မြစ်ကြီးနားရှိ ဘဏ်များရှေ့တွင် လုံခြုံရေး တင်းကြပ်စွာချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှိ ဘဏ်များရှေ့တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ (ယနေ့) တွင် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များတင်းကြပ်စွာ နေရာချထားသည်ကို တွေ့ရသည်။
မြစ်ကြီးနားမြို့ရှိ ပုဂ္ဂလိက ဘဏ်များဖြစ်ကြသည့် KBZ ဘဏ် ၂ ဘဏ်၊ AYA ဘဏ်၊ ရိုးမဘဏ်၊ အင်းဝဘဏ်၊ AGD (အာရှစိမ်းလန်းစိုပြေရေး ဘဏ်)နှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင် စစ်သားများကို တွေ့ရသည်ဟု ဒေသခံ များက ပြောသည်။
ယခင်ရက်များက ထိုကဲ့သို့ ဘဏ်များထဲတွင် စစ်သားများကို မတွေ့ခဲ့ရပဲ ယနေ့နံနက်မှ စတင်၍ ဘဏ်များ အတွင်း စစ်သားများနှင့်ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေသည်ကို တွေ့ရသည်ဟု မြစ်ကြီးနားမြို့ ခံများက ပြောသည်။
“သူတို့ အခုလို စောင့်နေတဲ့အတွက် ကျမတို့က ဘဏ်က ATM မှာတောင် ပိုက်ဆံသွားမထုတ်ရဲဘူး။ စစ်ဝတ်စုံ ဝတ်ထားတဲ့လူကို တွေ့တာနဲ့ အနားတောင် မသွားရဲတော့ဘူး။ ကြောက်တယ်လေနော်။ စစ်ဝတ်စုံတွေ့တာနဲ့ ကြောက်နေပြီ ဒီကလူတွေက။ ဘယ်သူမှ မသွားရဲဘူး” ဟု မြစ်ကြီးနားမြို့ခံ တစ်ဦးက ပြောသည်။
ထို့အပြင် စစ်တပ်မှ အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ မြစ်ကြီးနားမြို့ရှိ အစိုးရ ရုံးများ၊ ဌာနပေါင်းစုံ စုပေါင်းရုံး၊ ကချင်ပြည်နယ် လွှတ်တော်ရုံး၊ MPT ဖုန်းရုံးနှင့် မန်ခိန်ရပ်ကွက်ရှိ လျှပ်စစ်ဓါတ် အားဖြန့်ဖြူးရေးရုံးတို့တွင် စစ်သားများ အစောင့်ချသည်ကို တွေ့ ရသည်။
စစ်တပ်မှ တင့်ကားများလည်း စစ်အာဏာသိမ်းသည့်နေ့မှ စတင်၍ မြစ်ကြီးနားမြို့ တွင် လှည့်လည်နေပြီး စစ် သားများတင်ထားသည့် ကားများလည်း မြို့အတွင်း လှည့်နေသည်ကို တွေ့ရဟု မြစ်ကြီးနားမြို့ ခံများ က ပြော သည်။
အလားတူ မြစ်ကြီးနားမြို့ နှင့် ဝိုင်းမော်မြို့သွားရာ ဗလမင်းထင်တံတားနှစ်ဖက်စလုံးတွင်လည်း ယခင်ကထက် စစ်တပ်မှ အင်အားများ ဖြည့်တင်းထားသည်ကို တွေ့ရသည်။
*** ZAWGYI ***
ျမစ္ႀကီးနားရွိ ဘဏ္မ်ားေရွ႕တြင္ လုံၿခဳံေရး တင္းၾကပ္စြာခ်
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၅ ရက္။
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ ရွိ ဘဏ္မ်ားေရွ႕တြင္ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ (ယေန႔) တြင္ စစ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားတင္းၾကပ္စြာ ေနရာခ်ထားသည္ကို ေတြ႕ရသည္။
ျမစ္ႀကီးနားၿမိဳ႕ရွိ ပုဂၢလိက ဘဏ္မ်ားျဖစ္ၾကသည့္ KBZ ဘဏ္ ၂ ဘဏ္၊ AYA ဘဏ္၊ ႐ိုးမဘဏ္၊ အင္းဝဘဏ္၊ AGD (အာရွစိမ္းလန္းစိုေျပေရး ဘဏ္)ႏွင့္ ျမန္မာ့စီးပြားေရးဘဏ္တို႔တြင္ စစ္သားမ်ားကို ေတြ႕ရသည္ဟု ေဒသခံ မ်ားက ေျပာသည္။
ယခင္ရက္မ်ားက ထိုကဲ့သို႔ ဘဏ္မ်ားထဲတြင္ စစ္သားမ်ားကို မေတြ႕ခဲ့ရပဲ ယေန႔နံနက္မွ စတင္၍ ဘဏ္မ်ား အတြင္း စစ္သားမ်ားႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိေနသည္ကို ေတြ႕ရသည္ဟု ျမစ္ႀကီးနားၿမိဳ႕ ခံမ်ားက ေျပာသည္။
“သူတို႔ အခုလို ေစာင့္ေနတဲ့အတြက္ က်မတို႔က ဘဏ္က ATM မွာေတာင္ ပိုက္ဆံသြားမထုတ္ရဲဘူး။ စစ္ဝတ္စုံ ဝတ္ထားတဲ့လူကို ေတြ႕တာနဲ႔ အနားေတာင္ မသြားရဲေတာ့ဘူး။ ေၾကာက္တယ္ေလေနာ္။ စစ္ဝတ္စုံေတြ႕တာနဲ႔ ေၾကာက္ေနၿပီ ဒီကလူေတြက။ ဘယ္သူမွ မသြားရဲဘူး” ဟု ျမစ္ႀကီးနားၿမိဳ႕ခံ တစ္ဦးက ေျပာသည္။
ထို႔အျပင္ စစ္တပ္မွ အာဏာသိမ္းလိုက္သည့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ စတင္၍ ျမစ္ႀကီးနားၿမိဳ႕ရွိ အစိုးရ ႐ုံးမ်ား၊ ဌာနေပါင္းစုံ စုေပါင္း႐ုံး၊ ကခ်င္ျပည္နယ္ လႊတ္ေတာ္႐ုံး၊ MPT ဖုန္း႐ုံးႏွင့္ မန္ခိန္ရပ္ကြက္ရွိ လွ်ပ္စစ္ဓါတ္ အားျဖန႔္ျဖဴးေရး႐ုံးတို႔တြင္ စစ္သားမ်ား အေစာင့္ခ်သည္ကို ေတြ႕ ရသည္။
စစ္တပ္မွ တင့္ကားမ်ားလည္း စစ္အာဏာသိမ္းသည့္ေန႔မွ စတင္၍ ျမစ္ႀကီးနားၿမိဳ႕ တြင္ လွည့္လည္ေနၿပီး စစ္ သားမ်ားတင္ထားသည့္ ကားမ်ားလည္း ၿမိဳ႕အတြင္း လွည့္ေနသည္ကို ေတြ႕ရဟု ျမစ္ႀကီးနားၿမိဳ႕ ခံမ်ား က ေျပာ သည္။
အလားတူ ျမစ္ႀကီးနားၿမိဳ႕ ႏွင့္ ဝိုင္းေမာ္ၿမိဳ႕သြားရာ ဗလမင္းထင္တံတားႏွစ္ဖက္စလုံးတြင္လည္း ယခင္ကထက္ စစ္တပ္မွ အင္အားမ်ား ျဖည့္တင္းထားသည္ကို ေတြ႕ရသည္။