်း ပိုများလာတယ်ဗျ” ဟု ပြောသည်။

“ပထမတုန်းကတော့ ဖြစ်ဖြစ်ချင်းမှာတော့ လူတွေက လိုက်နာမှုတွေတော့ အထိုက်အ လျောက်ရှိခဲ့တာပေါ့လေ။ ဒါပေမယ့် ကြာ လာတာနဲ့ပေါ့ဗျာ လူတွေက တစ်ချို့က ဝင်ငွေနည်းပါးတဲ့ သူတွေရှိမယ်။ IDPs တွေရှိမယ်။ ဒီလူ တွေက သိပ်ကြာကြာ မနေနိုင်ဘူးလေနော်။ ဒါဆိုရင် သွားလာကြတာရှိတယ်။ နောက်ပြီးတော့မှ တစ်ချို့ကျ တော့လည်း ကြာလာတဲ့အခါမှာ ဘယ်လိုမှ အိမ်အတွင်းမှာ မအောင်းနိုင်ပဲနဲ့ အပြင်ကို သွားပြီးတော့မှ အနားယူ တာ ခဏတစ်ဖြုတ်အပြင်ထွက်တာတွေ များလာတဲ့အခါကျတော့ ဒီအစီအစဉ်ကို ပြန်ပြီးတော့ ဆွဲရတာပေါ့လေ နော်။ အဲလိုပဲထင်တယ် ကျနော်”

စစ်တွေမြို့နယ်အတွင်း COVID-19 ပိုးတွေ့လူနာအများစုမှာ Quarantine Center များတွင် သီးခြားစောင့်ကြည့် ခံနေရသူများသာ ဖြစ်နေသော်လည်း ကူးစက်မှုများ လျော့ချနိုင်ရေး ယခုကဲ့သို့ အရေးယူမှုများ စတင်လုပ် ဆောင်ခြင်းသည် တစ်စုံတစ်ရာ ထိရောက်မှု ရှိနိုင်သည်ဟု ဒေသခံများက ပြောသည်။

စစ်တွေမြို့ခံ ဦးထွန်းတင် က “အခု လူတော်တော်များများက အပြင်ထွက်မယ့်ကတ်တွေ ယူလာတာတွေ့ ရ တယ်။ အစိုးရက ဝန်ခံကတိနဲ့ ဒဏ်ငွေရိုက်တာမျိုးတွေလုပ်မယ်ဆိုတာမျိုး အသိပေးတာမျိုးရှိတယ်။ အခုက ထိန်းချုပ်တဲ့ သဘောပေါ့။ လူထုကလည်း လိုက်နာမှုအပိုင်းမှာ အားနည်းတယ်။ ဒီမှာက မနေ့ကတရက်ပဲ ရှိမယ် လူနာမပါ တာ၊ နေ့တိုင်းနီးပါးပါနေတာလေ။ လူတွေကလည်း ပေါ့လျော့လာတဲ့သဘောပေါ့။ ဒါကြောင့် ကြပ်မတ် တဲ့ သဘောပါ။ လူထုကတော့ ထွက်တာတွေလည်း ရှိနေတယ်” ဟု ပြောသည်။

“လူထုက Stay Home ကာလမှာတော့ ခက်ခဲတာရှိတာပေါ့။ အထူးသဖြင့် လက်လုပ်လက်စားတွေက သူတို့ နဂိုကတည်းက စစ်ပွဲတွေကြောင့် လူမရောက်ထဲအထဲမှာ အခုဆိုပြီး ခက်ခဲကုန်တာ။ အစိုးရပေးတာလည်း ရတဲ့လူလည်းရှိတယ်။ မရတဲ့လူတွေလည်းရှိတယ်။”

လိုက်နာမှုမရှိပါက နောက်ပိုင်းတွင် ဒဏ်ငွေပေးဆောင်ရမည့်အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ နှင့် လည်း တရားစွဲဆိုသွားမည်ဟု အာဏာပိုင်များက ထုတ်ပြန်ထားသည်ဟု ဦးဇော်ဇော်ထွန်းက ဆက် ပြော သည်။

“ကူးစက်မှုက လုံခြုံရတဲ့ အခြေအနေမျိုးတော့ မရှိနေတဲ့အခါမှာ စိုးရိမ်စရာတော့ ဖြစ်နေတုန်းပဲ ဒါကြောင့်မို့လို့ပဲ ဒီအခုကနေစပြီးတော့မှ လူတွေကို ဒီ stay home ကာလမို့လို့ ဒီမိသားစုတွေက လူတွေကနေပြီးတော့မှ အပြင် ကို သွားလာတဲ့အခါမှာ ဒီရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေဆီက ထုတ်ပေးထားတဲ့ လက်မှတ်တွေ ပေါ့လေ နော အဲဒီလက်မှတ်တွေနဲ့ပဲ သွားရမယ်။ အဲလိုမျိုး လက်မှတ်မပါ လို့ရှိရင် ဒဏ်ငွေ တစ်သောင်းရိုက်မယ်။ အဲဒီ ဒဏ်ငွေတစ်သောင်းရိုက်တဲ့ကာလကို ကျော်လွန်လို့ရှိရင်တော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့ တရားစွဲ မယ်ဆိုပြီးတော့မှ ပြောထားတာရှိတယ်ခင်ဗျာ။”

အိမ်ထောင်စု တစ်စုအား ကတ်ပြား နှစ်ပြားစီ ပေးပြီး မဖြစ်မနေ အိမ်မှ ထွက်ရမည်ဆိုပါက ရပ်ကွက်အလိုက် ထုတ် ပေးထားသည့် လက်မှတ်များကို ယူဆောင်သွားရမည်ဖြစ်ကြောင်း၊ စစ်တွေမြို့တွင် ဈေးဝယ်ရန် ကတ်ပြား နှင့် ကျန်းမာရေးကိစ္စအတွက် ကတ်ပြား ဟူ၍ ထုတ်ထားပေးသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဒေသခံများ အစိုးရက ချမှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အသက်ဝင်လာ ရေး၊ လူထုကလိုက်နာနိုင်ရန်၊ အစိုးရအနေဖြင့်လည်း အပြင်မထွက်ပဲ နေနိုင်လောက်အောင် တိကျသည့် လုပ် ဆောင်ချက်များ အားနည်းနေသေးသည်ဟု ဦးဇော်ဇော်ထွန်းက ဆက်ပြောသည်။

“ဒီ COVID-19 ဒုတိယအကြိမ်ဖြစ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အတိုင်ပင်ခံကနေပြီးတော့မှ လေလှိုင်းဆွေးနွေးပွဲတစ်ခုလုပ်တာပေါ့လေ အဲဒီမှာ ရခိုင်က ပြည်သူလူထုတွေ အနေနဲ့ အပြင်ကို မထွက်ကြပါနဲ့ အစိုးရအနေနဲ့ လိုအပ်တဲ့ဟာ အကုန်လုံးကို ပံ့ပိုးကူညီသွားမယ်ဆိုပြီးမှ ပြောခဲ့တာပေါ့လေနော။ ဆိုတော့ အဲဒီ အခြေအနေမျိုးသာ အသက်ဝင်ခဲ့မယ်ဆိုရင် အဲဒီအတိုင်းပြောခဲ့တဲ့ အတိုင်း လုပ်ခဲ့မယ်ဆိုရင်တော့ သိပ်ပြီးတော့ ပြဿနာ မရှိဘူးပေါ့။ အခုကျတော့ ထောက်ပံ့မှုက အနည်းငယ်ပဲရှိတယ်လို့ ပြောရမှာပေါ့ ဒီအခြေခံလူတန်းစား တွေအတွက် နှစ်သောင်းကျပ် ထွေအုပ်က နေပြီးတော့ အိုင်ဒီပီတွေ သုံးဖို့ လေးသောင်းကျပ် ဒီလောက်ပဲ ရှိတာ ပေါ့လေနော်။ ဆိုတော့ ဒီအခြေခံလူ တန်းစား ဆိုတဲ့နေရာ သတ်မှတ်ချက်မှာလည်းပဲ တော်တော်များများက ရရှိတာမဟုတ်ဘူးလေ။”

အစိုးရ၏ ထောက်ပံ့မှုများ အခြေခံလူတန်းစား၊ လက်လုပ်လက်စားများနှင့် စစ်ရှောင်ပြည်သူများထံ တိတိကျကျ ရောက်ရှိအောင် စိစစ်မှုများ ပြုလုပ်ကာ ဆောင်ရွက်သင့်သည်ဟု ပြောသည်။ သို့မှသာ COVID-19 ကူးစက်မှုကို ထိရောက်စွာ ကာကွယ်နိုင်ရေး တစ်စုံတစ်ရာ အထောက်အကူ ဖြစ်နိုင်သည်ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် အောက်တိုဘာ ၇ ရက်အထိ COVID-19 ဓါတ်ခွဲခန်းအတည်ပြုလူနာ ၁၈၁၃ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၄၅၈ ဦး ရှိပြီဟု ရခိုင်အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။

*** ZAWGYI ***
စစ္ေတြတြင္ ျပင္ပထြက္သူမ်ားအား ခြင့္ျပဳခ်က္ ကတ္ျပားမ်ား စတင္စစ္ေဆး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္။

COVID-19 ကူးစက္မႈမ်ား ျမွင့္တက္ေနသည့္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕တြင္ အျပင္ထြက္သူမ်ားအား အစိုးရမွ ထုတ္ေပးသည့္ အျပင္ ထြက္ခြင့္ကတ္ျပား ကိုင္ေဆာင္ထားျခင္း ရွိမရွိကို ေအာက္တိုဘာလ ၇ ရက္ေန႔ (ယေန႔) မွ စတင္၍ စစ္ ေဆးမႈမ်ားျပဳလုပ္ေနသည္ဟု ေဒသခံမ်ား က ေျပာသည္။

စစ္ေတြၿမိဳ႕တြင္ Stay at Home သတ္မွတ္ထုတ္ျပန္ထားေသာ္လည္း ယခုရက္ပိုင္းအတြင္း အျပင္ထြက္သူမ်ား ပိုမိုမ်ားျပားလာေနၿပီး၊ COVID-19 ကူးစက္မႈကလည္း ေလ်ာ့က်သြားျခင္း မရွိသည့္အတြက္ ယခုကဲ့သို႔ စစ္ေဆး အေရးယူမႈမ်ား ျပဳလုပ္လာရျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ရခိုင္လူသားခ်င္း စာနာေထာက္ထားမႈ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႕ (AHCT) ၏ အတြင္းေရးမွဴး အဖြဲ႕ ဝင္ ဦးေဇာ္ေဇာ္ထြန္း က “လူသြားလာမႈ ရွိေနတ့ဲ ေနရာေတြကို စစ္တာေပါ့။ ဒီေန႔ကစၿပီး Card ေတြေပးေနေတာ့ စစ္ ေနတာေပါ့။ ဒါကလည္း လိုအပ္တယ္လို႔ ျမင္တယ္။ ဒီေရာဂါက ထိန္းခ်ဳပ္လို႔ရတဲ့ အေနအထားေတာ့ မရွိေသး ဘူး။ အခုဆိုရင္ ေသဆံုးသူက လည္း ၇ ေယာက္ေတာင္ ရွိသြားၿပီ။ လိုအပ္လို႔ အျပင္ထြက္တဲ့လူထက္ ထြက္ခ်င္ တုိင္း ထြက္ေနတဲ့ လူေတြက လည္း ပိုမ်ားလာတယ္ဗ်” ဟု ေျပာသည္။

“ပထမတုန္းကေတာ့ ျဖစ္ျဖစ္ခ်င္းမွာေတာ့ လူေတြက လိုက္နာမႈေတြေတာ့ အထိုက္အ ေလ်ာက္ရွိခဲ့တာေပါ့ေလ။ ဒါေပမယ့္ ၾကာ လာတာနဲ႔ေပါ့ဗ်ာ လူေတြက တစ္ခ်ိဳ႕က ၀င္ေငြနည္းပါးတဲ့ သူေတြရွိမယ္။ IDPs ေတြရွိမယ္။ ဒီလူ ေတြက သိပ္ၾကာၾကာ မေနႏိုင္ဘူးေလေနာ္။ ဒါဆိုရင္ သြားလာၾကတာရွိတယ္။ ေနာက္ၿပီးေတာ့မွ တစ္ခ်ိဳ႕က် ေတာ့လည္း ၾကာလာတဲ့အခါမွာ ဘယ္လိုမွ အိမ္အတြင္းမွာ မေအာင္းႏိုင္ပဲနဲ႔ အျပင္ကို သြားၿပီးေတာ့မွ အနားယူ တာ ခဏတစ္ျဖဳတ္အျပင္ထြက္တာေတြ မ်ားလာတဲ့အခါက်ေတာ့ ဒီအစီအစဥ္ကို ျပန္ၿပီးေတာ့ ဆြဲရတာေပါ့ေလ ေနာ္။ အဲလိုပဲထင္တယ္ က်ေနာ္”

စစ္ေတြၿမိဳ႕နယ္အတြင္း COVID-19 ပိုးေတြ႕လူနာအမ်ားစုမွာ Quarantine Center မ်ားတြင္ သီးျခားေစာင့္ၾကည့္ ခံေနရသူမ်ားသာ ျဖစ္ေနေသာ္လည္း ကူးစက္မႈမ်ား ေလ်ာ့ခ်ႏုိင္ေရး ယခုကဲ့သို႔ အေရးယူမႈမ်ား စတင္လုပ္ ေဆာင္ျခင္းသည္ တစ္စံုတစ္ရာ ထိေရာက္မႈ ရွိႏုိင္သည္ဟု ေဒသခံမ်ားက ေျပာသည္။

စစ္ေတြၿမိဳ႕ခံ ဦးထြန္းတင္ က “အခု လူေတာ္ေတာ္မ်ားမ်ားက အျပင္ထြက္မယ့္ကတ္ေတြ ယူလာတာေတြ႕ ရ တယ္။ အစိုးရက ဝန္ခံကတိနဲ႔ ဒဏ္ေငြရိုက္တာမ်ိဳးေတြလုပ္မယ္ဆုိတာမ်ိဳး အသိေပးတာမ်ိဳးရွိတယ္။ အခုက ထိန္းခ်ဳပ္တဲ့ သေဘာေပါ့။ လူထုကလည္း လိုက္နာမႈအပို္င္းမွာ အားနည္းတယ္။ ဒီမွာက မေန႔ကတရက္ပဲ ရွိမယ္ လူနာမပါ တာ၊ ေန႔တုိင္းနီးပါးပါေနတာေလ။ လူေတြကလည္း ေပါ့ေလ်ာ့လာတဲ့သေဘာေပါ့။ ဒါေၾကာင့္ ၾကပ္မတ္ တဲ့ သေဘာပါ။ လူထုကေတာ့ ထြက္တာေတြလည္း ရွိေနတယ္” ဟု ေျပာသည္။

“လူထုက Stay Home ကာလမွာေတာ့ ခက္ခဲတာရွိတာေပါ့။ အထူးသျဖင့္ လက္လုပ္လက္စားေတြက သူတို႔ နဂိုကတည္းက စစ္ပြဲေတြေၾကာင့္ လူမေရာက္ထဲအထဲမွာ အခုဆိုၿပီး ခက္ခဲကုန္တာ။ အစိုးရေပးတာလည္း ရတဲ့လူလည္းရွိတယ္။ မရတဲ့လူေတြလည္းရွိတယ္။”

လိုက္နာမႈမရွိပါက ေနာက္ပိုင္းတြင္ ဒဏ္ေငြေပးေဆာင္ရမည့္အျပင္ သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာ ဥပေဒ ႏွင့္ လည္း တရားစြဲဆိုသြားမည္ဟု အာဏာပိုင္မ်ားက ထုတ္ျပန္ထားသည္ဟု ဦးေဇာ္ေဇာ္ထြန္းက ဆက္ ေျပာ သည္။

“ကူးစက္မႈက လံုၿခံဳရတဲ့ အေျခအေနမ်ိဳးေတာ့ မရွိေနတဲ့အခါမွာ စိုးရိမ္စရာေတာ့ ျဖစ္ေနတုန္းပဲ ဒါေၾကာင့္မို႔လို႔ပဲ ဒီအခုကေနစၿပီးေတာ့မွ လူေတြကို ဒီ stay home ကာလမို႔လို႔ ဒီမိသားစုေတြက လူေတြကေနၿပီးေတာ့မွ အျပင္ ကို သြားလာတဲ့အခါမွာ ဒီရပ္ကြက္အလိုက္ အုပ္ခ်ဳပ္ေရးမွဴးေတြဆီက ထုတ္ေပးထားတဲ့ လက္မွတ္ေတြ ေပါ့ေလ ေနာ အဲဒီလက္မွတ္ေတြနဲ႔ပဲ သြားရမယ္။ အဲလိုမ်ိဳး လက္မွတ္မပါ လို႔ရွိရင္ ဒဏ္ေငြ တစ္ေသာင္း႐ိုက္မယ္။ အဲဒီ ဒဏ္ေငြတစ္ေသာင္း႐ိုက္တဲ့ကာလကို ေက်ာ္လြန္လို႔ရွိရင္ေတာ့ သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာ ဥပေဒနဲ႔ တရားစြဲ မယ္ဆိုၿပီးေတာ့မွ ေျပာထားတာရွိတယ္ခင္ဗ်ာ။”

အိမ္ေထာင္စု တစ္စုအား ကတ္ျပား ႏွစ္ျပားစီ ေပးၿပီး မျဖစ္မေန အိမ္မွ ထြက္ရမည္ဆုိပါက ရပ္ကြက္အလုိက္ ထုတ္ ေပးထားသည့္ လက္မွတ္မ်ားကို ယူေဆာင္သြားရမည္ျဖစ္ေၾကာင္း၊ စစ္ေတြၿမိဳ႕တြင္ ေစ်းဝယ္ရန္ ကတ္ျပား ႏွင့္ က်န္းမာေရးကိစၥအတြက္ ကတ္ျပား ဟူ၍ ထုတ္ထားေပးသည္ဟု ေဒသခံမ်ားက ေျပာသည္။

ထို႔အျပင္ ေဒသခံမ်ား အစိုးရက ခ်မွတ္ထားသည့္ က်န္းမာေရးဆုိင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ား အသက္ဝင္လာ ေရး၊ လူထုကလိုက္နာႏိုင္ရန္၊ အစိုးရအေနျဖင့္လည္း အျပင္မထြက္ပဲ ေနႏိုင္ေလာက္ေအာင္ တိက်သည့္ လုပ္ ေဆာင္ခ်က္မ်ား အားနည္းေနေသးသည္ဟု ဦးေဇာ္ေဇာ္ထြန္းက ဆက္ေျပာသည္။

“ဒီ COVID-19 ဒုတိယအႀကိမ္ျဖစ္တဲ့အခါမွာ ေဒၚေအာင္ဆန္းစုၾကည္ ႏိုင္ငံေတာ္ အတိုင္ပင္ခံကေနၿပီးေတာ့မွ ေလလိႈင္းေဆြးေႏြးပြဲတစ္ခုလုပ္တာေပါ့ေလ အဲဒီမွာ ရခိုင္က ျပည္သူလူထုေတြ အေနနဲ႔ အျပင္ကို မထြက္ၾကပါနဲ႔ အစိုးရအေနနဲ႔ လိုအပ္တဲ့ဟာ အကုန္လံုးကို ပံ့ပိုးကူညီသြားမယ္ဆိုၿပီးမွ ေျပာခဲ့တာေပါ့ေလေနာ။ ဆိုေတာ့ အဲဒီ အေျခအေနမ်ိဳးသာ အသက္၀င္ခဲ့မယ္ဆိုရင္ အဲဒီအတိုင္းေျပာခဲ့တဲ့ အတိုင္း လုပ္ခဲ့မယ္ဆိုရင္ေတာ့ သိပ္ၿပီးေတာ့ ျပႆနာ မရွိဘူးေပါ့။ အခုက်ေတာ့ ေထာက္ပံ့မႈက အနည္းငယ္ပဲရွိတယ္လို႔ ေျပာရမွာေပါ့ ဒီအေျခခံလူတန္းစား ေတြအတြက္ ႏွစ္ေသာင္းက်ပ္ ေထြအုပ္က ေနၿပီးေတာ့ အိုင္ဒီပီေတြ သံုးဖို႔ ေလးေသာင္းက်ပ္ ဒီေလာက္ပဲ ရွိတာ ေပါ့ေလေနာ္။ ဆိုေတာ့ ဒီအေျခခံလူ တန္းစား ဆိုတဲ့ေနရာ သတ္မွတ္ခ်က္မွာလည္းပဲ ေတာ္ေတာ္မ်ားမ်ားက ရရွိတာမဟုတ္ဘူးေလ။”

အစိုးရ၏ ေထာက္ပံ့မႈမ်ား အေျခခံလူတန္းစား၊ လက္လုပ္လက္စားမ်ားႏွင့္ စစ္ေရွာင္ျပည္သူမ်ားထံ တိတိက်က် ေရာက္ရွိေအာင္ စိစစ္မႈမ်ား ျပဳလုပ္ကာ ေဆာင္ရြက္သင့္သည္ဟု ေျပာသည္။ သို႔မွသာ COVID-19 ကူးစက္မႈကို ထိေရာက္စြာ ကာကြယ္ႏုိင္ေရး တစ္စံုတစ္ရာ အေထာက္အကူ ျဖစ္ႏုိင္သည္ဟု ေျပာသည္။

ရခိုင္ျပည္နယ္တြင္ ေအာက္တုိဘာ ၇ ရက္အထိ COVID-19 ဓါတ္ခြဲခန္းအတည္ျပဳလူနာ ၁၈၁၃ ဦး႐ွိၿပီး ေဆး႐ံုမွ ဆင္းခြင့္ရ႐ွိသူ ၁၄၅၈ ဦး ရွိၿပီဟု ရခိုင္အရပ္ဘက္အဖြဲ႕အစည္းမ်ားထံမွ သိရသည္။