ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၁၀၃)

စစ်တပ်က အာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အား ကောင်းလာသလို အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေက လည်း မြို့နယ်တိုင်းမှာ ဖြစ်လာနေပါတယ်။ ဒီလိုအာ ဏာသိမ်းယူမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက လည်း ပျက်ပြယ်သွားပြီဖြစ်ပြီး အခုလုပ်ရပ်ဟာ နိုင်ငံတော်ကို သစ္စာဖောက်တာဖြစ်ကြောင်း အကြမ်းဖက်နည်းနဲ့ အာဏာကို ပြန်လုယူတာဖြစ်တယ် လို့ သုံးသပ်နေကြပါတယ်။

ဒီစစ်အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံပျက်သွားတဲ့အပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လည်း ပျက် သွားပြီလို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ ဒီအကြောင်းကို ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ရး၅၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို စနေနေ့ မနက်ပိုင်း-၈း၁၅ နာရီ တို့ မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။