ရွှေ့ပြောင်း အလုပ်သမားများက အလုပ်သမား အခွင့်အရေး ဦးစားပေးပါတီကို မျှော်လင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။

အခြေခံလူတန်းစားများနှင့် အလုပ်သမားများ၏ အခွင့်အရေးကို ဦးစားပေး လုပ်ဆောင်ပေးမည့် ပါတီကို မဲပေး သွားမည်ဟု ကချင်ပြည်နယ်သို့ ရောက်ရှိလာသည့် ရခိုင် ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

စန်းကားကျေးရွာရှိ စင်ကြိုင်ကုမ္ပဏီ တစ်သျှူးငှက်ပျောခြံ စိုက်ခင်းတွင် ငှက်ပျောခြံစောင့် လုပ်သားအဖြစ် အလုပ်လုပ်နေ သည့် ရခိုင်တိုင်းရင်းသား ဦးထွန်းလှဦးက “အလုပ်သမားဆိုပေမယ့်လည်း နိုင်ငံခြားသား တွေနဲ့ ဦးလေးတို့ ဆိုရင် အခုလုပ်စား နေရတယ်။ အလုပ်သမားရဲ့ တစ်ဦးချင်း လွတ်လပ်ပိုင်ခွင့် တစ်ဦးချင်း အခွင့်အရေး ဥပဒေ ဆိုတာ အခုလုပ် နေရတာက ခိုင်းတာကို လုပ်ရတယ်။ ကျွေးတာကို စားရတယ်။ ပေး တာကို ယူရတယ်။ နေပူမရှောင်မိုး ရွာမရှောင် သူတို့က လုပ်ဆိုတဲ့ အချိန်လုပ်ရတယ်။ ဒီအထဲက လွတ်ချင် တာ ပေါ့နော်။ ဘာဖြစ်လို့ လွတ်ချင်တာလဲဆိုတော့ ဦးလေး တစ်ဦးတည်းလည်း မဟုတ်ဘူး ရှိတဲ့ ဆင်းရဲ နွမ်းပါးပြီးမှ သူများဆီလုပ်စားနေတဲ့ လူတိုင်းလူတိုင်းရော အကုန်လုံးလွတ်စေချင်တယ်” ဟု ပြောသည်။

စားဝတ်နေရေးအပြင် အဖက်ဖက်အတွက် ရုန်းကန် နေရသည့် အခြေခံလူတန်းစားများနှင့် ဒေသအသီးသီး တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ မခွဲခြားပဲ လုပ် ဆောင်ပေးမည့် ပါတီကို မဲပေးသွားမည်ဟု ကချင်ပြည်နယ်သို့ ရောက်ရှိလာသည့် ရခိုင်ရွှေ့ပြောင်း အလုပ် သမားများက ဆိုသည်။

“ဆင်းရဲချမ်းသာမကွဲ အားလုံးကို ခြုံပြီးမှ ပေါင်းစည်းနိုင်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်စေချင်တယ်။ ကိုယ် အုပ်ချုပ်တဲ့ ပြည်သူတွေကို ဒေါင့်စေ့ကြည့် ရှု့နိုင်တဲ့ အစိုးရမျိုးကို ကျနော်တို့လိုချင်တယ်။ ကျန်းမာရေး လူမှု ရေး၊ ပညာရေး၊ အဖက်ဖက်ပေါ့ အကုန်လုံး ကို ခြုံပြီးမှ ကြည့်ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းပေါ့။ တိုင်းရင်း သားတွေ ညီအစ်ကို မောင်နှမတွေလို စုစည်း ပြီးမှ ပြည်ထောင်စုကြီးကို မတည်တဲ့ အစိုးရပဲဖြစ် စေချင် တယ်” ဟု ကချင်ပြည်နယ်သို့ ဆယ်နှစ်ကျော်ကြာ ရောက်ရှိနေပြီး လက်ရှိတွင် တစ်သျှူး ငှက်ပျောခြံ အလုပ်သမားအဖြစ် အလုပ်လုပ်နေသည့် ရခိုင်တိုင်းရင်းသား ဦးဆန်းလင်းက ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ အသီးသီးက ၎င်းတို့၏ ပါတီကတိ ကဝတ်များ၊ မူဝါဒများထဲတွင် ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံလူတန်းစား အခွင့်အရေး၊ အလုပ် သမားအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရေး၊ အစရှိသည်များကို ရရှိအောင် လုပ်ဆောင်ပေး မည် ဆိုသည့် ပြောဆိုမှုများဖြင့် မဲဆွယ်စည်းရုံးမှုများကို တော်တော်များများ လုပ်ဆောင် နေသည်ဟု သိရ သည်။

ရခိုင်ရွေ့ပြောင်းအလုပ်သမားများအနေဖြင့် တိုင်းရင်းသား အခွင့်အရေး အပါအဝင် အလုပ်သမားများ အခွင့် အရေးကို ရရှိအောင် လုပ်ဆောင်ပေးမည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၏ မူဝါ ကတိကဝတ်များကို သဘောကျသည့်အတွက် KSPP ကို မဲပေးမည်ဟု ပြောဆိုကြသူများရှိ သကဲ့သို့ ဒီမိုကရေစီ ပါတီသစ် (က ချင်) NDP(Kachin) ပါတီကို မဲပေးမည်ဟု ပြောဆိုသူများလည်း ရှိသည်။

လက်ရှိတွင် ကချင်ပြည်နယ် အခြေစိုက်သည့် တိုင်းရင်းသားပါတီအချို့က တစ်သျှူး ငှက်ပျောခြံတွင် အ လုပ် လုပ် ကိုင်နေသည့် ရခိုင်ရွေ့ပြောင်းအလုပ်သမားများ အတွက် မဲစာရင်းများကို လာရောက် ကောက်ယူ ထား ပြီး မဲပေးနိုင်အောင် လုပ်ဆောင်ပေးထားသည်ဟု ရခိုင်ရွှေ့ပြောင်းအလုပ်သမားများက ဆိုသည်။

ကချင်ပြည်နယ်တွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ကိုထွန်း ဆန်းဝင်း က လည်း ရခိုင်ပြည်နယ်တွင် ရှိနေမည်ဆိုပါက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင်နှင့် ဒေသခံ အလုပ်သမား များအတွက် လုပ်ဆောင်ပေးမည့် ပါတီကိုသာ မဲပေးသွားမည်ဟု ပြောသည်။

“ကိုယ့်ရခိုင်ပြည် လွတ်လပ်မယ့် သူတွေကိုပဲ ထည့်ချင်တယ် တိုးတက်မယ့် အထက်က အကြီးတွေပေါ့ မိဖ တွေ ကောင်းတဲ့ မိဖတွေပဲ လိုချင်တယ်။ မကောင်းတဲ့ မိဖတွေတော့ မလိုချင်ဘူး။ ဒါပဲ မိဖ အရင်းနဲ့ စာလို့ ရှိရင် ပထွေးတို့ မိထွေးတို့ ဆိုတာ မကောင်းဘူးလေ မိဖအရင်းက ပိုပြီးတော့ ကောင်းပါ တယ်။ ဘာဖြစ်လို့ လဲဆိုတော့ အစိုးရလည်း အဲလိုပဲ ကောင်းစေချင်တယ်။ ကျနော်တို့ အလုပ်သမားတွေ အပေါ်မှာ။”

သို့သော် လက်ရှိတွင် ကချင်ပြည်နယ်တွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့်အတွက် အလုပ်သမား အရေးအတွက် ဦးစားပေး လုပ်ဆောင်ပေးမည့် ဒေသအခြေစိုက် ကချင်နိုင်ငံရေး ပါတီများကိုသာ မဲပေး သွားမည်ဟု ဆိုသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်နှင့်ဗန်းမော်ခရိုင်အတွင်း ရှိ တစ်သျှူးငှက်ပျောစိုက်ခင်း ဧကပေါင်း ၁၅၀၀၀၀ ကျော်ရှိပြီး အဆိုပါ စိုက်ခင်းများတွင် အလုပ်လုပ်ကိုင်နေသူ ၅၅၀၀၀ ကျော်ခန့် ရှိနိုင်သည်ဟု ကချင်ပြည်နယ်အခြေဆိုက် Humanity Institute က ထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်။

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကချင်ပြည်နယ်သို့ ရွှေ့ပြောင်း လာရောက် အလုပ်လုပ်ကိုင် သူ ခန်းမှန်းခြေ သိန်းဂဏန်းခန့်ရှိပြီး ဖားကန့်ကျောက်စိမ်းတွင်း၊ တစ်သျှူး ငှက်ပျောစိုက်ခင်းများနှင့် အခြားကျ ပန်း အလုပ်များ စသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်း ကောက်ခံမှုအရ ကချင်ပြည်နယ်အတွင်း လာရောက်ရွှေ့ ပြောင်းနေထိုင်သူ ၂ သိန်းကျော်ရှိသည်ဟု သိရသည်။

လက်ရှိကချင်ပြည်နယ် တစ်ခုလုံးတွင် မဲပေးနိုင်သူဦးရေ ဆယ်သိန်းကိုးသောင်းဝန်းကျင်တွင် ရှိနေပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် မဲပေးနိုင်သူဦးရေ နှစ်သိန်း နှစ်သောင်းဝန်းကျင်ခန့် တိုးလာ သည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးခွဲမှ သိရသည်။

*** ZAWGYI ***

ေရႊ႔ေျပာင္း အလုပ္သမားမ်ားက အလုပ္သမား အခြင့္အေရး ဦးစားေပးပါတီကို ေမွ်ာ္လင့္

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁၆ ရက္။

အေျခခံလူတန္းစားမ်ားႏွင့္ အလုပ္သမားမ်ား၏ အခြင့္အေရးကို ဦးစားေပး လုပ္ေဆာင္ေပးမည့္ ပါတီကို မဲေပး သြားမည္ဟု ကခ်င္ျပည္နယ္သို႔ ေရာက္ရွိလာသည့္ ရခိုင္ ေရႊ႕ေျပာင္းအလုပ္သမားမ်ားက ေျပာသည္။

စန္းကားေက်းရြာရွိ စင္ႀကိဳင္ကုမၸဏီ တစ္သ်ွဴးငွက္ေပ်ာၿခံ စိုက္ခင္းတြင္ ငွက္ေပ်ာၿခံေစာင့္ လုပ္သားအျဖစ္ အလုပ္လုပ္ေန သည့္ ရခိုင္တိုင္းရင္းသား ဦးထြန္းလွဦးက “အလုပ္သမားဆိုေပမယ့္လည္း ႏိုင္ငံျခားသား ေတြနဲ႔ ဦးေလးတို႔ ဆိုရင္ အခုလုပ္စား ေနရတယ္။ အလုပ္သမားရဲ႕ တစ္ဦးခ်င္း လြတ္လပ္ပိုင္ခြင့္ တစ္ဦးခ်င္း အခြင့္အေရး ဥပေဒ ဆိုတာ အခုလုပ္ ေနရတာက ခိုင္းတာကို လုပ္ရတယ္။ ေကြ်းတာကို စားရတယ္။ ေပး တာကို ယူရတယ္။ ေနပူမေရွာင္မိုး ရြာမေရွာင္ သူတို႔က လုပ္ဆိုတဲ့ အခ်ိန္လုပ္ရတယ္။ ဒီအထဲက လြတ္ခ်င္ တာ ေပါ့ေနာ္။ ဘာျဖစ္လို႔ လြတ္ခ်င္တာလဲဆိုေတာ့ ဦးေလး တစ္ဦးတည္းလည္း မဟုတ္ဘူး ရွိတဲ့ ဆင္းရဲ ႏြမ္းပါးၿပီးမွ သူမ်ားဆီလုပ္စားေနတဲ့ လူတိုင္းလူတိုင္းေရာ အကုန္လံုးလြတ္ေစခ်င္တယ္” ဟု ေျပာသည္။

စား၀တ္ေနေရးအျပင္ အဖက္ဖက္အတြက္ ႐ုန္းကန္ ေနရသည့္ အေျခခံလူတန္းစားမ်ားႏွင့္ ေဒသအသီးသီး တြင္ အလုပ္လုပ္ကိုင္ေနသည့္ အလုပ္သမားမ်ားအတြက္ လူမ်ိဳး၊ ဘာသာ၊ ဆင္းရဲခ်မ္းသာ မခြဲျခားပဲ လုပ္ ေဆာင္ေပးမည့္ ပါတီကို မဲေပးသြားမည္ဟု ကခ်င္ျပည္နယ္သို႔ ေရာက္ရွိလာသည့္ ရခိုင္ေရႊ႕ေျပာင္း အလုပ္ သမားမ်ားက ဆိုသည္။

“ဆင္းရဲခ်မ္းသာမကြဲ အားလံုးကို ၿခံဳၿပီးမွ ေပါင္းစည္းႏိုင္တဲ့ ေခါင္းေဆာင္ေကာင္း ျဖစ္ေစခ်င္တယ္။ ကိုယ္ အုပ္ခ်ဳပ္တဲ့ ျပည္သူေတြကို ေဒါင့္ေစ့ၾကည့္ ရႈ႕ႏိုင္တဲ့ အစိုးရမ်ိဳးကို က်ေနာ္တို႔လိုခ်င္တယ္။ က်န္းမာေရး လူမႈ ေရး၊ ပညာေရး၊ အဖက္ဖက္ေပါ့ အကုန္လံုး ကို ၿခံဳၿပီးမွ ၾကည့္ေပးႏိုင္တဲ့ ေခါင္းေဆာင္ေကာင္းေပါ့။ တိုင္းရင္း သားေတြ ညီအစ္ကို ေမာင္ႏွမေတြလို စုစည္း ၿပီးမွ ျပည္ေထာင္စုႀကီးကို မတည္တဲ့ အစိုးရပဲျဖစ္ ေစခ်င္ တယ္” ဟု ကခ်င္ျပည္နယ္သို႔ ဆယ္ႏွစ္ေက်ာ္ၾကာ ေရာက္ရွိေနၿပီး လက္ရွိတြင္ တစ္သ်ွဴး ငွက္ေပ်ာၿခံ အလုပ္သမားအျဖစ္ အလုပ္လုပ္ေနသည့္ ရခိုင္တိုင္းရင္းသား ဦးဆန္းလင္းက ေျပာသည္။

ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ ေရြးေကာက္ပြဲ၀င္ေရာက္ ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီ အသီးသီးက ၎တို႔၏ ပါတီကတိ က၀တ္မ်ား၊ မူဝါဒမ်ားထဲတြင္ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ အေျခခံလူတန္းစား အခြင့္အေရး၊ အလုပ္ သမားအခြင့္အေရး၊ ကိုယ္ပိုင္ျပဌာန္းခြင့္ႏွင့္ တန္းတူေရး၊ အစရွိသည္မ်ားကို ရရွိေအာင္ လုပ္ေဆာင္ေပး မည္ ဆိုသည့္ ေျပာဆိုမႈမ်ားျဖင့္ မဲဆြယ္စည္းရံုးမႈမ်ားကို ေတာ္ေတာ္မ်ားမ်ား လုပ္ေဆာင္ ေနသည္ဟု သိရ သည္။

ရခိုင္ေရြ႕ေျပာင္းအလုပ္သမားမ်ားအေနျဖင့္ တိုင္းရင္းသား အခြင့္အေရး အပါအ၀င္ အလုပ္သမားမ်ား အခြင့္ အေရးကို ရရွိေအာင္ လုပ္ေဆာင္ေပးမည့္ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ KSPP ၏ မူဝါ ကတိက၀တ္မ်ားကို သေဘာက်သည့္အတြက္ KSPP ကို မဲေပးမည္ဟု ေျပာဆိုၾကသူမ်ားရွိ သကဲ့သို႔ ဒီမိုကေရစီ ပါတီသစ္ (က ခ်င္) NDP(Kachin) ပါတီကို မဲေပးမည္ဟု ေျပာဆိုသူမ်ားလည္း ရွိသည္။

လက္ရွိတြင္ ကခ်င္ျပည္နယ္ အေျခစိုက္သည့္ တိုင္းရင္းသားပါတီအခ်ိဳ႕က တစ္သ်ွဴး ငွက္ေပ်ာၿခံတြင္ အ လုပ္ လုပ္ ကိုင္ေနသည့္ ရခိုင္ေရြ႕ေျပာင္းအလုပ္သမားမ်ား အတြက္ မဲစာရင္းမ်ားကို လာေရာက္ ေကာက္ယူ ထား ၿပီး မဲေပးႏိုင္ေအာင္ လုပ္ေဆာင္ေပးထားသည္ဟု ရခိုင္ေရႊ႕ေျပာင္းအလုပ္သမားမ်ားက ဆိုသည္။

ကခ်င္ျပည္နယ္တြင္ ေရာက္ရွိ အလုပ္လုပ္ကိုင္ေနသည့္ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္မွ ကိုထြန္း ဆန္း၀င္း က လည္း ရခိုင္ျပည္နယ္တြင္ ရွိေနမည္ဆိုပါက ရခိုင္ျပည္နယ္ ဖြံ႔ၿဖိဳးတိုးတက္ေအာင္ႏွင့္ ေဒသခံ အလုပ္သမား မ်ားအတြက္ လုပ္ေဆာင္ေပးမည့္ ပါတီကိုသာ မဲေပးသြားမည္ဟု ေျပာသည္။

“ကိုယ့္ရခိုင္ျပည္ လြတ္လပ္မယ့္ သူေတြကိုပဲ ထည့္ခ်င္တယ္ တိုးတက္မယ့္ အထက္က အႀကီးေတြေပါ့ မိဖ ေတြ ေကာင္းတဲ့ မိဖေတြပဲ လိုခ်င္တယ္။ မေကာင္းတဲ့ မိဖေတြေတာ့ မလိုခ်င္ဘူး။ ဒါပဲ မိဖ အရင္းနဲ႔ စာလို႔ ရွိရင္ ပေထြးတို႔ မိေထြးတို႔ ဆိုတာ မေကာင္းဘူးေလ မိဖအရင္းက ပိုၿပီးေတာ့ ေကာင္းပါ တယ္။ ဘာျဖစ္လို႔ လဲဆိုေတာ့ အစိုးရလည္း အဲလိုပဲ ေကာင္းေစခ်င္တယ္။ က်ေနာ္တို႔ အလုပ္သမားေတြ အေပၚမွာ။”

သို႔ေသာ္ လက္ရွိတြင္ ကခ်င္ျပည္နယ္တြင္ ေရာက္ရွိ အလုပ္လုပ္ကိုင္ေနသည့္အတြက္ အလုပ္သမား အေရးအတြက္ ဦးစားေပး လုပ္ေဆာင္ေပးမည့္ ေဒသအေျခစိုက္ ကခ်င္ႏိုင္ငံေရး ပါတီမ်ားကိုသာ မဲေပး သြားမည္ဟု ဆိုသည္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခရိုင္ႏွင့္ဗန္းေမာ္ခရိုင္အတြင္း ရွိ တစ္သ်ွဴးငွက္ေပ်ာစို္က္ခင္း ဧကေပါင္း ၁၅၀၀၀၀ ေက်ာ္ရွိၿပီး အဆိုပါ စိုက္ခင္းမ်ားတြင္ အလုပ္လုပ္ကိုင္ေနသူ ၅၅၀၀၀ ေက်ာ္ခန္႔ ရွိႏုိင္သည္ဟု ကခ်င္ျပည္နယ္အေျခဆုိက္ Humanity Institute က ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရသိရသည္။

ျမန္မာႏိုင္ငံရွိ တိုင္းႏွင့္ျပည္နယ္ အသီးသီးမွ ကခ်င္ျပည္နယ္သို႔ ေ႐ႊ႕ေျပာင္း လာေရာက္ အလုပ္လုပ္ကိုင္ သူ ခန္းမွန္းေျခ သိန္းဂဏန္းခန႔္ရွိၿပီး ဖားကန႔္ေက်ာက္စိမ္းတြင္း၊ တစ္သ်ွဴး ငွက္ေပ်ာစိုက္ခင္းမ်ားႏွင့္ အျခားက် ပန္း အလုပ္မ်ား စသည့္ လုပ္ငန္းခြင္မ်ားတြင္ လုပ္ကိုင္လ်က္ရွိေၾကာင္း သိရသည္။

၂၀၁၄ သန္းေခါင္စာရင္း ေကာက္ခံမႈအရ ကခ်င္ျပည္နယ္အတြင္း လာေရာက္ေရႊ႕ ေျပာင္းေနထုိင္သူ ၂ သိန္းေက်ာ္ရွိသည္ဟု သိရသည္။

လက္ရွိကခ်င္ျပည္နယ္ တစ္ခုလုံးတြင္ မဲေပးႏိုင္သူဦးေရ ဆယ္သိန္းကိုးေသာင္းဝန္းက်င္တြင္ ရွိေနၿပီး ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲထက္ မဲေပးႏိုင္သူဦးေရ ႏွစ္သိန္း ႏွစ္ေသာင္းဝန္းက်င္ခန႔္ တိုးလာ သည္ဟု ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႔ရံုးခြဲမွ သိရသည္။