ICRC ကြက်ခြေနီအဖွဲ့ ငှားလာသည့် စက်လှေ ဖျက်စီးခံရ၊ စစ်ရှောင်များအတွက် ရိက္ခာများ ဆုံးရှုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းက စစ်ဘေးရှောင်များအတွက် ဆန်၊ စားနပ်ရိက္ခာများနှင့် အခြားသော အသုံးအဆောင်ပစ္စည်းများ သယ်ဆောင်လာသည့် စက်လှေတစ်စီး မီးရှို့ ဖျက်ဆီးခံခဲ့ရကာ စက်လှေအတွင်း ပါလာသူ တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ရသေ့တောင်မြို့နယ်မှ ဘူးသီးတောင်မြို့နယ်သို့ သွားသည့် အဆိုပါစက်လှေမှာ မင်းကျွန်းအနောက်ဘက် ကမ်း ထောင့်အနီး မေယုမြစ်ကြောင်းအတိုင်းသွားနေရာမှ အောက်တိုဘာလ ၂၈ ရက်နေ့ (ယနေ့) တွင် ရေတပ်မှ စစ်ဆေးပြီးနောက် မီးရှို့ ခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“စစ်တွေကနေ လာတဲ့ ဘုတ်ပေါ့၊ ဘူးသီးတောင်ကို သွားတာ၊ အဲ့မှာ ဆန်ပါတယ်။ ဆီတို့၊ ပဲတို့၊ အမျိုးသမီးသုံး ပစ္စည်းတွေဘာတွေ၊ တခြားအသုံးအဆောင်ပစ္စည်းတွေ ပါတယ်။ ကုမ္ပဏီတစ်ခုပိုင် ဘုတ်ပေါ့၊ အဲ့က ဘုတ်ကို ICRC က ငှားပြီးတော့ ဒီနေ့မနက်က ဘူးသီးတောင်ကို ပို့တာ။ အဲ့မှာကမ်းထောင့်နားကိုရောက်တော့ ရေတပ်က ရပ်တန့်ပြီး စစ်ဆေးတယ်။ အဲ့မှာ ဘာဖြစ်လဲတော့ မသိဘူး။ တကယ့် ပစ်ခတ်တာမဟုတ်ဘူးဗျ။ လှေကို ပစ္စည်း တွေပုံပြီး မီးရှို့လိုက်တယ်။ ပြီးတော့ ကမ်းကနေ လက်နက်ကြီးနဲ့ ပစ်တဲ့ပုံစံမျိုးလုပ်လိုက်တယ်။ ကျနော်တို့ အသေအချာပြောနိုင်တာက ရေတပ်က ရပ်တန့်ပြီးတော့ မီးရှို့လိုက်တယ်ဆိုတာ ပြောနိုင်တယ်ပေါ့နော်” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်အတွင်း တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်ဟု အဆိုပါ ဒေသခံက ဆက် ပြော သည်။
“စက်လှေထဲ လူဘယ်လောက် ပါတယ်ဆိုတာတော့ ကျနော်တို့ အတိအကျမသိဘူး။ တစ်ယောက်ကတော့ ရေ ထဲခုန်ချပြီး ထွက်ပြေးလို့ လွှတ်သွားတာရှိတယ်။ အဲ့လူက ပြင်ဝန်းကျေးရွာကို ရောက်နေတယ်လို့ သိရတယ်။ နောက်ပြီး တစ်ယောက်တော့ ပွဲချင်းပြီး ဖြစ်စဉ်ထဲမှာပဲ သေသွားတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာရတယ်။ စေတီပြင် တိုက်နယ်ဆေးရုံကို ပို့ထားတယ်။ အဲ့နှစ်ယောက်ထဲကလည်း တစ်ယောက်က အခြေအနေ မကောင်း ဘူး။ မီးလောင်ဒဏ်ရာတွေကြောင့်ပေါ့ဗျာ။ လူတွေ စက်လှေထဲမှာ ရှိနေချိန်မီးရှို့တာလား၊ လက်နက်ကြီးနဲ့ ပစ် တာလား ဆိုတာတော့ အတိအကျမသိရသေးဘူး။”
ရသေ့တောင်မြို့နယ်အတွင်း အောက်တိုဘာလ ၂၆ ရက်နေ့ က စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည် ဟုလည်း ရသေ့တောင်ဒေသခံများနှင့် စစ်ရှောင်များအား အကူအညီပေးနေသူများက ပြောသည်။
ယနေ့ဖြစ်စဉ်အတွင်း ဒဏ်ရာရ လူနာများအား ဆေးရုံပို့ပေးခဲ့သည့် ဒေသခံတစ်ဦးက “နေဗီက ပစ်တာ။ အဲ့ထဲ မှာ တစ်ယောက်တော့ မီးထဲမှာ သေနေခဲ့တယ်။ ထုတ်လို့မရခဲ့ဘူး။ နှစ်ယောက်တော့ သယ်ထုတ်နိုင်ခဲ့တယ်။ စေတီ ပြင်ဆေးရုံကို မနက်က ပို့တယ်။ အခု သူတို့အခြေအနေက အရမ်းစိုးရိမ်ရလို့ စစ်တွေဆေးရုံကို သွားနေ တယ်။ အခုက ရက်ပိုင်းက ရသေ့တောင်ကနေ ဘူးသီးတောင်မြို့နယ် ဖြတ်ဖောက်ထားတဲ့ ကျော်လမ်းမှာ တိုက် ပွဲတွေဖြစ်တယ်။ ၂၆ ရက်နေ့ကဆို သုံးနေရာလောက်ဖြစ်တယ်။ ကျောက်တန်းဘက်မှာလည်း ခနခန ဂျက်လေ ယာဉ်တွေနဲ့ လာပစ်နေတာပဲ။ ဒီနေ့ဖြစ်တာကတော့ သီးခြား၊ မြစ်မှာသွားနေတဲ့ ICRC က ရိက္ခာပစ္စည်းပို့တဲ့ မော် တော်ဘုတ်ကို နေဗီကနေပြီး ပစ်တာ။ စစ်ရှောင်တွေအတွက် ပစ္စည်းတွေလို့ ပြောတယ်။ အဓိက စားသုံးကုန် တွေပါတယ်လို့ ပြောတယ်။ ရသေ့တောင်မှာတော့ အခုက တိုက်ပွဲတွေ ပြင်းထန်တယ်ဗျ။ ဒီနေ့လည်း အောင် သာစည်၊ ကျောက်တန်း ဘက်တွေကို ဂျက်နဲ့လာပစ်တယ်” ဟု ပြောသည်။
တစ်လလျှင် တစ်ကြိမ် ယခုကဲ့သို့ စစ်တွေမြို့မှ ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ရှောင်များအတွက် အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) အနေဖြင့် ရိက္ခာများ ပို့ဆောင်ပေးလျက်ရှိခဲ့ရာ ယခုကဲ့သို့ ပစ်ခတ်ခံရ ခြင်း သည် ပထမဆုံး အကြိမ်ဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ပြောသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က “သူကပုံမှန်ပို့နေကျရိက္ခာ၊ တစ်လတစ်ကြိမ်ပို့နေကျပါ။ အရင်တုန်းတော့ ဒီလိုမျိုး ပစ်ခတ်ခံရတာမရှိဘူး။ စစ်တပ်က ပစ်လိုက်တာဗျ။ မေယု မြစ်မှာ ရေတပ်သင်္ဘောတွေအများကြီးရှိတယ်။ အဲ့မှာ ကင်းလှည့်စစ်ဆေးတဲ့ ရေယာဉ်တွေလည်း ရှိတယ်ဗျ။ အဲ့ လိုစစ်ဆေးရင်းနဲ့ ဖြစ်တယ်လို့ ပြောတယ်။ ဒီရက်ပိုင်းက ဒီရသေ့တောင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာရှိတယ်။ ဒီနေ့ မနက်မှာလည်း ဖြစ်တယ်။ ရသေ့တောင်မြို့နယ်ထဲဖြစ်တာဗျ၊ ဘူးသီးတောင်ကို သွားတဲ့ ဘုတ်ပေါ့ဗျာ။ ကျနော်တို့ ဒီ ICRC က ပို့တဲ့ပစ္စည်းတွေဆိုရင် သူတို့ရဲ့ လိုဂို သင်္ကေတတွေပါမယ်။ ဖြစ်နိုင်တာကတော့ ဒီလှေကို ရပ်ခိုင်းတယ်၊ မရပ်လို့ မသင်္ကာလို့ ပစ်လိုက်တယ်၊ AA တွေပါတယ်၊ မီးရှို့ လိုက်ရတယ် အဲ့လိုမျိုး စသဖြင့် ဒီလို အသွင်ပြောမယ်လို့ မြင်တယ်” ဟု ပြောသည်။
ယခုဖြစ်စဉ်မှာ အမှန်တကယ် တပ်မတော်ဘက်က ကျူးလွန်သည်ဆိုပါက စစ်ရာဇဝတ်မှုမြောက်သည်ဟုလည်း ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။
“တပ်ကနေပြီး IDPs ပဲ ပို့ပို့၊ ဒုက္ခသည်တွေကိုပို့ပို့၊ တခြားကိုပဲ ပို့ပို့၊ တပ်ကမကြိုက်တဲ့အနေအထားမှာ ရှိတယ် ဗျ။ လူထု၊ စစ်ဘေးရှောင်တွေကို ပို့တာမျိုး ရိက္ခာပို့တာမျိုးတွေကို လုံးဝမကြိုက်ဘူး။ မတတ်သာလို့ ကြည့်နေရ တဲ့ ပုံစံမျိုးဗျ။ သူတို့က ပြည်သူလူထု စစ်ဘေးရှောင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေလို့ အဲ့လိုမျိုး ယူဆတာမျိုး မရှိဘူး။ အခြေအနေပေးရင် သူတို့က လက်မခံချင်တဲ့ ပုံစံမျိုးမှာရှိတယ်။ ဒီလိုကိစ္စတွေ တကယ်ပဲ တပ်က ကျူး လွန်တယ်ဆိုရင် ဒါက တကယ့်ကို စစ်ရာဇဝတ်မှုပဲ ဟုတ်တယ်မဟုတ်လား။ တိုက်ပွဲတွေကြားမှာ ဒုက္ခရောက်နေ တဲ့သူတွေကို အသက်ဆက်ဖို့အတွက် သွားပို့တဲ့ ရိက္ခာတွေကို ဖျက်ဆီးတယ်ဆိုတာ လူ့အခွင့်အရေးချိုးဖောက်မှု လည်း ဖြစ်တယ်။ စစ်ရာဇဝတ်မှုလည်း မြောက်တယ်။ လုံးကို လက်မခံနိုင်စရာပဲ။”
အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားက “လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ICRC ထောက်ပံ့ရေး ရေယာဉ်ပစ်ခတ်ခံရမှု သတင်းမှာ မှန်ကန်မှုမရှိ၊ အဆိုပါစက်လှေမှာ AA အကြမ်းဖက် သောင်း ကျန်းသူများ စီးနင်းလာသည့်စက်လှေသာဖြစ်၊ စက်လှေပေါ်မှ AA အကြမ်းဖက်သောင်းကျန်းသူများက လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော် စစ်ရေယာဉ်ပေါ်တွင် လိုက် ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက် သောင်းကျန်းသူများ စီးနင်းလာသည့် စက်လှေမှာ မီးစွဲလောင်၍ မေယုမြစ်အတွင်း နစ်မြုပ်သွားခဲ့သည်” ဟု ထုတ်ပြန်ထားသည်။
ရသေ့တောင်မြို့နယ်၊ မင်းကျွန်းအနောက်ဘက် ကမ်းထောင့်အနီး မေယုမြစ်ထဲတွင် ခုတ်မောင်းနေသည် IDPs များအတွက် ဆန်ရိက္ခာနှင့် အခြားပစ္စည်းများတင်ဆောင်လာသည့် စက်လှေဘုတ်တစ်စီး မီးရှို့ ဖျက်ဆီးခံရသည့် ဖြစ်စဉ်မှာ ဒေသခံများ၊ ဒေသအတွင်း အရပ်ဘက်အဖွဲ့အစည်းများ၏ ပြောပြချက်များနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ချက်မှာ ကွဲလွဲလျှက်ရှိသည်။
*** ZAWGYI ***
ICRC ၾကက္ေျခနီအဖြဲ႔ ငွားလာသည့္ စက္ေလွ ဖ်က္စီးခံရ၊ စစ္ေရွာင္မ်ားအတြက္ ရိကၡာမ်ား ဆံုးရံႈး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၂၈ ရက္။
ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းက စစ္ေဘးေရွာင္မ်ားအတြက္ ဆန္၊ စားနပ္ရိကၡာမ်ားႏွင့္ အျခားေသာ အသံုးအေဆာင္ပစၥည္းမ်ား သယ္ေဆာင္လာသည့္ စက္ေလွတစ္စီး မီးရိႈ႕ ဖ်က္ဆီးခံခဲ့ရကာ စက္ေလွအတြင္း ပါလာသူ တစ္ဦးေသ၊ ႏွစ္ဦး ဒဏ္ရာျပင္းထန္စြာရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
ရေသ့ေတာင္ၿမိဳ႕နယ္မွ ဘူးသီးေတာင္ၿမိဳ႕နယ္သို႔ သြားသည့္ အဆိုပါစက္ေလွမွာ မင္းကၽြန္္းအေနာက္ဘက္ ကမ္း ေထာင့္အနီး ေမယုျမစ္ေၾကာင္းအတုိင္းသြားေနရာမွ ေအာက္တိုဘာလ ၂၈ ရက္ေန႔ (ယေန႔) တြင္ ေရတပ္မွ စစ္ေဆးၿပီးေနာက္ မီးရိႈ႕ ခံခဲ့ရျခင္း ျဖစ္သည္ဟု ေဒသခံတစ္ဦးက ေျပာသည္။
“စစ္ေတြကေန လာတဲ့ ဘုတ္ေပါ့၊ ဘူးသီးေတာင္ကို သြားတာ၊ အဲ့မွာ ဆန္ပါတယ္။ ဆီတို႔၊ ပဲတို႔၊ အမ်ိဳးသမီးသံုး ပစၥည္းေတြဘာေတြ၊ တျခားအသံုးအေဆာင္ပစၥည္းေတြ ပါတယ္။ ကုမၸဏီတစ္ခုပိုင္ ဘုတ္ေပါ့၊ အဲ့က ဘုတ္ကို ICRC က ငွားၿပီးေတာ့ ဒီေန႔မနက္က ဘူးသီးေတာင္ကို ပို႔တာ။ အဲ့မွာကမ္းေထာင့္နားကိုေရာက္ေတာ့ ေရတပ္က ရပ္တန္႔ၿပီး စစ္ေဆးတယ္။ အဲ့မွာ ဘာျဖစ္လဲေတာ့ မသိဘူး။ တကယ့္ ပစ္ခတ္တာမဟုတ္ဘူးဗ်။ ေလွကို ပစၥည္း ေတြပံုၿပီး မီးရိႈ႕လုိက္တယ္။ ၿပီးေတာ့ ကမ္းကေန လက္နက္ႀကီးနဲ႔ ပစ္တဲ့ပံုစံမ်ိဳးလုပ္လိုက္တယ္။ က်ေနာ္တုိ႔ အေသအခ်ာေျပာႏုိင္တာက ေရတပ္က ရပ္တန္႔ၿပီးေတာ့ မီးရိႈ႕လိုက္တယ္ဆုိတာ ေျပာႏုိင္တယ္ေပါ့ေနာ္” ဟု အမည္မေဖာ္လိုသူ ေဒသခံ တစ္ဦးက ေျပာသည္။
အဆိုပါ ျဖစ္စဥ္အတြင္း တစ္ဦးေသ၊ ႏွစ္ဦး ဒဏ္ရာ ျပင္းထန္စြာ ရရွိခဲ့သည္ဟု အဆုိပါ ေဒသခံက ဆက္ ေျပာ သည္။
“စက္ေလွထဲ လူဘယ္ေလာက္ ပါတယ္ဆိုတာေတာ့ က်ေနာ္တုိ႔ အတိအက်မသိဘူး။ တစ္ေယာက္ကေတာ့ ေရ ထဲခုန္ခ်ၿပီး ထြက္ေျပးလို႔ လႊတ္သြားတာရွိတယ္။ အဲ့လူက ျပင္ဝန္းေက်းရြာကို ေရာက္ေနတယ္လို႔ သိရတယ္။ ေနာက္ၿပီး တစ္ေယာက္ေတာ့ ပြဲခ်င္းၿပီး ျဖစ္စဥ္ထဲမွာပဲ ေသသြားတယ္။ ႏွစ္ေယာက္ကေတာ့ ဒဏ္ရာရတယ္။ ေစတီျပင္ တုိက္နယ္ေဆးရံုကို ပို႔ထားတယ္။ အဲ့ႏွစ္ေယာက္ထဲကလည္း တစ္ေယာက္က အေျခအေန မေကာင္း ဘူး။ မီးေလာင္ဒဏ္ရာေတြေၾကာင့္ေပါ့ဗ်ာ။ လူေတြ စက္ေလွထဲမွာ ရွိေနခ်ိန္မီးရိႈ႕တာလား၊ လက္နက္ႀကီးနဲ႔ ပစ္ တာလား ဆိုတာေတာ့ အတိအက်မသိရေသးဘူး။”
ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း ေအာက္တိုဘာလ ၂၆ ရက္ေန႔ က စတင္၍ တုိက္ပြဲမ်ား ျပန္လည္ျဖစ္ပြားေနသည္ ဟုလည္း ရေသ့ေတာင္ေဒသခံမ်ားႏွင့္ စစ္ေရွာင္မ်ားအား အကူအညီေပးေနသူမ်ားက ေျပာသည္။
ယေန႔ျဖစ္စဥ္အတြင္း ဒဏ္ရာရ လူနာမ်ားအား ေဆးရံုပို႔ေပးခဲ့သည့္ ေဒသခံတစ္ဦးက “ေနဗီက ပစ္တာ။ အဲ့ထဲ မွာ တစ္ေယာက္ေတာ့ မီးထဲမွာ ေသေနခဲ့တယ္။ ထုတ္လို႔မရခဲ့ဘူး။ ႏွစ္ေယာက္ေတာ့ သယ္ထုတ္ႏုိင္ခဲ့တယ္။ ေစတီ ျပင္ေဆးရံုကို မနက္က ပို႔တယ္။ အခု သူတို႔အေျခအေနက အရမ္းစုိးရိမ္ရလို႔ စစ္ေတြေဆးရံုကို သြားေန တယ္။ အခုက ရက္ပိုင္းက ရေသ့ေတာင္ကေန ဘူးသီးေတာင္ၿမိဳ႕နယ္ ျဖတ္ေဖာက္ထားတဲ့ ေက်ာ္လမ္းမွာ တုိက္ ပြဲေတြျဖစ္တယ္။ ၂၆ ရက္ေန႔ကဆုိ သံုးေနရာေလာက္ျဖစ္တယ္။ ေက်ာက္တန္းဘက္မွာလည္း ခနခန ဂ်က္ေလ ယာဥ္ေတြနဲ႔ လာပစ္ေနတာပဲ။ ဒီေန႔ျဖစ္တာကေတာ့ သီးျခား၊ ျမစ္မွာသြားေနတဲ့ ICRC က ရိကၡာပစၥည္းပို႔တဲ့ ေမာ္ ေတာ္ဘုတ္ကို ေနဗီကေနၿပီး ပစ္တာ။ စစ္ေရွာင္ေတြအတြက္ ပစၥည္းေတြလို႔ ေျပာတယ္။ အဓိက စားသံုးကုန္ ေတြပါတယ္လို႔ ေျပာတယ္။ ရေသ့ေတာင္မွာေတာ့ အခုက တုိက္ပြဲေတြ ျပင္းထန္တယ္ဗ်။ ဒီေန႔လည္း ေအာင္ သာစည္၊ ေက်ာက္တန္း ဘက္ေတြကို ဂ်က္နဲ႔လာပစ္တယ္” ဟု ေျပာသည္။
တစ္လလ်ွင္ တစ္ႀကိမ္ ယခုကဲ့သို႔ စစ္ေတြၿမိဳ႕မွ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းရွိ စစ္ေရွာင္မ်ားအတြက္ အျပည္ ျပည္ဆုိင္ရာ ၾကက္ေျခနီအသင္း (ICRC) အေနျဖင့္ ရိကၡာမ်ား ပို႔ေဆာင္ေပးလ်က္ရွိခဲ့ရာ ယခုကဲ့သို႔ ပစ္ခတ္ခံရ ျခင္း သည္ ပထမဆံုး အႀကိမ္ျဖစ္သည္ဟု ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအရံုး (REC) က ေျပာသည္။
ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအရံုး REC အတြင္းေရးမွဴး ဦးေဇာ္ေဇာ္ထြန္း က “သူကပံုမွန္ပို႔ေနက်ရိကၡာ၊ တစ္လတစ္ႀကိမ္ပို႔ေနက်ပါ။ အရင္တုန္းေတာ့ ဒီလိုမ်ိဳး ပစ္ခတ္ခံရတာမရွိဘူး။ စစ္တပ္က ပစ္လိုက္တာဗ်။ ေမယု ျမစ္မွာ ေရတပ္သေဘၤာေတြအမ်ားႀကီးရွိတယ္။ အဲ့မွာ ကင္းလွည့္စစ္ေဆးတဲ့ ေရယာဥ္ေတြလည္း ရွိတယ္ဗ်။ အဲ့ လိုစစ္ေဆးရင္းနဲ႔ ျဖစ္တယ္လို႔ ေျပာတယ္။ ဒီရက္ပိုင္းက ဒီရေသ့ေတာင္မွာ တုိက္ပြဲေတြ ျပန္ျဖစ္ေနတာရွိတယ္။ ဒီေန႔ မနက္မွာလည္း ျဖစ္တယ္။ ရေသ့ေတာင္ၿမိဳ႕နယ္ထဲျဖစ္တာဗ်၊ ဘူးသီးေတာင္ကို သြားတဲ့ ဘုတ္ေပါ့ဗ်ာ။ က်ေနာ္တုိ႔ ဒီ ICRC က ပို႔တဲ့ပစၥည္းေတြဆုိရင္ သူတို႔ရဲ႕ လိုဂို သေကၤတေတြပါမယ္။ ျဖစ္ႏုိင္တာကေတာ့ ဒီေလွကို ရပ္ခိုင္းတယ္၊ မရပ္လို႔ မသကၤာလို႔ ပစ္လိုက္တယ္၊ AA ေတြပါတယ္၊ မီးရိႈ႕ လိုက္ရတယ္ အဲ့လိုမ်ိဳး စသျဖင့္ ဒီလို အသြင္ေျပာမယ္လို႔ ျမင္တယ္” ဟု ေျပာသည္။
ယခုျဖစ္စဥ္မွာ အမွန္တကယ္ တပ္မေတာ္ဘက္က က်ဴးလြန္သည္ဆိုပါက စစ္ရာဇဝတ္မႈေျမာက္သည္ဟုလည္း ဦးေဇာ္ေဇာ္ထြန္း က ဆက္ေျပာသည္။
“တပ္ကေနၿပီး IDPs ပဲ ပို႔ပို႔၊ ဒုကၡသည္ေတြကိုပို႔ပို႔၊ တျခားကိုပဲ ပို႔ပို႔၊ တပ္ကမႀကိဳက္တဲ့အေနအထားမွာ ရွိတယ္ ဗ်။ လူထု၊ စစ္ေဘးေရွာင္ေတြကို ပို႔တာမ်ိဳး ရိကၡာပို႔တာမ်ိဳးေတြကို လံုးဝမႀကိဳက္ဘူး။ မတတ္သာလို႔ ၾကည့္ေနရ တဲ့ ပံုစံမ်ိဳးဗ်။ သူတို႔က ျပည္သူလူထု စစ္ေဘးေရွာင္အတြက္ လိုအပ္တဲ့ ပစၥည္းေတြလို႔ အဲ့လိုမ်ိဳး ယူဆတာမ်ိဳး မရွိဘူး။ အေျခအေနေပးရင္ သူတုိ႔က လက္မခံခ်င္တဲ့ ပံုစံမ်ိဳးမွာရွိတယ္။ ဒီလိုကိစၥေတြ တကယ္ပဲ တပ္က က်ဴး လြန္တယ္ဆုိရင္ ဒါက တကယ့္ကို စစ္ရာဇဝတ္မႈပဲ ဟုတ္တယ္မဟုတ္လား။ တိုက္ပြဲေတြၾကားမွာ ဒုကၡေရာက္ေန တဲ့သူေတြကို အသက္ဆက္ဖုိ႔အတြက္ သြားပို႔တဲ့ ရိကၡာေတြကို ဖ်က္ဆီးတယ္ဆိုတာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ လည္း ျဖစ္တယ္။ စစ္ရာဇဝတ္မႈလည္း ေျမာက္တယ္။ လံုးကို လက္မခံႏုိင္စရာပဲ။”
အဆိုပါကိစၥႏွင့္ ပတ္သက္၍ တပ္မေတာ္သတင္းမွန္ျပန္ၾကားက “လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေနေသာ ICRC ေထာက္ပံ့ေရး ေရယာဥ္ပစ္ခတ္ခံရမႈ သတင္းမွာ မွန္ကန္မႈမရွိ၊ အဆိုပါစက္ေလွမွာ AA အၾကမ္းဖက္ ေသာင္း က်န္းသူမ်ား စီးနင္းလာသည့္စက္ေလွသာျဖစ္၊ စက္ေလွေပၚမွ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက လက္ နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ေႏွာက္ယွက္ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ တပ္မေတာ္ စစ္ေရယာဥ္ေပၚတြင္ လိုက္ ပါလာသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ပစ္ခတ္ တိုက္ခိုက္ခဲ့ရာ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား စီးနင္းလာသည့္ စက္ေလွမွာ မီးစြဲေလာင္၍ ေမယုျမစ္အတြင္း နစ္ျမဳပ္သြားခဲ့သည္” ဟု ထုတ္ျပန္ထားသည္။
ရေသ့ေတာင္ၿမိဳ ့နယ္၊ မင္းကြၽန္းအေနာက္ဘက္ ကမ္းေထာင့္အနီး ေမယုျမစ္ထဲတြင္ ခုတ္ေမာင္းေနသည္ IDPs မ်ားအတြက္ ဆန္ရိကၡာနွင့္ အျခားပစၥည္းမ်ားတင္ေဆာင္လာသည့္ စက္ေလွဘုတ္တစ္စီး မီးရိႈ႕ ဖ်က္ဆီးခံရသည့္ ျဖစ္စဥ္မွာ ေဒသခံမ်ား၊ ေဒသအတြင္း အရပ္ဘက္အဖြဲ႕အစည္းမ်ား၏ ေျပာျပခ်က္မ်ားႏွင့္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ထုတ္ျပန္ခ်က္မွာ ကြဲလြဲလ်ွက္ရွိသည္။