မွန်ပြည်နယ်အတွင်း အခြေခံ စားသောက်ကုန်အချို့ ဈေးတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်။

COVID-19 ကာလ ကန့်သတ်မှုများကြောင့် မွန်ပြည်နယ်အတွင်းသို့ ကုန်စည်ဝင်ရောက်မှု ကြန့်ကြာမှုရှိနေသည့်အတွက် ကုန်ပစ္စည်း အချို့ ဈေးတက်နေသည်ဟု ကုန်သည်များထံမှ သိရသည်။

COVID-19 ကူးစက်မှု ဒုတိယလှိုင်းကာလတွင် ပြည်နယ်အတွင်းသို့ ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုများ ရှိခဲ့သည်ဟု မွန်ပြည်နယ် စားသုံး သူရေးရာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင် က ပြောသည်။

“COVID ကာလမှာ ရောဂါကို ထိန်းချုပ်တဲ့အနေနဲ့ စစ်ဆေးမှုတွေလုပ်လာတဲ့အချိန်မှာ ကုန်စည်စီးဆင်းမှု က တော့ အထိုက်အလျောက်တော့ ကြန့်ကြာမှုလေးကတော့ ကြုံခဲ့ရတယ်၊ ရပ်တန့်သွားတာတော့မဟုတ်ဘူး” ဟု ဦးခင်အောင်သွင် က ပြောသည်။

အခြေခံစားသောက်ကုန်များ အထိုက်အလျောက် ဈေးတက်သွားသည်ဟု ဦးခင်အောင်လွင် က ဆက်ပြောသည်။

မွန်ပြည်နယ်က ပြည်သူတွေများက ယခုထက်ပို၍ ဈေးတက်လာမည်ကို စိုးရိမ်နေကြသည်။

မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် က မရီအောင် က “အဓိက စားသောက်ကုန်တွေပေါ့ ဈေးတက်သွားတယ်၊ ကျမတို့က ဒီ့ထက်ဈေးတက်သွားမှာကို စိုးရိမ်နေတာ။ ဘာလို့လဲဆိုတော့ အခုချိန်က ရောဂါကြောင့် အဖက် ဖက်က ခက်ခဲနေကြတယ်၊ တချို့ ဆိုရင် စားဖို့တောင် မရှိကြဘူးလေ။ ကုန်ဈေးတွေပါ တက်ကုန်ရင် ငတ်ဖို့ပဲ ရှိတော့မယ်” ဟု ပြောသည်။

COVID-19 ဒုတိယလှိုင်းမတိုင်မီက ကြက်သွန်နီဈေး တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ရှိခဲ့ရာ ယခုအခါ ကြက်သွန်နီဈေးမှာ တစ်ပိဿာ ၁၃၀၀ ကျပ် ဈေးတက်သွားသလို စားအုန်းဆီဈေး လည်း တစ်ပိဿာ ကျပ် ၂၀၀ ခန့် ဈေးတက် သွားသည် ဟု ကုန်သည်များ က ပြောသည်။

“လမ်းမှာ စစ်ဆေးမှုက များတော့ ကုန်စည်ဝင်ရောက်မှုက နောက်ကျတယ်။ ဥပမာ ဒီနေ့ဝင်ရမယ့်ဟာက မနက် ဖြန် သန်ဘက်ခါမှ ရောက်တယ်၊ နောက်တစ်ခုက ကားခတွေ ဈေးတက်တယ်။ ကားခတွေ နှစ်ဆလောက် တက် သွားတယ်။ အဲဒါကြောင့် ကုန်ပစွည်းတွေ ဈေးတက်သွားတယ်” ဟု မော်လမြိုင်ကုန်စည်ဒိုင်မှ ကုန်ရောင်းဝယ် သူ ဦးအောင် က ပြောသည်။

လက်ရှိအနေအထားအရ မွန်ပြည်နယ်အတွင်း ကုန်စည်အရောင်းအဝယ် ပါးနေသည်ဟုလည်း ကုန်ရောင်းဝယ် သူ ဦးအောင် က ဆက်ပြောသည်။

ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု မပြတ်တောက်သွားစေရန် ကုန်ဈေးနှုန်းငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှု မှန် ကန်စေရေးအတွက် အဖွဲ့ပေါင်းစုံ ပါသည့် အထောက်အကူပြုရေးအဖွဲ့ ဖွဲ့စည်းပြီး ကြီးကြပ် ဆောင်ရွက်နေ သည် ဟုလည်း မွန်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြောသည်။

၎င်းအပြင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနအနေနှင့် ပြည်နယ်အတွင်း အရေးကြီးကုန်များဖြစ်သည့် စား သုံးကုန်ပစွည်းများ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အထောက်အကူ ပြု ပစ္စည်းများ၊ ဆေးဝါများ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရန် ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ခြင်းမရှိစေရန် စောင့်ကြည့်နေပြီး သက်ဆိုင်ရာဌာနနှင့် ပြည်နယ်အစိုးရ အဖွဲ့သို့ တင်ပြနေသည်ဟုလည်း ပြောသည်။

မွန်ပြည်နယ်အတွင်း အသုံးပြုနေသည့် ကုန်ပစ္စည်းများသည် အထက်မြန်မာပြည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း နှင့် ကရင်ပြည်နယ် မြဝတီနယ်စပ်တို့မှတဆင့် အဓိက ဝင်ရောက်နေသည်။

*** ZAWGYI ***
မြန္ျပည္နယ္အတြင္း အေျခခံ စားေသာက္ကုန္အခ်ဳိ႔ ေစ်းတက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁၇ ရက္။

COVID-19 ကာလ ကန္႔သတ္မႈမ်ားေၾကာင့္ မြန္ျပည္နယ္အတြင္းသို႔ ကုန္စည္ဝင္ေရာက္မႈ ၾကန႔္ၾကာမႈရွိေနသည့္အတြက္ ကုန္ပစၥည္း အခ်ိဳ႕ ေစ်းတက္ေနသည္ဟု ကုန္သည္မ်ားထံမွ သိရသည္။

COVID-19 ကူးစက္မႈ ဒုတိယလႈိင္းကာလတြင္ ျပည္နယ္အတြင္းသို႔ ကုန္စည္စီးဆင္းမႈ ေနွာင့္ေႏွးမႈမ်ား ရွိခဲ့သည္ဟု မြန္ျပည္နယ္ စားသုံး သူေရးရာ ဦးစီးဌာန ျပည္နယ္ဦးစီးမႉး ဦးခင္ေအာင္သြင္ က ေျပာသည္။

“COVID ကာလမွာ ေရာဂါကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ စစ္ေဆးမႈေတြလုပ္လာတဲ့အခ်ိန္မွာ ကုန္စည္စီးဆင္းမႈ က ေတာ့ အထိုက္အေလ်ာက္ေတာ့ ၾကန႔္ၾကာမႈေလးကေတာ့ ႀကဳံခဲ့ရတယ္၊ ရပ္တန႔္သြားတာေတာ့မဟုတ္ဘူး” ဟု ဦးခင္ေအာင္သြင္ က ေျပာသည္။

အေျခခံစားေသာက္ကုန္မ်ား အထိုက္အေလ်ာက္ ေစ်းတက္သြားသည္ဟု ဦးခင္ေအာင္လြင္ က ဆက္ေျပာသည္။

မြန္ျပည္နယ္က ျပည္သူေတြမ်ားက ယခုထက္ပို၍ ေစ်းတက္လာမည္ကို စိုးရိမ္ေနၾကသည္။

ေမာ္လၿမိဳင္ၿမိဳ႕ ေစ်းႀကိဳရပ္ကြက္ က မရီေအာင္ က “အဓိက စားေသာက္ကုန္ေတြေပါ့ ေစ်းတက္သြားတယ္၊ က်မတို႔က ဒီ့ထက္ေစ်းတက္သြားမွာကို စိုးရိမ္ေနတာ။ ဘာလို႔လဲဆိုေတာ့ အခုခ်ိန္က ေရာဂါေၾကာင့္ အဖက္ ဖက္က ခက္ခဲေနၾကတယ္၊ တခ်ိဳ႕ ဆိုရင္ စားဖို႔ေတာင္ မရွိၾကဘူးေလ။ ကုန္ေစ်းေတြပါ တက္ကုန္ရင္ ငတ္ဖို႔ပဲ ရွိေတာ့မယ္” ဟု ေျပာသည္။

COVID-19 ဒုတိယလိႈင္းမတိုင္မီက ၾကက္သြန္နီေစ်း တစ္ပိႆာလ်ွင္ က်ပ္ ၁၀၀၀ ရွိခဲ့ရာ ယခုအခါ ၾကက္သြန္နီေစ်းမွာ တစ္ပိႆာ ၁၃၀၀ က်ပ္ ေစ်းတက္သြားသလို စားအုန္းဆီေစ်း လည္း တစ္ပိႆာ က်ပ္ ၂၀၀ ခန႔္ ေစ်းတက္ သြားသည္ ဟု ကုန္သည္မ်ား က ေျပာသည္။

“လမ္းမွာ စစ္ေဆးမႈက မ်ားေတာ့ ကုန္စည္ဝင္ေရာက္မႈက ေနာက္က်တယ္။ ဥပမာ ဒီေန႔ဝင္ရမယ့္ဟာက မနက္ ျဖန္ သန္ဘက္ခါမွ ေရာက္တယ္၊ ေနာက္တစ္ခုက ကားခေတြ ေစ်းတက္တယ္။ ကားခေတြ ႏွစ္ဆေလာက္ တက္ သြားတယ္။ အဲဒါေၾကာင့္ ကုန္ပစြည္းေတြ ေစ်းတက္သြားတယ္” ဟု ေမာ္လၿမိဳင္ကုန္စည္ဒိုင္မွ ကုန္ေရာင္းဝယ္ သူ ဦးေအာင္ က ေျပာသည္။

လက္ရွိအေနအထားအရ မြန္ျပည္နယ္အတြင္း ကုန္စည္အေရာင္းအဝယ္ ပါးေနသည္ဟုလည္း ကုန္ေရာင္းဝယ္ သူ ဦးေအာင္ က ဆက္ေျပာသည္။

ျပည္နယ္အတြင္း ကုန္စည္စီးဆင္းမႈ မျပတ္ေတာက္သြားေစရန္ ကုန္ေစ်းႏႈန္းၿငိမ္ေရးႏွင့္ ကုန္စည္စီးဆင္းမႈ မွန္ ကန္ေစေရးအတြက္ အဖြဲ႕ေပါင္းစုံ ပါသည့္ အေထာက္အကူျပဳေရးအဖြဲ႕ ဖြဲ႕စည္းၿပီး ႀကီးၾကပ္ ေဆာင္႐ြက္ေန သည္ ဟုလည္း မြန္ျပည္နယ္စားသုံးသူေရးရာ ဦးစီးဌာန ျပည္နယ္ဦးစီးမႉးက ေျပာသည္။

၎အျပင္ မြန္ျပည္နယ္စားသုံးသူေရးရာဦးစီးဌာနအေနႏွင့္ ျပည္နယ္အတြင္း အေရးႀကီးကုန္မ်ားျဖစ္သည့္ စား သုံးကုန္ပစြည္းမ်ား COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးဆိုင္ရာ က်န္းမာေရးဆိုင္ရာ အေထာက္အကူ ျပဳ ပစၥည္းမ်ား၊ ေဆးဝါမ်ား ေစ်းကြက္အတြင္း ေစ်းႏႈန္းျမႇင့္တင္ေရာင္းခ်မႈ မရွိေစရန္ ေစ်းႏႈန္းျမႇင့္တင္ျဖန႔္ျဖဴးျခင္း ေစ်းကစားရန္ ရည္႐ြယ္ၿပီး သိုေလွာင္ျခင္းမရွိေစရန္ ေစာင့္ၾကည့္ေနၿပီး သက္ဆိုင္ရာဌာနႏွင့္ ျပည္နယ္အစိုးရ အဖြဲ႕သို႔ တင္ျပေနသည္ဟုလည္း ေျပာသည္။

မြန္ျပည္နယ္အတြင္း အသုံးျပဳေနသည့္ ကုန္ပစၥည္းမ်ားသည္ အထက္ျမန္မာျပည္ ရန္ကုန္တိုင္း၊ မႏၱေလးတိုင္း ႏွင့္ ကရင္ျပည္နယ္ ျမဝတီနယ္စပ္တို႔မွတဆင့္ အဓိက ဝင္ေရာက္ေနသည္။