ကချင်တိုက်ပွဲကြောင့် အရပ်သားများ စစ်ဘေး တိမ်းရှောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်။ 

ကချင်ပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ (၁) နယ်မြေအတွင်းရှိ မြစ်ဆုံအထက်ဘက်၊ ဧရာဝတီမြစ်အရှေ့ ဘက် ခြမ်းတွင် KIA နှင့် အာဏာသိမ်းစစ်ကောင်စီ စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့်အတွက် စစ် ရှောင် ၁၀၀ ကျော်ခန့် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

KIA တပ်မဟာ (၁) တပ်ရင်း ၄ နှင့် အာဏာသိမ်းစစ်ကောင်စီ၏ ခလရ ၁၄၂ တပ်ရင်းတို့ အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလာသည့်အတွက် မြစ်ကြီးနားမြို့မှ မိုင် ၂၀ ကျော် အကွာက တန်ဖဲကျေးရွာသို့ စစ်ဘေးတိန်းရှောင်လာကြခြင်း ဖြစ် သည်ဟု ဒေသခံတစ်ဦး က ပြောသည်။

“မနေ့က ညက ၅၀ ကျော်ရောက်လာတယ်။ ဂွေထော်ကနေက ၃၇ ယောက်၊ တန်ဘောင်ရွာကနေက ၇၀ ကျော်ပေါ့ နော်။ အခုအားလုံး တန်ဖဲက RC ဘုရားကျောင်းမှာ ရောက်နေကြတယ်။ အရင်လည်း သူတို့ အဲ့ဒီကို ပြေးလာဖူး တယ်။ ဒီနေ့ မနက်အထိ ထပ်ပြီး အများကြီး ရောက်လာတယ်။ စာရင်းတော့ တိတိကျကျ မသိရသေးဘူး။ အင်ဂျန်း ယန်မြို့နယ်ထဲက ဂွေထောင်ကျေးရွာကနေ ပြေးလာကြတယ်လို့ ပြောရတယ်။ တိုက်ပွဲကနေလည်းဖြစ်တယ်၊ ထပ် ဖြစ်လာမှာလည်း စိုးရိမ်လို့ ပြေးလာကြတာ။ အဲ့ရွာကလူတွေက အရင်ကလည်း ဒီလိုမျိုး စစ်ပြေးခဲ့တာမျိုး ရှိတယ်။ အရမ်းစိုးရိမ်တော့ အကုန်လုံးထွက်ပြေးလာကြတာပါ” ဟု တန်ဖဲကျေးရွာမှ ဒေသခံတစ်ဦး က ပြောသည်။

မြစ်ဆုံအထက်ရှိ အင်ဂျန်းယန်မြို့နယ်အတွင်းက ဂွေထော်ကျေးရွာနှင့် အဆိုပါကျေးရွာအနီးအနားက ကျေးရွာအချို့မှ ဒေသခံပြည်သူများ မြစ်ကြီးနားမြို့နှင့် မိုင် ၂၀ ကျော် အကွာက မြစ်ဆုံအနီးရှိ တန်ဖဲကျေးရွာသို့ ယမန်နေ့ညက စပြီး စစ်ဘေး ရှောင်လာကြခြင်း ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ကျနော်ကြားသလောက်က တော့ ကချင်ပြည်နယ်ဘက်က တိုက်ပွဲကတော့ မတ်လ ၁၄ ရက်နေ့လား ဆယ်စင်းဂိတ်မှာ ဖြစ်တယ်။ နောက်ပြီး ကားမိုင်းနဲ့မိုးကောင်းကြားက နမ်ရှန်တောင်ပို့စ်မှာ ဖြစ်တဲ့ တိုက်ပွဲရှိတယ်။ မနေ့က မြစ်ဆုံ ဂွေထောင်ပို့စ်မှာ တိုက်ပွဲ ဖြစ်တာ ရှိတယ်။ အဲ့လောက်ပဲ ကျနော်ကြားသေးတယ်။ လီဒိုလမ်းဘက်က ရှဒူးဇွပ်တိုက်ပွဲ ကတော့ တပ်ပိုင်းဆိုင်ရာ သတင်း တွေအတိအကျတော့ ကျနော်တို့ မကြားပါဘူး။ ဒီနေ့ မနက်ပိုင်း အခြေအနေတော့ မရသေးဘူး။ တိုက်ပွဲ ဖြစ်ရင်တော့ အနီးအနားက ရွာတွေက လူတွေက စစ်ရှောင်ရတာမျိုး ရှိမှာပါ။ တိုက်ပွဲဆက်မဖြစ်ရင်တော့ ပြန်နေ လို့ ရမှာပါ” ဟု ပြောသည်။

ကချင်ပြည်နယ်၏ နေရာအတော်များများတွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်များ အင်အားဖြည့်တင်းမှု များ ရှိနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။

“မပခကနေ ညွန်ကြားပြီးမှ တပ်အင်အားတွေ ပြန်ဖြည့်ထားတယ်ဆိုတဲ့ သတင်းကတော့ ရပါတယ်။ ကချင်ပြည်နယ် ရဲ့ နေရာတော်တော်များများမှ သူတို့က တပ်လှန့်ထားတယ်ဆိုတာမျိုး သတင်းကြားပါတယ်။ တပ်မတော်ဘက်က မပခ ဘက်ကနေ စစ်ဆင်ရေးများလုပ်မလားပေါ့နော် ကျနော်တို့ အနေနဲ့လည်း စောင့်ကြည့်တဲ့ အနေအထားဖြစ် ပါ တယ်။”

အင်ဂျန်းယန်မြို့နယ်အတွင်း ယမန်နေ့က စတင်ပြီး ပြန်လည်ဖြစ်ပွားလာသည့် အဆိုပါ တိုက်ပွဲနှင့် စစ်ရေးတင်းမာမှု များမှာ ဂွေထော်ကျေးရွာနှင့် တန်ဘောင်ယန်ကျေးရွာတို့မှ ဒေသခံပြည်သူ ၁၀၀ ကျော်က စစ်ဘေးလွတ်ရာသို့ ထွက် ပြေးနေကြရခြင်း ဖြစ်သည်။

နှစ်ဖက်တိုက်ပွဲများ၊ ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်မှုမရှိခဲ့သော်လည်း ကျေးရွာများအနီး လက်နက် ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်များ ရှိသည်ဟု သိရသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အာဏိမ်းစစ်ကောင်စီ၏ တပ်တို့ အကြား  ကချင်ပြည်နယ်အတွင်း ယခုလ ၁၁ ရက်နေ့ကစ၍ မတ်လ ၁၅ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေသည်ဟု KIO/KIA က ပြော သည်။

*** ZAWGYI ***