ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၈၅)

မြန်မာ့နိုင်ငံရေးအတွက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ တိုင်းရင်းသား ပြည်သူလူထု၏ဆန္ဒကို ဒီမိုကရေစီ နည်းကျထုတ်ဖော်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ရွေးကောက်ပွဲဆိုတာ အရေး ပါတယ်လို့ ဆိုကြတာပါ။ တဖက်မှာလည်း COVID-19 ကပ်ရောဂါ ကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာနေပြီး လူ အသေအပျောက် ပိုမိုများပြားလာတဲ့အတွက် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက် ပွဲကို ရွှေ့ဆိုင်းပေး ဖို့ လိုအပ်တယ်လို့ နိုင်ငံရေးပါတီ တချို့က ပြောဆိုနေကြပါတယ်။ ကိုဗစ်ကန့်သတ်ချက်နဲ့ စစ်ပွဲတွေကြားမှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲက တရားမျှတပြီး လွတ်လပ်ပွင့်လင်းစွာ ယှဉ်ပြိုင်ခွင့်မရှိမှာကိုလည်း တိုင်းရင်းသားပါတီတွေက စိုးရိမ်နေကြပါတယ်။ လက်ရှိ အစိုးရဖြစ်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အပြင် ၂၀၂၀ မှာ ရွေး ကောက်ပွဲဝင်ကြမယ့် တိုင်းရင်းသား နိုင်ငံရေးပါတီ အားလုံးနဲ့ ညှိနှိုင်းပြီး အဖြေရှာသင့်တယ်လို့လည်း ထောက်ပြနေသူတွေလည်း ရှိနေပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ရး၅၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို စနေနေ့ မနက်ပိုင်း -၈း၁၅ နာရီ တို့ မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။