တိုင်းရင်းသား ပြည်နယ်များတွင် အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုများ စတင်ပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင်သာမကပဲ တိုင်းရင်းသားပြည်နယ်များတွင်လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ စတင်နေပြီဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်လည်း ကျောင်းသားလူငယ်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဝန် ထမ်းများက ဖေဖော်ဝါရီလ ၇ ရက်နေ့ (ယနေ့)တွင် ပထမဦးဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ကျနော်တို့က လားရှိုးတက္ကသိုလ်ရှေ့ကနေ စတာပါ။ ဒီနေ့မနက်ပိုင်းမှာ စလုပ်ကြတာပါ။ အားလုံးက စစ်အာ ဏာရှင်မလိုမရှိဘူး၊ ကျနော်တို့ ကိုယ်တိုင်မဲပေးခဲ့တဲ့ ရွေးချယ်ခဲ့တဲ့အစိုးရပဲ ဒီအစိုးရအနေနဲ့လက်ခံတာပါ။ ဘာပဲ ပြောပြော အခုလို စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ မတရားဘူး၊ အတင်းအဓမ္မပေါ့နော်၊ ပြည်သူကို အနိုင် ကျင့်တယ်လို့ပဲ မြင်တယ်။ အဲ့ဒါကြောင့် ဒီဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ရတာပါ။ ကျနော်တို့ လားရှိုးမှာ ဒီနေ့စလုပ် တယ်။ မနက်ဖြန်လည်း ဆက်လုပ်သွားမယ်။ နောက်ရက်တွေလည်း စစ်အာဏာရှင်ကျဆုံးတဲ့အထိ လုပ်သွား ကြမှာပါဗျ” ဟု ဆန္ဒုထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် လားရှိုးဒေသခံ ကိုမျိုးဦး က ပြောသည်။
လားရှိုးမြို့က ဆန္ဒထုတ်ဖော်မှုတွင် စစ်အာဏာရှင်အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ၊ ပြည်သူများက ရွေးချယ်ထားသည့် အရပ်သား အစိုးရကိုသာ ထောက်ခံကြောင်း၊ ဖမ်းဆီးခံထားရသည့် ခေါင်းဆောင်များအား ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်ဟု ပြောသည်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ နှင့် ဖယ်ခုံမြို့တို့တွင်လည်း ဒေသခံ ထောင်ချီက တပ်မတော် အာဏာသိမ်းခြင်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း ယနေ့ညနေ အချိန်ခန့်က ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။
ထို့အပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်း စစ်အာဏာရှင်ဆန္ဒကျင်သည့် စီတန်းလှည့်လည်မှုများ စတင် လုပ်ဆောင်နေပြီဟု မော်လမြိုင်မြို့ ခံ မိချမ်းမွန် က ပြောသည်။
“ဒီနေ့ကတော့ လမ်းထွက်တဲ့လူတော့ ရှိတယ်။ ဒါပေမယ့် ရန်ကုန်တို့လိုတော့ မဟုတ်ဘူးပေါ့နော်။ ထောင်ချီ တော့ ရှိမယ်။ ဒီမှာက မနက်ပိုင်းရော ညနေပိုင်းရောလုပ်ကြတာပေါ့။ ရန်ကုန်လိုမျိုး လမ်းလျှောက် ဆန္ဒထုတ် ဖော်တာတော့ မဟုတ်သေးဘူး။ အော်တာမျိုးလည်း မဟုတ်ဘူး။ ဆိုင်ကယ်နဲ့ လှည့်ကြတယ်။ ဒီမှာက ဒီနေ့မှ စတယ်။ မနက်ဖြန်လည်း ဒီမှာက လုပ်အုံးမယ်။ ဒီကတော့ အခြေအနေကတော့ အေးအေးဆေးဆေးပါပဲ၊ ကျမတို့ဆီမှတော့ တပ်တို့ဘာတို့ လုံခြုံရေးယူတာမျိုးလည်း သိပ်မတွေ့ရသေးဘူး။ ကမ်းနားလမ်းတို့၊ အောက် လမ်းတို့ တစ်လျှောက်နဲ့ မြို့ထဲ နေရာတွေမှာ ဆိုင်ကယ်စီးပြီး လှည့်တာမျိုးပေါ့။ တခြားမြို့တွေတော့ မကြားသေး ဘူး။ မော်လမြိုင်မြို့ပေါ်မှာပဲ စလုပ်တာပါ။”
ထို့အပြင် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်လည်း စစ်အာဏာရှင်စနစ်ကို ကန့်ကွက်သည့်အနေဖြင့် ဆိုင်ကယ်များ၊ မော်တော်ကားများဖြင့် လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။
အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့ တွင်လည်း ဒေသခံများ စစ်တပ်အာဏာသိမ်းမှု ဆန်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူများအား ဖမ်းဆီးနှိမ်နှင်းမှုများ ပြုလုပ်ခဲ့သည်ဟု မြဝတီမြို့ ခံတစ်ဦးက ပြောသည်။
“ကျနော်တို့ ဒီနယ်စပ် ချစ်ကြည်ရေးတံတားဘက်မှာဖြစ်သွားတာပါ။ ရဲတွေက ဆန္ဒပြတဲ့လူတွေကို လိုက်ဖမ်း တယ်။ ပြီးတော့ သေနတ်တွေပစ်ပြီး လူစုခွဲတယ်လို့ ပြောတာပါ၊ ကျနော်က အစပိုင်းလေးပဲ သွားပြီး လူများလာ တော့ ပြန်လာတာဗျ။ ဆန္ဒပြတာကို ဦးဆောင်တဲ့လူတွေကိုလည်း ဖမ်းထားတယ်လို့ ပြောတယ်ဗျ။ ၆ ယောက် လား ၇ ယောက်လားမသိဘူး ရဲကဖမ်းသွားတာလေ” ဟု မြဝတီမြို့ ခံ ကိုဘိုဘိုက ပြောသည်။
ကချင်ပြည်နယ်အပါအဝင် တခြားသော တိုင်းရင်းသားပြည်နယ်များတွင်လည်း လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ် ဖော်သည့် လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းမရှိသေးသော်လည်း ညတိုင်း အိုးခွက်သံပုံးများတီးကာ စစ်အာဏာ သိမ်းမှုကို မလိုလားကြောင်း၊ ဆန့်ကျင်ကြောင်း အခြားသော တိုင်းနှင့်ပြည်နယ်အသီးသီးက ပြည်သူများနည်းတူ ပြသနေကြသည်။
ကချင်ပြည်နယ်အပါအဝင် အခြားသော ပြည်နယ်များတွင်လည်း မနက်ဖြန်မှ စတင်၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းလမ်းပေါ်ကာ ဆန္ဒပြလှုပ်ရှားမှုများ စတင်မည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။
*** zawgyi ***
တိုင္းရင္းသား ျပည္နယ္မ်ားတြင္ အာဏာသိမ္းဆန္႔က်င္ေရး လႈပ္ရွားမႈမ်ား စတင္ၿပီ
သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုနွစ္၊ ေဖေဖာ္ဝါရီလ ၇ ရက္။
ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္တို႔တြင္သာမကပဲ တုိင္းရင္းသားျပည္နယ္မ်ားတြင္လည္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေၾကာင္း ဆႏၵထုတ္ေဖာ္မႈေတြ စတင္ေနၿပီျဖစ္သည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕တြင္လည္း ေက်ာင္းသားလူငယ္မ်ား၊ ေဒသခံတုိင္းရင္းသားျပည္သူမ်ား၊ ဝန္ ထမ္းမ်ားက ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ (ယေန႔)တြင္ ပထမဦးဆံုးအႀကိမ္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။
“က်ေနာ္တုိ႔က လားရိႈးတကၠသိုလ္ေရွ႕ကေန စတာပါ။ ဒီေန႔မနက္ပိုင္းမွာ စလုပ္ၾကတာပါ။ အားလံုးက စစ္အာ ဏာရွင္မလိုမရွိဘူး၊ က်ေနာ္တို႔ ကိုယ္တုိင္မဲေပးခဲ့တဲ့ ေရြးခ်ယ္ခဲ့တဲ့အစိုးရပဲ ဒီအစိုးရအေနနဲ႔လက္ခံတာပါ။ ဘာပဲ ေျပာေျပာ အခုလို စစ္တပ္က အာဏာသိမ္းတယ္ဆိုတာ မတရားဘူး၊ အတင္းအဓမၼေပါ့ေနာ္၊ ျပည္သူကို အႏုိင္ က်င့္တယ္လို႔ပဲ ျမင္တယ္။ အဲ့ဒါေၾကာင့္ ဒီဆႏၵထုတ္ေဖာ္မႈမွာ ပါဝင္ရတာပါ။ က်ေနာ္တုိ႔ လားရိႈးမွာ ဒီေန႔စလုပ္ တယ္။ မနက္ျဖန္လည္း ဆက္လုပ္သြားမယ္။ ေနာက္ရက္ေတြလည္း စစ္အာဏာရွင္က်ဆံုးတဲ့အထိ လုပ္သြား ၾကမွာပါဗ်” ဟု ဆႏၵုထုတ္ေဖာ္ရာတြင္ ပါဝင္ခဲ့သည့္ လားရိႈးေဒသခံ ကိုမ်ိဳးဦး က ေျပာသည္။
လားရိႈးၿမိဳ႕က ဆႏၵထုတ္ေဖာ္မႈတြင္ စစ္အာဏာရွင္အလိုမရွိ၊ စစ္အာဏာရွင္စနစ္ က်ဆံုးပါေစ၊ ျပည္သူမ်ားက ေရြးခ်ယ္ထားသည့္ အရပ္သား အစိုးရကိုသာ ေထာက္ခံေၾကာင္း၊ ဖမ္းဆီးခံထားရသည့္ ေခါင္းေဆာင္မ်ားအား ခ်က္ခ်င္းလႊတ္ေပးရန္ ေတာင္းဆိုခဲ့ၾကသည္ဟု ေျပာသည္။
အလားတူ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ ႏွင့္ ဖယ္ခံုၿမိဳ႕တို႔တြင္လည္း ေဒသခံ ေထာင္ခ်ီက တပ္မေတာ္ အာဏာသိမ္းျခင္းအား ဆန္႔က်င္ကန္႔ကြက္ေၾကာင္း ယေန႔ညေန အခ်ိန္ခန္႔က ဆႏၵထုတ္ေဖာ္ခဲ့ ၾကသည္။
ထို႔အျပင္ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္လည္း စစ္အာဏာရွင္ဆႏၵက်င္သည့္ စီတန္းလွည့္လည္မႈမ်ား စတင္ လုပ္ေဆာင္ေနၿပီဟု ေမာ္လၿမိဳင္ၿမိဳ႕ ခံ မိခ်မ္းမြန္ က ေျပာသည္။
“ဒီေန႔ကေတာ့ လမ္းထြက္တဲ့လူေတာ့ ရွိတယ္။ ဒါေပမယ့္ ရန္ကုန္တုိ႔လိုေတာ့ မဟုတ္ဘူးေပါ့ေနာ္။ ေထာင္ခ်ီ ေတာ့ ရွိမယ္။ ဒီမွာက မနက္ပိုင္းေရာ ညေနပိုင္းေရာလုပ္ၾကတာေပါ့။ ရန္ကုန္လိုမ်ိဳး လမ္းေလ်ွာက္ ဆႏၵထုတ္ ေဖာ္တာေတာ့ မဟုတ္ေသးဘူး။ ေအာ္တာမ်ိဳးလည္း မဟုတ္ဘူး။ ဆုိင္ကယ္နဲ႔ လွည့္ၾကတယ္။ ဒီမွာက ဒီေန႔မွ စတယ္။ မနက္ျဖန္လည္း ဒီမွာက လုပ္အံုးမယ္။ ဒီကေတာ့ အေျခအေနကေတာ့ ေအးေအးေဆးေဆးပါပဲ၊ က်မတို႔ဆီမွေတာ့ တပ္တုိ႔ဘာတို႔ လံုၿခံဳေရးယူတာမ်ိဳးလည္း သိပ္မေတြ႕ရေသးဘူး။ ကမ္းနားလမ္းတို႔၊ ေအာက္ လမ္းတို႔ တစ္ေလ်ွာက္နဲ႔ ၿမိဳ႕ထဲ ေနရာေတြမွာ ဆုိင္ကယ္စီးၿပီး လွည့္တာမ်ိဳးေပါ့။ တျခားၿမိဳ႕ေတြေတာ့ မၾကားေသး ဘူး။ ေမာ္လၿမိဳင္ၿမိဳ႕ေပၚမွာပဲ စလုပ္တာပါ။”
ထုိ႔အျပင္ ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕တြင္လည္း စစ္အာဏာရွင္စနစ္ကို ကန္႔ကြက္သည့္အေနျဖင့္ ဆုိင္ကယ္မ်ား၊ ေမာ္ေတာ္ကားမ်ားျဖင့္ လွည့္လည္ကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္ဟု ေဒသခံမ်ားက ေျပာသည္။
အလားတူ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ တြင္လည္း ေဒသခံမ်ား စစ္တပ္အာဏာသိမ္းမႈ ဆန္က်င္သည့္ ဆႏၵထုတ္ေဖာ္မႈမ်ား ျပဳလုပ္ခဲ့ရာ ရဲတပ္ဖြဲ႕ဝင္ေတြက ဆႏၵျပသူမ်ားအား ဖမ္းဆီးႏွိမ္ႏွင္းမႈမ်ား ျပဳလုပ္ခဲ့သည္ဟု ျမဝတီၿမိဳ႕ ခံတစ္ဦးက ေျပာသည္။
“က်ေနာ္တုိ႔ ဒီနယ္စပ္ ခ်စ္ၾကည္ေရးတံတားဘက္မွာျဖစ္သြားတာပါ။ ရဲေတြက ဆႏၵျပတဲ့လူေတြကို လိုက္ဖမ္း တယ္။ ၿပီးေတာ့ ေသနတ္ေတြပစ္ၿပီး လူစုခြဲတယ္လို႔ ေျပာတာပါ၊ က်ေနာ္က အစပိုင္းေလးပဲ သြားၿပီး လူမ်ားလာ ေတာ့ ျပန္လာတာဗ်။ ဆႏၵျပတာကို ဦးေဆာင္တဲ့လူေတြကိုလည္း ဖမ္းထားတယ္လို႔ ေျပာတယ္ဗ်။ ၆ ေယာက္ လား ၇ ေယာက္လားမသိဘူး ရဲကဖမ္းသြားတာေလ” ဟု ျမဝတီၿမိဳ႕ ခံ ကိုဘိုဘိုက ေျပာသည္။
ကခ်င္ျပည္နယ္အပါအဝင္ တျခားေသာ တုိင္းရင္းသားျပည္နယ္မ်ားတြင္လည္း လမ္းမေပၚထြက္ကာ ဆႏၵထုတ္ ေဖာ္သည့္ လႈပ္ရွားမႈမ်ား လုုပ္ေဆာင္ျခင္းမရွိေသးေသာ္လည္း ညတိုင္း အိုးခြက္သံပံုးမ်ားတီးကာ စစ္အာဏာ သိမ္းမႈကို မလိုလားေၾကာင္း၊ ဆန္႔က်င္ေၾကာင္း အျခားေသာ တုိင္းႏွင့္ျပည္နယ္အသီးသီးက ျပည္သူမ်ားနည္းတူ ျပသေနၾကသည္။
ကခ်င္ျပည္နယ္အပါအဝင္ အျခားေသာ ျပည္နယ္မ်ားတြင္လည္း မနက္ျဖန္မွ စတင္၍ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေၾကာင္းလမ္းေပၚကာ ဆႏၵျပလႈပ္ရွားမႈမ်ား စတင္မည္ဟု တက္ၾကြလႈပ္ရွားသူမ်ားက ေျပာသည္။