မွန်ပြည်နယ်အတွင်း တိုင်းရင်းသားများ အပြန်အလှန် ကူညီမဲဆွယ်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။
မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများကိုသာ မဲပေးကြရန် ပြည်နယ်အတွင်းက ကရင်၊ မွန် နှင့် ပအိုဝ်းလူ ငယ်များက အပြန်အလှန် ကူညီ မဲဆွယ်လျက်ရှိသည်။
မွန်ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များတွင် မွန်တိုင်းရင်းသားများက ပအိုဝ်းနှင့် ကရင် တိုင်းရင်းသား ပါတီများအတွက် မဲဆွယ်ပေးကြပြီး ကရင်ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် နယ်မြေများတွင် ကရင်လူငယ်များက မွန်နှင့် ပအိုဝ်းပါတီများအား မဲပေးကြရန် အပြန်အလှန် ကူညီတိုက်တွန်းလျက်ရှိကြသည်။
မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ကြမည့် ကရင်ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီတို့ကို ထောက်ခံကြောင်း ပြည်နယ်အတွင်းရှိ ကရင်၊ မွန်နှင့် ပအိုဝ်းလူငယ်များ ဒေသအတွင်း အင် အားပြသည့် အစီအစဉ်များ လုပ်ဆောင်နေကြသည်။
သထုံမြို့ နယ် မဲဆန္ဒနယ်များတွင် ကရင်ပြည်သူ့ပါတီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့ကသာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး မွန်ညီညွတ်ရေးပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော်လည်း တိုင်းရင်းသားပါတီ များ အားကောင်းကြောင်းကို ပြချင်သည့်အတွက် မွန်လူငယ်များလည်း ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်သည်။
“မွန်ပါတီ ဝင်မပြိုင်တဲ့ သထုံမှာ အခြား ကျွန်တော်တို့ ညီနောင်တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ကရင်ပါတီ ပအိုဝ်း ပါတီတွေကို ထောက်ခံတဲ့အနေနဲ့ ဝန်းရံတာပါ၊ ဒီမှာရှိတဲ့ မွန်တိုင်းရင်းသားတွေကိုလည်း မွန်ပါတီအစား ကရင် ပအိုဝ်းပါတီက ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြဖို့လည်း ပြောချင်ပါတယ်” ဟု မွန်လူငယ် မင်းချမ်းထော က ပြောသည်။
အောက်တိုဘာလ ၁၈ ရက်နေ့က သထုံမြို့ နယ်အတွင်း ကရင်၊ မွန်နှင့် ပအိုဝ်းလူငယ်များ ပူးပေါင်းပြီး သထုံမြို့ နယ်အတွင်း အင်အားပြခဲ့ကြသည်။
အဆိုပါ မွန်၊ ကရင်၊ ပအိုဝ်းပါတီကို ထောက်ခံကြောင်း အင်အားပြသည့်ပွဲသို့ တိုင်းရင်းသားလူငယ်များအပြင် တိုင်းရင်းသားပါတီတို့ကို အားပေးထောက်ခံကြသူများလည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး အင်အားထောင်ချီရှိ သည်ဟုလည်း ဒေသခံများ က ပြောသည်။
ကရင်နိုင်ငံရေးပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်တို့တွင် မွန်လူမျိုးကိုယ်စားပြု မွန်ပါတီနှင့် ပအိုဝ်းလူမျိုးကိုယ်စားပြု ပအိုဝ်းပါတီတို့ကို မဲပေးကြရန် မွန်ပြည်နယ်အတွင်းရှိ ကရင်မဲဆန္ဒရှင်များကို ကရင် လူငယ်ကွန်ရက် (မွန်ပြည်နယ်) က တိုက်တွန်းထားသလို ပအိုဝ်းလူငယ်တို့ကလည်း ကြေညာချက်ထုတ်ပြီး ပအိုဝ်းမဲဆန္ဒရှင်များကို အလားတူ တိုက်ထွန်းထားသည်။
မွန်လူငယ်များကလည်း လာမည့်ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီကို ဝန်းရံသွားမည်ဟု ထုတ်ဖော် ပြောကြားထားပြီး မွန်ပါတီဝင်မပြိုင်သည့် နေရာဒေသများတွင် အခြား ညီနောင်တိုင်းရင်းသားများဖြစ်သည့် ကရင်နှင့် ပအိုဝ်းပါတီတို့ကို ဝန်းရံသွားမည် ဟု ပြောဆိုထားသည်။
ခွန်တန်နွယ်ပအိုဝ်းလူငယ်ကွန်ရက် ဒု-ဥက္ကဌ နန်းမာမာဇင် က “တိုင်းရင်းသားပါတီတွေ အားကောင်းလာဖို့၊ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးရရှိဖို့နဲ့ နောက်လွှတ်တော်မှာ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် တွေရဲ့ ပါဝင်မှု ပိုအားကောင်းလာဖို့ တိုင်းရင်းသားပါတီတွေကို မဲပေးဖို့ လိုတယ်” ဟု ပြောသည်။
တိုင်းရင်းသားများ၏အရေး၊ တိုင်းရင်းသားများ၏ ပြဿနာများကို တိုင်းရင်းသားတွေကသာ ဖြေရှင်းပေး နိုင်မှာ ဖြစ်သည့်အတွက် တိုင်းရင်းသားပါတီများကို မဲပေးကြရန် ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်) ကလည်း တိုင်း ရင်းသားမဲဆန္ဒရှင်များကို တိုက်တွန်းထားသည်။
ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်) တာဝန်ခံ စောသောကြာက “ကျနော်တို့ အမြင်က ၂၀၁၅ နောက်ပိုင်းမှာ NLD ပါတီက တိုင်းရင်းသားအရေးကို နားမလည်ဘူး နားလည်သည့်တိုင် မဖြေရှင်းပေးဘူး မြန်မာပြည်မှာက နှစ်ရှည်လများက တိုင်းရင်းသားအရေးအရာပဲ ဖြစ်နေတယ်ဆိုတော့ အခု ကျနော် တိုင်းရင်းသားအရေးကို ဖြေ ရှင်းဖို့ တိုင်းရင်းသားတွေပဲ ဖြေရှင်းနိုင်မှာဖြစ်တဲ့အတွက် မွန်ပြည်နယ်ထဲမှာ ကရင်ပါတီ ဝင်မပြိုင်တဲ့နေရာမှာ ကရင်မဲဆန္ဒရှင်တွေက တခြားသော မဟာမိတ်ပေါ့လေ ညီအစ်ကိုတိုင်းရင်းသားပါတီတွေကို မဲပေးဖို့အတွက် တိုက်တွန်းတာပေါ့” ဟု ပြောသည်။
တိုင်းရင်းသားနိုင်ငံရေးပါတီများ တိုင်းရင်းသားလူငယ်များ ယခုလို တိုင်းရင်းသားများအကြား ညီညွတ်မှုကို ဖြစ် စေသည့်အတွက် ကြိုဆိုကြောင်း မွန်ပါတီခေါင်းဆောင်များနှင့် မွန်နိုင်ငံရေးလေ့လာစောင့်ကြည်သူများ က ပြော သည်။
မွန်နိုင်ငံရေးစောင့်ကြည့်လေ့လာသူ မင်းမင်းနွယ် က “လာမယ့် နိုင်ငံရေးအခင်းအကျဉ်းကလည်း ဖက်ဒရယ် ဒီမို ကရေစီ နိုင်ငံကိုသွားမယ် ဖော်ဆောင်မယ့်အခင်းအကျဉ်းဖြစ်တဲ့အခါကျတော့ တိုင်းရင်းသားအချင်းချင်း လက် တွဲညီညာစွာနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်နဲ့ဖော်ဆောင်သွားဖို့ဆိုတဲ့ တိုက် တွန်းချက်က ယဉ်ကျေးတဲ့ တိုက်တွန်းချက်ဖြစ်သလို အနာဂတ်အတွက်လည်း လက်တွေ့အရ ဖော်ဆောင်နိုင်ခဲ့ မယ်ဆိုရင် ဒါက ပြောင်းလဲသွားနိုင်တဲ့ အခမ်းအကျဉ်းတစ်ရပ်ပေါ်ပေါက်လာမယ်လို့ ယူဆပါတယ်” ဟု ပြော သည်။
မွန်ပြည်နယ်တွင် ကရင်လူမျိုးကိုယ်စားပြု ကရင်ပြည်သူ့ပါတီတစ်ပါတီက ဘီးလင်း၊ သထုံ၊ ပေါင်နှင့် ကျိုက်မ ရောမြို့ နယ်တို့တွင် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် ၇ နေရာနှင့် ကရင်တိုင်းရင်းသားရေးရာ ၁ နေရာ စုစုပေါင်း ၈ နေရာ ဝင်ပြိုင်မည်ဖြစ်သည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီကလည်း မွန်ပြည်နယ် သထုံမြို့ နယ်ရှိ မဲဆန္ဒနယ် ၂ နေရာနှင့် ပအိုဝ်းတိုင်းရင်း သားရေးရာ ၁ နေရာ စုစုပေါင်း ၃ နေရာ ဝင်ပြိုင်မည် ဖြစ်သည်။
မွန်လူမျိုးကိုယ်စားပြု မွန်ညီညွတ်ရေးပါတီကတော့ မွန်ပြည်နယ် မြို့ နယ် ၈ ခုတို့တွင် လွှတ်တော် အသီးသီး အတွက် မဲဆန္ဒနယ်နှင့် ဗမာတိုင်းရင်းသားရေးရာတစ်နေရာ စုစုပေါင်း ၃၅ နေရာဝင်ပြိုင်သွားမည်ဖြစ်သည်။
*** ZAWGYI ***
မြန္ျပည္နယ္အတြင္း တိုင္းရင္းသားမ်ား အျပန္အလွန္ ကူညီမဲဆြယ္
သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၂၁ ရက္။
မြန္ျပည္နယ္အတြင္း ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ ျပည္နယ္အေျခစိုက္ တုိင္းရင္းသားပါတီမ်ားကိုသာ မဲေပးၾကရန္ ျပည္နယ္အတြင္းက ကရင္၊ မြန္ ႏွင့္ ပအိုဝ္းလူ ငယ္မ်ားက အျပန္အလွန္ ကူညီ မဲဆြယ္လ်က္ရွိသည္။
မြန္ပါတီ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိသည့္ မဲဆႏၵနယ္မ်ားတြင္ မြန္တိုင္းရင္းသားမ်ားက ပအိုဝ္းႏွင့္ ကရင္ တိုင္းရင္းသား ပါတီမ်ားအတြက္ မဲဆြယ္ေပးၾကၿပီး ကရင္ပါတီ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိသည့္ နယ္ေျမမ်ားတြင္ ကရင္လူငယ္မ်ားက မြန္နွင့္ ပအိုဝ္းပါတီမ်ားအား မဲေပးၾကရန္ အျပန္အလွန္ ကူညီတိုက္တြန္းလ်က္ရွိၾကသည္။
မြန္ျပည္နယ္အတြင္း ေရြးေကာက္ပြဲဝင္ၾကမည့္ ကရင္ျပည္သူ႔ပါတီ၊ မြန္ညီၫြတ္ေရးပါတီႏွင့္ ပအိုဝ္းအမ်ဳိးသား အဖြဲ႔ခ်ဳပ္ပါတီတို႔ကို ေထာက္ခံေၾကာင္း ျပည္နယ္အတြင္းရွိ ကရင္၊ မြန္ႏွင့္ ပအိုဝ္းလူငယ္မ်ား ေဒသအတြင္း အင္ အားျပသည့္ အစီအစဥ္မ်ား လုပ္ေဆာင္ေနၾကသည္။
သထံုၿမိဳ႕ နယ္ မဲဆႏၵနယ္မ်ားတြင္ ကရင္ျပည္သူ႔ပါတီႏွင့္ ပအိုဝ္းအမ်ဳိးသားအဖြဲ႔ခ်ဳပ္ပါတီတို႔ကသာ ဝင္ေရာက္ ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး မြန္ညီညြတ္ေရးပါတီအေနျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိေသာ္လည္း တိုင္းရင္းသားပါတီ မ်ား အားေကာင္းေၾကာင္းကို ျပခ်င္သည့္အတြက္ မြန္လူငယ္မ်ားလည္း ပူးေပါင္းပါဝင္ခ့ဲၾကျခင္းျဖစ္သည္။
“မြန္ပါတီ ဝင္မၿပိဳင္တဲ့ သထံုမွာ အျခား ကြ်န္ေတာ္တို႔ ညီေနာင္တိုင္းရင္းသားပါတီေတြျဖစ္တဲ့ ကရင္ပါတီ ပအိုဝ္း ပါတီေတြကို ေထာက္ခံတဲ့အေနနဲ႔ ဝန္းရံတာပါ၊ ဒီမွာရွိတဲ့ မြန္တိုင္းရင္းသားေတြကိုလည္း မြန္ပါတီအစား ကရင္ ပအိုဝ္းပါတီက ကိုယ္စားလွယ္ေလာင္းေတြကို မဲေပးၾကဖို႔လည္း ေျပာခ်င္ပါတယ္” ဟု မြန္လူငယ္ မင္းခ်မ္းေထာ က ေျပာသည္။
ေအာက္တိုဘာလ ၁၈ ရက္ေန႔က သထံုၿမိဳ႕ နယ္အတြင္း ကရင္၊ မြန္ႏွင့္ ပအိုဝ္းလူငယ္မ်ား ပူးေပါင္းၿပီး သထံုၿမိဳ႕ နယ္အတြင္း အင္အားျပခဲ့ၾကသည္။
အဆိုပါ မြန္၊ ကရင္၊ ပအိုဝ္းပါတီကို ေထာက္ခံေၾကာင္း အင္အားျပသည့္ပြဲသို႔ တိုင္းရင္းသားလူငယ္မ်ားအျပင္ တိုင္းရင္းသားပါတီတို႔ကို အားေပးေထာက္ခံၾကသူမ်ားလည္း ပူးေပါင္းပါဝင္ခဲ့ၾကၿပီး အင္အားေထာင္ခ်ီရွိ သည္ဟုလည္း ေဒသခံမ်ား က ေျပာသည္။
ကရင္ႏိုင္ငံေရးပါတီ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိသည့္ မဲဆႏၵနယ္တို႔တြင္ မြန္လူမ်ဳိးကိုယ္စားျပဳ မြန္ပါတီႏွင့္ ပအိုဝ္းလူမ်ဳိးကိုယ္စားျပဳ ပအိုဝ္းပါတီတို႔ကို မဲေပးၾကရန္ မြန္ျပည္နယ္အတြင္းရွိ ကရင္မဲဆႏၵရွင္မ်ားကို ကရင္ လူငယ္ကြန္ရက္ (မြန္ျပည္နယ္) က တိုက္တြန္းထားသလို ပအိုဝ္းလူငယ္တို႔ကလည္း ေၾကညာခ်က္ထုတ္ၿပီး ပအိုဝ္းမဲဆႏၵရွင္မ်ားကို အလားတူ တိုက္ထြန္းထားသည္။
မြန္လူငယ္မ်ားကလည္း လာမည့္ေရြးေကာက္ပြဲတြင္ မြန္ညီၫြတ္ေရးပါတီကို ဝန္းရံသြားမည္ဟု ထုတ္ေဖာ္ ေျပာၾကားထားၿပီး မြန္ပါတီဝင္မၿပိဳင္သည့္ ေနရာေဒသမ်ားတြင္ အျခား ညီေနာင္တိုင္းရင္းသားမ်ားျဖစ္သည့္ ကရင္ႏွင့္ ပအိုဝ္းပါတီတို႔ကို ဝန္းရံသြားမည္ ဟု ေျပာဆိုထားသည္။
ခြန္တန္ႏြယ္ပအိုဝ္းလူငယ္ကြန္ရက္ ဒု-ဥကၠဌ နန္းမာမာဇင္ က “တိုင္းရင္းသားပါတီေတြ အားေကာင္းလာဖို႔၊ တိုင္းရင္းသားေတြ တန္းတူအခြင့္အေရးရရွိဖို႔နဲ႔ ေနာက္လႊတ္ေတာ္မွာ တိုင္းရင္းသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေတြရဲ႕ ပါဝင္မႈ ပိုအားေကာင္းလာဖို႔ တိုင္းရင္းသားပါတီေတြကို မဲေပးဖို႔ လိုတယ္” ဟု ေျပာသည္။
တိုင္းရင္းသားမ်ား၏အေရး၊ တိုင္းရင္းသားမ်ား၏ ျပႆနာမ်ားကို တိုင္းရင္းသားေတြကသာ ေျဖရွင္းေပး ႏိုင္မွာ ျဖစ္သည့္အတြက္ တိုင္းရင္းသားပါတီမ်ားကို မဲေပးၾကရန္ ကရင္လူငယ္ကြန္ရက္ (မြန္ျပည္နယ္) ကလည္း တိုင္း ရင္းသားမဲဆႏၵရွင္မ်ားကို တိုက္တြန္းထားသည္။
ကရင္လူငယ္ကြန္ရက္ (မြန္ျပည္နယ္) တာဝန္ခံ ေစာေသာၾကာက “က်ေနာ္တို႔ အျမင္က ၂၀၁၅ ေနာက္ပိုင္းမွာ NLD ပါတီက တိုင္းရင္းသားအေရးကို နားမလည္ဘူး နားလည္သည့္တိုင္ မေျဖရွင္းေပးဘူး ျမန္မာျပည္မွာက ႏွစ္ရွည္လမ်ားက တိုင္းရင္းသားအေရးအရာပဲ ျဖစ္ေနတယ္ဆိုေတာ့ အခု က်ေနာ္ တိုင္းရင္းသားအေရးကို ေျဖ ရွင္းဖို႔ တိုင္းရင္းသားေတြပဲ ေျဖရွင္းႏိုင္မွာျဖစ္တဲ့အတြက္ မြန္ျပည္နယ္ထဲမွာ ကရင္ပါတီ ဝင္မၿပိဳင္တဲ့ေနရာမွာ ကရင္မဲဆႏၵရွင္ေတြက တျခားေသာ မဟာမိတ္ေပါ့ေလ ညီအစ္ကိုတိုင္းရင္းသားပါတီေတြကို မဲေပးဖို႔အတြက္ တိုက္တြန္းတာေပါ့” ဟု ေျပာသည္။
တိုင္းရင္းသားႏိုင္ငံေရးပါတီမ်ား တိုင္းရင္းသားလူငယ္မ်ား ယခုလို တိုင္းရင္းသားမ်ားအၾကား ညီညြတ္မႈကို ျဖစ္ ေစသည့္အတြက္ ႀကိဳဆိုေၾကာင္း မြန္ပါတီေခါင္းေဆာင္မ်ားႏွင့္ မြန္ႏိုင္ငံေရးေလ့လာေစာင့္ၾကည္သူမ်ား က ေျပာ သည္။
မြန္ႏိုင္ငံေရးေစာင့္ၾကည့္ေလ့လာသူ မင္းမင္းႏြယ္ က “လာမယ့္ ႏိုင္ငံေရးအခင္းအက်ဥ္းကလည္း ဖက္ဒရယ္ ဒီမို ကေရစီ ႏိုင္ငံကိုသြားမယ္ ေဖာ္ေဆာင္မယ့္အခင္းအက်ဥ္းျဖစ္တဲ့အခါက်ေတာ့ တိုင္းရင္းသားအခ်င္းခ်င္း လက္ တြဲညီညာစြာနဲ႔ ဒီမိုကေရစီလမ္းေၾကာင္းေပၚမွာ ခ်စ္ခ်စ္ခင္ခင္ ညီညီၫြတ္ၫြတ္နဲ႔ေဖာ္ေဆာင္သြားဖို႔ဆိုတဲ့ တိုက္ တြန္းခ်က္က ယဥ္ေက်းတဲ့ တိုက္တြန္းခ်က္ျဖစ္သလို အနာဂတ္အတြက္လည္း လက္ေတြ႔အရ ေဖာ္ေဆာင္ႏိုင္ခဲ့ မယ္ဆိုရင္ ဒါက ေျပာင္းလဲသြားႏိုင္တဲ့ အခမ္းအက်ဥ္းတစ္ရပ္ေပၚေပါက္လာမယ္လို႔ ယူဆပါတယ္” ဟု ေျပာ သည္။
မြန္ျပည္နယ္တြင္ ကရင္လူမ်ဳိးကိုယ္စားျပဳ ကရင္ျပည္သူ႔ပါတီတစ္ပါတီက ဘီးလင္း၊ သထံု၊ ေပါင္ႏွင့္ က်ဳိက္မ ေရာၿမိဳ႕ နယ္တို႔တြင္ လႊတ္ေတာ္အသီးသီးအတြက္ မဲဆႏၵနယ္ ၇ ေနရာႏွင့္ ကရင္တိုင္းရင္းသားေရးရာ ၁ ေနရာ စုစုေပါင္း ၈ ေနရာ ဝင္ၿပိဳင္မည္ျဖစ္သည္။
ပအိုဝ္းအမ်ဳိးသားအဖြဲ႔ခ်ဳပ္ပါတီကလည္း မြန္ျပည္နယ္ သထံုၿမိဳ႕ နယ္ရွိ မဲဆႏၵနယ္ ၂ ေနရာႏွင့္ ပအိုဝ္းတိုင္းရင္း သားေရးရာ ၁ ေနရာ စုစုေပါင္း ၃ ေနရာ ဝင္ၿပိဳင္မည္ ျဖစ္သည္။
မြန္လူမ်ဳိးကိုယ္စားျပဳ မြန္ညီၫြတ္ေရးပါတီကေတာ့ မြန္ျပည္နယ္ ၿမိဳ႕ နယ္ ၈ ခုတို႔တြင္ လႊတ္ေတာ္ အသီးသီး အတြက္ မဲဆႏၵနယ္ႏွင့္ ဗမာတိုင္းရင္းသားေရးရာတစ္ေနရာ စုစုေပါင္း ၃၅ ေနရာဝင္ၿပိဳင္သြားမည္ျဖစ္သည္။