NUPA အဖွဲ့ ဖျက်သိမ်းပြီး ရက္ခိုင့်တပ်တော် AA နှင့် ပူးပေါင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်။
ရခိုင်အမျိုးသား ညီညွှတ်ရေးပါတီ (NUPA/AA) အား ဖျက်သိမ်းပြီး အဖွဲ့ဝင် များမှာ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA နှင့် ပူးပေါင်းလိုက်ကြောင်း NUPA/AA က ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ချက်ခဲ့ပြီး ထုတ်ပြန်ချက်ထဲတွင် “ခေါင်း ဆောင်တချို့ကို ကျန်းမာရေးအရ အနားပေးပြီး ကျန်ရှိနေသော ဗဟိုကော်မတီဝင်များနှင့် ရဲဘော်များက (NUPA/AA) ကို ဖျက်သိမ်း၍ ရခိုင်သမိုင်းက တောင်းဆိုနေသော အမျိုးသားလွတ်မြောက် မှုအတွက် ပြည် သူတစ်ရပ်လုံးနှင့် လက်တွဲပြီး တိုက်ပွဲဝင်နေသည့် ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) နှင့်အတူ တစ်သွေးတည်းတစ်သားတည်း ပူးပေါင်းလိုက်ပြီး အမျိုးသားရေး တာဝန်ကို ဆက် လက်ထမ်း ဆောင်ခရီးဆက်ရန် (၁၁ – ၁၁ – ၂၀၂၀) နေ့တွင် နယ်စပ်တစ်နေရာ အစည်းအဝေးတွင် သဘော တူဆုံး ဖြတ်ခဲ့ကြသည်” ဟု ဖော်ပြထားသည်။
ထို့ကြောင့် (၅ – ၁၂ – ၂၀၂၀) နေ့တွင် (NUPA/AA) မျက်နှာစုံညီ အစည်းအဝေးမှ ဗဟိုကော်မတီ ၉၉% သ ဘောတူညီချက်ဖြင့် (NUPA/AA) ကိုဖျက်သိမ်းလိုက်ပြီဟု ကြေငြာအပ်ပါသည်ဟု ဆိုသည်။ ထို့အပြင် ယခင် (NUPA/AA) ပါတီလုပ် ငန်းစဉ်နှင့် ပတ်သက်ခဲ့သော မည်သည့် လုပ်ငန်းမဆို သက်ဆိုင်မှု မရှိတော့ ပါ ကြောင်းနှင့် တာဝန်ယူ လိမ့်မည် မဟုတ်ကြောင်း အသိပေးအပ်ပါသည် ဟု ထုတ်ပြန်ချက်ထဲတွင် တွေ့ရ သည်။
ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေးပါတီ/ရခိုင်ပြည်တပ်မတော် (NUPA/AA) သည် ၁၉၈၈ ခုနှစ် ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေးတပ်ဦး မှတစ်ဆင့် ကူးပြောင်းဖွဲ့စည်းလာသော ပါတီတစ်ရပ်ဖြစ် ပြီး ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေးတပ်ဦး (NUPA) ကို ရခိုင်ပြည်လွတ်လပ်ရေးအဖွဲ့ (AIO) ရခိုင်ပြည်ကွန်မြူနစ်ပါတီ (ACP) ရခိုင်ပြည် အမျိုးသား လွတ်မြောက်ရေးပါတီ (ANLP) လူမျိုးစု အမျိုးသား ပါတီ (TNP) ဒီမိုကရေစီ အင်အားစု (NDFA) တို့နှင့် စတင်ဖွဲ့စည်းလာခြင်းဖြစ်သည်ဟု NUPA/AA က ဆိုသည်။
NUFA ဖြစ်ပေါ်လာပြီးနောက် စစ်ဦးစီးချုပ် ခိုင်ရာဇာ ဦးဆောင်သော ရခိုင့်တပ်တော် ARAKAN ARMY (AA) နှင့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသား နှင့် လူငယ်များအစည်းအရုံး AASYC တို့ ပူးပေါင်းလိုက်ကြပြီး နောက်ပိုင်းတွင် ပါတီကို ရခိုင်ပြည်အမျိုးသား ညီညွှတ်ရေးပါတီ NUPA တပ်ကို ရခိုင်ပြည်တပ်မတော် ARAKAN ARMY (AA) ဟု ပြန်လည်ဖွဲ့စည်းတည်ထောင်လိုက်ကြသည်။
သို့သော် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်း (Andaman Island) ၌ စစ်ဦးစီးချုပ် ခိုင်ရာဇာ အပါအဝင် ခေါင်းဆောင် ၆ ဦး လုပ်ကြံခံရကာ မျိုးချစ်ပုဂ္ဂိုလ် ၃၄ ဦး ဖမ်းဆီးခံခဲ့ရ သည့် အချိန်မှစ၍ NUPA ပါတီနှင့် ရခိုင်ပြည်တပ်မတော် AA သည် စစ်ရေးနိုင်ငံရေး လုပ်ငန်းနှင့် ပါတီတွင်း လုပ်ငန်းများ တစ်စတစ်စ ယိမ်းယိုင်လာခဲ့သည်ဟု NUPA/AA ၏ ထုတ်ပြန်ချက်က ဆိုသည်။
ထို့ကြောင့် လက်ရှိ အခြေအနေတွင်လည်း NUPA/AA ခေါင်းဆောင်တစ်ချို့မှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့ ကြပြီး တစ်ချို့မှာ အသက်အရွယ်ကြီးရင့်ကာ ကျန်းမာရေး ချို့တဲ့လျက်ရှိနေကြသည့်အတွက် အဖွဲ့ကို ဖျက်သိမ်းကာ ရခိုင်သမိုင်းက တောင်းဆိုနေသော အမျိုးသားလွတ်မြောက် မှုအတွက် ပြည် သူတစ်ရပ် လုံးနှင့် လက်တွဲပြီး တိုက်ပွဲဝင်နေသည့် ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ပူး ပေါင်းကာ အမျိုးသားရေး တာဝန်ကို ဆက် လက်ထမ်းဆောင် သွားမည်ဟု ဆိုသည်။
*** ZAWGYI ***
NUPA အဖြဲ႔ ဖ်က္သိမ္းၿပီး ရကၡိဳင့္တပ္ေတာ္ AA ႏွင့္ ပူးေပါင္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၁၄ ရက္။
ရခိုင္အမ်ိဳးသား ညီၫႊတ္ေရးပါတီ (NUPA/AA) အား ဖ်က္သိမ္းၿပီး အဖြဲ႔၀င္ မ်ားမွာ ရကၡိဳင့္အမ်ိဳးသား အဖြဲ႔ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္ ULA/AA ႏွင့္ ပူးေပါင္းလိုက္ေၾကာင္း NUPA/AA က ထုတ္ျပန္လိုက္သည္။
အဆိုပါ ထုတ္ျပန္ခ်က္ကို ဒီဇင္ဘာလ ၁၂ ရက္ေန႔က ထုတ္ျပန္ခ်က္ခဲ့ၿပီး ထုတ္ျပန္ခ်က္ထဲတြင္ “ေခါင္း ေဆာင္တခ်ိဳ႕ကို က်န္းမာေရးအရ အနားေပးၿပီး က်န္ရွိေနေသာ ဗဟိုေကာ္မတီ၀င္မ်ားႏွင့္ ရဲေဘာ္မ်ားက (NUPA/AA) ကို ဖ်က္သိမ္း၍ ရခိုင္သမိုင္းက ေတာင္းဆိုေနေသာ အမ်ိဳးသားလြတ္ေျမာက္ မႈအတြက္ ျပည္ သူတစ္ရပ္လံုးႏွင့္ လက္တြဲၿပီး တိုက္ပြဲ၀င္ေနသည့္ ရကၡိဳင့္အမ်ိဳးသား အဖြဲ႔ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္ (ULA/AA) ႏွင့္အတူ တစ္ေသြးတည္းတစ္သားတည္း ပူးေပါင္းလိုက္ၿပီး အမ်ိဳးသားေရး တာ၀န္ကို ဆက္ လက္ထမ္း ေဆာင္ခရီးဆက္ရန္ (၁၁ – ၁၁ – ၂၀၂၀) ေန႔တြင္ နယ္စပ္တစ္ေနရာ အစည္းအေ၀းတြင္ သေဘာ တူဆံုး ျဖတ္ခဲ့ၾကသည္” ဟု ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ (၅ – ၁၂ – ၂၀၂၀) ေန႔တြင္ (NUPA/AA) မ်က္ႏွာစံုညီ အစည္းအေ၀းမွ ဗဟိုေကာ္မတီ ၉၉% သ ေဘာတူညီခ်က္ျဖင့္ (NUPA/AA) ကိုဖ်က္သိမ္းလိုက္ၿပီဟု ေၾကျငာအပ္ပါသည္ဟု ဆိုသည္။ ထို႔အျပင္ ယခင္ (NUPA/AA) ပါတီလုပ္ ငန္းစဥ္ႏွင့္ ပတ္သက္ခဲ့ေသာ မည္သည့္ လုပ္ငန္းမဆို သက္ဆိုင္မႈ မရွိေတာ့ ပါ ေၾကာင္းႏွင့္ တာ၀န္ယူ လိမ့္မည္ မဟုတ္ေၾကာင္း အသိေပးအပ္ပါသည္ ဟု ထုတ္ျပန္ခ်က္ထဲတြင္ ေတြ႕ရ သည္။
ရခိုင္ျပည္ အမ်ိဳးသား ညီၫႊတ္ေရးပါတီ/ရခိုင္ျပည္တပ္မေတာ္ (NUPA/AA) သည္ ၁၉၈၈ ခုႏွစ္ ရခိုင္ျပည္ အမ်ိဳးသား ညီၫႊတ္ေရးတပ္ဦး မွတစ္ဆင့္ ကူးေျပာင္းဖြဲ႔စည္းလာေသာ ပါတီတစ္ရပ္ျဖစ္ ၿပီး ရခိုင္ျပည္ အမ်ိဳးသား ညီၫႊတ္ေရးတပ္ဦး (NUPA) ကို ရခိုင္ျပည္လြတ္လပ္ေရးအဖြဲ႔ (AIO) ရခိုင္ျပည္ကြန္ျမဴနစ္ပါတီ (ACP) ရခိုင္ျပည္ အမ်ိဳးသား လြတ္ေျမာက္ေရးပါတီ (ANLP) လူမ်ိဳးစု အမ်ိဳးသား ပါတီ (TNP) ဒီမိုကေရစီ အင္အားစု (NDFA) တို႔ႏွင့္ စတင္ဖြဲ႔စည္းလာျခင္းျဖစ္သည္ဟု NUPA/AA က ဆိုသည္။
NUFA ျဖစ္ေပၚလာၿပီးေနာက္ စစ္ဦးစီးခ်ဳပ္ ခိုင္ရာဇာ ဦးေဆာင္ေသာ ရခိုင့္တပ္ေတာ္ ARAKAN ARMY (AA) ႏွင့္ ရခိုင္ျပည္လံုးဆိုင္ရာ ေက်ာင္းသား ႏွင့္ လူငယ္မ်ားအစည္းအရံုး AASYC တို႔ ပူးေပါင္းလိုက္ၾကၿပီး ေနာက္ပိုင္းတြင္ ပါတီကို ရခိုင္ျပည္အမ်ိဳးသား ညီၫႊတ္ေရးပါတီ NUPA တပ္ကို ရခိုင္ျပည္တပ္မေတာ္ ARAKAN ARMY (AA) ဟု ျပန္လည္ဖြဲ႔စည္းတည္ေထာင္လိုက္ၾကသည္။
သို႔ေသာ္ ၁၉၉၈ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔တြင္ အိႏၵိယႏိုင္ငံ အန္ဒမန္ကြ်န္း (Andaman Island) ၌ စစ္ဦးစီးခ်ဳပ္ ခိုင္ရာဇာ အပါအ၀င္ ေခါင္းေဆာင္ ၆ ဦး လုပ္ၾကံခံရကာ မ်ိဳးခ်စ္ပုဂၢိဳလ္ ၃၄ ဦး ဖမ္းဆီးခံခဲ့ရ သည့္ အခ်ိန္မွစ၍ NUPA ပါတီႏွင့္ ရခိုင္ျပည္တပ္မေတာ္ AA သည္ စစ္ေရးႏိုင္ငံေရး လုပ္ငန္းႏွင့္ ပါတီတြင္း လုပ္ငန္းမ်ား တစ္စတစ္စ ယိမ္းယိုင္လာခဲ့သည္ဟု NUPA/AA ၏ ထုတ္ျပန္ခ်က္က ဆိုသည္။
ထို႔ေၾကာင့္ လက္ရွိ အေျခအေနတြင္လည္း NUPA/AA ေခါင္းေဆာင္တစ္ခ်ိဳ႕မွာ ကြယ္လြန္အနိစၥ ေရာက္ခဲ့ ၾကၿပီး တစ္ခ်ိဳ႕မွာ အသက္အရြယ္ႀကီးရင့္ကာ က်န္းမာေရး ခ်ိဳ႕တဲ့လ်က္ရွိေနၾကသည့္အတြက္ အဖြဲ႔ကို ဖ်က္သိမ္းကာ ရခိုင္သမိုင္းက ေတာင္းဆိုေနေသာ အမ်ိဳးသားလြတ္ေျမာက္ မႈအတြက္ ျပည္ သူတစ္ရပ္ လံုးႏွင့္ လက္တြဲၿပီး တိုက္ပြဲ၀င္ေနသည့္ ရကၡိဳင့္အမ်ိဳးသား အဖြဲ႔ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္ (ULA/AA) ႏွင့္ ပူး ေပါင္းကာ အမ်ိဳးသားေရး တာ၀န္ကို ဆက္ လက္ထမ္းေဆာင္ သြားမည္ဟု ဆိုသည္။