မော်လမြိုင် ဘိလပ်မြေစက်ရုံ ရပ်ဆိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်နေသည့် မော်လမြိုင် ဘိလပ်မြေစက်ရုံ (Mawlamyine Cement Ltd. (MCL)) လုပ်ငန်းတစ်ခုလုံး ရပ်ဆိုင်းလိုက်ပြီဟု စက်ရုံက ထုတ်ပြန်လိုက်သည်။

ဘိလပ်မြေထုတ်လုပ်မှုအတွက် သိုလှောင်ထားသော Clinkers (ကုန်ကြမ်းလေးမျိုးပေါင်းစပ်ရာမှ ထွက်လာ သည့် မီးသင့်ကျောက်)များ ကုန်ခန်းသွားသည့်အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို ရပ်ဆိုင်းလိုက်ရ ခြင်း ဖြစ်သည်ဟု စက်ရုံက အောက်တိုဘာ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။

“ဘိလပ်မြေစက်ရုံ (MCL) သည် ဘိလပ်မြေထုတ်လုပ်မှုအတွက်သိုလှောင်ထားသော Clinkers (ကုန်ကြမ်းလေး မျိုး ပေါင်းစပ်ရာမှထွက်လာသောမီးသင့်ကျောက်) များကုန်ခန်းသွားတဲ့အတွက် နောက်ဆုံးမှာ လုပ်ငန်းဆောင် ရွက်မှုတစ်ခုလုံးကို ရပ်ဆိုင်းလိုက်ရပါတယ်” ဟု MCL ဘိလပ်မြေစက်ရုံ တာဝန်ရှိသူတစ်ဦး က ပြောသည်။

MCL ဘိလပ်မြေစက်ရုံကို အောက်တိုဘခာ ၁၅ ရက်နေ့မှ စ၍ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း စက်ရုံက ထုတ်ပြန် ချက်ထဲတွင် ရေးသားထားသည်။

MCL ဘိလပ်မြေစက်ရုံသည် ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်သည့်အတွက် ဒေသခံပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင် အရေး လှုပ်ရှားတို့၏ ဆန့်ကျင်ကန့်ကွက်မှုနှင့်လည်း ရင်ဆိုင်နေရသည်။

အစောပိုင်း လုပ်ငန်းများ ရပ်ဆိုင်းခဲ့စဉ်က ကန်ထရိုက်တာများ၏ အလုပ်သမား ၁၀၀၀ ကျော် အလုပ်အကိုင် ဆုံးရှုံးခဲ့ရပြီး ယခုအခါ လုပ်ငန်းတစ်ခုလုံး ရပ်ဆိုင်းလိုက်သည့်အတွက် MCL ၏ ဝန်ထမ်း ၃၀၀ နီးပါးခန့် ထပ်မံ ထိခိုက်ခဲ့ရပါသည်ဟု စက်ရုံ က ပြောသည်။

“MCL က လုပ်ငန်းအားလုံး ရပ်မယ် ပိတ်မယ်ဆိုရင် ဝန်ထမ်းတွေကိုတော့ အလုပ်သမား ဥပဒေ နည်းဥပဒေအရ ဆိုရင် ကုမ္ပဏီက ထောက်ပံ့ပေးရမှာပေါ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

လုပ်ငန်းစတင်ရပ်ဆိုင်းသည့် အောက်တိုဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တစ်လစာအတွက် လစာ ၄၀% ထောက်ပံ့ပေးထားပြီး နောက်ပိုင်းအခြေအနေကို ထပ်မံကြေညာ ပေးသွားမည် ဟု MCL က ထုတ်ပြန်ထားသည်။

စက်ရုံ ပြန်လည် လည်ပတ်နိုင်ရန်နှင့် ဝန်ထမ်းများ အလုပ်အကိုင်ပြန်လည်အဆင်ပြေစေရန် အစိုးရက ကူညီဖြေရှင်းပေးရန် တင်ပြ တောင်းဆိုထားသည် ဟုလည်း သိရသည်။

လက်ရှိတွင် MCL ၏ လုပ်ငန်းဆောင်ရွက်မှုသည် သိုလှောင်ထားသော ဘိလပ်မြေ လက်ကျန်ရောင်းဝယ်မှု အချို့ သာ ကျန်ရှိပါတော့သည်ဟု စက်ရုံမှ သိရသည်။

MCL ဘိလပ်မြေစက်ရုံသည် မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ SCG (Siam Cement Group) မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းဖြင့် ပုဂ္ဂလိကအကျိုးတူ အမေရိကန်ဒေါ်လာ သန်း (၄၀၀) ရင်းနှီးမြှုပ်နှံထားသည်။

MCL ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးသုံးလောင်စာဖြင့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စီးပွားဖြစ် စတင်လည်ပတ်ခဲ့ပြီး တစ်နေ့ ဘိလပ်မြေတန်ချိန် ၅၀၀၀ ထုတ်လုပ်သည်။

*** ZAWGYI ***
ေမာ္လၿမိဳင္ ဘိလပ္ေျမစက္ရံု ရပ္ဆိုင္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၂၃ ရက္။

မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္အတြင္းရွိ ေက်ာက္မီးေသြးေလာင္စာျဖင့္ လည္ပတ္ေနသည့္ ေမာ္လၿမိဳင္ ဘိလပ္ေျမစက္႐ုံ (Mawlamyine Cement Ltd. (MCL)) လုပ္ငန္းတစ္ခုလုံး ရပ္ဆုိင္းလိုက္ၿပီဟု စက္ရံုက ထုတ္ျပန္လိုက္သည္။

ဘိလပ္ေျမထုတ္လုပ္မႈအတြက္ သိုေလွာင္ထားေသာ Clinkers (ကုန္ၾကမ္းေလးမ်ိဳးေပါင္းစပ္ရာမွ ထြက္လာ သည့္ မီးသင့္ေက်ာက္)မ်ား ကုန္ခန္းသြားသည့္အတြက္ ထုတ္လုပ္မႈလုပ္ငန္းစဥ္တစ္ခုလုံးကို ရပ္ဆိုင္းလိုက္ရ ျခင္း ျဖစ္သည္ဟု စက္႐ုံက ေအာက္တိုဘာ ၂၀ ရက္ေန႔က ထုတ္ျပန္ထားသည္။

“ဘိလပ္ေျမစက္႐ုံ (MCL) သည္ ဘိလပ္ေျမထုတ္လုပ္မႈအတြက္သိုေလွာင္ထားေသာ Clinkers (ကုန္ၾကမ္းေလး မ်ိဳး ေပါင္းစပ္ရာမွထြက္လာေသာမီးသင့္ေက်ာက္) မ်ားကုန္ခန္းသြားတဲ့အတြက္ ေနာက္ဆုံးမွာ လုပ္ငန္းေဆာင္ ႐ြက္မႈတစ္ခုလုံးကို ရပ္ဆိုင္းလိုက္ရပါတယ္” ဟု MCL ဘိလပ္ေျမစက္႐ုံ တာဝန္ရွိသူတစ္ဦး က ေျပာသည္။

MCL ဘိလပ္ေျမစက္ရံုကို ေအာက္တိုဘခာ ၁၅ ရက္ေန႔မွ စ၍ ရပ္ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္း စက္႐ုံက ထုတ္ျပန္ ခ်က္ထဲတြင္ ေရးသားထားသည္။

MCL ဘိလပ္ေျမစက္႐ုံသည္ ေက်ာက္မီးေသြးေလာင္စာျဖင့္ လည္ပတ္သည့္အတြက္ ေဒသခံျပည္သူလူထုႏွင့္ သဘာဝပတ္ဝန္းက်င္ အေရး လႈပ္ရွားတို႔၏ ဆန႔္က်င္ကန႔္ကြက္မႈႏွင့္လည္း ရင္ဆိုင္ေနရသည္။

အေစာပိုင္း လုပ္ငန္းမ်ား ရပ္ဆိုင္းခဲ့စဥ္က ကန္ထ႐ိုက္တာမ်ား၏ အလုပ္သမား ၁၀၀၀ ေက်ာ္ အလုပ္အကိုင္ ဆုံးရႈံးခဲ့ရၿပီး ယခုအခါ လုပ္ငန္းတစ္ခုလုံး ရပ္ဆိုင္းလိုက္သည့္အတြက္ MCL ၏ ဝန္ထမ္း ၃၀၀ နီးပါးခန္႔ ထပ္မံ ထိခိုက္ခဲ့ရပါသည္ဟု စက္႐ုံ က ေျပာသည္။

“MCL က လုပ္ငန္းအားလုံး ရပ္မယ္ ပိတ္မယ္ဆိုရင္ ဝန္ထမ္းေတြကိုေတာ့ အလုပ္သမား ဥပေဒ နည္းဥပေဒအရ ဆိုရင္ ကုမၸဏီက ေထာက္ပံ့ေပးရမွာေပါ့” ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာမင္းၾကည္ဝင္းက ေျပာသည္။

လုပ္ငန္းစတင္ရပ္ဆိုင္းသည့္ ေအာက္တိုဘာလ ၁၅ ရက္မွ ႏိုဝင္ဘာလ ၁၅ ရက္ေန႔အထိ တစ္လစာအတြက္ လစာ ၄၀% ေထာက္ပံ့ေပးထားၿပီး ေနာက္ပိုင္းအေျခအေနကို ထပ္မံေၾကညာ ေပးသြားမည္ ဟု MCL က ထုတ္ျပန္ထားသည္။

စက္႐ုံ ျပန္လည္ လည္ပတ္ႏိုင္ရန္ႏွင့္ ၀န္ထမ္းမ်ား အလုပ္အကိုင္ျပန္လည္အဆင္ေျပေစရန္ အစိုးရက ကူညီေျဖရွင္းေပးရန္ တင္ျပ ေတာင္းဆိုထားသည္ ဟုလည္း သိရသည္။

လက္ရွိတြင္ MCL ၏ လုပ္ငန္းေဆာင္႐ြက္မႈသည္ သိုေလွာင္ထားေသာ ဘိလပ္ေျမ လက္က်န္ေရာင္း၀ယ္မႈ အခ်ိဳ႕ သာ က်န္ရွိပါေတာ့သည္ဟု စက္႐ုံမွ သိရသည္။

MCL ဘိလပ္ေျမစက္႐ုံသည္ ျမန္မာႏိုင္ငံသားပိုင္ Pacific Link Cement Industries Ltd. မွ အစုရွယ္ယာ ၃၀ ရာခိုင္ႏႈန္း၊ ထိုင္းႏိုင္ငံ SCG (Siam Cement Group) မွ အစုရွယ္ယာ ၇၀ ရာခိုင္ႏႈန္းျဖင့္ ပုဂၢလိကအက်ိဳးတူ အေမရိကန္ေဒၚလာ သန္း (၄၀၀) ရင္းႏွီးျမႇဳပ္ႏွံထားသည္။

MCL ဘိလပ္ေျမစက္႐ုံကို ေက်ာက္မီးေသြးသုံးေလာင္စာျဖင့္ ၂၀၁၇ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔တြင္ စီးပြားျဖစ္ စတင္လည္ပတ္ခဲ့ၿပီး တစ္ေန႔ ဘိလပ္ေျမတန္ခ်ိန္ ၅၀၀၀ ထုတ္လုပ္သည္။