KIO ပြောရေးဆိုခွင့်ရှိသူနှင့် အင်တာဗျူး

သတင်းနှင့် မီဒီယာကွန်ရက်။
မတ်လ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့ အကြား ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သာမက က ချင်ပြည်နယ်တွင်ပါ တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေသည်ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကပြောသည်။

မတ်လ ၁၁ ရက်နေ့(ယနေ့) တွင် KIA တပ်မဟာ ၉ တပ်ရင်း ၂၆ အဖွဲ့ဝင်များက ဖားကန့် မြို့နယ် ဆယ်ဇင်း အနီးစခန်းကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် တပ်မတော်ဖက်မှ ၎င်းတို့အား ရဟတ်ယာဉ်များနှင့် ပြန်လည် လာရောက် ပစ်ခတ် တိုက်ခိုက်မှုများရှိသည်ဟု KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ က ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများအပြင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကာ သပိတ်ဆင်နွှဲနေကြသည့် ပြည်သူများကို တပ်မတော်က အကြမ်းဖက်ဖြိုခွင်းနေမှုများအပေါ် KIO ရဲ့ သဘောထားက ဘယ်လိုရှိနေပါသလဲ။ KIO အနေဖြင့် ပြည်သူများဖက်မှ ဘယ်လိုရပ်တည်လုပ် ဆောင်သွား မှာလဲ၊ စသည့် အကြောင်းအရာများကို ကချင်လွတ်လပ်ရေး အဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်မေးမြန်းထားရာမှာ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ယခုလို စပြောသည်။

ဗိုလ်မှူးကြီး နော်ဘူ – ဒီကနေ့ ၃ နာရီကျော်အချိန်ကတည်းကနေ ဆယ်ဇင်းပေါ့နော။ ဆယ်ဇင်းအနီးစခန်းကို ကျနော်တို့ KIA တပ်ရင်း ၂၆ တပ်ဖွဲ့တွေ ဝင်စီးတယ်ဆိုတဲ့ သတင်းကြားပါတယ်။ ပထမကတော့ KIA တပ်ရင်း ၂၆ ကနေ ဒီ ဆယ်ဇင်း အနီးစခန်းကို ဝင်စီးတယ်။ ဒါကတော့ မိုးလင်းတဲ့အ ထိပေါ့နော ၃ နာရီကျော်ကတည်း ကနေ မိုးလင်းတဲ့အထိ တိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ အဲဒါနဲ့ ၈ နာရီ ဝန်းကျင်လောက်မှာတော့ ဒီ ဆယ်ဇင်းနဲ့ တာမခန်ကြားမှာ စစ်ကူလာတဲ့ တပ်ရင်း ၃၃ အဖွဲ့တွေနဲ့ ပြန်ပြီးမှ တိုက်ပွဲ ဖြစ်တယ်ဆိုတာကြားပါတယ်။ ၉ နာရီ ကျော်တဲ့ အချိန်မှာကတော့ KIA တပ်ရင်း ၂၆ ဌာနချုပ်နယ်မြေပေါ့ ရှေ့တန်း ဌာနချုပ်ပေါ့ အဲဒီ နေရာမှာ တပ်မ တော်ကနေ ဟာလီကော်ပတာ ၂ စီးနဲ့ လာပြီးမှ ပစ်တယ်ဆိုတဲ့ သတင်းကြားပါတယ်။ အဲဒီ နောက်ပိုင်းကတော့ အဲဖက်က သတင်းတွေ ဘာမှ မတက်တော့ဘူး အဲလောက်ပဲကျနော်ကြားပါတယ်။

မေး – နှစ်ဖက်ထိခိုက်သေဆုံးတာတွေရော ရှိသလား။

ဗိုလ်မှူးကြီး နော်ဘူ – တပ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေက ကျနော်တို့ဆီမှာ မရောက်ဘူး မရှိသေး ဘူး။ ဒါပေမယ့် ခုနပြောတဲ့ ပထမဖြစ်နေတဲ့ ဒီ အနီးစခန်းကိုတော့ KIA ကနေ ဝင်ဆီးသွားတယ်ဆိုတဲ့ သတင်း လောက်တော့ ကြားပါတယ်။ အဲဒီက လက်နက်ခဲယမ်းမီးကျောက်တွေ နည်းနည်းပါးပါးတော့ သိမ်းလို့ရပြီ ထင် တယ်။ တပ်မတော်ဖက်က KIA ဖက်က အသေအပျောက် ထိခိုက်ဒဏ်ရာရမှုတွေ သတင်းတွေကတော့ ကျနော် တို့ဆီမှာ ဘာမှ မရသေးဘူး။

မေး – တိုက်ပွဲတွေ ငြိမ်သက်နေရင်းကနေ ဘယ်လိုအကြောင်းကြောင့် ကချင်ပြည်နယ်ဖက်မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာရတာလဲ။

ဗိုလ်မှူးကြီး နော်ဘူ – ကျနော်တို့ KIO ဗဟိုကနေတော့ တပ်မတော် တပ်စခန်းတွေကို တိုက်တာမျိုးတွေ မြို့ရွာ တွေကို လာပြီးမှ စစ်ပွဲ ဖြစ်တာတွေ နောက်ကိုယ့်ရဲ့ ပြည်သူလူထုရှိတဲ့ ရပ်ရွာမှာ တိုက်ပွဲ ဖြစ်တာတွေ မဖြစ် အောင် ကျနော်တို့ ညွှန်ကြားထားပြီးသား ရှိပါတယ်။ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ ဆက်စပ်မှု ရှိတာကတော့ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ KIA တပ်မဟာ ၆ ဖက်မှာကတော့ တပ်မတော် ထိုးစစ် ဆင်တာက ၂ လ နီးပါးလောက်ရှိပြီ ၁ လကျော်ပြီပေါ့။ နေ့တိုင်းတိုင်းလို ကြိုကြားကြိုကြားတိုက် ပွဲတွေဖြစ် တယ်။ အဲတော့ အဲကနေများ ဆက်စပ်နေတာလားပေါ့နော။ ကျနော်တို့ စဉ်းစားတာပေါ့ ရှေ့တန်းက စစ်မှူးတွေ တပ်မှူးတွေ ဗျူဟာမှူးတွေ သူတို့ အချင်းချင်းညှိနှိုင်းပြီးမှ အဲဒါနဲ့ ဆက်စပ်မှုများရှိသလားပေါ့နော အဲဒါ ကတော့ စဉ်းစားတာ ပါ။ ဒီ KIO ဗဟိုကနေ ခုလိုမျိုး ဝင်စီးဖို့ညွှန်ကြား ထားတာတော့ မရှိဘူး ရှေ့တန်း ကသ မားတွေ စီစဉ်တာပဲ ဖြစ် မယ်လို့ ကျနော်တို့ သုံးသပ်တာပါ။ အသေးစိတ်ကတော့ ကျနော်တို့တော့ ပြန်ပြီးမှ စစ်ဆေးနေ တဲ့ အချိန်ဖြစ်ပါ တယ်။

မေး – အခုလက်ရှိမှာရော နှစ်ဖက် စစ်ရေးလှုပ်ရှားမှုတွေက ဘယ်လိုရှိနေသလဲ။

ဗိုလ်မှူးကြီး နော်ဘူ – ကျနော်တို့ဖက်ကတော့ ထူးထူးထွေထွေ အင်အားတိုးချဲ့ထားတာ မရှိပါဘူး။ ဒါပေမယ့် ခုနပြောတဲ့ ရှမ်းမြောက် ဖက်က တပ်မဟာတွေကတော့ သူတို့လည်း အမြဲတမ်း သတိအနေအထားနဲ့ သွားလာ နေဆဲ အနေအထား တော့ ဖြစ်ပါတယ်။ ပြီးတော့မှ တင်းမာနေတဲ့ အနေအထား ဖြစ်ပါတယ်။

မေး – ကချင်ပြည်နယ်မှာ စစ်အာဏာသိမ်းတာကို အလိုမရှိလို့ ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေကလည်း KIO/KIA ကနေပြီးတော့ သူတို့ကို ကာကွယ်ပေးဖို့ မျှော်လင့်နေတာတွေရှိတယ်။ KIO/KIA က လူထုအတွက် ဘယ်လို ရပ်တည်သွားဖို့ရှိပါသလဲ။ ဘယ်လိုကာကွယ်ပေးသွားဖို့ရှိပါသလဲ။

ဗိုလ်မှူးကြီး နော်ဘူ – အဲဒါကတော့ တစ်စုံတစ်ရာ ကူညီပေးမယ်။ ကာကွယ်ပေးမယ် ဆိုပြီးမှ ကျနော်တို့က ပြော လို့တော့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါ စစ်ရေးနဲ့ ပတ်သက်တဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် ပြောနေတာ ကတော့ KIA ကလည်း ပြည်သူလူထုနဲ့ တစ်ထပ်တည်း ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်ဆိုတာကိုတော့ ပြောလို့ရပါ တယ်။ ဘယ်ပုံစံနဲ့ ကျနော်တို့ ကူညီမယ် ကာကွယ်မယ် ဆိုတာကတော့ ပြောလို့တော့ စောပါတယ်။

မေး – အစောပိုင်းမှာလည်းပဲ ဗိုလ်မှူးကြီးတို့ KIO/KIA ကနေပြောထားတာက တစ်စုံတစ်ရာ ပြည်သူတွေကို ထိခိုက်လာမယ်ဆိုရင် ပါဝင်ရတာမျိုးတွေ ရှိလာမယ်ဆိုပြီး ပြောထားတာဆိုတော့ အခုသေဆုံးသွားတဲ့သူ လည်းရှိတယ် ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပြီးဆိုတော့ ဒီအပေါ်မှာရော ဘာများပြောလိုသလဲ။

ဗိုလ်မှူးကြီး နော်ဘူ – ကျနော်တို့ ကာကွယ်ဖို့တော့ အရင်ကလည်း ကျနော် ခနခန ပြောနေတာ ရှိပါတယ်။ မပ ခကိုလည်း ကျနော်တို့ ကြိုတင်ပြီးမှ ပြောထားတာရှိတယ်။ ကျနော်တို့ ထုတ်ပြန်ကြေညာချက် ထုတ်ထား တာလည်းရှိပါတယ်။ နောက် ပြည်သူလူထုဖက်မှာ ကျနော်တို့ ရပ်တည်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်ဆိုတဲ့ နောက်တော့ ကျနော်ထပ်ပြီးမှ ပြန်ပြောလိုပါတယ်။ အဲဒီနောက်မှာကတော့ အဲဒီစကားရဲ့ အဓိပ္ပာယ်ကို ပြောမယ်ဆိုရင်တော့ စစ်ရေးနဲ့ ပတ် သက်ပြီးလည်း တိတိကျကျ ပြောလို့ မရဘူး။ စာထုတ်တာလည်း မရှိဘူး။ နောက်ပြီးတော့ ပြည်သူလူထု တွေက မြို့ပေါ်မှာပဲ ဖြစ်ပါတယ်။ ကျနော်တို့လည်း မြို့ပေါ်မှာ လက်နက်နဲ့ ဝင်မယ် ဆိုရင်တော့ ပြဿနာ ပိုကြီးလာ နိုင်ပါတယ်။ အဲဒါကြောင့် ပြည်သူလူထုအတွက်လည်း ကျနော်တို့က အထူး စိုးရိမ်ပါတယ်။ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ နည်းလမ်းရှာပြီးမှ ကူညီဖို့ ကာကွယ်ဖို့ကတော့ ကျနော်တို့ ဆီမှာလည်း တာဝန်ရှိ တယ်ဆိုတာကိုတော့ ပြောလိုတာပေါ့။

မေး – ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲက တပ်မတော်နှင့် ဖြစ်ပွားနေတဲ့ လက်ရှိတိုက်ပွဲ အခြေအနေ ဘယ်လိုရှိနေသလဲ။

ဗိုလ်မှူးကြီး နော်ဘူ – အဲဖက်မှာတော့ ငြိမ်တယ်လို့ ပြောလို့ မရဘူး ဒီမနက်ကလည်း တပ်ရင်း ၈ အဖွဲ့နဲ့ နေရာက တော့ ကျနော် အတိအကျတော့ မမှတ်မိတော့ပါဘူး။ တိုက်ပွဲဖြစ်တာရှိပါတယ်။ ဆိုတော့ အဲဖက်ကတော့ အမြဲ တမ်း တင်းမာနေတဲ့ အနေအထား ဖြစ်ပါတယ်။ တပ်ရင်း ၃၆ နယ်မြေဖက်က စစ်ကြောင်း တစ်ချို့တွေက ပြန် ဆုတ်တယ်ဆိုတာ ကြားပါတယ်။ ဒါပေမယ့် တစ်ချို့တွေကတော့ တောမှာ တောင်မှာပဲ ပြန်ပြီးမှ ပုန်းနေတယ် ဆိုတဲ့ သတင်းနဲ့ ကျနော်တို့ ရပါတယ်။ ဆိုတော့ အချိန်မရွေး တိုက်ပွဲကတော့ပြန်ဖြစ်နိုင်တဲ့ အနေအထား ဖြစ်ပါ တယ်။

*** ZAWGYI ***
KIO ေျပာေရးဆိုခြင့္ရွိသူႏွင့္ အင္တာဗ်ဴး

သတင္းႏွင့္ မီဒီယာကြန္ရက္။
မတ္လ ၁၂ ရက္၊ ၂၀၂၁ ခုႏွစ္။

ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA ႏွင့္ တပ္မေတာ္တို႔ အၾကား ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ သာမက က ခ်င္ျပည္နယ္တြင္ပါ တိုက္ပြဲမ်ား ျပင္းထန္စြာ ျပန္လည္ျဖစ္ပြားေနသည္ဟု KIO/KIA သတင္းႏွင့္ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မႉးႀကီး ေနာ္ဘူ ကေျပာသည္။

မတ္လ ၁၁ ရက္ေန႔(ယေန႔) တြင္ KIA တပ္မဟာ ၉ တပ္ရင္း ၂၆ အဖြဲ႔၀င္မ်ားက ဖားကန္႔ ၿမိဳ႕နယ္ ဆယ္ဇင္း အနီးစခန္းကို ၀င္ေရာက္ တိုက္ခိုက္ၿပီးေနာက္ တပ္မေတာ္ဖက္မွ ၎တို႔အား ရဟတ္ယာဥ္မ်ားႏွင့္ ျပန္လည္ လာေရာက္ ပစ္ခတ္ တိုက္ခိုက္မႈမ်ားရွိသည္ဟု KIO သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ က ေျပာသည္။

လက္ရွိျဖစ္ပြားေနသည့္ တိုက္ပြဲအေျခအေနမ်ားအျပင္ စစ္အာဏာရွင္ အလိုမရွိေၾကာင္း ဆႏၵထုတ္ေဖာ္ကာ သပိတ္ဆင္ႏႊဲေနၾကသည့္ ျပည္သူမ်ားကို တပ္မေတာ္က အၾကမ္းဖက္ၿဖိဳခြင္းေနမႈမ်ားအေပၚ KIO ရဲ့ သေဘာထားက ဘယ္လိုရွိေနပါသလဲ။ KIO အေနျဖင့္ ျပည္သူမ်ားဖက္မွ ဘယ္လိုရပ္တည္လုပ္ ေဆာင္သြား မွာလဲ၊ စသည့္ အေၾကာင္းအရာမ်ားကို ကခ်င္လြတ္လပ္ေရး အဖြဲ႔ သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မႉးႀကီး ေနာ္ဘူကို ဆက္သြယ္ေမးျမန္းထားရာမွာ တိုက္ပြဲအေျခအေနမ်ားနွင့္ ပတ္သက္၍ ယခုလို စေျပာသည္။

ဗိုလ္မႉးႀကီး ေနာ္ဘူ – ဒီကေန႔ ၃ နာရီေက်ာ္အခ်ိန္ကတည္းကေန ဆယ္ဇင္းေပါ့ေနာ။ ဆယ္ဇင္းအနီးစခန္းကို က်ေနာ္တို႔ KIA တပ္ရင္း ၂၆ တပ္ဖြဲ႔ေတြ ၀င္စီးတယ္ဆိုတဲ့ သတင္းၾကားပါတယ္။ ပထမကေတာ့ KIA တပ္ရင္း ၂၆ ကေန ဒီ ဆယ္ဇင္း အနီးစခန္းကို ၀င္စီးတယ္။ ဒါကေတာ့ မိုးလင္းတဲ့အ ထိေပါ့ေနာ ၃ နာရီေက်ာ္ကတည္း ကေန မိုးလင္းတဲ့အထိ တိုက္ပြဲျဖစ္တယ္လို႔ၾကားတယ္။ အဲဒါနဲ႔ ၈ နာရီ ၀န္းက်င္ေလာက္မွာေတာ့ ဒီ ဆယ္ဇင္းနဲ႔ တာမခန္ၾကားမွာ စစ္ကူလာတဲ့ တပ္ရင္း ၃၃ အဖြဲ႔ေတြနဲ႔ ျပန္ၿပီးမွ တိုက္ပြဲ ျဖစ္တယ္ဆိုတာၾကားပါတယ္။ ၉ နာရီ ေက်ာ္တဲ့ အခ်ိန္မွာကေတာ့ KIA တပ္ရင္း ၂၆ ဌာနခ်ဳပ္နယ္ေျမေပါ့ ေရွ႕တန္း ဌာနခ်ဳပ္ေပါ့ အဲဒီ ေနရာမွာ တပ္မ ေတာ္ကေန ဟာလီေကာ္ပတာ ၂ စီးနဲ႔ လာၿပီးမွ ပစ္တယ္ဆိုတဲ့ သတင္းၾကားပါတယ္။ အဲဒီ ေနာက္ပိုင္းကေတာ့ အဲဖက္က သတင္းေတြ ဘာမွ မတက္ေတာ့ဘူး အဲေလာက္ပဲက်ေနာ္ၾကားပါတယ္။

ေမး – ႏွစ္ဖက္ထိခိုက္ေသဆံုးတာေတြေရာ ရွိသလား။

ဗိုလ္မႉးႀကီး ေနာ္ဘူ – တပ္ပိုင္းဆိုင္ရာ သတင္းအခ်က္အလက္ေတြက က်ေနာ္တို႔ဆီမွာ မေရာက္ဘူး မရွိေသး ဘူး။ ဒါေပမယ့္ ခုနေျပာတဲ့ ပထမျဖစ္ေနတဲ့ ဒီ အနီးစခန္းကိုေတာ့ KIA ကေန ၀င္ဆီးသြားတယ္ဆိုတဲ့ သတင္း ေလာက္ေတာ့ ၾကားပါတယ္။ အဲဒီက လက္နက္ခဲယမ္းမီးေက်ာက္ေတြ နည္းနည္းပါးပါးေတာ့ သိမ္းလို႔ရၿပီ ထင္ တယ္။ တပ္မေတာ္ဖက္က KIA ဖက္က အေသအေပ်ာက္ ထိခိုက္ဒဏ္ရာရမႈေတြ သတင္းေတြကေတာ့ က်ေနာ္ တို႔ဆီမွာ ဘာမွ မရေသးဘူး။

ေမး – တိုက္ပြဲေတြ ၿငိမ္သက္ေနရင္းကေန ဘယ္လိုအေၾကာင္းေၾကာင့္ ကခ်င္ျပည္နယ္ဖက္မွာ တိုက္ပြဲေတြ ျပန္လည္ ျဖစ္ပြားလာရတာလဲ။

ဗိုလ္မႉးႀကီး ေနာ္ဘူ – က်ေနာ္တို႔ KIO ဗဟိုကေနေတာ့ တပ္မေတာ္ တပ္စခန္းေတြကို တိုက္တာမ်ိဳးေတြ ၿမိဳ႕ရြာ ေတြကို လာၿပီးမွ စစ္ပြဲ ျဖစ္တာေတြ ေနာက္ကိုယ့္ရဲ႕ ျပည္သူလူထုရွိတဲ့ ရပ္ရြာမွာ တိုက္ပြဲ ျဖစ္တာေတြ မျဖစ္ ေအာင္ က်ေနာ္တို႔ ၫႊန္ၾကားထားၿပီးသား ရွိပါတယ္။ ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ခုရွိတာကေတာ့ ဆက္စပ္မႈ ရွိတာကေတာ့ ရွမ္းျပည္ေျမာက္ပိုင္း KIA တပ္မဟာ ၄ KIA တပ္မဟာ ၆ ဖက္မွာကေတာ့ တပ္မေတာ္ ထိုးစစ္ ဆင္တာက ၂ လ နီးပါးေလာက္ရွိၿပီ ၁ လေက်ာ္ၿပီေပါ့။ ေန႔တိုင္းတိုင္းလို ႀကိဳၾကားၾကဳိၾကားတိုက္ ပြဲေတြျဖစ္ တယ္။ အဲေတာ့ အဲကေနမ်ား ဆက္စပ္ေနတာလားေပါ့ေနာ။ က်ေနာ္တို႔ စဥ္းစားတာေပါ့ ေရွ႕တန္းက စစ္မႉးေတြ တပ္မႉးေတြ ဗ်ဴဟာမႉးေတြ သူတို႔ အခ်င္းခ်င္းညွိႏႈိင္းၿပီးမွ အဲဒါနဲ႔ ဆက္စပ္မႈမ်ားရွိသလားေပါ့ေနာ အဲဒါ ကေတာ့ စဥ္းစားတာ ပါ။ ဒီ KIO ဗဟိုကေန ခုလိုမ်ိဳး ၀င္စီးဖို႔ၫႊန္ၾကား ထားတာေတာ့ မရွိဘူး ေရွ႕တန္း ကသ မားေတြ စီစဥ္တာပဲ ျဖစ္ မယ္လို႔ က်ေနာ္တို႔ သံုးသပ္တာပါ။ အေသးစိတ္ကေတာ့ က်ေနာ္တို႔ေတာ့ ျပန္ၿပီးမွ စစ္ေဆးေန တဲ့ အခ်ိန္ျဖစ္ပါ တယ္။

ေမး – အခုလက္ရွိမွာေရာ ႏွစ္ဖက္ စစ္ေရးလႈပ္ရွားမႈေတြက ဘယ္လိုရွိေနသလဲ။

ဗိုလ္မႉးႀကီး ေနာ္ဘူ – က်ေနာ္တို႔ဖက္ကေတာ့ ထူးထူးေထြေထြ အင္အားတိုးခ်ဲ႕ထားတာ မရွိပါဘူး။ ဒါေပမယ့္ ခုနေျပာတဲ့ ရွမ္းေျမာက္ ဖက္က တပ္မဟာေတြကေတာ့ သူတို႔လည္း အၿမဲတမ္း သတိအေနအထားနဲ႔ သြားလာ ေနဆဲ အေနအထား ေတာ့ ျဖစ္ပါတယ္။ ၿပီးေတာ့မွ တင္းမာေနတဲ့ အေနအထား ျဖစ္ပါတယ္။

ေမး – ကခ်င္ျပည္နယ္မွာ စစ္အာဏာသိမ္းတာကို အလိုမရွိလို႔ ဆႏၵထုတ္ေဖာ္ေနၾကတဲ့ ျပည္သူေတြကလည္း KIO/KIA ကေနၿပီးေတာ့ သူတို႔ကို ကာကြယ္ေပးဖို႔ ေမွ်ာ္လင့္ေနတာေတြရွိတယ္။ KIO/KIA က လူထုအတြက္ ဘယ္လို ရပ္တည္သြားဖို႔ရွိပါသလဲ။ ဘယ္လိုကာကြယ္ေပးသြားဖို႔ရွိပါသလဲ။

ဗိုလ္မႉးႀကီး ေနာ္ဘူ – အဲဒါကေတာ့ တစ္စံုတစ္ရာ ကူညီေပးမယ္။ ကာကြယ္ေပးမယ္ ဆိုၿပီးမွ က်ေနာ္တို႔က ေျပာ လို႔ေတာ့ မရပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒါ စစ္ေရးနဲ႔ ပတ္သက္တဲ့ အရာျဖစ္ပါတယ္။ ဒါေပမယ့္ ေျပာေနတာ ကေတာ့ KIA ကလည္း ျပည္သူလူထုနဲ႔ တစ္ထပ္တည္း ရပ္တည္ေနတဲ့ အဖြဲ႔အစည္းျဖစ္ပါတယ္ဆိုတာကိုေတာ့ ေျပာလို႔ရပါ တယ္။ ဘယ္ပံုစံနဲ႔ က်ေနာ္တို႔ ကူညီမယ္ ကာကြယ္မယ္ ဆိုတာကေတာ့ ေျပာလို႔ေတာ့ ေစာပါတယ္။

ေမး – အေစာပိုင္းမွာလည္းပဲ ဗိုလ္မႉးႀကီးတို႔ KIO/KIA ကေနေျပာထားတာက တစ္စံုတစ္ရာ ျပည္သူေတြကို ထိခိုက္လာမယ္ဆိုရင္ ပါ၀င္ရတာမ်ိဳးေတြ ရွိလာမယ္ဆိုၿပီး ေျပာထားတာဆိုေတာ့ အခုေသဆံုးသြားတဲ့သူ လည္းရွိတယ္ ဖမ္းဆီးခံထားရသူေတြလည္း ရွိေနၿပီးဆိုေတာ့ ဒီအေပၚမွာေရာ ဘာမ်ားေျပာလိုသလဲ။

ဗိုလ္မႉးႀကီး ေနာ္ဘူ – က်ေနာ္တို႔ ကာကြယ္ဖို႔ေတာ့ အရင္ကလည္း က်ေနာ္ ခနခန ေျပာေနတာ ရွိပါတယ္။ မပ ခကိုလည္း က်ေနာ္တို႔ ႀကိဳတင္ၿပီးမွ ေျပာထားတာရွိတယ္။ က်ေနာ္တို႔ ထုတ္ျပန္ေၾကညာခ်က္ ထုတ္ထား တာလည္းရွိပါတယ္။ ေနာက္ ျပည္သူလူထုဖက္မွာ က်ေနာ္တို႔ ရပ္တည္တဲ့ အဖြဲ႔အစည္းျဖစ္ပါတယ္ဆိုတဲ့ ေနာက္ေတာ့ က်ေနာ္ထပ္ၿပီးမွ ျပန္ေျပာလိုပါတယ္။ အဲဒီေနာက္မွာကေတာ့ အဲဒီစကားရဲ႕ အဓိပၸာယ္ကို ေျပာမယ္ဆိုရင္ေတာ့ စစ္ေရးနဲ႔ ပတ္ သက္ၿပီးလည္း တိတိက်က် ေျပာလို႔ မရဘူး။ စာထုတ္တာလည္း မရွိဘူး။ ေနာက္ၿပီးေတာ့ ျပည္သူလူထု ေတြက ၿမိဳ႕ေပၚမွာပဲ ျဖစ္ပါတယ္။ က်ေနာ္တို႔လည္း ၿမိဳ႕ေပၚမွာ လက္နက္နဲ႔ ၀င္မယ္ ဆိုရင္ေတာ့ ျပႆနာ ပိုႀကီးလာ ႏိုင္ပါတယ္။ အဲဒါေၾကာင့္ ျပည္သူလူထုအတြက္လည္း က်ေနာ္တို႔က အထူး စိုးရိမ္ပါတယ္။ ဒါေပမယ့္ ဘာပဲ ျဖစ္ျဖစ္ က်ေနာ္တို႔ နည္းလမ္းရွာၿပီးမွ ကူညီဖို႔ ကာကြယ္ဖို႔ကေတာ့ က်ေနာ္တို႔ ဆီမွာလည္း တာ၀န္ရွိ တယ္ဆိုတာကိုေတာ့ ေျပာလိုတာေပါ့။

ေမး – ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ထဲက တပ္မေတာ္ႏွင့္ ျဖစ္ပြားေနတဲ့ လက္ရွိတိုက္ပြဲ အေျခအေန ဘယ္လိုရွိေနသလဲ။

ဗိုလ္မႉးႀကီး ေနာ္ဘူ – အဲဖက္မွာေတာ့ ၿငိမ္တယ္လို႔ ေျပာလို႔ မရဘူး ဒီမနက္ကလည္း တပ္ရင္း ၈ အဖြဲ႔နဲ႔ ေနရာက ေတာ့ က်ေနာ္ အတိအက်ေတာ့ မမွတ္မိေတာ့ပါဘူး။ တိုက္ပြဲျဖစ္တာရွိပါတယ္။ ဆိုေတာ့ အဲဖက္ကေတာ့ အၿမဲ တမ္း တင္းမာေနတဲ့ အေနအထား ျဖစ္ပါတယ္။ တပ္ရင္း ၃၆ နယ္ေျမဖက္က စစ္ေၾကာင္း တစ္ခ်ိဳ႕ေတြက ျပန္ ဆုတ္တယ္ဆိုတာ ၾကားပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕ေတြကေတာ့ ေတာမွာ ေတာင္မွာပဲ ျပန္ၿပီးမွ ပုန္းေနတယ္ ဆိုတဲ့ သတင္းနဲ႔ က်ေနာ္တို႔ ရပါတယ္။ ဆိုေတာ့ အခ်ိန္မေရြး တိုက္ပြဲကေတာ ့ျပန္ျဖစ္ႏိုင္တဲ့ အေနအထား ျဖစ္ပါ တယ္။