နမ္မတူ စစ်ရှောင်များ နေရပ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း စစ်ဘေးရှောင်အများစု နေရပ်ပြန်သွားပြီဖြစ်ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
နမ္မတူမြို့နယ်၊ မန်စံတိုက်နယ်အတွင်း ဒီဇင်ဘာလ ၇ ရက်နေ့ စတင်ပြီး တပ်မတော်၊ RCSS နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ SSPP၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံရွာသား ၂၄၀ ကျော် ၁၀ ရက်နီးပါးခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရာမှ ယမန်နေ့ကပင် အများစုမှ နေရပ်ပြန် သွားကြပြီဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မန်စံဒေသခံတစ်ဦးက “ပြန်ကုန်ကြပြီ။ အားလုံးတော့မဟုတ်ဘူး။ တော်တော်များများတော့ ပြန်ကုန်တာပေါ့။ ဒီမှာ အခု လေးငါးဆယ်လောက်ပဲ ကျန်မယ်။ သူတို့လည်း အခြေအနေအရ နည်းနည်းစောင့်ပြီး ပြန်ကြတော့ မယ့် ပုံစံမျိုးပါ။ တိုက်ပွဲတွေတော့ ငြိမ်သွားတယ်။ ဒါပေမယ့် ဘယ်အချိန်ပဲဖြစ်ဖြစ် တိုက်ပွဲက ပြန်ဖြစ်လာနိုင်တယ်။ သူတို့က ရှိနေသေးတယ်” ဟု ပြောသည်။
ဒီဇင်ဘာ ၇ ရက်နေ့၊ ၉ ရက်နေ့ နှင့် ၁၀ ရက်နေ့တို့တွင် တပ်မတော်၊ RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား နမ္မတူမြို့နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၁၀ ရက်နေ့က ကျေးရွာထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည့် အတွက် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
တိုက်ပွဲများကြောင့် နမ္မတူမြို့နယ်၊ မန်စံတိုက်နယ်အတွင်းက ပိန်းလုံ၊ နားကျဲ၊ နားကျိုင်း၊ ကွန်ကျောင်း ရွာသား ၂၄၀ ကျော် မှာ မန်စံကျေးရွာရှိ စကားဝါရှမ်းဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်ခဲ့ကြရခြင်းဖြစ်သည်။
“ပြန်သွားကြပြီ။ သိပ်မရှိတော့ဘူး။ မနေ့ကပဲနော်။ တိုက်ပွဲတွေရပ်သွားလို့ ပြန်သွားကြတာရှင့်။ သူတို့ဟာသူတို့ဆုံးဖြတ်ပြီးပြန်သွားတာပါ။ သူတို့ရွာကို ပြန်ကြည့် သွားကြည့်ပြီး လေ့လာတယ်။ အခုတော့ သူတိ့ု ဒီအခြေအနေတွေကို ကြည့်ပြီး ပြန်သွားပါတယ်။” ဟု နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေးက ပြောသည်။ “စစ်ရေးက ငြိမ်သက်တယ် မငြိမ်သက်ဘူးလို့လည်း ပြောလို့ရမရဘူးနော်။ တစ်နေရာမှာ ငြိမ်ပေမယ့် တစ်နေရာမှာ ထ ပေါက်ရင် ပေါက်ကွဲတတ်တဲ့ပုံစံမျိုးဖြစ်တယ်။ လောလောဆယ်တော့ ပြောလို့ရတာ ကိုယ်နယ်နားမှာ တိုက်ပွဲ တော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် အခုပြောပြီး ခနနေပြန်ဖြစ်တာမျိုးလည်း ဖြစ်နိုင်တယ်လေ” ဟု ဆက်ပြောသည်။
နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများကြောင့် ဒီဇင်ဘာလ ၁၀ ရက် ညနေက နမ္မတူမြို့နယ် နမ့်ပိုင်ကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ သည့်အတွက် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး အပါ အဝင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြသည်။
အဆိုပါ တိုက်ပွဲများသည် ရှမ်းပြည်ပြန်လည်ထူရေးကောင်စီ RCSS အနေဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် အခြေချနေထိုင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ကျူးကျော်ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ် သည်ဟု TNLA က ပြောသည်။
RCSS ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီးစိုင်းအုမ်ခေး က “ဟုတ်တယ် အခုက ရွာသားတွေထဲက တချို့က အိမ် ပြန်သွားကြပြီလို့ သိရတယ်နော်။ အဓိက တိုက်ပွဲဖြစ်တာက RCSS တပ်တွေက မြောက်ပိုင်းကို နယ်မြေကျော် တယ် ပြန်မောင်းထုတ်ချင်ဆိုတဲ့သဘောနဲ့ တိုက်ပွဲစဖြစ်တာပေါ့လေ။ အဲ့ဒါက အဓိက အကြောင်းရင်းပေါ့နော်။ ဒါပေမယ့် အဲ့ဘက်မှာ ကျနော်တို့ သွားလာနေတာ နှစ်ပေါင်း ၃၀ ကျော်ပြီ။ ဆိုတော့ နယ်မြေကျော်တယ်လို့ ပြောရင် နည်းနည်း လွဲနေမယ်ပေါ့နော်။ ဒါက တစ်ချက်။ ဘယ်ပဲဖြစ်နေ ဖြစ်နေ တစ်ဖက်နဲ့ တစ်ဖက်တွေ့ဆုံကြ ညှိနှိုင်းကြရင်တော့ အဆင်ပြေမယ်လေနော်။ ကျနော်တို့ RCSS က ညှိနှိုင်းဖို့ အမြဲတံခါးဖွင့်ထားတယ်နော်။ ရှမ်း ပြည်မှာ ရှိတဲ့ တိုင်းရင်းသားတွေက ခေတ်အဆက်ဆက်ကတည်း နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေပဲ လေ ဘယ်သူကမှ မောင်းထုတ်လို့ရတဲ့လူမျိုးတွေ မဟုတ်ဘူးလေနော်” ဟု ပြောသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့ ၉ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက် မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။
TNLA နှင့် SSPP တို့မှာ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့နှင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။
*** ZAWGYI ***
နမၼတူ စစ္ေရွာင္မ်ား ေနရပ္ျပန္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၁၈ ရက္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ နမၼတူၿမိဳ႕နယ္အတြင္း စစ္ေဘးေရွာင္အမ်ားစု ေနရပ္ျပန္သြားၿပီျဖစ္ေၾကာင္း ေဒသခံမ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေျပာသည္။
နမၼတူၿမိဳ႕နယ္၊ မန္စံတို္က္နယ္အတြင္း ဒီဇင္ဘာလ ၇ ရက္ေန႔ စတင္ၿပီး တပ္မေတာ္၊ RCSS ႏွင့္ ရွမ္းျပည္တိုး တက္ေရးပါတီ SSPP၊ တအန္း (ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA တို႔အၾကား တိုက္ပြဲ ျဖစ္ပြားခဲ့သည့္အတြက္ ေဒသခံရြာသား ၂၄၀ ေက်ာ္ ၁၀ ရက္နီးပါးခန္႔ ေနရပ္စြန္႔ခြာထြက္ေျပးခဲ့ၾကရာမွ ယမန္ေန႔ကပင္ အမ်ားစုမွ ေနရပ္ျပန္ သြားၾကၿပီျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
မန္စံေဒသခံတစ္ဦးက “ျပန္ကုန္ၾကၿပီ။ အားလံုးေတာ့မဟုတ္ဘူး။ ေတာ္ေတာ္မ်ားမ်ားေတာ့ ျပန္ကုန္တာေပါ့။ ဒီမွာ အခု ေလးငါးဆယ္ေလာက္ပဲ က်န္မယ္။ သူတို႔လည္း အေျခအေနအရ နည္းနည္းေစာင့္ၿပီး ျပန္ၾကေတာ့ မယ့္ ပံုစံမ်ိဳးပါ။ တိုက္ပြဲေတြေတာ့ ၿငိမ္သြားတယ္။ ဒါေပမယ့္ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ တုိက္ပြဲက ျပန္ျဖစ္လာႏုိင္တယ္။ သူတို႔က ရွိေနေသးတယ္” ဟု ေျပာသည္။
ဒီဇင္ဘာ ၇ ရက္ေန႔၊ ၉ ရက္ေန႔ ႏွင့္ ၁၀ ရက္ေန႔တို႔တြင္ တပ္မေတာ္၊ RCSS ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP၊ တအန္း (ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA တို႔အၾကား နမၼတူၿမိဳ႕နယ္ အတြင္း တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ၿပီး ၁၀ ရက္ေန႔က ေက်းရြာထဲသို႔ လက္နက္ႀကီးက်ည္မ်ား က်ေရာက္ေပါက္ကြဲခဲ့သည့္ အတြက္ ေဒသခံျပည္သူ ၄ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္။
တိုက္ပြဲမ်ားေၾကာင့္ နမၼတူၿမိဳ႕နယ္၊ မန္စံတိုက္နယ္အတြင္းက ပိန္းလုံ၊ နားက်ဲ၊ နားက်ိဳင္း၊ ကြန္ေက်ာင္း ႐ြာသား ၂၄၀ ေက်ာ္ မွာ မန္စံေက်း႐ြာရွိ စကားဝါရွမ္းဘုန္းေတာ္ႀကီးေက်ာင္းတြင္ စစ္ေဘးေရွာင္ခဲ့ၾကရျခင္းျဖစ္သည္။
“ျပန္သြားၾကၿပီ။ သိပ္မရွိေတာ့ဘူး။ မေန႔ကပဲေနာ္။ တိုက္ပြဲေတြရပ္သြားလို႔ ျပန္သြားၾကတာရွင့္။ သူတုိ႔ဟာသူတို႔ဆံုးျဖတ္ၿပီးျပန္သြားတာပါ။ သူတို႔ရြာကို ျပန္ၾကည့္ သြားၾကည့္ၿပီး ေလ့လာတယ္။ အခုေတာ့ သူတိ႔ု ဒီအေျခအေနေတြကို ၾကည့္ၿပီး ျပန္သြားပါတယ္။” ဟု နမၼတူၿမိဳ႔နယ္ ျပည္နယ္လႊတ္ေတာ္အမတ္ နန္းခမ္းေအးက ေျပာသည္။ “စစ္ေရးက ၿငိမ္သက္တယ္ မၿငိမ္သက္ဘူးလို႔လည္း ေျပာလုိ႔ရမရဘူးေနာ္။ တစ္ေနရာမွာ ၿငိမ္ေပမယ့္ တစ္ေနရာမွာ ထ ေပါက္ရင္ ေပါက္ကြဲတတ္တဲ့ပံုစံမ်ိဳးျဖစ္တယ္။ ေလာေလာဆယ္ေတာ့ ေျပာလုိ႔ရတာ ကိုယ္နယ္နားမွာ တုိက္ပြဲ ေတာ့ မရွိဘူးေပါ့ေနာ္။ ဒါေပမယ့္ အခုေျပာၿပီး ခနေနျပန္ျဖစ္တာမ်ိဳးလည္း ျဖစ္ႏုိင္တယ္ေလ” ဟု ဆက္ေျပာသည္။
နမၼတူၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ား၊ စစ္ေရးတင္းမာမႈမ်ားေၾကာင့္ ဒီဇင္ဘာလ ၁၀ ရက္ ညေနက နမၼတူၿမိဳ႕နယ္ နမ့္ပိုင္ေက်း႐ြာထဲ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲခဲ့ သည့္အတြက္ ကိုယ္ဝန္သည္ အမ်ိဳးသမီးတစ္ဦး အပါ အဝင္ အမ်ိဳးသမီး ၃ ဦးႏွင့္ အမ်ိဳးသား ၁ ဦး တို႔ ထိခိုက္ ဒဏ္ရာရရွိခဲ့ၾကသည္။
အဆိုပါ တို္က္ပြဲမ်ားသည္ ရွမ္းျပည္ျပန္လည္ထူေရးေကာင္စီ RCSS အေနျဖင့္ ရွမ္းျပည္နယ္ ေတာင္ပိုင္းတြင္ အေျခခ်ေနထိုင္သည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ျဖစ္ၿပီး ရွမ္းျပည္နယ္ ေျမာက္ပိုင္းသို႔ က်ဴးေက်ာ္ဝင္ေရာက္လာသည့္အတြက္ တိုက္ပြဲျဖစ္ပြားရျခင္းျဖစ္ သည္ဟု TNLA က ေျပာသည္။
RCSS ေျပာေရးဆိုခြင့္ရွိသူ ဒု-ဗိုလ္မွဴးႀကီးစိုင္းအုမ္ေခး က “ဟုတ္တယ္ အခုက ရြာသားေတြထဲက တခ်ိဳ႕က အိမ္ ျပန္သြားၾကၿပီလို႔ သိရတယ္ေနာ္။ အဓိက တုိက္ပြဲျဖစ္တာက RCSS တပ္ေတြက ေျမာက္ပိုင္းကို နယ္ေျမေက်ာ္ တယ္ ျပန္ေမာင္းထုတ္ခ်င္ဆိုတဲ့သေဘာနဲ႔ တုိက္ပြဲစျဖစ္တာေပါ့ေလ။ အဲ့ဒါက အဓိက အေၾကာင္းရင္းေပါ့ေနာ္။ ဒါေပမယ့္ အဲ့ဘက္မွာ က်ေနာ္တုိ႔ သြားလာေနတာ ႏွစ္ေပါင္း ၃၀ ေက်ာ္ၿပီ။ ဆုိေတာ့ နယ္ေျမေက်ာ္တယ္လို႔ ေျပာရင္ နည္းနည္း လြဲေနမယ္ေပါ့ေနာ္။ ဒါက တစ္ခ်က္။ ဘယ္ပဲျဖစ္ေန ျဖစ္ေန တစ္ဖက္နဲ႔ တစ္ဖက္ေတြ႕ဆံုၾက ညွိႏိႈင္းၾကရင္ေတာ့ အဆင္ေျပမယ္ေလေနာ္။ က်ေနာ္တို႔ RCSS က ညွိႏိႈင္းဖို႔ အၿမဲတံခါးဖြင့္ထားတယ္ေနာ္။ ရွမ္း ျပည္မွာ ရွိတဲ့ တုိင္းရင္းသားေတြက ေခတ္အဆက္ဆက္ကတည္း ေနထုိင္ေနၾကတဲ့ တုိင္းရင္းသားေတြပဲ ေလ ဘယ္သူကမွ ေမာင္းထုတ္လို႔ရတဲ့လူမ်ိဳးေတြ မဟုတ္ဘူးေလေနာ္” ဟု ေျပာသည္။
ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS သည္ အျခားေသာ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္ လွန္ေရး အဖြဲ႕ ၉ ဖြဲ႕ႏွင့္အတူ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို လက္ မွတ္ေရးထိုးထားသည့္ အဖြဲ႕ျဖစ္သည္။
TNLA ႏွင့္ SSPP တို႔မွာ ေျမာက္ပိုင္း တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕ ၇ ဖြဲ႕ႏွင့္ ဖြဲ႕စည္းထား သည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႕ဝင္မ်ားျဖစ္သည္။