တိုင်းရင်းသား ဘာာသာ သတင်းအစီအစဉ် ၁၂ – ၁၀ – ၂၀

ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ RCSS/SSA တပ်ဖွဲ့တွေအကြား ရက်သတ္တပတ်ကျော်ကြာအောင် တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပါတယ်။

မွန်ညီညွှတ်ရေးပါတီက လွှတ်တော်ထဲရောက်တဲ့အခါ မူးယစ်ဆေးဝါး နှိမ်နင်းရေးအတွက် ထောက်ပြပြီး ပြင်ဆင်ဆောင်ရွက်သွားနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ပြောလိုက်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာတော့ ဒေသခံပါတီနှစ်ခုဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသားပါတီ အောင်နိုင်ရေးကို ပူးတွဲလုပ်ဆောင် ခဲ့ကြပါတယ်။

*** ZAWGYI ***


