တပ်စခန်းများ ရုတ်သိမ်းရန် ဘီးလင်းဒေသခံများ တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၂၇ ရက်။
ကျေးရွာများထဲတွင် တပ်စွဲထားသည့် တပ်မတော် တပ်စခန်းများကို ရုတ်သိမ်းပေးရန်နှင့် လက်ရှိဖြစ် ပွားနေသည့် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ကြားက တိုက်ပွဲများကို အစိုးရမှ ညှိနှိုင်း ဖြေရှင်းပေးရန် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာသားများက ဆန္ဒထုတ်ဖော် တောင်းဆို လိုက်သည်။
ဇန္နဝါရီလ ၂၇ ရက်နေ့ (ယနေ့) တွင် ဘီးလင်းမြို့နယ်ထဲက ကျေးရွာအုပ်စု ၃ ခုမှ မွန်၊ ကရင်နှင့် ပအို့ဝ် တိုင်းရင်းသား ဒေသခံ ပြည်သူများက အဆိုပါ အချက်များ အပါအဝင် အချက် ၆ ချက်ကို ဆန္ဒထုတ်ဖော် ကာ တောင်းဆိုလိုက် ခြင်းဖြစ်သည် ဟု သိရသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေး တာဝန်ခံ တစ်ဦးဖြစ်သူ စောပီတာ က “ကျနော်တို့က တပ် အင်အားတိုးချဲ့တာတို့ ဘာတို့တော့ ကျနော်တို့ မလိုချင်ဘူးပေါ့နော်။ ပြောချင်တဲ့ သဘောက ပြည်သူလူထု နဲ့ ဒီကြားထဲမှာ ရှိနေတဲ့ တပ်စခန်းတွေက ကျနော်တို့ မလိုချင်ဘူးပေါ့နော်။ အဲလိုမျိုး ဖြစ်နိုင်လို့ရှိရင်တော့ ပြည်သူနဲ့ နည်းနည်းဝေးရာကို သွားစေချင်တာပေါ့နော်” ဟု ပြောသည်။
“ကြက်ပေါင်းဆိပ်ဖက်မှာ BGF တပ်တွေရှိတယ်။ ကြက်ပေါင်းဆိပ်မှာ အဲဒီ ဖုန်းကြီးကျောင်း နားမှာပေါ့နော်။ ကျနော်တို့ အဲ့မှာ ရှိတယ်။ အဲဒီ အခြေအနေက သူတို့က ရှိနေတာပဲ ဟိုတစ်ခေါက်တုန်းက စစ်ဖြစ်တဲ့အခါ မှာလည်း သူတို့က ဘယ်လိုပြောရမလဲ ကျနော်တို့က ဒီလိုမျိုးဖြစ်လာတဲ့အခါမှာ သူတို့က ပစ်တယ်။ ညဖက် ကျလို့ရှိရင် သူတို့က ဘုန်းကြီးကျောင်းထဲ ဝင်အိပ်တယ်။ ဒါတွေကြောင့်လည်း ဒါတွေက အခက်အခဲ တစ်ခု ဖြစ်တယ်။ အဲလိုမျိုးကာဗာမယူပဲနဲ့ အဲလိုမျိုးကျတော့လည်း နည်းနည်း အခက်အခဲရှိတာပေါ့နော်။”
ထို့အပြင် နှစ်ဖက် အဖွဲ့အစည်းများမှ NCA စာချုပ် သဘောတူညီချက်များကို အကောင် အထည်ဖော်ပေးရန် နှင့် လက်ရှိဖြစ်ပွားနေသည့် KNU နှင့် တပ်မတော်တို့၏ စစ်ရေးတင်းမာမှုများကို အစိုးရမှ ညှိနှိုင်းဖြေရှင်းပေးရန်လည်း တောင်းဆိုသည်ဟု စောပီတာ က ဆက်ပြောသည်။
၎င်း က “အထူးသဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပါ အချက်များ ကို အ ကောင်အထည် ဖော်ဆောင်ရွက်ဖို့ရယ်။ နောက်ပြီးတော့ နှစ်ဖက် လေးစားလိုက်နာရမယ့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနဲ့ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်ကို လိုက်နာဆောင်ရွက်ဖို့ ရယ်။ နောက်ပြီးတော့ ဒေသအတွင်းဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခ အလိုမရှိတာတွေရယ်၊ နောက်ပြီး တော့ ကျေးရွာထဲမှာ လာပြီးတော့ တပ်စွဲထားတဲ့ တပ်စခန်း တွေ ကျနော်တို့က အလိုမရှိတာရယ်၊ နောက် ပြီး ဒီအောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ ပစ်ခိုက်တိုက်ခိုက်မှု ပဋိပက္ခကို အစိုးရက ညှိနှိုင်းဖြေရှင်းပေးဖို့ရယ်၊ နောက်ပြီးတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းဖို့ ဆို ပြီးတော့ အဲဒီ ၆ ချက်က အဓိက ကျတာပေါ့နော်” ဟု ပြောသည်။
ကျေးရွာအုပ်စု ၃ စုထဲရှိ ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံ ၂၀၀၀ ကျော်တို့က ၎င်းတို့ဒေသအတွင်းရှိ တပ်မတော်နှင့် BGF အဖွဲ့များ၏ တပ်စခန်းများကို ဆုတ်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ပျဉ်းမပင်ဆိပ်ကျေးရွာမှ ဒေသခံ နော်အယ်ကညောဖော က “အခုဆိုရင် ပေါ်တာထမ်းရမယ်ဆိုတဲ့ ကိစ္စ ကြောင့် ယောက်ကျားလေးအများစုက ထွက်ပြေးရတယ်။ ညဘက်ဆို တောထဲတွေမှာသွားအိပ်ရတယ်။ အဲ့တော့ မပြေးတဲ့လူတွေဖြစ်တဲ့ အမျိုးသမီးနဲ့ ကလေးတွေကျန်ခဲ့ရတယ်။ ဆိုတော့ အဲ့မှာ စိုးရိမ်ရတာက တိုက်ပွဲဖြစ်ရင် နေရပ်စွန့်ခွာရမယ်။ နောက်ပြီး လက်နက်ကြီးပစ်လာရင်၊ လက်နက်ကြီးကျလာတာမျိုးတွေ စိုးရိမ်တယ်။ နောက်တစ်ခုက ပြေးနေရတဲ့ အမျိုးသားသော်လည်းကောင်း၊ ဖခင်၊ သားတွေသော်လည်း ကောင်းပေါ့ သူတို့အတွက်လည်း စိတ်ပူနေရတယ်။ တောထဲမှာ အဆင်ပြေပါ့မလား၊ နောက်တစ်ခုက တပ်ကဖမ်းတာမျိုးတွေမှာ မိသွားရင်ဆိုတာမျိုးတွေပေါ့နော်” ဟု ပြောသည်။
ထို့အပြင် ကျေးရွာမှာ ကျန်ခဲ့သူအများစုမှ အမျိုးသမီးများ ဖြစ်သည့်အတွက် လုံခြုံရေး စိတ်ချရမှုမရှိ ဟုလည်း နော်အယ်ကညောဖော က ဆက်ပြောသည်။
“ကျမတို့က စိုးရိမ်တယ်။ တပ်မဟာ ၅ က နော်မူးနော်ရဲ့ ကိစ္စလိုမျိုးပေါ့၊ အဲ့လိုမျိုးကိစ္စတွေကြားထားရတော့ တုန်လှုပ်တယ်။ အော် NCA ထိုးပြီးပြီ ဒါပေမယ့် အရပ်သားတွေက ဒီလိုမျိုး အသတ်ခံရတယ်ဆိုတာမျိုး ရှိ လာတော့ အံ့သြသွားတယ်၊ လန့်လည်းလန့်သွားတယ်။ အဲ့ဒီအသိက ကျမတို့လည်း သူ့လိုမျိုး အချိန်မရွေး ဖြစ်သွားနိုင်တယ်ပေါ့။ ကျမတို့က ဘာလက်နက်မှလည်းမရှိဘူး။ နောက်ပြီး အမျိုးသမီးလည်း ဖြစ်တယ်ပေါ့။ သူတို့က အမြဲတမ်း ရွာထဲဝင်လာနိုင်တယ်လေ။ သူတို့ဝင်လာရင် ပထမဦးဆုံးတွေ့မှာက အမျိုးသားတွေက ထွက်ပြေးနေရတဲ့အတွက် ကျမတို့ အမျိုးသမီးတွေလေ၊ တော်တော်စိတ်ပူနေရတယ်။ အမျိုးသမီးတွေဖြစ် တဲ့အတွက် ထူးထူးခြားခြား တခြားလူတွေထက် ထိတ်လန့်နေရတယ်ပေါ့နော်။”
တပ်မတော်က KNU နယ်မြေအတွင်းရှိ တပ်စခန်းများ တိုးချဲ့မှုမရှိသည့်အပြင် တပ်မတော်တပ်စခန်း ၆၀ ကျော်ကို ဖြုတ်သိမ်းပေးထားပြီးဖြစ်သည်ဟု ယမန်နေ့က ပြုလုပ်သည့် တပ်မတော်၏ သတင်းစာရှင်းလင်းပွဲ အပြီးတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ၏ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က သတင်းထောက် များအား ပြောသည်။
“KNU တပ်မဟာနယ်မြေ အလိုက်မှာ ကျနော်တို့ ဖြုတ်သိမ်းပေးခဲ့တဲ့ စခန်း အကုန်လုံးပေါင်း ၆၁ ခုရှိတယ်၊ ဒါက ကျနော်တို့ရဲ့ သက်သေအထောက်အထားပဲ။ ဒါကို KNU တပ်မဟာ ၅ ကနေပေါ့၊ အဓိကတော့ တပ်မ ဟာ ၅ ကအနေနဲ့ ဘာကို သူက အထောက်အထားနဲ့ ကျနော်တို့က တပ်မတော်က စခန်းတွေ တိုးချဲ့နေ တယ်ဆို ဘာကို စွပ်စွဲချင်နေမှန်း ကျနော်တို့လည်း သဘောမပေါက်ဘူး။ ကျနော်တို့ လုပ်ခဲ့တာတော့ ဒါပဲ။”
တပ်မတော် နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား မွန်ပြည်နယ် သထုံခရိုင်-KNU တပ်မဟာ ၁ နယ်မြေ၊ ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်-KNU တပ်မဟာ ၅ နယ်မြေနှင့် ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင်-KNU တပ်မဟာ ၃ နယ်မြေအတွင်း တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုများ ရှိနေသည်။
အဆိုပါအခြေအနေများကြောင့် ယခုလ ၂၄ ရက်နေ့ကလည်း သထုံခရိုင်အတွင်းက ဒေသခံ ၈၀၀ ကျော်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နှစ်ဖက် လေးစား လိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ရေး၊ ဒေသအတွင်း လက်နက်ကိုင် ပဋိပက္ခ များ အလိုမရှိ၊ ကျေးရွာအတွင်း စွဲထားသည့် တပ်စခန်းများ အလိုမရှိ၊ အောက်ခြေတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများအား အစိုးရမှ ညှိနှိုင်းဖြေရှင်းပေးရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး စသည့်အချက်များကို ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ ကြသည်။
*** ZAWGYI ***
တပ္စခန္းမ်ား ရုတ္သိမ္းရန္ ဘီးလင္းေဒသခံမ်ား ေတာင္းဆို
သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုနွစ္၊ ဇႏၷဝါရီလ ၂၇ ရက္။
ေက်းရြာမ်ားထဲတြင္ တပ္စြဲထားသည့္ တပ္မေတာ္ တပ္စခန္းမ်ားကို ႐ုတ္သိမ္းေပးရန္ႏွင့္ လက္ရွိျဖစ္ ပြားေနသည့္ တပ္မေတာ္ႏွင့္ ကရင္အမ်ိဳးသားအစည္းအရံုး KNU တို႔ၾကားက တိုက္ပြဲမ်ားကို အစိုးရမွ ညွိႏႈိင္း ေျဖရွင္းေပးရန္ မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္အတြင္းရွိ ေက်းရြာသားမ်ားက ဆႏၵထုတ္ေဖာ္ ေတာင္းဆို လိုက္သည္။
ဇႏၷဝါရီလ ၂၇ ရက္ေန႔ (ယေန႔) တြင္ ဘီးလင္းၿမိဳ႕နယ္ထဲက ေက်းရြာအုပ္စု ၃ ခုမွ မြန္၊ ကရင္ႏွင့္ ပအို႔ဝ္ တိုင္းရင္းသား ေဒသခံ ျပည္သူမ်ားက အဆိုပါ အခ်က္မ်ား အပါအ၀င္ အခ်က္ ၆ ခ်က္ကို ဆႏၵထုတ္ေဖာ္ ကာ ေတာင္းဆိုလိုက္ ျခင္းျဖစ္သည္ ဟု သိရသည္။
မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္ရွိ ေဒသဖြံ႔ၿဖိဳးေရး တာ၀န္ခံ တစ္ဦးျဖစ္သူ ေစာပီတာ က “က်ေနာ္တို႔က တပ္ အင္အားတိုးခ်ဲ႕တာတို႔ ဘာတို႔ေတာ့ က်ေနာ္တို႔ မလိုခ်င္ဘူးေပါ့ေနာ္။ ေျပာခ်င္တဲ့ သေဘာက ျပည္သူလူထု နဲ႔ ဒီၾကားထဲမွာ ရွိေနတဲ့ တပ္စခန္းေတြက က်ေနာ္တို႔ မလိုခ်င္ဘူးေပါ့ေနာ္။ အဲလိုမ်ိဳး ျဖစ္ႏိုင္လို႔ရွိရင္ေတာ့ ျပည္သူနဲ႔ နည္းနည္းေ၀းရာကို သြားေစခ်င္တာေပါ့ေနာ္” ဟု ေျပာသည္။
“ၾကက္ေပါင္းဆိပ္ဖက္မွာ BGF တပ္ေတြရွိတယ္။ ၾကက္ေပါင္းဆိပ္မွာ အဲဒီ ဖုန္းႀကီးေက်ာင္း နားမွာေပါ့ေနာ္။ က်ေနာ္တို႔ အဲ့မွာ ရွိတယ္။ အဲဒီ အေျခအေနက သူတို႔က ရွိေနတာပဲ ဟိုတစ္ေခါက္တုန္းက စစ္ျဖစ္တဲ့အခါ မွာလည္း သူတို႔က ဘယ္လိုေျပာရမလဲ က်ေနာ္တို႔က ဒီလိုမ်ိဳးျဖစ္လာတဲ့အခါမွာ သူတို႔က ပစ္တယ္။ ညဖက္ က်လို႔ရွိရင္ သူတို႔က ဘုန္းႀကီးေက်ာင္းထဲ ၀င္အိပ္တယ္။ ဒါေတြေၾကာင့္လည္း ဒါေတြက အခက္အခဲ တစ္ခု ျဖစ္တယ္။ အဲလိုမ်ိဳးကာဗာမယူပဲနဲ႔ အဲလိုမ်ိဳးက်ေတာ့လည္း နည္းနည္း အခက္အခဲရွိတာေပါ့ေနာ္။”
ထို႔အျပင္ ႏွစ္ဖက္ အဖြဲ႔အစည္းမ်ားမွ NCA စာခ်ဳပ္ သေဘာတူညီခ်က္မ်ားကို အေကာင္အထည္ေဖာ္ ေပးရန္ ႏွင့္ လက္ရွိျဖစ္ပြားေနသည့္ KNU ႏွင့္ တပ္မေတာ္တို႔၏ စစ္ေရးတင္းမာမႈမ်ားကို အစိုးရမွ ညွိႏႈိင္းေျဖရွင္း ေပးရန္လည္း ေတာင္းဆိုသည္ဟု ေစာပီတာ က ဆက္ေျပာသည္။
၎ က “အထူးသျဖင့္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ပါ အခ်က္မ်ား ကို အ ေကာင္အထည္ ေဖာ္ေဆာင္ရြက္ဖို႔ရယ္။ ေနာက္ၿပီးေတာ့ ႏွစ္ဖက္ ေလးစားလိုက္နာရမယ့္ ပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားနဲ႔ စစ္ဖက္ဆိုင္ရာ က်င့္၀တ္ကို လိုက္နာေဆာင္ရြက္ဖို႔ ရယ္။ ေနာက္ၿပီးေတာ့ ေဒသအတြင္းျဖစ္ပြားေနတဲ့ လက္နက္ကိုင္ ပဋိပကၡ အလိုမရွိတာေတြရယ္၊ ေနာက္ၿပီး ေတာ့ ေက်းရြာထဲမွာ လာၿပီးေတာ့ တပ္စြဲထားတဲ့ တပ္စခန္း ေတြ က်ေနာ္တို႔က အလိုမရွိတာရယ္၊ ေနာက္ ၿပီး ဒီေအာက္ေျခမွာ ျဖစ္ေပၚေနတဲ့ ပစ္ခိုက္တိုက္ခိုက္မႈ ပဋိပကၡကို အစိုးရက ညွိႏႈိင္းေျဖရွင္းေပးဖို႔ရယ္၊ ေနာက္ၿပီးေတာ့ ႏိုင္ငံေရး ျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ပဲ ေျဖရွင္းဖို႔ ဆို ၿပီးေတာ့ အဲဒီ ၆ ခ်က္က အဓိက က်တာေပါ့ေနာ္” ဟု ေျပာသည္။
ေက်းရြာအုပ္စု ၃ စုထဲရွိ ေက်းရြာေပါင္း ၁၂ ရြာက ေဒသခံ ၂၀၀၀ ေက်ာ္တို႔က ၎တုိ႔ေဒသအတြင္းရွိ တပ္မေတာ္ႏွင့္ BGF အဖြဲ႕မ်ား၏ တပ္စခန္းမ်ားကို ဆုတ္ေပးရန္ ဆႏၵထုတ္ေဖာ္ခဲ့ၾကျခင္းျဖစ္သည္။
ပ်ဥ္းမပင္ဆိပ္ေက်းရြာမွ ေဒသခံ ေနာ္အယ္ကေညာေဖာ က “အခုဆိုရင္ ေပၚတာထမ္းရမယ္ဆုိတဲ့ ကိစၥ ေၾကာင့္ ေယာက္က်ားေလးအမ်ားစုက ထြက္ေျပးရတယ္။ ညဘက္ဆုိ ေတာထဲေတြမွာသြားအိပ္ရတယ္။ အဲ့ေတာ့ မေျပးတဲ့လူေတြျဖစ္တဲ့ အမ်ိဳးသမီးနဲ႔ ကေလးေတြက်န္ခဲ့ရတယ္။ ဆိုေတာ့ အဲ့မွာ စိုးရိမ္ရတာက တုိက္ပြဲျဖစ္ရင္ ေနရပ္စြန္႔ခြာရမယ္။ ေနာက္ၿပီး လက္နက္ႀကီးပစ္လာရင္၊ လက္နက္ႀကီးက်လာတာမ်ိဳးေတြ စိုးရိမ္တယ္။ ေနာက္တစ္ခုက ေျပးေနရတဲ့ အမ်ိဳးသားေသာ္လည္းေကာင္း၊ ဖခင္၊ သားေတြေသာ္လည္း ေကာင္းေပါ့ သူတို႔အတြက္လည္း စိတ္ပူေနရတယ္။ ေတာထဲမွာ အဆင္ေျပပါ့မလား၊ ေနာက္တစ္ခုက တပ္ကဖမ္းတာမ်ိဳးေတြမွာ မိသြားရင္ဆုိတာမ်ိဳးေတြေပါ့ေနာ္” ဟု ေျပာသည္။
ထို႔အျပင္ ေက်းရြာမွာ က်န္ခဲ့သူအမ်ားစုမွ အမ်ိဳးသမီးမ်ား ျဖစ္သည့္အတြက္ လံုၿခံဳေရး စိတ္ခ်ရမႈမရွိ ဟုလည္း ေနာ္အယ္ကေညာေဖာ က ဆက္ေျပာသည္။
“က်မတို႔က စိုးရိမ္တယ္။ တပ္မဟာ ၅ က ေနာ္မူးေနာ္ရဲ႕ ကိစၥလိုမ်ိဳးေပါ့၊ အဲ့လိုမ်ိဳးကိစၥေတြၾကားထားရေတာ့ တုန္လႈပ္တယ္။ ေအာ္ NCA ထိုးၿပီးၿပီ ဒါေပမယ့္ အရပ္သားေတြက ဒီလိုမ်ိဳး အသတ္ခံရတယ္ဆိုတာမ်ိဳး ရွိ လာေတာ့ အံ့ၾသသြားတယ္၊ လန္႔လည္းလန္႔သြားတယ္။ အဲ့ဒီအသိက က်မတို႔လည္း သူ႔လိုမ်ိဳး အခ်ိန္မေရြး ျဖစ္သြားႏုိ္င္တယ္ေပါ့။ က်မတို႔က ဘာလက္နက္မွလည္းမရွိဘူး။ ေနာက္ၿပီး အမ်ိဳးသမီးလည္း ျဖစ္တယ္ေပါ့။ သူတို႔က အၿမဲတမ္း ရြာထဲဝင္လာႏိုင္တယ္ေလ။ သူတို႔ဝင္လာရင္ ပထမဦးဆံုးေတြ႕မွာက အမ်ိဳးသားေတြက ထြက္ေျပးေနရတဲ့အတြက္ က်မတို႔ အမ်ိဳးသမီးေတြေလ၊ ေတာ္ေတာ္စိတ္ပူေနရတယ္။ အမ်ိဳးသမီးေတြျဖစ္ တဲ့အတြက္ ထူးထူးျခားျခား တျခားလူေတြထက္ ထိတ္လန္႔ေနရတယ္ေပါ့ေနာ္။”
တပ္မေတာ္က KNU နယ္ေျမအတြင္းရွိ တပ္စခန္းမ်ား တိုးခ်ဲ႕မႈမရွိသည့္အျပင္ တပ္မေတာ္တပ္စခန္း ၆၀ ေက်ာ္ကို ျဖဳတ္သိမ္းေပးထားၿပီးျဖစ္သည္ဟု ယမန္ေန႔က ျပဳလုပ္သည့္ တပ္မေတာ္၏ သတင္းစာရွင္းလင္းပြဲ အၿပီးတြင္ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ၏ ဥကၠ႒ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက သတင္းေထာက္ မ်ားအား ေျပာသည္။
“KNU တပ္မဟာနယ္ေျမ အလိုက္မွာ က်ေနာ္တို႔ ျဖဳတ္သိမ္းေပးခဲ့တဲ့ စခန္း အကုန္လံုးေပါင္း ၆၁ ခုရွိတယ္၊ ဒါက က်ေနာ္တုိ႔ရဲ႕ သက္ေသအေထာက္အထားပဲ။ ဒါကို KNU တပ္မဟာ ၅ ကေနေပါ့၊ အဓိကေတာ့ တပ္မ ဟာ ၅ ကအေနနဲ႔ ဘာကို သူက အေထာက္အထားနဲ႔ က်ေနာ္တုိ႔က တပ္မေတာ္က စခန္းေတြ တိုးခ်ဲ႕ေန တယ္ဆို ဘာကို စြပ္စြဲခ်င္ေနမွန္း က်ေနာ္တို႔လည္း သေဘာမေပါက္ဘူး။ က်ေနာ္တုိ႔ လုပ္ခဲ့တာေတာ့ ဒါပဲ။”
တပ္မေတာ္ ႏွင့္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တို႔အၾကား မြန္ျပည္နယ္ သထုံခ႐ိုင္-KNU တပ္မဟာ ၁ နယ္ေျမ၊ ကရင္ျပည္နယ္၊ ဖာပြန္ (မူေၾတာ္) ခ႐ိုင္-KNU တပ္မဟာ ၅ နယ္ေျမႏွင့္ ပဲခူးတိုင္း၊ ေညာင္ေလးပင္ ခ႐ိုင္-KNU တပ္မဟာ ၃ နယ္ေျမအတြင္း တို႔တြင္ တိုက္ပြဲမ်ားျဖစ္ပြားေနၿပီး စစ္ေရးတင္းမာမႈမ်ား ရွိေနသည္။
အဆုိပါအေျခအေနမ်ားေၾကာင့္ ယခုလ ၂၄ ရက္ေန႔ကလည္း သထုံခ႐ိုင္အတြင္းက ေဒသခံ ၈၀၀ ေက်ာ္က တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ပါအခ်က္မ်ား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေရး၊ ႏွစ္ဖက္ ေလးစား လိုက္နာရမည့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္း မ်ားႏွင့္ စစ္ဘက္ဆိုင္ရာ က်င့္ဝတ္မ်ားကို လိုက္နာေဆာင္႐ြက္ေရး၊ ေဒသအတြင္း လက္နက္ကိုင္ ပဋိပကၡ မ်ား အလိုမရွိ၊ ေက်း႐ြာအတြင္း စြဲထားသည့္ တပ္စခန္းမ်ား အလိုမရွိ၊ ေအာက္ေျခတြင္ ျဖစ္ေပၚေနသည့္ ပဋိပကၡမ်ားအား အစိုးရမွ ညႇိႏႈိင္းေျဖရွင္းေပးေရးႏွင့္ ႏိုင္ငံေရးျပႆနာမ်ားကို ႏိုင္ငံေရးနည္းျဖင့္ ေျဖရွင္းေရး စသည့္အခ်က္မ်ားကို ဆႏၵထုတ္ေဖာ္ ေတာင္းဆိုခဲ့ ၾကသည္။