ရွေးကောက်ပွဲ ရလဒ်များကို အိမ်မှ စောင့်ကြည့်ရန် ရွေးကော် ပန်ကြား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။
လူစုလူဝေး မဖြစ်ပေါ်စေရန် ရွေးကောက်ပွဲ ရလဒ်များကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ မိမိတို့၏ နေအိမ်တွင်သာ စောင့်ကြည့်ပေးပါရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က ထုတ်ပြန် ကြေညာ လိုက်သည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က မဲဆန္ဒရှင် ပြည်သူများ အား ထုတ်ပြန်ချက်ထဲတွင် မေတ္တာရပ်ခံ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
UEC ၏ ထုတ်ပြန်ချက်ထဲတွင် “မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲရလဒ်များရေတွက်ချိန်တွင် သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေး မဖြစ်စေရန်အတွက် မိမိနေ အိမ်မှသာ ရွေးကောက်ပွဲ ရလဒ်များကို စောင့်ကြည့်ရယူခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါ ရန် မေတ္တာရပ်ခံအပ်ပါသည်” ဟု တွေ့ရသည်။
ပြည်သူများအနေဖြင့် ရွေးကောက်ပွဲ ရလဒ်များကို ကြည့်ရှု့နိုင်ရန်အတွက် နိုင်ငံပိုင် ရုပ်မြင်သံကြား၊ သတင်း စာ၊ ရွေးကောက်ပွဲ ကော်မရှင် Website နှင့် Facebook စာမျက်နှာ တို့မှတစ်ဆင့် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးသွားမည်ဟု UEC ၏ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။
“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်တင်မြောက်ခံရသော ပုဂ္ဂိုလ်များစာရင်းကို နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် နေ့စဉ်ထုတ်သတင်းစာ၊ UEC Website နှင့် Facebook စာမျက်နှာတို့မှ ထပ် ဆင့် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်။”
ထို့အပြင် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံပိတ်ပြီးနောက် မဲရုံများနှင့် သက်ဆိုင်ရာ မြို့နယ် ရွေး ကောက်ပွဲ ကော်ရှင် အဖွဲ့ခွဲများတွင် ဆန္ဒမဲရေတွက်ခြင်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ကြမည်ဖြစ်ပြီး ရလဒ်ပုံစံများကို သက်ဆိုင်ရာ မဲရုံများ သက်ဆိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများတွင် အချိန်နှင့် တစ်ပြေးညီ ကပ်ထားကြေညာပေး သွားမည်ဖြစ်ပါ သည်ဟု UEC ၏ ထုတ်ပြန်ချက်က ဆိုသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများကလည်း မဲရလဒ်များကို အချိန်နှင့် တစ် ပြေးညီ ထုတ်ပြန်သွားမည်ဟု ဆိုသည်။
UEC ၏ ထုတ်ပြန်ချက်ထဲတွင် “တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများကလည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံရသော ပုဂ္ဂိုလ်၏အမည်ကို အချိန်နှင့် တစ်ပြေး ညီ ထုတ်ပြန်ကြေညာ ပေးသွား မည်ဖြစ်ပါသည်” ဟု ပါရှိသည်။
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့(မနက်ဖြန်)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကျန်း မာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်ကာလ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်နှင့် အညီ ကျင်းပ ပြုလုပ်သွားမည်ဟု UEC ကဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒအောက်တွင် တတိယအကြိမ် ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲဖြစ်ပြီး ၂၀၁၀ တွင် ပထမအကြိမ်၊ ၂၀၁၅ တွင် ဒုတိယအကြိမ် အဖြစ် ကျင်းပ ပြုလုပ်ခဲ့ပြီဖြစ်သည်။
*** ZAWGYI ***
ေရြးေကာက္ပြဲ ရလဒ္မ်ားကို အိမ္မွ ေစာင့္ၾကည့္ရန္ ေရြးေကာ္ ပန္ၾကား
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၇ ရက္။
လူစုလူေ၀း မျဖစ္ေပၚေစရန္ ေရြးေကာက္ပြဲ ရလဒ္မ်ားကို က်န္းမာေရး လမ္းညႊန္ခ်က္မ်ားႏွင့္ အညီ မိမိတို႔၏ ေနအိမ္တြင္သာ ေစာင့္ၾကည့္ေပးပါရန္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ UEC က ထုတ္ျပန္ ေၾကညာ လိုက္သည္။
ႏို၀င္ဘာလ ၆ ရက္ေန႔တြင္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ UEC က မဲဆႏၵရွင္ ျပည္သူမ်ား အား ထုတ္ျပန္ခ်က္ထဲတြင္ ေမတၱာရပ္ခံ ေတာင္းဆိုလိုက္ျခင္းျဖစ္သည္။
UEC ၏ ထုတ္ျပန္ခ်က္ထဲတြင္ “မဲဆႏၵရွင္ျပည္သူမ်ားအေနျဖင့္ ေရြးေကာက္ပြဲရလဒ္မ်ားေရတြက္ခ်ိန္တြင္ သတ္မွတ္ထားသည့္ က်န္းမာေရးဆိုင္ရာ လမ္းၫႊန္ခ်က္မ်ားႏွင့္အညီ လူစုလူေ၀း မျဖစ္ေစရန္အတြက္ မိမိေန အိမ္မွသာ ေရြးေကာက္ပြဲ ရလဒ္မ်ားကို ေစာင့္ၾကည့္ရယူျခင္းျဖင့္ ပူးေပါင္းကူညီေဆာင္ရြက္ေပးၾကပါ ရန္ ေမတၱာရပ္ခံအပ္ပါသည္” ဟု ေတြ႕ရသည္။
ျပည္သူမ်ားအေနျဖင့္ ေရြးေကာက္ပြဲ ရလဒ္မ်ားကို ၾကည့္ရႈ႕ႏိုင္ရန္အတြက္ ႏိုင္ငံပိုင္ ႐ုပ္ျမင္သံၾကား၊ သတင္း စာ၊ ေရြးေကာက္ပြဲ ေကာ္မရွင္ Website ႏွင့္ Facebook စာမ်က္ႏွာ တို႔မွတစ္ဆင့္ အခ်ိန္ႏွင့္ တစ္ေျပးညီ ထုတ္ျပန္ေၾကညာေပးသြားမည္ဟု UEC ၏ ထုတ္ျပန္ခ်က္ထဲတြင္ေဖာ္ျပထားသည္။
“ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ကလည္း ေရြးေကာက္တင္ေျမာက္ခံရေသာ ပုဂၢိဳလ္မ်ားစာရင္းကို ႏိုင္ငံပိုင္ ႐ုပ္ျမင္သံၾကားႏွင့္ ေန႔စဥ္ထုတ္သတင္းစာ၊ UEC Website ႏွင့္ Facebook စာမ်က္ႏွာတို႔မွ ထပ္ ဆင့္ ထုတ္ျပန္ေၾကညာေပးသြားမည္ျဖစ္ပါသည္။”
ထို႔အျပင္ ေရြးေကာက္ပြဲ က်င္းပသည့္ေန႔တြင္ မဲရံုပိတ္ၿပီးေနာက္ မဲရံုမ်ားႏွင့္ သက္ဆိုင္ရာ ၿမိဳ႕နယ္ ေရြး ေကာက္ပြဲ ေကာ္ရွင္ အဖြဲ႔ခြဲမ်ားတြင္ ဆႏၵမဲေရတြက္ျခင္းမ်ားကို ကိုဗစ္-၁၉ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရး လမ္းၫႊန္ခ်က္မ်ားႏွင့္ အညီ ေဆာင္ရြက္ၾကမည္ျဖစ္ၿပီး ရလဒ္ပံုစံမ်ားကို သက္ဆိုင္ရာ မဲရံုမ်ား သက္ဆိုင္ ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႔ခြဲမ်ားတြင္ အခ်ိန္ႏွင့္ တစ္ေျပးညီ ကပ္ထားေၾကညာေပး သြားမည္ျဖစ္ပါ သည္ဟု UEC ၏ ထုတ္ျပန္ခ်က္က ဆိုသည္။
ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႔ခြဲမ်ားကလည္း မဲရလဒ္မ်ားကို အခ်ိန္ႏွင့္ တစ္ ေျပးညီ ထုတ္ျပန္သြားမည္ဟု ဆိုသည္။
UEC ၏ ထုတ္ျပန္ခ်က္ထဲတြင္ “တိုင္းေဒသႀကီး/ျပည္နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႔ခြဲမ်ားကလည္း လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးေကာက္တင္ေျမာက္ခံရေသာ ပုဂၢိဳလ္၏အမည္ကို အခ်ိန္ႏွင့္ တစ္ေျပး ညီ ထုတ္ျပန္ေၾကညာ ေပးသြား မည္ျဖစ္ပါသည္” ဟု ပါရွိသည္။
၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲကို ႏို၀င္ဘာလ ၈ ရက္ေန႔(မနက္ျဖန္)တြင္ က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး က်န္း မာေရး ႏွင့္ အားကစား ၀န္ႀကီးဌာန၏ ကိုဗစ္ကာလ က်န္းမာေရးဆိုင္ရာ လမ္းၫႊန္ခ်က္ႏွင့္ အညီ က်င္းပ ျပဳလုပ္သြားမည္ဟု UEC ကဆိုသည္။
၂၀၂၀ ေရြးေကာက္ပြဲသည္ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံ ဥေပဒေအာက္တြင္ တတိယအႀကိမ္ က်င္းပသည့္ အေထြေထြ ေရြးေကာက္ပြဲျဖစ္ၿပီး ၂၀၁၀ တြင္ ပထမအႀကိမ္၊ ၂၀၁၅ တြင္ ဒုတိယအႀကိမ္ အျဖစ္ က်င္းပ ျပဳလုပ္ခဲ့ၿပီျဖစ္သည္။