ဖက်ဒရယ်စနစ် အခြေခံသည့် ဖွဲ့စည်းပုံ ပေါ်ပေါက်ရန် CRPH ရည်မှန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး အပါအဝင် နိုင်ငံရေး ရည်မှန်းချက် ၄ ချက်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ပြည်သူများနှင့်အတူ ရရှိအောင် ကြိုးစားလုပ်ဆောင်သွားမည်ဟု ပြောဆိုလိုက်သည်။
မတ်လ ၅ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်ထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော် မတီ CRPH ၏ နိုင်ငံရေး ရည်မှန်းချက်ထဲတွင် တွေ့ရသည်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ၏ နိုင်ငံရေး ရည်မှန်းချက်များမှာ “စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊ သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖျက်သိမ်း ရေး နှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး” တို့ ဖြစ်သည်ဟု CRPH ၏ နိုင်ငံရေး ရည်မှန်းချက် ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် စစ်အာဏာရှင်စနစ် နှင့် စစ်အာဏာသိမ်းသံသရာ ချုပ် ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသည့် နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် အထက်ပါ နိုင်ငံ ရေးရည်မှန်းချက်များကို ချမှတ်လိုက်သည် ဟု ဆိုသည်။
ထို့အပြင် အဆိုပါ နိုင်ငံရေးရည်မှန်းချက်များ အပြည့်အဝ အောင်မြင်စေရေးအတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အတူ လက်တွဲကာ မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ကတိ သစ္စာပြုအပ်ပါသည် ဟု CRPH က ပြောသည်။
CRPH ၏ နိုင်ငံရေး ရည်မှန်းချက် ထုတ်ပြန်ချက်ထဲတွင် နှစ်ပေါင်းများစွာကြုံတွေ့လာခဲ့ရသော နိုင်ငံရေးပြဿ နာများ၊ တိုင်းရင်းသားဒေသများတွင် ကျူးလွန်သော စစ်ရာဇဝတ်မှုများ နှင့် လက်နက်မဲ့ အရပ်သားပြည်သူ လူ ထုအပေါ် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှု၊ ပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ်များကို ပြောင်ပြောင် တင်း တင်း တိုက်ခိုက်ဖျက်ဆီးမှုများအားလုံး၏ လက်သည် တရားခံမှာ စစ်တပ်က နိုင်ငံအား ဗိုလ်ကျစိုးမိုးလိုမှု နှင့် ယင်းအလိုဆန္ဒအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ကာကွယ်ထားမှုတို့ပင်ဖြစ်သည် ဖော်ပြထားသည်။
ထို့အပြင် စစ်တပ်သည် နိုင်ငံရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ အစဉ်တစိုက် ပါဝင်၍ ဗိုလ်ကျ စိုးမိုးနိုင်ရေး အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့ကြောင်းနှင့် ၎င်းတို့၏ နိုင်ငံရေးအခန်း ကဏ္ဍ ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ကာကွယ်ထားသည့်တိုင် ကျေနပ်မှုမရှိဘဲ မိမိတို့ ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပင် ပြန်လည်ချိုးဖောက်ကာ စစ်အာဏာသိမ်းမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထပ်မံလုပ်ဆောင်ခဲ့ပြီ ဖြစ်သည်ဟု CRPH ၏ နိုင်ငံရေး ရည်မှန်းချက် ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် တိုင်းရင်းသားပြည်သူများသည် စစ်အာဏာ ရှင်စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို စစ်အာဏာရှင်များက လက် နက်အင်အား အသုံးပြု၍ သိမ်းယူခဲ့သည်ကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်ကြောင်းနှင့် စစ်အာဏာရှင် အဆက်ဆက်၏ အာဏာအလွဲ သုံးစားပြုမှု၊ ကိုယ်ကျိုးရှာမှု၊ နိုင်ငံချစ်စိတ်ကင်းမဲ့မှုတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ခေတ်နောက်ကျ ကျန်ရစ်သော နိုင်ငံတစ်ခု ဖြစ်ခဲ့ရသည်ဟု CRPH ၏ နိုင်ငံရေး ရည်မှန်း ချက် ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။
*** ZAWGYI ***
ဖက္ဒရယ္စနစ္ အေျခခံသည့္ ဖြဲ႔စည္းပံု ေပၚေပါက္ရန္ CRPH ရည္မွန္း
သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုနွစ္၊ မတ္လ ၅ ရက္။
၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ဖ်က္သိမ္းေရး ႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒ ေပၚေပါက္ေရး အပါအ၀င္ ႏိုင္ငံေရး ရည္မွန္းခ်က္ ၄ ခ်က္ကို ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္ မတီ CRPH က ျပည္သူမ်ားႏွင့္အတူ ရရွိေအာင္ ႀကိဳးစားလုပ္ေဆာင္သြားမည္ဟု ေျပာဆိုလိုက္သည္။
မတ္လ ၅ ရက္ေန႔ (ယေန႔) တြင္ ထုတ္ျပန္ထားသည့္ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္ မတီ CRPH ၏ ႏိုင္ငံေရး ရည္မွန္းခ်က္ထဲတြင္ ေတြ႕ရသည္။
ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ CRPH ၏ ႏိုင္ငံေရး ရည္မွန္းခ်က္မ်ားမွာ “စစ္အာဏာရွင္ စနစ္ခ်ဳပ္ၿငိမ္းေရး၊ သမၼတႀကီး ဦးဝင္းျမင့္ ႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါ အဝင္ ဖမ္းဆီးထိန္းသိမ္းခံရသူအားလုံး လြတ္ေျမာက္ေရး၊ ဒီမိုကေရစီရရွိေရး၊ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ဖ်က္သိမ္း ေရး ႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံ သည့္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒ ေပၚေပါက္ေရး” တို႔ ျဖစ္ သည္ဟု CRPH ၏ ႏိုင္ငံေရး ရည္မွန္းခ်က္ ထုတ္ျပန္ခ်က္ထဲတြင္ ပါရွိသည္။
ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီအေနျဖင့္ စစ္အာဏာရွင္စနစ္ ႏွင့္ စစ္အာဏာသိမ္းသံသရာ ခ်ဳပ္ ၿငိမ္းၿပီး ဖက္ဒရယ္ဒီမိုကေရစီစနစ္ကို အေျခခံသည့္ ႏိုင္ငံေတာ္တည္ေဆာက္ႏိုင္ေရးအတြက္ အထက္ပါ ႏိုင္ငံ ေရးရည္မွန္းခ်က္မ်ားကို ခ်မွတ္လိုက္သည္ ဟု ဆိုသည္။
ထို႔အျပင္ အဆိုပါ ႏိုင္ငံေရးရည္မွန္းခ်က္မ်ား အျပည့္အဝ ေအာင္ျမင္ေစေရးအတြက္ တိုင္းရင္းသားျပည္သူ တစ္ရပ္လုံးႏွင့္ အတူ လက္တြဲကာ မမွိတ္မသုန္ ႀကိဳးပမ္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေလးနက္စြာ ကတိ သစၥာျပဳအပ္ပါသည္ ဟု CRPH က ေျပာသည္။
CRPH ၏ ႏိုင္ငံေရး ရည္မွန္းခ်က္ ထုတ္ျပန္ခ်က္ထဲတြင္ ႏွစ္ေပါင္းမ်ားစြာႀကဳံေတြ႕လာခဲ့ရေသာ ႏိုင္ငံေရးျပႆ နာမ်ား၊ တိုင္းရင္းသားေဒသမ်ားတြင္ က်ဴးလြန္ေသာ စစ္ရာဇဝတ္မႈမ်ား ႏွင့္ လက္နက္မဲ့ အရပ္သားျပည္သူ လူ ထုအေပၚ လူမဆန္စြာ ပစ္ခတ္သတ္ျဖတ္မႈ၊ ျပည္သူ မ်ား၏ အသက္အိုးအိမ္စည္းစိမ္မ်ားကို ေျပာင္ေျပာင္ တင္း တင္း တိုက္ခိုက္ဖ်က္ဆီးမႈမ်ားအားလုံး၏ လက္သည္ တရားခံမွာ စစ္တပ္က ႏိုင္ငံအား ဗိုလ္က်စိုးမိုးလိုမႈ ႏွင့္ ယင္းအလိုဆႏၵအား ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒျဖင့္ ကာကြယ္ထားမႈတို႔ပင္ျဖစ္သည္ ေဖာ္ျပထားသည္။
ထို႔အျပင္ စစ္တပ္သည္ ႏိုင္ငံေရးတြင္ ဦးေဆာင္မႈအခန္းက႑မွ အစဥ္တစိုက္ ပါဝင္၍ ဗိုလ္က် စိုးမိုးႏိုင္ေရး အတြက္ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေရးဆြဲအတည္ျပဳခဲ့ေၾကာင္းႏွင့္ ၎တို႔၏ ႏိုင္ငံေရးအခန္း က႑ ကို ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒျဖင့္ ကာကြယ္ထားသည့္တိုင္ ေက်နပ္မႈမရွိဘဲ မိမိတို႔ ေရးဆြဲခဲ့သည့္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကိုပင္ ျပန္လည္ခ်ိဳးေဖာက္ကာ စစ္အာဏာသိမ္းမႈကို ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ ထပ္မံလုပ္ေဆာင္ခဲ့ၿပီ ျဖစ္သည္ဟု CRPH ၏ ႏိုင္ငံေရး ရည္မွန္းခ်က္ ထုတ္ျပန္ခ်က္ထဲတြင္ ပါရွိသည္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏွင့္ တိုင္းရင္းသားျပည္သူမ်ားသည္ စစ္အာဏာ ရွင္စနစ္ေအာက္တြင္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့ရေၾကာင္း၊ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာ အာဏာကို စစ္အာဏာရွင္မ်ားက လက္ နက္အင္အား အသုံးျပဳ၍ သိမ္းယူခဲ့သည္ကို အႀကိမ္ႀကိမ္ ႀကဳံေတြ႕ခဲ့ရၿပီး ျဖစ္ေၾကာင္းႏွင့္ စစ္အာဏာရွင္ အဆက္ဆက္၏ အာဏာအလြဲ သုံးစားျပဳမႈ၊ ကိုယ္က်ိဳးရွာမႈ၊ ႏိုင္ငံခ်စ္စိတ္ကင္းမဲ့မႈတို႔ေၾကာင့္ ျမန္မာႏိုင္ငံသည္ ကမာၻ႔အလယ္တြင္ ေခတ္ေနာက္က် က်န္ရစ္ေသာ ႏိုင္ငံတစ္ခု ျဖစ္ခဲ့ရသည္ဟု CRPH ၏ ႏိုင္ငံေရး ရည္မွန္း ခ်က္ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။