တပ်မတော်နှင့် KNU တို့အကြား နှစ်ဆန်း လဝက်အတွင်း ထိတွေ့မှုအကြိမ် ၂၀ ကျော် ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။

ကရင့်အမျိုးသား အစည်းအရုံး KNU နှင့် တပ်မတော်အကြား ယခုနှစ်စမှာပင် လက်နက်ကိုင် ထိတွေ့မှုပေါင်း အကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ ၅ က ပြောသည်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး KNU ၏ တပ်မဟာ ၅ ပြောရေး ဆိုခွင့်ရှိသူ ပဒိုမန်းမန်းက “တိုက်ပွဲပေါ့ ပစ်ခတ်မှုလေးပေါ့နော တော်တော်များများ အကြိမ် ၂၀ ကျော်လောက် လို့ပဲ ခန့် မှန်းပြောရမှာပေါ့နော အဲဒါက တပ်မဟာ ၅ ဖက်မှာပေါ့” ဟု ပြောသည်။

တပ်မဟာ ၅ နယ်မြေတွင်သာမက တပ်မဟာ ၅ နှင့် နယ်မြေချင်းဆက်စပ်မှု ရှိသည့် အခြား တပ်မဟာ နယ် မြေများတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည် ဟု ဆက်ပြောသည်။

“တပ်မဟာ ၃ ဖက်မှာလည်းပဲ ၂၀၂၁ လောက်မှာလည်း ၃ ကြိမ်လောက်ဖြစ်ပြီ ထိုနည်းလည်းကောင်း တပ်မဟာ ၁ ဖက်မှာလည်းပဲ ၁ ကြိမ်ဖြစ်ပြီလို့ပဲ ပြောရမှာပေါ့နော အဲလိုမျိုးတိုက်ပွဲ မဟုတ်တောင်မှ ပစ်ခတ်မှုလေးတွေ ဖြစ်ကြတာတော့ အဲလောက် လို့ ပြောရမှာ ဖြစ်ပါတယ်” ဟု ပဒိုမန်းမန်းက ဆက် ပြော သည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာများမှာ KNU တပ်မဟာ ၅ နယ်မြေ ကရင်ပြည်နယ် ဖာပွန် (မူတြော်) ခရိုင်၊ တပ် မဟာ ၁ နယ်မြေ မွန်ပြည်နယ် သထံခရိုင်နှင့် တပ်မဟာ ၃ နယ်မြေ ပဲခူးတိုင်း ညောင်လေးပင် ခရိုင် တို့တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

တပ်မဟာ ၅ နယ်မြေ ထဲတွင် ဇန္နဝါရီလ ၁၅ ရက်နေ့ အထိ တိုက်ပွဲဖြစ်ပွားမှု ဆက်လက်ရှိနေပြီး တပ်မ တော်မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများ ရှိသည်ဟု KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိ သူ က ပြောသည်။

“မနေ့ကအထိတော့ ဖြစ်သေးတယ်ပေါ့။ မနေ့က အထိဖြစ်သေးတဲ့အပေါ်မှာ ကျနော်တို့ ဒီဖက် မြန်မာစစ် တပ်ကနေ ပြီးတော့ လက်နက်ကြီးတွေကို ရမ်းသမ်းပစ်တယ်ပဲ ပြောရမှာပေါ့နော ရွာထဲမှာ ရွာပြင်မှာရော တောင်ယာလုပ်စားနေတဲ့ အဲဒီအပေါ်မှာတော့ ကျနော်တို့ ကလေးငယ်တစ်ဦးပါ ဦးခေါင်းထိမှန်တာ ရှိသေး တယ်ပေါ့နော” ဟု ပဒိုမန်းမန်း က ဆက်ပြောသည်။

ထို့အတူ KNU တပ်မဟာ ၃ နယ်မြေတွင်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ လယ်ကတည်းက စတင်ကာ အောက်ခြေတပ်များ အချင်းချင်း နှစ်ဖက်ထိတွေ့မှုများရှိလာပြီးနောက် အခြေအနေ ပိုဆိုးလာကာ ဒေသ ခံများ ထွက်ပြေး တိမ်းရှောင်ရသည့် အခြေအနေအထိ ရောက်ရှိလာသည်ဟု ညောင်လေးပင်ခရိုင် ကရင် လူမှု့ရေးရာ အဖွဲ့မှ တာဝန်ရှိသူ စောစိပတြော် က ပြောသည်။

စောစိပတြော်က “တိုက်ပွဲဖြစ်တာကတော့ မူသယ်၊ သယ်ဒေါဆိုပြီးတော့ အဲဒီအုပ်စုမှာပဲလေ တကောဒဲတို့ ပါကောထီး ပါကော ထာ အဲဒီနေရာ တွေမှာ။ ကြည့်မယ်ဆိုရင် ကျနော်တို့ ၂၀၂၀ ဒီဇင်ဘာ ၁၄ ကနေ ဒီအထိပါပဲ အခြေအနေ က အောက်ခြေ ထိတွေ့ မှုတွေက တစ်လျှောက်လုံးဖြစ်လာတဲ့ အခါကျတော့ အခြေအနေက နောက်ပိုင်း ဆက်ပြီး အဲဒီ တစ်လပိုင်း နောက်ပိုင်းကျတော့ ပိုပြီးတော့ နည်းနည်းလေး တင်းမာလာတဲ့ သဘောနဲ့ ပြည် သူတွေက ထွက်ပြေးတိမ်း ရှောင်နေရတဲ့ အထိ သွားရောက်ရှိတာပေါ့” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံ ၆၀၀ နီးပါးခန့်မှာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လုံခြုံ သည် ဟု ယူဆရသည့် နေရာများတွင် တဲထိုးကာ နေနေရသည်ဟု ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာ တာဝန်ရှိသူ က ဆိုသည်။

တပ်မဟာ ၃ နယ်မြေတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများသည် တပ်မတော်မှ လမ်းဖောက်လုပ်နေသည့် နေရာများ တစ်လျှောက်တွင် ဖြစ်ပွားနေပြီး အဆိုပါလမ်းမှာ တပ်မဟာ ၃ နှင့် တပ်မဟာ ၅ ဖက်ကို ဆက် သွယ်ထားသည့် လမ်းကြောင်းဖြစ်သည်ဟု ပဒိုမန်းမန်းက ပြောသည်။

ပဒိုမန်းမန်းက “တပ်မဟာ ၃ ဖက်ကတော့ ခဲဒဲပေါ့နော ကားလမ်းတစ်လျှောက် ကားလမ်းဖောက်တဲ့ နေရာဆိုတော့ ကျနော်တို့ မူသယ် ခဲဒဲရွာနော အဲဒီဟာတွေကလည်း ကျနော်တို့ တပ်မဟာ ၅ နှင့် တပ်မဟာ ၃ နဲ့ အခု ကျောက်ကြီးနဲ့ ကျနော်တို့ ဒီဖက် တပ်မဟာ ၅ ဖက်မှာဆို ဖောက်တဲ့ လမ်းပေါ့လေ လယ်မူပလောဖက်ကို တက်တဲ့ လမ်း အဲဒီလမ်းကြောမှာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ မဟာဗျူဟာ စစ်ဆင် ရေးလမ်းဖောက်တဲ့ လမ်းကြောပဲ ဖြစ်ပါတယ်” ဟုပြောသည်။

KNU တပ်မဟာ ၃ နယ်မြေတွင် ကရင်နှစ်သစ်ကူး မတိုင်ခင်ကတည်းက စတင်ဖြစ်ပွားလာသည့် တိုက်ပွဲ များမှာ လက်ရှိအချိန်တွင် ငြိမ်သက်နေသော်လည်း နှစ်ဖက်တပ်အင်အား တိုးချဲ့ထားသည့် အနေအထား များကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်ဟု ညောင်လေး ပင်ခ ရိုင် ကရင်လူမှု့ရေးရာအဖွဲ့မှ တာဝန်ရှိသူ စောစိပတြော် က ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် တိုက်ပွဲများ ရပ်တန့်ရန်အတွက် NCA စာချုပ်ပါအတိုင်း ပြည်သူလူထု၏ လူမှု့ဘ၀ လုံခြုံရေးအတွက် အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးညှိနှိုင်းကြရန် လိုသည်ဟု ကရင် လူမှု့ရေး ရာအဖွဲ့က ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး KNU သည်အခြား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘာတူစာချုပ် NCA ကို လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဖြစ်သည်။

ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာ ချုပ် NCA လက်မှတ်ရေးထိုးထားသည့် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ချင်း အမျိုးသားတပ်ဦး CNF ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင် ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ် မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုရေစီ အကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

*** ZAWGYI ***
တပ္မေတာ္ႏွင့္ KNU တုိ႔အၾကား ႏွစ္ဆန္း လဝက္အတြင္း ထိေတြ႔မႈအႀကိမ္ ၂၀ ေက်ာ္ ျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁၇ ရက္။

ကရင့္အမ်ဳိးသား အစည္းအရံုး KNU နွင့္ တပ္မေတာ္အၾကား ယခုနွစ္စမွာပင္ လက္နက္ကိုင္ ထိေတြ႔မႈေပါင္း အႀကိမ္ ၂၀ ေက်ာ္ ျဖစ္ပြားခဲ့ေၾကာင္း KNU တပ္မဟာ ၅ က ေျပာသည္။

NCA အပစ္ရပ္ လက္မွတ္ေရးထိုးထားသည့္ ကရင္အမ်ိဳးသား အစည္းအရံုး KNU ၏ တပ္မဟာ ၅ ေျပာေရး ဆိုခြင့္ရွိသူ ပဒိုမန္းမန္းက “တိုက္ပြဲေပါ့ ပစ္ခတ္မႈေလးေပါ့ေနာ ေတာ္ေတာ္မ်ားမ်ား အႀကိမ္ ၂၀ ေက်ာ္ေလာက္ လို႔ပဲ ခန္႔ မွန္းေျပာရမွာေပါ့ေနာ အဲဒါက တပ္မဟာ ၅ ဖက္မွာေပါ့” ဟု ေျပာသည္။

တပ္မဟာ ၅ နယ္ေျမတြင္သာမက တပ္မဟာ ၅ ႏွင့္ နယ္ေျမခ်င္းဆက္စပ္မႈ ရွိသည့္ အျခား တပ္မဟာ နယ္ ေျမမ်ားတြင္လည္း တိုက္ပြဲျဖစ္ပြားခဲ့ေသးသည္ ဟု ဆက္ေျပာသည္။

“တပ္မဟာ ၃ ဖက္မွာလည္းပဲ ၂၀၂၁ ေလာက္မွာလည္း ၃ ႀကိမ္ေလာက္ျဖစ္ၿပီ ထိုနည္းလည္းေကာင္း တပ္မဟာ ၁ ဖက္မွာလည္းပဲ ၁ ႀကိမ္ျဖစ္ၿပီလို႔ပဲ ေျပာရမွာေပါ့ေနာ အဲလိုမ်ိဳးတိုက္ပြဲ မဟုတ္ေတာင္မွ ပစ္ခတ္မႈေလးေတြ ျဖစ္ၾကတာေတာ့ အဲေလာက္ လို႔ ေျပာရမွာ ျဖစ္ပါတယ္” ဟု ပဒိုမန္းမန္းက ဆက္ ေျပာ သည္။

တိုက္ပြဲျဖစ္ပြားသည့္ ေနရာမ်ားမွာ KNU တပ္မဟာ ၅ နယ္ေျမ ကရင္ျပည္နယ္ ဖာပြန္ (မူေၾတာ္) ခ႐ိုင္၊ တပ္ မဟာ ၁ နယ္ေျမ မြန္ျပည္နယ္ သထံခ႐ိုင္ႏွင့္ တပ္မဟာ ၃ နယ္ေျမ ပဲခူးတိုင္း ေညာင္ေလးပင္ ခ႐ိုင္ တို႔တြင္ ျဖစ္ပြားခဲ့သည္ဟု သိရသည္။

တပ္မဟာ ၅ နယ္ေျမ ထဲတြင္ ဇႏၷဝါရီလ ၁၅ ရက္ေန႔ အထိ တိုက္ပြဲျဖစ္ပြားမႈ ဆက္လက္ရွိေနၿပီး တပ္မ ေတာ္မွ ေက်းရြာမ်ားအတြင္းသို႔ လက္နက္ႀကီး ပစ္ခတ္မႈမ်ား ရွိသည္ဟု KNU တပ္မဟာ ၅ ေျပာေရးဆိုခြင့္ရွိ သူ က ေျပာသည္။

“မေန႔ကအထိေတာ့ ျဖစ္ေသးတယ္ေပါ့။ မေန႔က အထိျဖစ္ေသးတဲ့အေပၚမွာ က်ေနာ္တို႔ ဒီဖက္ ျမန္မာစစ္ တပ္ကေန ၿပီးေတာ့ လက္နက္ႀကီးေတြကို ရမ္းသမ္းပစ္တယ္ပဲ ေျပာရမွာေပါ့ေနာ ရြာထဲမွာ ရြာျပင္မွာေရာ ေတာင္ယာလုပ္စားေနတဲ့ အဲဒီအေပၚမွာေတာ့ က်ေနာ္တို႔ ကေလးငယ္တစ္ဦးပါ ဦးေခါင္းထိမွန္တာ ရွိေသး တယ္ေပါ့ေနာ” ဟု ပဒိုမန္းမန္း က ဆက္ေျပာသည္။

ထို႔အတူ KNU တပ္မဟာ ၃ နယ္ေျမတြင္လည္း ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလ လယ္ကတည္းက စတင္ကာ ေအာက္ေျခတပ္မ်ား အခ်င္းခ်င္း ႏွစ္ဖက္ထိေတြ႕မႈမ်ားရွိလာၿပီးေနာက္ အေျခအေန ပိုဆိုးလာကာ ေဒသ ခံမ်ား ထြက္ေျပး တိမ္းေရွာင္ရသည့္ အေျခအေနအထိ ေရာက္ရွိလာသည္ဟု ေညာင္ေလးပင္ခ႐ိုင္ ကရင္ လူမႈ႕ေရးရာ အဖြဲ႔မွ တာ၀န္ရွိသူ ေစာစိပေၾတာ္ က ေျပာသည္။

ေစာစိပေၾတာ္က “တိုက္ပြဲျဖစ္တာကေတာ့ မူသယ္၊ သယ္ေဒါဆိုၿပီးေတာ့ အဲဒီအုပ္စုမွာပဲေလ တေကာဒဲတို႔ ပါေကာထီး ပါေကာ ထာ အဲဒီေနရာ ေတြမွာ။ ၾကည့္မယ္ဆိုရင္ က်ေနာ္တို႔ ၂၀၂၀ ဒီဇင္ဘာ ၁၄ ကေန ဒီအထိပါပဲ အေျခအေန က ေအာက္ေျခ ထိေတြ႕ မႈေတြက တစ္ေလွ်ာက္လံုးျဖစ္လာတဲ့ အခါက်ေတာ့ အေျခအေနက ေနာက္ပိုင္း ဆက္ၿပီး အဲဒီ တစ္လပိုင္း ေနာက္ပိုင္းက်ေတာ့ ပိုၿပီးေတာ့ နည္းနည္းေလး တင္းမာလာတဲ့ သေဘာနဲ႔ ျပည္ သူေတြက ထြက္ေျပးတိမ္း ေရွာင္ေနရတဲ့ အထိ သြားေရာက္ရွိတာေပါ့” ဟု ေျပာသည္။

အဆိုပါ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံ ၆၀၀ နီးပါးခန္႔မွာ ေတာထဲသို႔ ထြက္ေျပးတိမ္းေရွာင္ေနရၿပီး လံုၿခံဳ သည္ ဟု ယူဆရသည့္ ေနရာမ်ားတြင္ တဲထိုးကာ ေနေနရသည္ဟု ေညာင္ေလးပင္ခ႐ိုင္ ကရင္လူမႈေရးရာ တာ၀န္ရွိသူ က ဆိုသည္။

တပ္မဟာ ၃ နယ္ေျမတြင္ တိုက္ပြဲျဖစ္ပြားခဲ့သည့္ေနရာမ်ားသည္ တပ္မေတာ္မွ လမ္းေဖာက္လုပ္ေနသည့္ ေနရာမ်ား တစ္ေလွ်ာက္တြင္ ျဖစ္ပြားေနၿပီး အဆိုပါလမ္းမွာ တပ္မဟာ ၃ ႏွင့္ တပ္မဟာ ၅ ဖက္ကို ဆက္ သြယ္ထားသည့္ လမ္းေၾကာင္းျဖစ္သည္ဟု ပဒိုမန္းမန္းက ေျပာသည္။

ပဒိုမန္းမန္းက “တပ္မဟာ ၃ ဖက္ကေတာ့ ခဲဒဲေပါ့ေနာ ကားလမ္းတစ္ေလွ်ာက္ ကားလမ္းေဖာက္တဲ့ ေနရာဆိုေတာ့ က်ေနာ္တို႔ မူသယ္ ခဲဒဲရြာေနာ အဲဒီဟာေတြကလည္း က်ေနာ္တို႔ တပ္မဟာ ၅ ႏွင့္ တပ္မဟာ ၃ နဲ႔ အခု ေက်ာက္ႀကီးနဲ႔ က်ေနာ္တို႔ ဒီဖက္ တပ္မဟာ ၅ ဖက္မွာဆို ေဖာက္တဲ့ လမ္းေပါ့ေလ လယ္မူပေလာဖက္ကို တက္တဲ့ လမ္း အဲဒီလမ္းေၾကာမွာပဲ ျဖစ္ပါတယ္။ သူတို႔ရဲ႕ မဟာဗ်ဴဟာ စစ္ဆင္ ေရးလမ္းေဖာက္တဲ့ လမ္းေၾကာပဲ ျဖစ္ပါတယ္” ဟုေျပာသည္။

KNU တပ္မဟာ ၃ နယ္ေျမတြင္ ကရင္ႏွစ္သစ္ကူး မတိုင္ခင္ကတည္းက စတင္ျဖစ္ပြားလာသည့္ တိုက္ပြဲ မ်ားမွာ လက္ရွိအခ်ိန္တြင္ ၿငိမ္သက္ေနေသာ္လည္း ႏွစ္ဖက္တပ္အင္အား တိုးခ်ဲ႕ထားသည့္ အေနအထား မ်ားေၾကာင့္ တိုက္ပြဲမ်ား ထပ္မံျဖစ္ပြားလာမည္ကို ေဒသခံမ်ားက စိုးရိမ္ေနၾကသည္ဟု ေညာင္ေလး ပင္ခ ႐ိုင္ ကရင္လူမႈ႕ေရးရာအဖြဲ႔မွ တာ၀န္ရွိသူ ေစာစိပေၾတာ္ က ေျပာသည္။

ထို႔ေၾကာင့္ သက္ဆိုင္ရာ အဖြဲ႔အစည္းမ်ားအေနျဖင့္ တိုက္ပြဲမ်ား ရပ္တန္႔ရန္အတြက္ NCA စာခ်ဳပ္ပါအတိုင္း ျပည္သူလူထု၏ လူမႈ႕ဘ၀ လံုၿခံဳေရးအတြက္ အျမန္ဆံုးေတြ႕ဆံု ေဆြးေႏြးညွိႏႈိင္းၾကရန္ လိုသည္ဟု ကရင္ လူမႈ႕ေရး ရာအဖြဲ႔က ဆိုသည္။

ကရင္အမ်ိဳးသား အစည္းအရံုး KNU သည္အျခား တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္း ၉ ဖြဲ႔ႏွင့္အတူ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သဘာတူစာခ်ဳပ္ NCA ကို လက္မွတ္ေရးထိုး ထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔ျဖစ္သည္။

ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ႏွင့္ အတူ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူ စာ ခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္ အျခားေသာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွာ ခ်င္း အမ်ိဳးသားတပ္ဦး CNF ၊ ျမန္မာ ႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF ၊ ကရင္ ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ ျပည္လြတ္ ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္ လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမိုေရစီ အက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ ပါတီ NMSP ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။