အသင်းသားများကန့်ကွက်ခြင်းကြောင့် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီနှင့် LBC ကျောင်းအုပ်ကြီး မတွေ့ဆုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လော်ဝေါ် နှစ်ချင်းခရစ်ယာန် အသင်းသူ/သားများ ကန့်ကွက်သည့် အတွက် လော်ဝေါ်ကျမ်းစာသင်ကျောင်း (LBC) မှ ကျောင်းအုပ်ကြီး နှင့် ကချင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံရန် အစီအစဉ်ပျက်သွားသည်။

ကျမ်းစာကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာ ရုတ်ချောင်လွမ်းခေါင် နှင့် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်တို့ တွေ့ဆုံမည့် အစီအစဉ် ပျက်သွားခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ လော်ဝေါ်လူငယ်တစ်ဦးက “ကျနော်တို့က စစ်အာဏာရှင်နဲ့ ညှိနှိုင်းမယ်ဆိုတာ ကို လက်မခံနိုင်တာပါ။ ကျနော်တို့ ပြည်သူတွေက လုံးဝသဘောမတူဘူး။ ကျောင်းစာကျောင်းဖြစ်တယ်လေ။ ဒီမှာအစည်းအဝေးလုပ်တာကို လုံးဝကန့်ကွက်တဲ့အတွက် ကျနော်တို့ ကန့်ကွက်ရတာပါ။ စစ်အာဏာရှင်နဲ့ ညှိ နှိုင်းမယ့်ကိစ္စကို လုံးဝလက်မခံဘူး” ဟု ပြောသည်။

လော်ဝေါ်နှစ်ခြင်း အသင်းတော်မှ လူငယ်များ၊ အသင်းသူ/သားများအပါအဝင် စစ်အာဏာရှင်စနစ်ကို မလိုလား သည့် မြစ်ကြီးနားမြို့ က ဒေသခံပြည်သူ ၃၀၀ ကျော်ခန့် က ကျမ်းစာကျောင်းရှေ့တွင် တွေ့ဆုံမှုကို မလုပ်ရန် ဆန္ဒ ထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

“ကျနော်တို့ ခံယူထားတာက ကျမ်းစာကျောင်းက နှုတ်ကပတ်တော်ကို သင်ကြားပို့ချမယ့်နေရာ၊ နိုင်ငံရေး ဇာတ် ခုံမှာ ဆွေးနွေးဖို့ရန်မဟုတ်ဘူးဆိုတာကို ခံယူထားတဲ့အတွက် ကျနော်တို့ လူငယ်တွေ ဒီနေ့ ကျမ်းစာ ကျောင်းမှာ ကောင်စီဥက္ကဋ္ဌ လာရောက်မယ်လို့ ကြားသိတဲ့အတွက် လာရောက်ဝန်းရံခြင်းဖြစ်တယ်။ လာပြီးတော့ ဆန့်ကျင် နေခြင်းဖြစ်တယ်။ မကြိုဆိုကြောင်းလာပြီးတော့ ပြသနေရခြင်းဖြစ်ပါတယ်” ဟု အခြားလော်ဝေါ်လူငယ် တစ်ဦးကလည်း သတင်းမီဒီယာများကို ပြောသည်။

“ကျနော်တို့က ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရကိုပဲ လိုလားခြင်း ဖြစ်ပါတယ်။ ကျနော်တို့မဲတစ်ပြားမှ မပေးထားတဲ့ ဒီကောင်စီဥက္ကဋ္ဌ စစ်ဥက္ကဋ္ဌကို ပေါ့နော် မကြိုဆိုနိုင်ဘူးလို့ လာရောက်ကန့်ကွက်ရခြင်းဖြစ်တယ်။ ဒီကျမ်းစာကျောင်းက တစ်ဦးတစ်ယောက်ပိုင်တဲ့ ကျမ်းစာကျောင်းမဟုတ်ဘူး။ ကျနော်တို့ လော်ဝေါ်လူမျိုး နှစ် ခြင်းတွေ အားလုံးပိုင်တဲ့ ကျမ်းစာကျောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ အစိုးရကနေ ဘယ်လိုပဲဖွဲ့စည်းပေးပေး ဘယ်လိုမှ အသိအမှတ်မပြုဘူး။ စစ်ဘက်က ခန့်ပေးတဲ့ ဘယ်တစ်ဦးတစ်ယောက်ကိုမှ အယုံအကြည်မရှိဘူးလို့ ကန့်ကွက် နေရခြင်းဖြစ်တယ်။ တားဆီးနေရခြင်း ဖြစ်ပါတယ်။”

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ (ယနေ့) နေ့လည်ပိုင်းတွင် ရွှေစက်ရပ်ကွက်ရှိ လော်ဝေါ်ကျမ်းစာကျောင်းတွင် တွေ့ဆုံ ရန် စီစဉ်ထားခဲ့ရာ အသင်းသူ/သားများက ကျမ်းစာကျောင်းဝင်းအတွင်း တွေ့ဆုံဆွေးနွေးမှုကို လက်မခံကြောင်း ဆန္ဒ ထုတ်ဖော် ကန့်ကွက်ခဲ့သည့်အတွက် အစီအစဉ် ပျက်သွားခဲ့ခြင်းဖြစ်သည်။

ပြည်သူများ လော်ဝေါ်ကျမ်းစာသင်ကျောင်းရှေ့တွင် ထိုတွေ့ဆုံမှုကို ကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်ခဲ့သည့် အတွက် ကျမ်းစာကျောင်းမှ တာဝန်ရှိသူများကလည်း ယနေ့တွေ့ဆုံမှုကို ဖြတ်သိမ်းကြောင်း ပြန်လည်ရှင်းပြ ခဲ့ သည်။

“ဒီတွေ့ဆုံမှုကို လက်မခံနိုင်ဘူး။ နိုင်ငံရေးနဲ့ဘာသာရေးက သက်သက်စီဖြစ်တဲ့အတွက် ဒီလိုမျိုးမလုပ်ဖို့ပေါ့နော်။ နိုင်ငံရေးကို ဒါမျိုးမလုပ်ဆောင်ဘူး။ နိုင်ငံရေး အခြေအနေတွေ မငြိမ်မသက်ဖြစ်နေတဲ့အတွက် တည်ငြိမ်သွားမှ ပဲ ဒီလိုမျိုးတွေ့ဆုံမှုကို လက်ခံသွားမယ်။ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ နောက်နောင် နိုင်ငံရေးမှာ ပါဝင် သွားမှာ မဟုတ်ဘူး အဲ့ဒါတွေကို ပြန်ရှင်းပြခဲ့တယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် အဆိုပါ လော်ဝေါ်လူ ငယ် က ဆက်ပြောသည်။

လော်ဝေါ်တိုင်းရင်းသားများသည် ကချင်မျိုးနွယ်စု ၆ မျိုးထဲက မျိုးနွယ်စုတစ်စုဖြစ်သည်။ ကချင်မျိုးနွယ်စု ၆ မျိုး မှာ ဂျိမ်းဖော၊ လော်ဝေါ်၊ လီဆူ၊ လချိတ်၊ ရဝမ်နှင့် ဇိုင်ဝါး မျိုးနွယ်စုများ ဖြစ်ကြသည်။

မြစ်ကြီးနားမြို့နယ်အတွင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဖွင့်လှစ်ထားသည့် နောင်နန်းကျမ်းစာ ကျောင်း၊ မြစ်ကြီးနားဇုံနယ်ကျမ်းစာကျောင်း၊ ရွှေစက်ရပ်ကွက်ရှိ လော်ဝေါ်ကျမ်းစာသင်ကျောင်း (LBC)၊ ရွှေစက် ရပ်ကွက်ရှိ လီဆူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (LBC)က ဖွင့်လှစ်ထားသည့် ကူးမူးလီဆူကျမ်းစာကျောင်း၊ တပ်ကုန်း ရပ်ကွက်ရှိ AG ကျမ်းစာကျောင်း၊ ဂျာမိုင်ကျောင်းရပ်ကွက်ရှိ နှစ်ခြင်း(မူရင်း) Hanson ကျမ်းစာကျောင်း နှင့် အခြားသော ခရစ်ယာန်ကျမ်းစာသင်ကျောင်းများ ရှိသည်။

*** ZAWGYI ***
အသင္းသားမ်ားကန႔္ကြက္ျခင္းေၾကာင့္ ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီႏွင့္ LBC ေက်ာင္းအုပ္ႀကီး မေတြ႕ဆုံ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၇ ရက္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ရွိ ေလာ္ေဝၚ ႏွစ္ခ်င္းခရစ္ယာန္ အသင္းသူ/သားမ်ား ကန႔္ကြက္သည့္ အတြက္ ေလာ္ေဝၚက်မ္းစာသင္ေက်ာင္း (LBC) မွ ေက်ာင္းအုပ္ႀကီး ႏွင့္ ကခ်င္ ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီတို႔ ေတြ႕ဆုံရန္ အစီအစဥ္ပ်က္သြားသည္။

က်မ္းစာေက်ာင္းမွ ေက်ာင္းအုပ္ႀကီး ေဒါက္တာ ႐ုတ္ေခ်ာင္လြမ္းေခါင္ ႏွင့္ ကခ်င္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒ ဦးခက္ထိန္နန္တို႔ ေတြ႕ဆုံမည့္ အစီအစဥ္ ပ်က္သြားျခင္းျဖစ္သည္။

ဆႏၵထုတ္ေဖာ္ရာတြင္ ပါဝင္ခဲ့သူ ေလာ္ေဝၚလူငယ္တစ္ဦးက “က်ေနာ္တို႔က စစ္အာဏာရွင္နဲ႔ ညႇိႏႈိင္းမယ္ဆိုတာ ကို လက္မခံႏိုင္တာပါ။ က်ေနာ္တို႔ ျပည္သူေတြက လုံးဝသေဘာမတူဘူး။ ေက်ာင္းစာေက်ာင္းျဖစ္တယ္ေလ။ ဒီမွာအစည္းအေဝးလုပ္တာကို လုံးဝကန႔္ကြက္တဲ့အတြက္ က်ေနာ္တို႔ ကန႔္ကြက္ရတာပါ။ စစ္အာဏာရွင္နဲ႔ ညႇိ ႏႈိင္းမယ့္ကိစၥကို လုံးဝလက္မခံဘူး” ဟု ေျပာသည္။

ေလာ္ေဝၚႏွစ္ျခင္း အသင္းေတာ္မွ လူငယ္မ်ား၊ အသင္းသူ/သားမ်ားအပါအဝင္ စစ္အာဏာရွင္စနစ္ကို မလိုလား သည့္ ျမစ္ႀကီးနားၿမိဳ႕ က ေဒသခံျပည္သူ ၃၀၀ ေက်ာ္ခန႔္ က က်မ္းစာေက်ာင္းေရွ႕တြင္ ေတြ႕ဆုံမႈကို မလုပ္ရန္ ဆႏၵ ထုတ္ေဖာ္ ေတာင္းဆိုခဲ့ၾကသည္။

“က်ေနာ္တို႔ ခံယူထားတာက က်မ္းစာေက်ာင္းက ႏႈတ္ကပတ္ေတာ္ကို သင္ၾကားပို႔ခ်မယ့္ေနရာ၊ ႏိုင္ငံေရး ဇာတ္ ခုံမွာ ေဆြးေႏြးဖို႔ရန္မဟုတ္ဘူးဆိုတာကို ခံယူထားတဲ့အတြက္ က်ေနာ္တို႔ လူငယ္ေတြ ဒီေန႔ က်မ္းစာ ေက်ာင္းမွာ ေကာင္စီဥကၠ႒ လာေရာက္မယ္လို႔ ၾကားသိတဲ့အတြက္ လာေရာက္ဝန္းရံျခင္းျဖစ္တယ္။ လာၿပီးေတာ့ ဆန႔္က်င္ ေနျခင္းျဖစ္တယ္။ မႀကိဳဆိုေၾကာင္းလာၿပီးေတာ့ ျပသေနရျခင္းျဖစ္ပါတယ္” ဟု အျခားေလာ္ေဝၚလူငယ္ တစ္ဦးကလည္း သတင္းမီဒီယာမ်ားကို ေျပာသည္။

“က်ေနာ္တို႔က ျပည္သူေတြ တင္ေျမႇာက္ထားတဲ့ အစိုးရကိုပဲ လိုလားျခင္း ျဖစ္ပါတယ္။ က်ေနာ္တို႔မဲတစ္ျပားမွ မေပးထားတဲ့ ဒီေကာင္စီဥကၠ႒ စစ္ဥကၠ႒ကို ေပါ့ေနာ္ မႀကိဳဆိုႏိုင္ဘူးလို႔ လာေရာက္ကန႔္ကြက္ရျခင္းျဖစ္တယ္။ ဒီက်မ္းစာေက်ာင္းက တစ္ဦးတစ္ေယာက္ပိုင္တဲ့ က်မ္းစာေက်ာင္းမဟုတ္ဘူး။ က်ေနာ္တို႔ ေလာ္ေဝၚလူမ်ိဳး ႏွစ္ ျခင္းေတြ အားလုံးပိုင္တဲ့ က်မ္းစာေက်ာင္းျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အစိုးရကေန ဘယ္လိုပဲဖြဲ႕စည္းေပးေပး ဘယ္လိုမွ အသိအမွတ္မျပဳဘူး။ စစ္ဘက္က ခန႔္ေပးတဲ့ ဘယ္တစ္ဦးတစ္ေယာက္ကိုမွ အယုံအၾကည္မရွိဘူးလို႔ ကန႔္ကြက္ ေနရျခင္းျဖစ္တယ္။ တားဆီးေနရျခင္း ျဖစ္ပါတယ္။”

ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔ (ယေန႔) ေန႔လည္ပိုင္းတြင္ ေ႐ႊစက္ရပ္ကြက္ရွိ ေလာ္ေဝၚက်မ္းစာေက်ာင္းတြင္ ေတြ႕ဆုံ ရန္ စီစဥ္ထားခဲ့ရာ အသင္းသူ/သားမ်ားက က်မ္းစာေက်ာင္းဝင္းအတြင္း ေတြ႕ဆုံေဆြးေႏြးမႈကို လက္မခံေၾကာင္း ဆႏၵ ထုတ္ေဖာ္ ကန႔္ကြက္ခဲ့သည့္အတြက္ အစီအစဥ္ ပ်က္သြားခဲ့ျခင္းျဖစ္သည္။

ျပည္သူမ်ား ေလာ္ေဝၚက်မ္းစာသင္ေက်ာင္းေရွ႕တြင္ ထိုေတြ႕ဆုံမႈကို ကန႔္ကြက္ေၾကာင္းဆႏၵထုတ္ေဖာ္ခဲ့သည့္ အတြက္ က်မ္းစာေက်ာင္းမွ တာဝန္ရွိသူမ်ားကလည္း ယေန႔ေတြ႕ဆုံမႈကို ျဖတ္သိမ္းေၾကာင္း ျပန္လည္ရွင္းျပ ခဲ့ သည္။

“ဒီေတြ႕ဆုံမႈကို လက္မခံႏိုင္ဘူး။ ႏိုင္ငံေရးနဲ႔ဘာသာေရးက သက္သက္စီျဖစ္တဲ့အတြက္ ဒီလိုမ်ိဳးမလုပ္ဖို႔ေပါ့ေနာ္။ ႏိုင္ငံေရးကို ဒါမ်ိဳးမလုပ္ေဆာင္ဘူး။ ႏိုင္ငံေရး အေျခအေနေတြ မၿငိမ္မသက္ျဖစ္ေနတဲ့အတြက္ တည္ၿငိမ္သြားမွ ပဲ ဒီလိုမ်ိဳးေတြ႕ဆုံမႈကို လက္ခံသြားမယ္။ ဘာသာေရးေခါင္းေဆာင္ေတြအေနနဲ႔ ေနာက္ေနာင္ ႏိုင္ငံေရးမွာ ပါဝင္ သြားမွာ မဟုတ္ဘူး အဲ့ဒါေတြကို ျပန္ရွင္းျပခဲ့တယ္” ဟု ဆႏၵထုတ္ေဖာ္ရာတြင္ ပါဝင္ခဲ့သည့္ အဆိုပါ ေလာ္ေဝၚလူ ငယ္ က ဆက္ေျပာသည္။

ေလာ္ေဝၚတိုင္းရင္းသားမ်ားသည္ ကခ်င္မ်ိဳးႏြယ္စု ၆ မ်ိဳးထဲက မ်ိဳးႏြယ္စုတစ္စုျဖစ္သည္။ ကခ်င္မ်ိဳးႏြယ္စု ၆ မ်ိဳး မွာ ဂ်ိမ္းေဖာ၊ ေလာ္ေဝၚ၊ လီဆူ၊ လခ်ိတ္၊ ရဝမ္ႏွင့္ ဇိုင္ဝါး မ်ိဳးႏြယ္စုမ်ား ျဖစ္ၾကသည္။

ျမစ္ႀကီးနားၿမိဳ႕နယ္အတြင္း ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ (KBC) မွ ဖြင့္လွစ္ထားသည့္ ေနာင္နန္းက်မ္းစာ ေက်ာင္း၊ ျမစ္ႀကီးနားဇုံနယ္က်မ္းစာေက်ာင္း၊ ေ႐ႊစက္ရပ္ကြက္ရွိ ေလာ္ေဝၚက်မ္းစာသင္ေက်ာင္း (LBC)၊ ေ႐ႊစက္ ရပ္ကြက္ရွိ လီဆူႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ (LBC)က ဖြင့္လွစ္ထားသည့္ ကူးမူးလီဆူက်မ္းစာေက်ာင္း၊ တပ္ကုန္း ရပ္ကြက္ရွိ AG က်မ္းစာေက်ာင္း၊ ဂ်ာမိုင္ေက်ာင္းရပ္ကြက္ရွိ ႏွစ္ျခင္း(မူရင္း) Hanson က်မ္းစာေက်ာင္း ႏွင့္ အျခားေသာ ခရစ္ယာန္က်မ္းစာသင္ေက်ာင္းမ်ား ရွိသည္။