မွန်ပြည်နယ် COVID-19 ကူးစက်မှု များပြားလာနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်လာလ ၈ ရက်။
မွန်ပြည်နယ်အတွင်း COVID-19 ကပ် ရောဂါကူးစက်မှု တိုးမြင့်လာနေပြီး ပိုးတွေ့လူနာနှင့် ထိတွေ့ ခဲ့သူများကို ရောဂါစစ်ဆေးရာတွင်လည်း ထက်ဝက်ခန့်တွင် ပိုးထပ်မံတွေ့ ရှိသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒု-ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။
“အရင်က ပိုးတွေ့တယ်ဆိုပေမယ့် လက္ခဏာမပြဘူး၊ အခုက လက္ခဏာပြလာတယ်ဆိုတော့ ထင်ထင်ရှားရှား သိလာတယ်၊ ဆက်စပ်ထိတွေ့ခဲ့သူတွေလည်း ပိုများလာတယ်၊ ထိတွေ့သူတွေ (contact) တွေကို စစ်လိုက်တဲ့ အခါမှာလည်း တစ်ဝက်လောက်က ပိုးပြန်တွေ့တယ် ဆိုတော့ ရောဂါကူးစက်မှုအရှိန်က မြန်နေတယ်လို့ ပြော လို့ရတယ်။”
မွန်ပြည်နယ်တွင် အထူးသဖြင့် မော်လမြိုင်မြို့နယ်၊ သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် နိုဝင်ဘာလ လဆန်း ပိုင်းခန့်မှ စပြီး COVID-19 ပိုးတွေ့လူနာ သိသိသာသာမြင့်တက်လာကြောင်း ပိုးတွေ့လူနာအများစုသည် အနံ့မရသည့် လက္ခဏာပြသူများဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ တစ်ရက်တည်း၌ပင် ကိုဗစ်ရောဂါကူးစက်လူနာ ၁၄၃ ဦးအထိ စံချိန်တင်တွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့ ခဲ့သူ ရာနှင့်ချီရှိနေသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။
လက်ရှိတွင် ပြည်နယ်အတွင်း COVID-19 အတည်ပြုလူနာ များပြားလာသည့်အတွက်ကြောင့် အတည်ပြု လူနာ များကို ကုသပေးသည့်နေရာကိုလည်း မော်လမြိုင်မြို့ အပြင် သထုံမြို့တွင်လည်း ကုသရေးနေရာ ထပ်မံ တိုးချဲ့ ထား ရသည်။
သထုံမြို့ တွင် ဒီဇင်ဘာလဆန်းပိုင်း က ထပ်မံတိုးချဲ့ထားသည့် COVID-19 ကုသရေးနေရာတွင် သထုံခရိုင်ရှိ မြို့နယ် ၄ မြို့နယ်တို့မှ သာမာန်ပိုးတွေ့လူနာများကို ထားရှိကုသသွားမည်ဟု သထုံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းဦး က ပြောသည်။
“သထုံမှာက အသက် ၅၀ အောက်၊ အသက် ၅ နှစ်အထက်တွေပဲ ထားမှာ၊ အသက် ၅၀ နှစ်အထက်နဲ့ ၅ နှစ် အောက်ကတော့ မော်လမြိုင်ကို ပို့မယ်၊ ပြီးတော့ ရောဂါအခံရှိတဲ့သူတွေ၊ နည်းနည်းအရေးကြီးတဲ့လူနာတွေကို မော်လမြိုင်ဆေးရုံကြီးကိုပဲ ပို့မယ်၊ ဒီမှာကတော့ သာမန်ကိုဗစ်အတည်ပြုလူနာတွေလောက်ပဲ စောင့်ကြည့်ဖို့ ထားမယ်။”
COVID-19 ရောဂါထိန်းချုပ်နိုင်ရေးအတွက် အနံ့မရသူများ ရောဂါလက္ခဏာပြသူများအနေနှင့် နီးစပ်ရာ ကျန်း မာရေးဌာနကို အကြောင်းကြားကြရန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။
“အခုက အနံ့မရသူတွေ များလာတယ်၊ အနံ့မရဘူးဆိုလို့ရှိရင် သက်ဆိုင်ရာ အနီးစပ်ဆုံးဖြစ်တဲ့ ကျန်းမာရေးဌာန ခွဲကို အကြောင်းကြားကြဖို့ပါ၊ ဆေးရုံကို လက်လှမ်းမီရင် ဆေးရုံကို အကြောင်းကြားကြပါ” ဟု မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဌာနမှ ဒု-ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။
တစ်ဖက်တွင်လည်း ကိုဗစ်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ကို မွန်ပြည်နယ်အတွင်းသို့ အခြားတိုင်းနှင့် ပြည် နယ်များမှ ပြန်ဝင်လာသူများကို ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီး သတ်မှတ်ထားသည့် quarantine center တွင် ၇ ရက် နေပြီးမှသာ ပြည်နယ်အတွင်း သွားလာခွင့်ပြုနေသည်။
မွန်ပြည်နယ်အတွင်း ဒီဇင်ဘာလ ၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့လူနာ ၁၆၆၀ ကျော်ရှိနေပြီး သေဆုံးသူ ၁၃ ဦးအထိ ရှိလာသည်။
*** ZAWGYI ***
မြန္ျပည္နယ္ COVID-19 ကူးစက္မႈ မ်ားျပားလာေန
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္လာလ ၈ ရက္။
မြန္ျပည္နယ္အတြင္း COVID-19 ကပ္ ေရာဂါကူးစက္မႈ တိုးျမင့္လာေနၿပီး ပိုးေတြ႕လူနာႏွင့္ ထိေတြ႕ ခဲ့သူမ်ားကို ေရာဂါစစ္ေဆးရာတြင္လည္း ထက္ဝက္ခန႔္တြင္ ပိုးထပ္မံေတြ႕ ရွိသည္ဟု ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဒု-ျပည္နယ္ဦးစီးမႉး ေဒါက္တာဝတ္မႈံက ေျပာသည္။
“အရင္က ပိုးေတြ႕တယ္ဆိုေပမယ့္ လကၡဏာမျပဘူး၊ အခုက လကၡဏာျပလာတယ္ဆိုေတာ့ ထင္ထင္ရွားရွား သိလာတယ္၊ ဆက္စပ္ထိေတြ႕ခဲ့သူေတြလည္း ပိုမ်ားလာတယ္၊ ထိေတြ႕သူေတြ (contact) ေတြကို စစ္လိုက္တဲ့ အခါမွာလည္း တစ္ဝက္ေလာက္က ပိုးျပန္ေတြ႕တယ္ ဆိုေတာ့ ေရာဂါကူးစက္မႈအရွိန္က ျမန္ေနတယ္လို႔ ေျပာ လို႔ရတယ္။”
မြန္ျပည္နယ္တြင္ အထူးသျဖင့္ ေမာ္လၿမိဳင္ၿမိဳ႕နယ္၊ သထုံၿမိဳ႕နယ္ႏွင့္ က်ိဳက္ထိုၿမိဳ႕နယ္တို႔တြင္ ႏိုဝင္ဘာလ လဆန္း ပိုင္းခန႔္မွ စၿပီး COVID-19 ပိုးေတြ႕လူနာ သိသိသာသာျမင့္တက္လာေၾကာင္း ပိုးေတြ႕လူနာအမ်ားစုသည္ အနံ႔မရသည့္ လကၡဏာျပသူမ်ားျဖစ္သည္ဟု ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ေျပာသည္။
ႏိုဝင္ဘာလ ၂၉ ရက္ေန႔ တစ္ရက္တည္း၌ပင္ ကိုဗစ္ေရာဂါကူးစက္လူနာ ၁၄၃ ဦးအထိ စံခ်ိန္တင္ေတြ႕ရွိခဲ့ၿပီး ပိုးေတြ႕လူနာမ်ားႏွင့္ ထိေတြ႕ ခဲ့သူ ရာႏွင့္ခ်ီရွိေနသည္ဟု ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနရွိ စာရင္းအရ သိရသည္။
လက္ရွိတြင္ ျပည္နယ္အတြင္း COVID-19 အတည္ျပဳလူနာ မ်ားျပားလာသည့္အတြက္ေၾကာင့္ အတည္ျပဳ လူနာ မ်ားကို ကုသေပးသည့္ေနရာကိုလည္း ေမာ္လၿမိဳင္ၿမိဳ႕ အျပင္ သထုံၿမိဳ႕တြင္လည္း ကုသေရးေနရာ ထပ္မံ တိုးခ်ဲ႕ ထား ရသည္။
သထုံၿမိဳ႕ တြင္ ဒီဇင္ဘာလဆန္းပိုင္း က ထပ္မံတိုးခ်ဲ႕ထားသည့္ COVID-19 ကုသေရးေနရာတြင္ သထုံခ႐ိုင္ရွိ ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္တို႔မွ သာမာန္ပိုးေတြ႕လူနာမ်ားကို ထားရွိကုသသြားမည္ဟု သထုံၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမႉး ေဒါက္တာ သန္းဦး က ေျပာသည္။
“သထုံမွာက အသက္ ၅၀ ေအာက္၊ အသက္ ၅ ႏွစ္အထက္ေတြပဲ ထားမွာ၊ အသက္ ၅၀ ႏွစ္အထက္နဲ႔ ၅ ႏွစ္ ေအာက္ကေတာ့ ေမာ္လၿမိဳင္ကို ပို႔မယ္၊ ၿပီးေတာ့ ေရာဂါအခံရွိတဲ့သူေတြ၊ နည္းနည္းအေရးႀကီးတဲ့လူနာေတြကို ေမာ္လၿမိဳင္ေဆး႐ုံႀကီးကိုပဲ ပို႔မယ္၊ ဒီမွာကေတာ့ သာမန္ကိုဗစ္အတည္ျပဳလူနာေတြေလာက္ပဲ ေစာင့္ၾကည့္ဖို႔ ထားမယ္။”
COVID-19 ေရာဂါထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အနံ႔မရသူမ်ား ေရာဂါလကၡဏာျပသူမ်ားအေနႏွင့္ နီးစပ္ရာ က်န္း မာေရးဌာနကို အေၾကာင္းၾကားၾကရန္ ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက တိုက္တြန္းထားသည္။
“အခုက အနံ႔မရသူေတြ မ်ားလာတယ္၊ အနံ႔မရဘူးဆိုလို႔ရွိရင္ သက္ဆိုင္ရာ အနီးစပ္ဆုံးျဖစ္တဲ့ က်န္းမာေရးဌာန ခြဲကို အေၾကာင္းၾကားၾကဖို႔ပါ၊ ေဆး႐ုံကို လက္လွမ္းမီရင္ ေဆး႐ုံကို အေၾကာင္းၾကားၾကပါ” ဟု မြန္ျပည္နယ္ ျပည္သူ႔ က်န္းမာေရးဌာနမွ ဒု-ျပည္နယ္ဦးစီးမႉး ေဒါက္တာဝတ္မႈံက ေျပာသည္။
တစ္ဖက္တြင္လည္း ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ကို မြန္ျပည္နယ္အတြင္းသို႔ အျခားတိုင္းႏွင့္ ျပည္ နယ္မ်ားမွ ျပန္ဝင္လာသူမ်ားကို ေရာဂါပိုး ရွိ မရွိ စစ္ေဆးၿပီး သတ္မွတ္ထားသည့္ quarantine center တြင္ ၇ ရက္ ေနၿပီးမွသာ ျပည္နယ္အတြင္း သြားလာခြင့္ျပဳေနသည္။
မြန္ျပည္နယ္အတြင္း ဒီဇင္ဘာလ ၇ ရက္ေန႔အထိ ထုတ္ျပန္ခ်က္အရ ကိုဗစ္ပိုးေတြ႕လူနာ ၁၆၆၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူ ၁၃ ဦးအထိ ရွိလာသည္။