AA ၏ ထုတ်ပြန်ချက်ကို တပ်မတော်ကြိုဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။

ရက္ခိုင့်တပ်တော် ULA/AA ၏ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် ထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိနေသည့် နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ် နိုင်ရန် အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု တပ်မတော်က ထုတ်ပြန်ကြေညာလိုက်သည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ယနေ့တွင် ULA/AA က ရခိုင်ပြည်နယ် အတွင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ် နိုင်ခြင်း မရှိသည့် နယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ ကျင်းပနိုင်ရန် NLD နှင့် တပ်မတော်အား မေတ္တာရပ်ခံ တိုက်တွန်းထားသည့်အပေါ် တပ်မတော်က ကြိုဆို ကြောင်း ယနေ့တွင် ပြန်လည် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် “တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲနှင့် ပတ်သက်၍ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ဖြစ်စေရေး၊ မဲပေးပိုင်ခွင့်ရှိသူ အားလုံး သက် ဆိုင်ရာ မဲဆန္ဒနယ်အလိုက် မဲပေးနိုင်ရေး အလေးထားကြောင်း ဆန္ဒဖော်ပြသဘော ထားပြီဖြစ်ပါသည်။ ထို့ကြောင့် ULA/AA ၏ ယခုထုတ်ပြန်ချက်အား ကြိုဆိုပါကြောင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိနေ သည့် နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်သွားပါမည်” ဟု ဖော်ပြထားသည်။

ထို့အပြင် တပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ်တွင်သာမက ရှမ်းပြည်နယ်ရှိ ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း မရှိသည့် နေရာများကိုလည်း ကြားဖြတ်ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပနိုင်ရန် တိုက်တွန်း ထားသည်။

တပ်မတော်က “ထို့အပြင် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်အတွင်း၌လည်း ကြားဖြတ်ရွေးကောက်ပွဲ အမြန် ကျင်းပနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားပါရန် တိုက်တွန်း အပ်ပါသည်” ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ရက္ခိုင်တပ်တော် ULA/AA အနေဖြင့်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လိုအပ်သည့် တည်ငြိမ်သော အခင်းအကျင်း အခြေအနေတစ်ခုကို ဖန်တီးရန်အတွက် နိုင်ငံတော် အစိုးရ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတို့နှင့် သင့်တော်သလို ပံ့ပိုးကူညီဆောင်ရွက်သွားရန် ဆန္ဒရှိပါသည်ဟု ULA/AA ၏ ယနေ့ထုတ် ပြန်ချက်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း မရှိသည့် နယ်မြေအများစုမှ ပြည်သူ အများစုသည် မဲပေးခွင့် မရရှိသည့်အတွက် ပြည်သူ့အသံ ကိုယ်စားပြုနိုင်သော ရွေးကောက်ခံ ကိုယ်စား လှယ် လောင်းများကို ဆုံးရှုံးခဲ့ရသကဲ့သို့ နိုင်ငံသား အခွင့်အရေး တိုင်းရင်းသား အခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေးတို့ကို နစ်နာခဲ့ရသည်ဟု ULA/AA က ဆိုသည်။

ထိုအနေအထားများကြောင့် ULA/AA က နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိသည့် ရခိုင်ပြည်နယ်ရှိ နယ်မြေများကို ဒီဇငဘာလ ၃၁ ရက် မတိုင်ခင် ကြားဖြတ်ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပပေးရန် ထုတ်ပြန်ခဲ့ပြီး တပ်မတော်က အဆိုပါ ထုတ်ပြန် ချက်အပေါ် ကြိုဆိုကြောင်းနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟုဆိုသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသည့်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် နယ်မြေမတည် မငြိမ်မှုကြောင့်သော်လည်း၊ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်ဟု ဆိုက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က စစ်ရေးပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက် ပိုင်းရှိ နယ်မြေတော်တော်များများနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ရွေးကောက်ပွဲ ကျင်းပခြင်း မပြု ခဲ့ပေ။

ထို့အပြင် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် အပါအဝင် အခြားနယ်မြေအချို့၊ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့ရှိ နယ်မြေအချို့ကို လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရန် မဖြစ် နိုင်ဟု ဆိုကာ ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း မရှိဟု သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် လက်ရှိ မဲစာရင်းများအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြည်နယ်နှင့် တိုင်းဒေသကြီးတော်တော်များများတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည့်အတွက် အစိုးရဖွဲ့နိုင်သည့် အနေ အထားတွင် ရှိနေသည်ဟု သိရသည်။

***ZAWGYI ***
AA ၏ ထုတ္ျပန္ခ်က္ကို တပ္မေတာ္ၾကိဳဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၂ ရက္။

ရကၡိဳင့္တပ္ေတာ္ ULA/AA ၏ ၾကားျဖတ္ေရြးေကာက္ပြဲ က်င္းပေပးရန္ ထုတ္ျပန္ခ်က္ကို တပ္မေတာ္က ႀကိဳဆိုေၾကာင္းႏွင့္ ေရြးေကာက္ပြဲက်င္းပရန္ က်န္ရွိေနသည့္ ေနရာမ်ား၌ ၾကားျဖတ္ေရြးေကာက္ပြဲ ျပဳလုပ္ ႏိုင္ရန္ အတတ္ႏိုင္ဆံုး ညွိႏႈိင္း ေဆာင္ရြက္သြားမည္ဟု တပ္မေတာ္က ထုတ္ျပန္ေၾကညာလိုက္သည္။

ႏို၀င္ဘာလ ၁၂ ရက္ေန႔ ယေန႔တြင္ ULA/AA က ရခိုင္ျပည္နယ္ အတြင္း ေရြးေကာက္ပြဲ က်င္းပျပဳလုပ္ ႏိုင္ျခင္း မရွိသည့္ နယ္ေျမမ်ား၌ ၾကားျဖတ္ေရြးေကာက္ပြဲအား ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔မတိုင္မီ က်င္းပႏိုင္ရန္ NLD ႏွင့္ တပ္မေတာ္အား ေမတၱာရပ္ခံ တိုက္တြန္းထားသည့္အေပၚ တပ္မေတာ္က ႀကိဳဆို ေၾကာင္း ယေန႔တြင္ ျပန္လည္ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

တပ္မေတာ္၏ ထုတ္ျပန္ခ်က္ထဲတြင္ “တပ္မေတာ္အေနျဖင့္ ပါတီစံု ဒီမိုကေရစီ အေထြေထြ ေရြးေကာက္ ပြဲႏွင့္ ပတ္သက္၍ လြတ္လပ္၍ တရားမွ်တေသာ ေရြးေကာက္ျဖစ္ေစေရး၊ မဲေပးပိုင္ခြင့္ရွိသူ အားလံုး သက္ ဆိုင္ရာ မဲဆႏၵနယ္အလိုက္ မဲေပးႏိုင္ေရး အေလးထားေၾကာင္း ဆႏၵေဖာ္ျပသေဘာ ထားၿပီျဖစ္ပါသည္။ ထို႔ေၾကာင့္ ULA/AA ၏ ယခုထုတ္ျပန္ခ်က္အား ႀကိဳဆိုပါေၾကာင္းႏွင့္ ေရြးေကာက္ပြဲျပဳလုပ္ရန္ က်န္ရွိေန သည့္ ေနရာမ်ား၌ ၾကားျဖတ္ေရြးေကာက္ပြဲ ျပဳလုပ္ႏိုင္ေရး အတတ္ႏိုင္ဆံုး ညွိႏႈိင္းေဆာင္သြားပါမည္” ဟု ေဖာ္ျပထားသည္။

ထို႔အျပင္ တပ္မေတာ္၏ ထုတ္ျပန္ခ်က္ထဲတြင္ ရခိုင္ျပည္နယ္တြင္သာမက ရွမ္းျပည္နယ္ရွိ ေရြးေကာက္ပြဲ က်င္းပခဲ့ျခင္း မရွိသည့္ ေနရာမ်ားကိုလည္း ၾကားျဖတ္ေရြးေကာက္ပြဲကို အျမန္ဆံုး က်င္းပႏိုင္ရန္ တိုက္တြန္း ထားသည္။

တပ္မေတာ္က “ထို႔အျပင္ ရွမ္းျပည္နယ္ မိုင္းကိုင္ၿမိဳ႕နယ္အတြင္း၌လည္း ၾကားျဖတ္ေရြးေကာက္ပြဲ အျမန္ က်င္းပႏိုင္ေရး သက္ဆိုင္ရာ အဖြဲ႔အစည္းမ်ားအေနျဖင့္ ပူးေပါင္းညွိႏိႈင္းေဆာင္ရြက္သြားပါရန္ တိုက္တြန္း အပ္ပါသည္” ဟု ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။

ရကၡိဳင္တပ္ေတာ္ ULA/AA အေနျဖင့္လည္း ေရြးေကာက္ပြဲ က်င္းပႏိုင္ရန္ လိုအပ္သည့္ တည္ၿငိမ္ေသာ အခင္းအက်င္း အေျခအေနတစ္ခုကို ဖန္တီးရန္အတြက္ ႏိုင္ငံေတာ္ အစိုးရ သက္ဆိုင္ရာ အဖြဲ႔အစည္း အသီးသီးတို႔ႏွင့္ သင့္ေတာ္သလို ပံ့ပိုးကူညီေဆာင္ရြက္သြားရန္ ဆႏၵရွိပါသည္ဟု ULA/AA ၏ ယေန႔ထုတ္ ျပန္ခ်က္က ဆိုသည္။

ရခိုင္ျပည္နယ္တြင္ ေရြးေကာက္ပြဲ က်င္းပခဲ့ျခင္း မရွိသည့္ နယ္ေျမအမ်ားစုမွ ျပည္သူ အမ်ားစုသည္ မဲေပးခြင့္ မရရွိသည့္အတြက္ ျပည္သူ႔အသံ ကိုယ္စားျပဳႏိုင္ေသာ ေရြးေကာက္ခံ ကိုယ္စား လွယ္ ေလာင္းမ်ားကို ဆံုးရံႈးခဲ့ရသကဲ့သို႔ ႏိုင္ငံသား အခြင့္အေရး တိုင္းရင္းသား အခြင့္အေရးႏွင့္ ဒီမိုကေရစီ အခြင့္အေရးတို႔ကို နစ္နာခဲ့ရသည္ဟု ULA/AA က ဆိုသည္။

ထိုအေနအထားမ်ားေၾကာင့္ ULA/AA က ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ ေရြးေကာက္ပြဲ က်င္းပႏိုင္ခဲ့ျခင္း မရွိသည့္ ရခိုင္ျပည္နယ္ရွိ နယ္ေျမမ်ားကို ဒီဇငဘာလ ၃၁ ရက္ မတိုင္ခင္ ၾကားျဖတ္ေရြးေကာက္ပြဲကို အျမန္ဆံုး က်င္းပေပးရန္ ထုတ္ျပန္ခဲ့ၿပီး တပ္မေတာ္က အဆိုပါ ထုတ္ျပန္ ခ်က္အေပၚ ႀကိဳဆိုေၾကာင္းႏွင့္ ညွိႏိႈင္းေဆာင္ရြက္သြားမည္ဟုဆိုသည္။

၂၀၂၀ ခုႏွစ္ ႏို၀င္ဘာလ ၈ ရက္ေန႔က က်င္းပသည့္ခဲ့သည့္ အေထြေထြ ေရြးေကာက္ပြဲတြင္ နယ္ေျမမတည္ မၿငိမ္မႈေၾကာင့္ေသာ္လည္း၊ တရားမွ်တေသာ ေရြးေကာက္ပြဲ က်င္းပရန္ မျဖစ္ႏိုင္ဟု ဆိုက ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ UEC က စစ္ေရးပဋိပကၡ ျပင္းထန္စြာ ျဖစ္ပြားေနသည့္ ရခိုင္ျပည္နယ္ ေျမာက္ ပိုင္းရွိ နယ္ေျမေတာ္ေတာ္မ်ားမ်ားႏွင့္ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္တို႔ကို ေရြးေကာက္ပြဲ က်င္းပျခင္း မျပဳ ခဲ့ေပ။

ထို႔အျပင္ ရွမ္းျပည္နယ္ မိုင္းကိုင္ၿမိဳ႕နယ္ အပါအ၀င္ အျခားနယ္ေျမအခ်ိဳ႕၊ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ ပဲခူးတိုင္းတို႔ရွိ နယ္ေျမအခ်ိဳ႕ကို လြတ္လပ္၍ တရားမွ်တသည့္ ေရြးေကာက္ပြဲ က်င္းပရန္ မျဖစ္ ႏိုင္ဟု ဆိုကာ ေရြးေကာက္ပြဲ က်င္းပခဲ့ျခင္း မရွိဟု သိရသည္။

၂၀၂၀ ေရြးေကာက္ပြဲတြင္ လက္ရွိ မဲစာရင္းမ်ားအရ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD က ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးေတာ္ေတာ္မ်ားမ်ားတြင္ အျပတ္အသတ္ အႏိုင္ရရွိခဲ့သည့္အတြက္ အစိုးရဖြဲ႔ႏိုင္သည့္ အေန အထားတြင္ ရွိေနသည္ဟု သိရသည္။