မွန်ပြည်နယ်တွင်လည်း တိုင်းရင်းသားရေးရာမဲ မပေးရသူများရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။

မွန်ပြည်နယ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးအတွက် မဲပေးခွင့် ဆုံးရှုံးမှုများရှိခဲ့သည် မဲဆန္ဒရှင်များနှင့် နိုင်ငံရေး ပါတီ တာဝန်ရှိသူများက ပြောသည်။

မွန်ပြည်နယ်တွင် ကရင်၊ ဗမာ၊ ပအိုဝ်း တိုင်းရင်းသားရေးရာဝန်ကြီး နေရာများ အတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများကို ကရင်၊ ဗမာ၊ ပအိုဝ်းတိုင်းရင်းသားမျိုးနွယ်စု အများစုက မဲမပေးခဲ့ကြရပဲ ဆန္ဒ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု မဲဆန္ဒရှင်များ က ပြောသည်။

“ကျမသည် ဗမာတိုင်းရင်းသားဖြစ်တယ် ဒါပေမယ့် ဗမာတိုင်းရင်းသားမဲ မပေးခဲ့ရဘူး။ ရပ်ကွက်မှာ ၄/၅ ယောက် လိုက်မေးတယ်။ သူတို့ ထည့်ခွင့်ရတယ်၊ ကျမတို့ ထည့်ခွင့်မရဘူး၊ ဗမာချင်းအတူတူပဲ တချို့ ထည့် ခွင့်ရတယ်၊ ကျမ နည်းတူ အများကြီး ကျမအိမ်နီးနားချင်းတလျှောက်လုံး အားလုံး အဲတိုင်းရင်းသားမဲကို မပေး ခဲ့ရဘူး၊ ကော်မရှင်ကို မေးတော့ စာရင်းထဲမှာမပါရင် ထည့်လို့မရဘူးလို့ပဲ ပြောတယ်။ ဘာမှ ဖြေရှင်းပေးတာ မရှိဘူး” ဟု မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်းရပ်ကွက်မှ ဒေါ်သန်းသန်းဝင်း က ပြောသည်။

မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်းရပ်ကွက်တွင် ဗမာတိုင်းရင်းသားအများစု နေထိုင်သည့် ရပ်ကွက်ဖြစ်ပြီး ဗမာတိုင်းရင်း သား ကိုယ်စားလှယ်လောင်းအတွက် မဲပေးခွင့်ဆုံးရှုံးသူ ရာချီရှိနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

တိုင်းရင်းသားရေးရာဝန်ကြီးအတွက် မဲပေးခွင့် ဆုံးရှုံးမှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၈ ရက်နေ့တွင် အများအပြား ရှိသလို ကြိုတင်မဲပေးသည့်ကာလတွင်လည်း ရှိခဲ့သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မွန်ပြည် နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦး က ပြောသည်။

“မဲပေးတာနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားမဲတွေ တချို့က ဗမာတော့ ဗမာပဲ ၃ မဲပဲပေးရတယ်၊ တချို့က လည်းပဲ တိုင်းရင်းသားမဟုတ်ပဲ တိုင်းရင်းသားမဲထဲမှာပါနေတာလဲတွေ့ရတယ်။ ကြိုတင်မဲပေးကတည်းက ဒီကိစ္စတွေက ကြုံခဲ့ရတယ်။ ကော်မရှင်ကတော့ လဝက ဝန်ကြီးဌာနကနေပြီးတော့ လူမျိုးကို အတည်ပြု ပေး တာပေါ့ အဲလိုပြောတယ်။ ဝန်ကြီးဌာနကနေပြီးတော့ ဒါက ဗမာ ဒါက ကရင် ဒါက ပအိုဝ်းပါဆိုပြီးတော့ ပေးတဲ့ စာရင်းအပေါ် အခြေပြုတယ်လို့ပြောတယ်။ ဒါပေမယ့် သွေးနှောတွေ နာမည်ပါနေတယ်ဆိုတဲ့ဟာက လဝက ကနေ ပြုစုတဲ့အပိုင်းကျတော့ ဘယ်လိုဖြစ်လဲဆိုတာ မသိဘူးဖြစ်နေတယ် အဲလိုပြောတယ် တကယ်တော့ လူမျိုးဆိုတာက ကပြားလဲမရဘူးလေ” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားစစ်စစ် မဲဆန္ဒရှင် ဥပဒေအရ နိုင်ငံသားတစ်ယောက် အခွင့်အရေး ဆုံးရှုံးသွားသည်ဟုလည်း ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦး က ဆက်ပြောသည်။

“ပြောရမယ်ဆိုရင်တော့ တကယ့်တိုင်းရင်းသားစစ်စစ်တွေက မဲပေးခွင့်တွေ ဆုံးရှုံးပြီးတော့ တိုင်းရင်းသား စစ်စစ် မဟုတ်တဲ့သူတွေက အဲဒီတိုင်းရင်းသားတွေမှာ သွားပြီးတော့ ရနေတာကြီးကတော့ ပြောရရင် တိုင်းရင်းသား စစ်စစ်တွေရဲ့ မဲဆန္ဒရှင်တွေ ဥပဒေအရပြောရင် နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဆုံးရှုံးတာပေါ့။ ပြီးတော့ ဒီဟာက ဥပဒေအရ လူမျိုးကို သတ်မှတ်တဲ့အပိုင်းမှာ သူတို့ရဲ့ဆောင်ရွက်ချက်တွေက မသင့်တော်တဲ့ ဆောင် ရွက်ချက်လို့ပဲ ပြောလို့ရတယ်” ဟု ဦးဝင်းမော်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ဝင်ပြိုင်သည့် ကရင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း နော်ဇာထူးကလည်း ကရင် တိုင်းရင်းသားတချို့ ကရင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းအတွက် မဲပေးခွင့်မရပဲ မဲပေးခွင့် အခွင့် အရေးဆုံးရှုံးမှု ရှိနေသည်ဟု ပြောသည်။

“ကျမတို့ ကရင်တိုင်းရင်းသား တချို့ကလည်း သူတို့ ကရင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းအတွက် မဲပေးခွင့်မရတာတွေရှိနေတယ်ဆိုပြီး ကျွန်မကို ပြောလာတာရှိတယ် မွန်ပြည်နယ်မှာ ကရင်တိုင်းရင်းသား တွေ က ၄ မဲပေးရမယ်ဆိုပေမယ့် ၃ မဲပဲပေးရတယ်ဆိုပြီး ပြောလာတယ်” ကရင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် လောင်း နော်ဇာထူး က ပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့ မဲပေးသည့်နေ့တွင် မဲပေးမှုနှင့် ပတ်သက်ပြီး တိုင်းရင်းသားမဲပေးခွင့် မရသည့်ကိစ္စသည် အဓိက ဖြေရှင်းခဲ့ရသည့် အငြင်းပွားမှုတစ်ခုဖြစ်သည်ဟု ရပ်ကျေးကော်မရှင် အဖွဲ့ ခွဲရုံး က တာဝန်ရှိသူများက ပြောသည်။

“လွှတ်တော် ၃ ရပ်မှာလဲ ပါတယ် မှတ်ပုံတင်မှာလဲ တိုင်းရင်းသားပဲ ဒါပေမယ့် မိသားစုထဲမှာ တချို့က တိုင်းရင်း သားအတွက် မဲပါလာတယ် တချို့က မပါဘူး အဲဒီကွဲလွဲချက်က များတယ် အဲဒီကိစ္စကိုပဲ တိုင်ခံရှင်းနေရတယ်” ဟု မော်လမြိုင်မြို့နယ် သီရိမြိုင်ရပ်ကွက် ကော်မရှင်အဖွဲ့ ခွဲ ဥက္ကဌ ဦးဖေမြင့်က ပြောသည်။

မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းနှင့် အခြားသော ပြည်နယ်နှင့်တိုင်းတို့တွင်လည်း တိုင်းရင်းသားရေးရာဝန်ကြီးနေရာများအတွက် အများစုမှာ မဲပေးခွင့်များ ဆုံးရှုံးခဲ့ကြရသည့် ဖြစ်စဉ်များ ဖြစ်ပွား ခဲ့သည်။

*** ZAWGYI ***
မြန္ျပည္နယ္တြင္လည္း တိုင္းရင္းသားေရးရာမဲ မေပးရသူမ်ားရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၉ ရက္။

မြန္ျပည္နယ္တြင္ တိုင္းရင္းသားေရးရာဝန္ႀကီးအတြက္ မဲေပးခြင့္ ဆုံးရႈံးမႈမ်ားရွိခဲ့သည္ မဲဆႏၵရွင္မ်ားႏွင့္ ႏိုင္ငံေရး ပါတီ တာဝန္ရွိသူမ်ားက ေျပာသည္။

မြန္ျပည္နယ္တြင္ ကရင္၊ ဗမာ၊ ပအိုဝ္း တိုင္းရင္းသားေရးရာဝန္ႀကီး ေနရာမ်ား အတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ ကိုယ္စားလွယ္ေလာင္းမ်ားကို ကရင္၊ ဗမာ၊ ပအိုဝ္းတိုင္းရင္းသားမ်ိဳးႏြယ္စု အမ်ားစုက မဲမေပးခဲ့ၾကရပဲ ဆႏၵ မဲေပးခြင့္ ဆုံးရႈံးခဲ့ရသည္ဟု မဲဆႏၵရွင္မ်ား က ေျပာသည္။

“က်မသည္ ဗမာတိုင္းရင္းသားျဖစ္တယ္ ဒါေပမယ့္ ဗမာတိုင္းရင္းသားမဲ မေပးခဲ့ရဘူး။ ရပ္ကြက္မွာ ၄/၅ ေယာက္ လိုက္ေမးတယ္။ သူတို႔ ထည့္ခြင့္ရတယ္၊ က်မတို႔ ထည့္ခြင့္မရဘူး၊ ဗမာခ်င္းအတူတူပဲ တခ်ိဳ႕ ထည့္ ခြင့္ရတယ္၊ က်မ နည္းတူ အမ်ားႀကီး က်မအိမ္နီးနားခ်င္းတေလွ်ာက္လုံး အားလုံး အဲတိုင္းရင္းသားမဲကို မေပး ခဲ့ရဘူး၊ ေကာ္မရွင္ကို ေမးေတာ့ စာရင္းထဲမွာမပါရင္ ထည့္လို႔မရဘူးလို႔ပဲ ေျပာတယ္။ ဘာမွ ေျဖရွင္းေပးတာ မရွိဘူး” ဟု ေမာ္လၿမိဳင္ၿမိဳ႕ ဒိုင္းဝန္ကြင္းရပ္ကြက္မွ ေဒၚသန္းသန္းဝင္း က ေျပာသည္။

ေမာ္လၿမိဳင္ၿမိဳ႕ ဒိုင္းဝန္ကြင္းရပ္ကြက္တြင္ ဗမာတိုင္းရင္းသားအမ်ားစု ေနထိုင္သည့္ ရပ္ကြက္ျဖစ္ၿပီး ဗမာတိုင္းရင္း သား ကိုယ္စားလွယ္ေလာင္းအတြက္ မဲေပးခြင့္ဆုံးရႈံးသူ ရာခ်ီရွိေနသည္ဟုလည္း ၎က ဆက္ေျပာသည္။

တိုင္းရင္းသားေရးရာဝန္ႀကီးအတြက္ မဲေပးခြင့္ ဆုံးရႈံးမႈႏွင့္ ပတ္သက္ၿပီး ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ အမ်ားအျပား ရွိသလို ႀကိဳတင္မဲေပးသည့္ကာလတြင္လည္း ရွိခဲ့သည္ဟု ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ မြန္ျပည္ နယ္ ေျပာေရးဆိုခြင့္ရွိသူ ဦးဝင္းေမာ္ဦး က ေျပာသည္။

“မဲေပးတာနဲ႔ ပတ္သက္ၿပီးေတာ့ တိုင္းရင္းသားမဲေတြ တခ်ိဳ႕က ဗမာေတာ့ ဗမာပဲ ၃ မဲပဲေပးရတယ္၊ တခ်ိဳ႕က လည္းပဲ တိုင္းရင္းသားမဟုတ္ပဲ တိုင္းရင္းသားမဲထဲမွာပါေနတာလဲေတြ႕ရတယ္။ ႀကိဳတင္မဲေပးကတည္းက ဒီကိစၥေတြက ႀကဳံခဲ့ရတယ္။ ေကာ္မရွင္ကေတာ့ လဝက ဝန္ႀကီးဌာနကေနၿပီးေတာ့ လူမ်ိဳးကို အတည္ျပဳ ေပး တာေပါ့ အဲလိုေျပာတယ္။ ဝန္ႀကီးဌာနကေနၿပီးေတာ့ ဒါက ဗမာ ဒါက ကရင္ ဒါက ပအိုဝ္းပါဆိုၿပီးေတာ့ ေပးတဲ့ စာရင္းအေပၚ အေျချပဳတယ္လို႔ေျပာတယ္။ ဒါေပမယ့္ ေသြးေႏွာေတြ နာမည္ပါေနတယ္ဆိုတဲ့ဟာက လဝက ကေန ျပဳစုတဲ့အပိုင္းက်ေတာ့ ဘယ္လိုျဖစ္လဲဆိုတာ မသိဘူးျဖစ္ေနတယ္ အဲလိုေျပာတယ္ တကယ္ေတာ့ လူမ်ိဳးဆိုတာက ကျပားလဲမရဘူးေလ” ဟု ၎က ေျပာသည္။

တိုင္းရင္းသားစစ္စစ္ မဲဆႏၵရွင္ ဥပေဒအရ ႏိုင္ငံသားတစ္ေယာက္ အခြင့္အေရး ဆုံးရႈံးသြားသည္ဟုလည္း ျပည္ ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ ၿဖိဳးေရးပါတီ မြန္ျပည္နယ္ ေျပာေရးဆိုခြင့္ရွိသူ ဦးဝင္းေမာ္ဦး က ဆက္ေျပာသည္။

“ေျပာရမယ္ဆိုရင္ေတာ့ တကယ့္တိုင္းရင္းသားစစ္စစ္ေတြက မဲေပးခြင့္ေတြ ဆုံးရႈံးၿပီးေတာ့ တိုင္းရင္းသား စစ္စစ္ မဟုတ္တဲ့သူေတြက အဲဒီတိုင္းရင္းသားေတြမွာ သြားၿပီးေတာ့ ရေနတာႀကီးကေတာ့ ေျပာရရင္ တိုင္းရင္းသား စစ္စစ္ေတြရဲ႕ မဲဆႏၵရွင္ေတြ ဥပေဒအရေျပာရင္ ႏိုင္ငံသားတစ္ေယာက္ရဲ႕ အခြင့္အေရးဆုံးရႈံးတာေပါ့။ ၿပီးေတာ့ ဒီဟာက ဥပေဒအရ လူမ်ိဳးကို သတ္မွတ္တဲ့အပိုင္းမွာ သူတို႔ရဲ႕ေဆာင္႐ြက္ခ်က္ေတြက မသင့္ေတာ္တဲ့ ေဆာင္ ႐ြက္ခ်က္လို႔ပဲ ေျပာလို႔ရတယ္” ဟု ဦးဝင္းေမာ္ဦးက ေျပာသည္။

မြန္ျပည္နယ္တြင္ ဝင္ၿပိဳင္သည့္ ကရင္တိုင္းရင္းသားေရးရာ ကိုယ္စားလွယ္ေလာင္း ေနာ္ဇာထူးကလည္း ကရင္ တိုင္းရင္းသားတခ်ိဳ႕ ကရင္တိုင္းရင္းသားေရးရာ ကိုယ္စားလွယ္ေလာင္းအတြက္ မဲေပးခြင့္မရပဲ မဲေပးခြင့္ အခြင့္ အေရးဆုံးရႈံးမႈ ရွိေနသည္ဟု ေျပာသည္။

“က်မတို႔ ကရင္တိုင္းရင္းသား တခ်ိဳ႕ကလည္း သူတို႔ ကရင္တိုင္းရင္းသားေရးရာ ကိုယ္စားလွယ္ေလာင္းအတြက္ မဲေပးခြင့္မရတာေတြရွိေနတယ္ဆိုၿပီး ကြၽန္မကို ေျပာလာတာရွိတယ္ မြန္ျပည္နယ္မွာ ကရင္တိုင္းရင္းသား ေတြ က ၄ မဲေပးရမယ္ဆိုေပမယ့္ ၃ မဲပဲေပးရတယ္ဆိုၿပီး ေျပာလာတယ္” ကရင္တိုင္းရင္းသားေရးရာ ကိုယ္စားလွယ္ ေလာင္း ေနာ္ဇာထူး က ေျပာသည္။

ႏိုဝင္ဘာ ၈ ရက္ေန႔ မဲေပးသည့္ေန႔တြင္ မဲေပးမႈႏွင့္ ပတ္သက္ၿပီး တိုင္းရင္းသားမဲေပးခြင့္ မရသည့္ကိစၥသည္ အဓိက ေျဖရွင္းခဲ့ရသည့္ အျငင္းပြားမႈတစ္ခုျဖစ္သည္ဟု ရပ္ေက်းေကာ္မရွင္ အဖြဲ႕ ခြဲရံုး က တာဝန္ရွိသူမ်ားက ေျပာသည္။

“လႊတ္ေတာ္ ၃ ရပ္မွာလဲ ပါတယ္ မွတ္ပုံတင္မွာလဲ တိုင္းရင္းသားပဲ ဒါေပမယ့္ မိသားစုထဲမွာ တခ်ိဳ႕က တိုင္းရင္း သားအတြက္ မဲပါလာတယ္ တခ်ိဳ႕က မပါဘူး အဲဒီကြဲလြဲခ်က္က မ်ားတယ္ အဲဒီကိစၥကိုပဲ တိုင္ခံရွင္းေနရတယ္” ဟု ေမာ္လၿမိဳင္ၿမိဳ႕နယ္ သီရိၿမိဳင္ရပ္ကြက္ ေကာ္မရွင္အဖြဲ႕ ခြဲ ဥကၠဌ ဦးေဖျမင့္က ေျပာသည္။

မြန္ျပည္နယ္၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ရန္ကုန္တုိင္းႏွင့္ အျခားေသာ ျပည္နယ္ႏွင့္တုိင္းတို႔တြင္လည္း တုိင္းရင္းသားေရးရာဝန္ႀကီးေနရာမ်ားအတြက္ အမ်ားစုမွာ မဲေပးခြင့္မ်ား ဆံုးရံႈးခဲ့ၾကရသည့္ ျဖစ္စဥ္မ်ား ျဖစ္ပြား ခဲ့သည္။