ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီး နှစ်ဦး ထိန်းသိမ်းခံရဆဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်။

ကချင်ပြည်နယ်၏ အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် ဝန်ကြီး ၂ ဦး လွတ်မြောက်လာသေးခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြည်နယ် အလုပ်အမှု ဆောင်က ပြောသည်။

ကချင်ပြည်နယ်တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဒုတိယနေ့ အခြေအနေနှင့် ပတ်သက်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီ၏ ကချင်ပြည်နယ်အလုပ်အမှုဆောင် စိုင်းကျော်သူစိုး က ယခုကဲ့သို့ ပြောသည်။

“ဝန်ကြီးချုပ်ကိုတော့ မထွက်ခိုင်းသေးဘူး။ တချို့ဝန်ကြီးတွေတော့ လွတ်ပြီ။ ဝန်ကြီးချုပ်နဲ့တော့ ဖုန်းအဆက် အသွယ်မရသေးဘူး။ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့တော့ ဖုန်းရတယ်။ သူ့ကိုမေးကြည့်တာပေါ့။ အခုလည်း လက်ရှိသူတို့နေနေတဲ့ နေရာတွေကို ကျနော်တို့ ဝင်လို့မရဘူး။ ဖုန်းနဲ့ပဲ ဆက်သွယ်လို့ရတာ။ အခုက ကျနော် ထင်တာလေ ခွဲခွဲပြီးလွတ်ပေးနေတာ ထင်တယ်။ သူတို့ကို ခေါ်ယူထိန်းသိမ်းထားတဲ့ နေရာတွေလည်း မတူဘူး ဗျ။”

ထို့အပြင် ကချင်ပြည်နယ်၏ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ (ခ) ဦးဇခေါင်ခမ်းရယ် နှင့် လူမှုရေးဝန်ကြီး ဦးနေဝင်းတို့ မှာ လွှတ်မြောက်ခြင်းမရှိသေးဟု လည်း ဆက်ပြောသည်။

“ဝန်ကြီးဦးနေဝင်းရယ်၊ ဝန်ကြီးဦးနော်လီရယ်တော့ ထိန်းသိမ်းခံထားရတုန်းပဲလို့ကြားတယ်။ ဒါပေမယ့် ၄ နာရီ လား၊ ၄ နာရီ နောက်ပိုင်းလား ပြန်လွတ်ပေးမယ်လို့ကြားတယ်။ ကျနော်တို့ ပါတီဥက္ကဋ္ဌနဲ့ တချို့ ကျန်သေးတယ်။ ထိန်းသိမ်းခံထားရတုန်းပဲ။ သူတို့ကို အခုထိ ဘာလို့မလွတ်ပေးသေးတာလဲဆိုတာလည်း ကျနော်တို့ မသိဘူး။ ကျနော်တို့ ဒီနေ့ လွတ်လာတဲ့ ဝန်ကြီးတစ်ပါးနဲ့ အဆက်အသွယ်ရမှာသိတာ။ လမ်းပန်းဆက်သွယ်ရေးဝန်းကြီးနဲ့ လေ။ သူနဲ့ တိုင်းမှူးနဲ့ဆုံးတော့ ညနေပိုင်းလွတ်ပေးမယ်လို့ ပြောခဲ့တယ်တဲ့။ ခွဲခွပြီးလွတ်ပေးနေတယ်လို့ ထင် တယ်” ဟု စိုင်းကျော်သူစိုး က ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်နှင့် အခြားဝန်ကြီးများကို နေရာခွဲကာ ထိန်းသိမ်းထားသည်ဟု စိုင်းကျော်သူ စိုး က ဆက်ပြောသည်။

“လွတ်လာတဲ့လူတွေနဲ့လည်း ကျနော်တို့ လူချင်းဆုံလို့ မရသေးဘူး။ ထိန်းသိမ်းပြီးတာနဲ့ အခုထိ ကျနော်တို့ ဖုန်း နဲ့ပဲ ဆက်သွယ်လို့ရတာ။ လူချင်းမတွေ့ရသေးဘူး။ အခုလည်း လွတ်ပေးတာက ခွဲခွဲပြီးလွတ်ပေးနေတယ်လို့ ထင်တယ်နော်။ သူတို့ ခေါ်ယူထိန်းသိမ်း ထားတဲ့နေရာတွေလည်း မတူဘူးဗျ။ ကျနော်ကြားတာတော့ တစ်နေရာ ၂၁ မှာလို့ကြားတယ်။ တစ်နေရာကတော့ တပ်မတော်ရဲ့ မလိခရိပ်သာလို့ကြတယ်။ အဲ့မှာက ဝန်ကြီးချုပ်နဲ့ တစ် ဖွဲ့ပေါ့။ အဲ့လိုခွဲထားတယ်လို့ကြားတယ်။”

ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် လွတ်မြောက်လာသည့် ဗန်းမော်မြို့နယ် ပြည်နယ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်မြင့်က “မနေ့က မနက် ၃ နာရီမှာ လာခေါ်သွားတာပေါ့နော်။ ရဲမေးစရာရှိလို့၊ သူတို့က စစ်တပ်က ပါတဲ့ ခနလိုက်ခဲ့ပါအုံးဆိုပြီးခေါ်သွားတာပါ။ ဟိုရောက်တဲ့အခါကြတော့ စစ်တပ်မှာထားတာပေါ့။ ကောင်းကောင်း မွန်မွန်ပဲထားပါတယ်။ ပြီးတော့ တစ်ယောက်ပြီးတစ်ယောက်ခေါ်လာတယ်။ ပြီးတော့ ကျမကို အဲ့ညနေမှာပဲ ပြန် လွတ်ပေးခဲ့ပါတယ်။ ဒီရက်ပိုင်းခရီးမထွက်ဖို့မှာတယ်။ အထက်အမိန့်အရ ခေါ်ထားတာဖြစ်တယ်ပဲပြောတယ်။ ကျန်တာ ဘာမှ မမေးဘူး” ဟု ပြောသည်။

ဗန်းမော်မြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ တာဝန်ရှိသူများနှင့် အနိုင်ရကိုယ်စားလှယ် စုစုပေါင်း ၁၁ ဦး ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၃ နာရီခန့်က စတင်၍ တပ်မတော်က ခေါ်ယူထိန်းသိမ်းခဲ့ သည်ဟု သိရသည်။

“ဗန်းမော်မှာက ၁၁ ဦးရှိတယ်။ ကျမနဲ့က အမြှောက်တပ်မှာက ၄ ယောက်နေရတယ်။ ကျန်တဲ့လူတွေကိုတော့ ဒီမှာပဲ အိပ်ပေးပါအုံးဆိုပြီး အရာရှိက အဲ့လိုပြောတာ ကြားတယ်။ ဒီနေ့လွတ်မလွတ်စောင့်ကြည့်ရမှာပေ့ါ။ အမျိုး သမီးနှစ်ဦးပဲ ပြန်လွတ်တာပေါ့။ လွတ်လာတာက ကျမနဲ့ ခရိုင်သတင်းပြန်ကြားပေါ့ ခရိုင်အလုပ်အမှုဆောင်က ပေါ့ မဝါဝါအောင်ရယ်၊ ကျမတို့ နှစ်ယောက်ပဲ လွတ်တာ။ ကျန်တာတော့ ဆက်ထိန်းသိမ်းထားတယ်” ဟု ပြောသည်။

ထိန်းသိမ်းခံရသူ ၁၁ ဦးအနက် အမျိုးသမီးနှစ်ဦးကိုသာ ပြန်လွတ်ပေးခဲ့သည်ဟု ဒေါ်ဇာခြည်မြင့်က ပြော သည်။ အခြားသော မြို့နယ်များသို့ ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရသေးပေ။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၏ မဲရလဒ်သည် မသမာမှုများ ရှိနေပြီး၊ ရွေးကောက်ပွဲကော်မရှင်ကိုကော်မရှင်ကလည်း မဲစာရင်းကွာခြားမှုများကို ဖြေရှင်းဆောင်ရွက်ရန် ပျက် ကွက်ခဲ့ခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှု အပေါ် ရွှေ့ဆိုင်းပေးခြင်း မရှိခြင်း၊ အဆိုပါ ပြဿနာရပ်များကို ဖြေရှင်းမပေးခြင်းသည် ဒီမိုကရေစီ လျှောက်လှမ်း ရာတွင် အခက်အခဲမှုများ ဖြစ်နိုင်ခြင်းကြောင့် ဖြေရှင်းနိုင်ရေးအတွက် အခြေခံဥပဒေ ပုဒ်မ (၄၁၇) အရ နိုင်ငံ တဝှမ်းလုံးအား အရေးပေါ် အခြေအနေ ကြေညာလိုက်သည်ဟု မြဝတီသတင်းဌာနတွင် ဖေဖော်ဝါရီ လ ၁ ရက် နေ့ ကြေညာခဲ့သည်။

နိုင်ငံတော် အာဏာကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တစ်နှစ်တိတိ လွှဲအပ်လိုက်ကြောင်း မြဝတီ သတင်းဌာနတွင် ယမန်နေ့ နံနက်ပိုင်း ၈ နာရီ တွင် ကြေညာလိုက်သည်။

*** ZAWGYI ***
ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ၾကီး ႏွစ္ဦး ထိန္းသိမ္းခံရဆဲျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂ ရက္။

ကခ်င္ျပည္နယ္၏ အစိုးရအဖြဲ႕မွ ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီး ၂ ဦး လြတ္ေျမာက္လာေသးျခင္း မရွိေၾကာင္း အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ျပည္နယ္ အလုပ္အမႈ ေဆာင္က ေျပာသည္။

ကခ်င္ျပည္နယ္တပ္မေတာ္မွ အာဏာသိမ္းၿပီးေနာက္ ဒုတိယေန႔ အေျခအေနႏွင့္ ပတ္သက္သက္၍ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ ခ်ဳပ္ NLD ပါတီ၏ ကခ်င္ျပည္နယ္အလုပ္အမႈေဆာင္ စိုင္းေက်ာ္သူစိုး က ယခုကဲ့သို႔ ေျပာသည္။

“ဝန္ႀကီးခ်ဳပ္ကိုေတာ့ မထြက္ခုိင္းေသးဘူး။ တခ်ိဳ႕ဝန္ႀကီးေတြေတာ့ လြတ္ၿပီ။ ဝန္ႀကီးခ်ဳပ္နဲ႔ေတာ့ ဖုန္းအဆက္ အသြယ္မရေသးဘူး။ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးနဲ႔ေတာ့ ဖုန္းရတယ္။ သူ႕ကိုေမးၾကည့္တာေပါ့။ အခုလည္း လက္ရွိသူတို႔ေနေနတဲ့ ေနရာေတြကို က်ေနာ္တုိ႔ ဝင္လို႔မရဘူး။ ဖုန္းနဲ႔ပဲ ဆက္သြယ္လုိ႔ရတာ။ အခုက က်ေနာ္ ထင္တာေလ ခြဲခြဲၿပီးလြတ္ေပးေနတာ ထင္တယ္။ သူတို႔ကို ေခၚယူထိန္းသိမ္းထားတဲ့ ေနရာေတြလည္း မတူဘူး ဗ်။”

ထုိ႔အျပင္ ကခ်င္ျပည္နယ္၏ စည္ပင္သာယာေရးဝန္ႀကီး ဦးေနာ္လီ (ခ) ဦးဇေခါင္ခမ္းရယ္ ႏွင့္ လူမႈေရးဝန္ႀကီး ဦးေနဝင္းတို႔ မွာ လႊတ္ေျမာက္ျခင္းမရွိေသးဟု လည္း ဆက္ေျပာသည္။

“ဝန္ႀကီးဦးေနဝင္းရယ္၊ ဝန္ႀကီးဦးေနာ္လီရယ္ေတာ့ ထိန္းသိမ္းခံထားရတုန္းပဲလို႔ၾကားတယ္။ ဒါေပမယ့္ ၄ နာရီ လား၊ ၄ နာရီ ေနာက္ပိုင္းလား ျပန္လြတ္ေပးမယ္လို႔ၾကားတယ္။ က်ေနာ္တုိ႔ ပါတီဥကၠ႒နဲ႔ တခ်ိဳ႕ က်န္ေသးတယ္။ ထိန္းသိမ္းခံထားရတုန္းပဲ။ သူတို႔ကို အခုထိ ဘာလို႔မလြတ္ေပးေသးတာလဲဆုိတာလည္း က်ေနာ္တုိ႔ မသိဘူး။ က်ေနာ္တုိ႔ ဒီေန႔ လြတ္လာတဲ့ ဝန္ႀကီးတစ္ပါးနဲ႔ အဆက္အသြယ္ရမွာသိတာ။ လမ္းပန္းဆက္သြယ္ေရးဝန္းႀကီးနဲ႔ ေလ။ သူနဲ႔ တုိင္းမွဴးန႔ဲဆံုးေတာ့ ညေနပိုင္းလြတ္ေပးမယ္လို႔ ေျပာခဲ့တယ္တဲ့။ ခြဲခြၿပီးလြတ္ေပးေနတယ္လို႔ ထင္ တယ္” ဟု စိုင္းေက်ာ္သူစိုး က ေျပာသည္။

ျပည္နယ္အစိုးရအဖြဲ႕မွာ ဝန္ႀကီးခ်ဳပ္ႏွင့္ အျခားဝန္ႀကီးမ်ားကို ေနရာခြဲကာ ထိန္းသိမ္းထားသည္ဟု စိုင္းေက်ာ္သူ စိုး က ဆက္ေျပာသည္။

“လြတ္လာတဲ့လူေတြနဲ႔လည္း က်ေနာ္တို႔ လူခ်င္းဆံုလို႔ မရေသးဘူး။ ထိ္န္းသိမ္းၿပီးတာနဲ႔ အခုထိ က်ေနာ္တုိ႔ ဖုန္း န႔ဲပဲ ဆက္သြယ္လို႔ရတာ။ လူခ်င္းမေတြ႕ရေသးဘူး။ အခုလည္း လြတ္ေပးတာက ခြဲခြဲၿပီးလြတ္ေပးေနတယ္လို႔ ထင္တယ္ေနာ္။ သူတို႔ ေခၚယူထိန္းသိမ္း ထားတဲ့ေနရာေတြလည္း မတူဘူးဗ်။ က်ေနာ္ၾကားတာေတာ့ တစ္ေနရာ ၂၁ မွာလို႔႔ၾကားတယ္။ တစ္ေနရာကေတာ့ တပ္မေတာ္ရဲ႕ မလိခရိပ္သာလို႔ၾကတယ္။ အဲ့မွာက ဝန္ႀကီးခ်ဳပ္နဲ႔ တစ္ ဖြဲ႕ေပါ့။ အဲ့လိုခြဲထားတယ္လို႔ၾကားတယ္။”

ဖမ္းဆီးထိန္းသိမ္းခံရၿပီးေနာက္ လြတ္ေျမာက္လာသည့္ ဗန္းေမာ္ၿမိဳ႕နယ္ ျပည္နယ္(၂) လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚဇာျခည္ျမင့္က “မေန႔က မနက္ ၃ နာရီမွာ လာေခၚသြားတာေပါ့ေနာ္။ ရဲေမးစရာရွိလို႔၊ သူတို႔က စစ္တပ္က ပါတဲ့ ခနလိုက္ခဲ့ပါအံုးဆိုၿပီးေခၚသြားတာပါ။ ဟိုေရာက္တဲ့အခါၾကေတာ့ စစ္တပ္မွာထားတာေပါ့။ ေကာင္းေကာင္း မြန္မြန္ပဲထားပါတယ္။ ၿပီးေတာ့ တစ္ေယာက္ၿပီးတစ္ေယာက္ေခၚလာတယ္။ ၿပီးေတာ့ က်မကို အဲ့ညေနမွာပဲ ျပန္ လြတ္ေပးခဲ့ပါတယ္။ ဒီရက္ပိုင္းခရီးမထြက္ဖုိ႔မွာတယ္။ အထက္အမိန္႔အရ ေခၚထားတာျဖစ္တယ္ပဲေျပာတယ္။ က်န္တာ ဘာမွ မေမးဘူး” ဟု ေျပာသည္။

ဗန္းေမာ္ၿမိဳ႕နယ္အတြင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီမွ တာဝန္ရွိသူမ်ားႏွင့္ အႏုိင္ရကိုယ္စားလွယ္ စုစုေပါင္း ၁၁ ဦး ကို ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ နံနက္ ၃ နာရီခန္႔က စတင္၍ တပ္မေတာ္က ေခၚယူထိန္းသိမ္းခဲ့ သည္ဟု သိရသည္။

“ဗန္းေမာ္မွာက ၁၁ ဦးရွိတယ္။ က်မနဲ႔က အေျမွာက္တပ္မွာက ၄ ေယာက္ေနရတယ္။ က်န္တဲ့လူေတြကိုေတာ့ ဒီမွာပဲ အိပ္ေပးပါအံုးဆိုၿပီး အရာရွိက အဲ့လိုေျပာတာ ၾကားတယ္။ ဒီေန႔လြတ္မလြတ္ေစာင့္ၾကည့္ရမွာေပ့ါ။ အမ်ိဳး သမီးႏွစ္ဦးပဲ ျပန္လြတ္တာေပါ့။ လြတ္လာတာက က်မနဲ႔ ခရိုင္သတင္းျပန္ၾကားေပါ့ ခရိုင္အလုပ္အမႈေဆာင္က ေပါ့ မဝါဝါေအာင္ရယ္၊ က်မတုိ႔ ႏွစ္ေယာက္ပဲ လြတ္တာ။ က်န္တာေတာ့ ဆက္ထိန္းသိမ္းထားတယ္” ဟု ေျပာသည္။

ထိန္းသိမ္းခံရသူ ၁၁ ဦးအနက္ အမ်ိဳးသမီးႏွစ္ဦးကိုသာ ျပန္လြတ္ေပးခဲ့သည္ဟု ေဒၚဇာျခည္ျမင့္က ေျပာ သည္။ အျခားေသာ ၿမိဳ႕နယ္မ်ားသို႔ ဆက္သြယ္ေနေသာ္လည္း ဆက္သြယ္၍ မရေသးေပ။

၂၀၂၀ ခုႏွစ္ ႏုိဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပခဲ့သည့္ အေထြေထြေရြးေကာက္ပြဲ၏ မဲရလဒ္သည္ မသမာမႈမ်ား ရွိေနၿပီး၊ ေရြးေကာက္ပြဲေကာ္မရွင္ကိုေကာ္မရွင္ကလည္း မဲစာရင္းကြာျခားမႈမ်ားကို ေျဖရွင္းေဆာင္ရြက္ရန္ ပ်က္ ကြက္ခဲ့ျခင္း၊ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝးမ်ားကို ေရႊ႕ဆုိင္းေပးရန္ ေတာင္းဆိုမႈ အေပၚ ေရႊ႕ဆိုင္းေပးျခင္း မရွိျခင္း၊ အဆုိပါ ျပႆနာရပ္မ်ားကို ေျဖရွင္းမေပးျခင္းသည္ ဒီမိုကေရစီ ေလွ်ာက္လွမ္း ရာတြင္ အခက္အခဲမႈမ်ား ျဖစ္ႏိုင္ျခင္းေၾကာင့္ ေျဖရွင္းႏို္င္ေရးအတြက္ အေျခခံဥပေဒ ပုဒ္မ (၄၁၇) အရ ႏိုင္ငံ တဝွမ္းလုံးအား အေရးေပၚ အေျခအေန ေၾကညာလိုက္သည္ဟု ျမဝတီသတင္းဌာနတြင္ ေဖေဖာ္ဝါရီ လ ၁ ရက္ ေန႔ ေၾကညာခဲ့သည္။

ႏိုင္ငံေတာ္ အာဏာကိုလည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ တစ္ႏွစ္တိတိ လႊဲအပ္လိုက္ေၾကာင္း ျမဝတီ သတင္းဌာနတြင္ ယမန္ေန႔ နံနက္ပိုင္း ၈ နာရီ တြင္ ေၾကညာလိုက္သည္။