မော်လမြိုင်တွင် မြို့အနှံ့ ရှာဖွေမှု ပြုလုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၀ ရက်။
မော်လမြိုင်မြို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဖြတ်သန်းသွားလာနေသည့် ကား၊ ဆိုင်ကယ်များကို မြို့အနှံ့လမ်းဆုံ လမ်းထောင့်များတွင် တားဆီးရှာဖွေမှု လုပ်ဆောင်နေသည်။
ယနေ့ မတ်လ ၁၀ ရက်နေ့ (ယနေ့) တွင် မြို့အနှံ့ တားဆီးစစ်ဆေးမှုပြုနေပြီး အဓိက ဖုန်းနှင့် ဆိုင်ကယ် ဘောက်စ် များ ကို ဖွင့်ခိုင်းကာ စစ်ဆေးသည်ဟု ကိုယ်တိုင်စစ်ဆေးခံခဲ့ရသူများက ပြောပြသည်။
“ရဲတွေရော စစ်သားတွေရော ပါတယ်၊ အဓိက ဖုန်းနဲ့ ဆိုင်ကယ်ဘောက်စ် ဖွင့်ခိုင်းပြီးတော့ စစ်ဆေးတယ်၊ တခြားတော့ ဘာမှမပြောဘူး” ဟု အစစ်ဆေးခံခဲ့ရသူတစ်ဦးက ပြောသည်။
မတ်လ ၉ ရက်နေ့ (ယမန်နေ့) ကစပြီး စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူများ စုရပ်လုပ်လေ့ရှိသည့်နေရာနှင့် ဖြတ်သန်းသွားလာတတ်သည့် လမ်းဆုံနေရာတို့တွင် စစ်တပ်နှင့် ရဲ လုံခြုံရေးရယူထားသည့်အပြင် ဖြတ်သန်း သွားလာသည့် ကားနှင့် ဆိုင်ကယ်များကို တားဆီးရှာဖွေမှု လုပ်ဆောင်ခဲ့သည်။
စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြမှုများ မလုပ်ဆောင်နိုင်အောင် မြို့အနှံ့လုံခြုံရေး တင်းကြပ်ထားသည့်အပြင် လမ်းသွားလမ်းလာများအား တားဆီးရှာဖွေနေခြင်းဖြစ်နိုင်သည်ဟု မြို့ခံတို့က ပြောသည်။
“ဆန္ဒပြမှုတွေ မလုပ်နိုင်အောင်လို့ အခုလို စစ်ဆေးတာ ဖမ်းဆီးတာလုပ်နေတယ်လို့ထင်တယ်၊ စစ်ကားတွေ ရဲ ကားတွေကလည်း မြို့ပတ်ပြီးတော့ကို လိုက်ကြည့်နေတာတွေလည်းရှိတယ်၊ လုပ်တာနဲ့ ဖြိုခွင်းတာပဲ၊ နောက် အဖမ်းအဆီးတွေလည်း ရှိလာနေတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
မတ်လ ၁ ရက်နေ့မှစ၍ မွန်ပြည်နယ်အတွင်း မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် သထုံ အစရှိသည့် မြို့အဝင်အထွက် နေရာများ တွင် စစ်တပ်နှင့် ရဲ ပူးပေါင်းအင်အားဖြင့် ရှာဖွေ စစ်ဆေးမှုများ စတင် လုပ်ဆောင်လာခဲ့သည်။
အာဏာသိမ်းပြီးနောက် မော်လမြိုင်အပြင် မုဒုံ သံဖြူဇရပ် ရေး သထုံအစရှိသည့် မြို့တို့တွင် လူအင်အားသိန်းနှင့် ချီ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြလာခဲ့ကြသည်။
စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူများကို ရဲနှင့် စစ်တပ်တို့က ဖမ်းဆီးခဲ့ကြသည့်အပြင် လူသေဆုံးသည်အထိ အင်အားသုံး လိုက်လံ ဖြိုခွင်းနေသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြမှုက နေ့စဉ်ရှိ နေသည်။
*** ZAWGYI ***
ေမာ္လၿမိဳင္တြင္ ၿမိဳ႕အႏွံ႔ ရွာေဖြမႈ ျပဳလုပ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၁၀ ရက္။
ေမာ္လၿမိဳင္ၿမိဳ႕တြင္ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕တို႔က ျဖတ္သန္းသြားလာေနသည့္ ကား၊ ဆိုင္ကယ္မ်ားကို ၿမိဳ႕အႏွံ႔လမ္းဆုံ လမ္းေထာင့္မ်ားတြင္ တားဆီးရွာေဖြမႈ လုပ္ေဆာင္ေနသည္။
ယေန႔ မတ္လ ၁၀ ရက္ေန႔ (ယေန႔) တြင္ ၿမိဳ႕အႏွံ႔ တားဆီးစစ္ေဆးမႈျပဳေနၿပီး အဓိက ဖုန္းႏွင့္ ဆိုင္ကယ္ ေဘာက္စ္ မ်ား ကို ဖြင့္ခိုင္းကာ စစ္ေဆးသည္ဟု ကိုယ္တိုင္စစ္ေဆးခံခဲ့ရသူမ်ားက ေျပာျပသည္။
“ရဲေတြေရာ စစ္သားေတြေရာ ပါတယ္၊ အဓိက ဖုန္းနဲ႔ ဆိုင္ကယ္ေဘာက္စ္ ဖြင့္ခိုင္းၿပီးေတာ့ စစ္ေဆးတယ္၊ တျခားေတာ့ ဘာမွမေျပာဘူး” ဟု အစစ္ေဆးခံခဲ့ရသူတစ္ဦးက ေျပာသည္။
မတ္လ ၉ ရက္ေန႔ (ယမန္ေန႔) ကစၿပီး စစ္အာဏာရွင္ဆန႔္က်င္ ဆႏၵျပသူမ်ား စုရပ္လုပ္ေလ့ရွိသည့္ေနရာႏွင့္ ျဖတ္သန္းသြားလာတတ္သည့္ လမ္းဆုံေနရာတို႔တြင္ စစ္တပ္ႏွင့္ ရဲ လုံၿခဳံေရးရယူထားသည့္အျပင္ ျဖတ္သန္း သြားလာသည့္ ကားႏွင့္ ဆိုင္ကယ္မ်ားကို တားဆီးရွာေဖြမႈ လုပ္ေဆာင္ခဲ့သည္။
စစ္အာဏာရွင္ဆန႔္က်င္ ဆႏၵျပမႈမ်ား မလုပ္ေဆာင္ႏိုင္ေအာင္ ၿမိဳ႕အႏွံ႔လုံၿခဳံေရး တင္းၾကပ္ထားသည့္အျပင္ လမ္းသြားလမ္းလာမ်ားအား တားဆီးရွာေဖြေနျခင္းျဖစ္ႏိုင္သည္ဟု ၿမိဳ႕ခံတို႔က ေျပာသည္။
“ဆႏၵျပမႈေတြ မလုပ္ႏိုင္ေအာင္လို႔ အခုလို စစ္ေဆးတာ ဖမ္းဆီးတာလုပ္ေနတယ္လို႔ထင္တယ္၊ စစ္ကားေတြ ရဲ ကားေတြကလည္း ၿမိဳ႕ပတ္ၿပီးေတာ့ကို လိုက္ၾကည့္ေနတာေတြလည္းရွိတယ္၊ လုပ္တာနဲ႔ ၿဖိဳခြင္းတာပဲ၊ ေနာက္ အဖမ္းအဆီးေတြလည္း ရွိလာေနတယ္” ဟု ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
မတ္လ ၁ ရက္ေန႔မွစ၍ မြန္ျပည္နယ္အတြင္း ေမာ္လၿမိဳင္၊ မုဒုံ၊ သံျဖဴဇရပ္ႏွင့္ သထုံ အစရွိသည့္ ၿမိဳ႕အဝင္အထြက္ ေနရာမ်ား တြင္ စစ္တပ္ႏွင့္ ရဲ ပူးေပါင္းအင္အားျဖင့္ ရွာေဖြ စစ္ေဆးမႈမ်ား စတင္ လုပ္ေဆာင္လာခဲ့သည္။
အာဏာသိမ္းၿပီးေနာက္ ေမာ္လၿမိဳင္အျပင္ မုဒုံ သံျဖဴဇရပ္ ေရး သထုံအစရွိသည့္ ၿမိဳ႕တို႔တြင္ လူအင္အားသိန္းႏွင့္ ခ်ီ စစ္အာဏာရွင္ကို ဆန႔္က်င္ဆႏၵျပလာခဲ့ၾကသည္။
စစ္အာဏာရွင္ ဆန႔္က်င္ဆႏၵျပသူမ်ားကို ရဲႏွင့္ စစ္တပ္တို႔က ဖမ္းဆီးခဲ့ၾကသည့္အျပင္ လူေသဆုံးသည္အထိ အင္အားသုံး လိုက္လံ ၿဖိဳခြင္းေနေသာ္လည္း စစ္အာဏာရွင္ ဆန႔္က်င္ဆႏၵျပမႈက ေန႔စဥ္ရွိ ေနသည္။