KIA နှင့် တပ်မတော်အကြား တိုက်ပွဲများ ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၅ ရက်။

စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား ကချင်ပြည်နယ်တွင်သာမက ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေ သည် ဟု KIO/KIA က ပြောသည်။

ယခုလအတွင်းတွင်လည်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့နှင့် KIA တို့အကြား တိုက်ပွဲအကြိမ်ရေ ခြောက် ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး မတ်လ ၂၄ ရက်နေ့ (ယမန်နေ့)ကလည်း KIO/KIA ဌာနချုပ်အနီးရှိ စစ်ကောင်စီ ၏ လက်နက်ကိုင် တပ်များတပ်စွဲထားသည့် အလော့ဒ်ဘွမ် (Alaw Bum) ဆိုသည့်နေရာကို KIA ကသွား ရောက်တိုက်ခိုက်ခဲ့ သည့်အတွက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေ၊ ဘာကြောင့် KIA က တပ်မတော် တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရတာလဲ စသည့် အကြောင်းအရာများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြား ရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်မေးမြန်းရာမှာ သူက တိုက်ပွဲ အခြေအနေကို စပြောပြသည်။

ဗိုလ်မှူးကြီး နော်ဘူ – မနေ့က ညနေ ၅ နာရီခွဲကနေစတာ တိုက်ပွဲကတော့ ဆက်ရှိနေပါ တယ်။ ဒီမနက်လည်း အစောကြီး ပြန်ဖြစ်နေတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ သိပ်တော့ မဝေးဘူးပေါ့ အလော့ဒ် (Alaw Bum) ဘွမ်ဆိုတဲ့ နေရာမှာ ဖြစ်တယ်။ လိုင်ဇာနဲ့ မိုင်ဂျာယာန်သွားတဲ့ လမ်းက တစ်ဝက် လောက်ရှိတဲ့ နေရာမှာ ဖြစ်ပါတယ်။

မေး – တိုက်ပွဲဖြစ်တော့ တပ်မတော်ရဲ့ တပ်စခန်းတွေ တောင်ကုန်းတွေကို KIA ဖက်က သိမ်းပိုက်ရရှိထားတဲ့ ရှိပြီး လူမှုကွန်ရက်ပေါ်မှာ တက်လာတာတွေ့ရတယ်။ အဲဒီအခြေအနေက ဘယ်လိုရှိသလဲ။

ဗိုလ်မှူးကြီး နော်ဘူ – အဲဒါသတင်းကတော့ အချင်းချင်းအားပေးတဲ့ သတင်းဖြစ်မှာပါ။ Confirm ကတော့ မဟုတ်သေးဘူး။ စစ်ရေးဆိုင်ရာ ဒေတာတွေပေါ့နော သတင်းတွေ ကျနော်တို့ဆီမှာ ဘာမှမတက်ဘူး။ မဟုတ် ဘူးလို့ ပြောချင်တာကတော့ မဟုတ်ဘူး။ တပ်ပိုင်းဆိုင်ရာ သတင်းတွေကတော့ ကျနော်တို့ဆီမှာ ဘာမှ မရ သေးဘူး။ တိုက်ပွဲလည်း အခုလည်း ဆက်ဖြစ်နေတဲ့ အနေအထားပဲဖြစ်ပါတယ်။ ပြီးစီးသွားတဲ့ ရပ်သွားတဲ့ အနေ အထားတော့ မဟုတ်ဘူး။ အဲဒါကြောင့် ခုနပြောတဲ့ ရန်သူရဲ့ တပ်တွေ တောင်ကုန်းတွေ သိမ်းပိုက်ထားတယ် ဆို တဲ့ သတင်းကိုတော့ ကျနော်အခုကတော့ Confirm လုပ်ပေးဖို့ နည်းနည်းစောပါတယ်။

မေး – မနေ့က တိုက်ပွဲဖြစ်တာ အဲဒီ အလော့ဒ်ဘွမ်မှာပဲ ဖြစ်တာလား။တစ်ခြားမှာရောဖြစ်သေးလား။ နှစ်နေရာ သုံး နေရာ ဖြစ်တယ်လို့ ကြားလို့လေ။
ဗိုလ်မှူးကြီး နော်ဘူ – တစ်ခြားနေရာ ဆိုတာကတော့ ဝေးတဲ့ နေရာက မဟုတ်ဘူး။ အလော့ဒ်ဘွမ်စခန်းရဲ့ အနီး အနားက ကာကင်း တွေပေါ့ အထောက်အကူပြုတဲ့ တပ်တွေအဲဒီဖက်မှာ ဖြစ်တာပါ။ တစ်ခြားနေရာက ဖြစ်တာ တော့ မဟုတ်ဘူးပေါ့။ အဲက တစ်ဝိုက်ပေါ့ စစ်တိုက်တာကသိတဲ့အတိုင်း ပတ်ဝန်းကျင်မှာတော့ ကာကင်းတွေ တပ်စခန်းတွေ အများကြီးချထားတာရှိပါတယ်။ အဲဒီကိုအားလုံး တစ်ခါတည်း တိုက်ပွဲတွေ ဖြစ်တဲ့ အနေအထား ဖြစ်ပါတယ်။ တစ်ခြားနေရာမှာတော့ မဟုတ်ဘူး အဲဒီတစ်ဝိုက်လောက်ဖြစ်ပါတယ်။

မေး – အခုဖြစ်တဲ့တိုက်ပွဲက KIA ဖက်က သွားတိုက်တာလား မဟုတ်ရင် တပ်မတော်ဖက်က လာတိုက်တာ လား။ ဘယ်လိုအခြေအနေလဲ။

ဗိုလ်မှူးကြီး နော်ဘူ – အကြောင်းအရင်းက ဒီလိုရှိမှာပါ။ ဒီ မတ်လ ၂၁ ရက်နေ့ကနေ နှစ်ရက် သုံးရက်လောက် ပေါ့ တပ်မတော်က ကျနော်တို့ တပ်စခန်းဆီမှာ လက်နက်ကြီးနဲ့ ပစ်တယ် သူတို့ ရန်စပြီးမှ ကျနော်တို့ကို အရင် ပစ်တာတွေ ရှိတယ်။ ကျနော်တို့ရဲ့ ဖာလမ်ဘွမ် ဆမား အဲဒီကြားက ကျနော်တို့ရဲ့ တပ်စခန်း ပို့စ်ဖက်မှာလည်း ၂၂ ရက်နေ့ည တစ်ညလုံး ဆမားဖက်ကနေ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခဲ့တာရှိတယ်။ နောက်တစ်ခု က တော့ ၂၃ ရက်နေ့မှာလည်းပဲ ကျနော်တို့ တပ်ရင်း ၃ ဌာနချုပ်ဖြစ်နေတဲ့ ဒီဆဒုံးဖက်မှာလေ သူတို့ လက်နက်ကြီး နဲ့ ပစ်တာ ကျနော်တို့ရဲ့ တပ်စခန်းတွေကို ပစ်တာရှိတယ်။ နောက်ပြည်သူလူထုရှိတဲ့ စစ်ရှောင်စခန်းမှာလည်း သူ တို့က လက်နက်ကြီးနဲ့ ပစ်တာ အဲဒါလက်နက်ကြီး ကျည်ဆန်ကတော့ တရုတ်ပြည်ဖက်ကမ်းမှာတောင် ၂ လုံး ကျတာရှိတယ်။ ၂ လုံးပေါက်ကွဲသွားတာရှိတယ်။ ဆိုတော့ သူတို့ဖက်ကနေ ကျနော်တို့ကို အရင်ရန်စပြီးမှ ပစ် တာ ဒါကြောင့် ကျနော်တို့လည်း ဒီဖက်ပြန်ပစ်တဲ့ အနေအထားဖြစ်ပါတယ်။

မေး – ဒီလအတောအတွင်းမှာ KIA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲ ဘယ်နှစ်ကြိမ်လောက်ဖြစ်သလဲ။ ဘယ် ဒေသတွေမှာ ဖြစ်တာလဲ။

ဗိုလ်မှူးကြီး နော်ဘူ – ဒီလအတောအတွင်းမှာ အင်ဂျန်းယန်ဖက်မှာ ဖြစ်တာရှိပါတယ်။ ခုနပြောတဲ့ တပ်မတော် ဖက်က ပစ်တာ တပ်ရင်း ၃ နယ်မြေဖက်မှာ ဖြစ်တာရှိပါတယ်။ အခု အလော့ဒ်ဘွမ်ဖက်မှာလည်း ဖြစ်တာရှိပါ တယ်။ နောက်တစ်ခုကတော့ မိုးကောင်းနဲ့ကားမိုင်းကြားမှာ သုံးလေး နေရာလောက်မှာတော့ ဖြစ်တယ်လို့ထင်ပါ တယ်။ အတိအကျတော့ ကျနော်ကလည်း မမှတ်မိတော့ ပါဘူး။ ရှမ်းမြောက်ဖက်မှာလည်း ဒီလ အတောအ တွင်းမှာလည်း တိုက်ပွဲတွေ ဖြစ်တာရှိပါတယ်။ ငါးကြိမ် ခြောက်ကြိမ်လောက်ဖြစ်မယ်ထင်တယ်။ ကျနော်လည်း အတိအကျသိပ်မမှတ်မိတော့ဘူး။

မေး – ဒီလိုအနေအထားမှာ လိုင်ဇာဌာနချုပ်ဖက်ကရော ဘယ်လိုပြင်ဆင်ထားသလဲ။ ဒေသခံပြည်သူတွေ အတွက်ကို ဘယ်လိုကြိုတင်ပြင်ဆင်ပြီးတော့ လုပ်ဆောင်ထားတာရှိသလဲ။

ဗိုလ်မှူးကြီး နော်ဘူ – အထူးပြင်ဆင်ထားတာတော့ မရှိပါဘူး။ ဒါပေမယ့် ပြည်သူလူထုက အားလုံးတိုင်းလိုပေါ့ ပတ်ဝန်းကျင်မှာ တိုက်ပွဲ ဖြစ်လို့ရှိရင် သူတို့ဟာ သူတို့ ဘယ်လိုလုပ်မလဲဆိုတာ ကြိုတင်ပြီးမှ ပြင်ဆင်ထားကြ တာတော့ ရှိပါတယ်။ ဒါအမြဲတမ်းပေါ့ ဒီတစ်ခေါက် မဟုတ်ပါဘူး။ လွန်ခဲ့တဲ့အချိန်မှာလည်း ကျနော်တို့ လိုင်ဇာ မှာက လက်နက်ကြီး ကျည်ဆန်တွေလည်း ကျတာပေါ့ ဆိုတော့ ပြည်သူလူထုလည်း ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ သူတို့ရဲ့ မိသားစု ကိုယ့်အိမ်ကို ကာကွယ်ဖို့ဆိုတာကတော့ သူတို့ဖာသာ သူတို့ပေါ့ ကျနော်တို့ကလည်း သတင်း ကိုတော့ နားထောင်ဖို့ပေါ့။ အမြဲတမ်းနားစွင့်ဖို့တော့ ပြောထားတာတော့ရှိပါတယ်။

တခြား သတင်းများတွင် အလော့ဘွမ်ကို ကေအိုင်အေ တပ်ဖွဲ့များက သိမ်းပိုက်မိပြီဆိုသော်လည်း ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကတော့ အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။

*** ZAWGYI ***
KIA နွင့္ တပ္မေတာ္အၾကား တိုက္ပြဲမ်ား ျပင္းထန္

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုနွစ္၊ မတ္လ ၂၅ ရက္။

စစ္အာဏာသိမ္းၿပီးေနာက္ အာဏာသိမ္းစစ္ေကာင္စီႏွင့္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA တို႔အၾကား ကခ်င္ျပည္နယ္တြင္သာမက ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ား ျပင္းထန္စြာ ျပန္လည္ျဖစ္ပြားေန သည္ ဟု KIO/KIA က ေျပာသည္။

ယခုလအတြင္းတြင္လည္း စစ္ေကာင္စီ၏ လက္နက္ကိုင္ တပ္ဖြဲ႔ႏွင့္ KIA တို႔အၾကား တိုက္ပြဲအႀကိမ္ေရ ေျခာက္ ႀကိမ္ထက္ မနည္းျဖစ္ပြားခဲ့ၿပီး မတ္လ ၂၄ ရက္ေန႔ (ယမန္ေန႔)ကလည္း KIO/KIA ဌာနခ်ဳပ္အနီးရွိ စစ္ေကာင္စီ ၏ လက္နက္ကိုင္ တပ္မ်ားတပ္စြဲထားသည့္ အေလာ့ဒ္ဘြမ္ (Alaw Bum) ဆိုသည့္ေနရာကို KIA ကသြား ေရာက္တိုက္ခိုက္ခဲ့ သည့္အတြက္ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့သည္ဟု ဆိုသည္။

ယမန္ေန႔က ျဖစ္ပြားခဲ့သည့္ တိုက္ပြဲအေျခအေန၊ ဘာေၾကာင့္ KIA က တပ္မေတာ္ တပ္စခန္းကို ၀င္ေရာက္ တိုက္ခိုက္ရတာလဲ စသည့္ အေၾကာင္းအရာမ်ားကို ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIO/KIA သတင္းႏွင့္ ျပန္ၾကား ေရး တာ၀န္ခံ ဗိုလ္မွဴးႀကီး ေနာ္ဘူကို ဆက္သြယ္ေမးျမန္းရာမွာ သူက တိုက္ပြဲ အေျခအေနကို စေျပာျပသည္။

ဗိုလ္မွဴးႀကီး ေနာ္ဘူ – မေန႔က ညေန ၅ နာရီခြဲကေနစတာ တိုက္ပြဲကေတာ့ ဆက္ရွိေနပါ တယ္။ ဒီမနက္လည္း အေစာႀကီး ျပန္ျဖစ္ေနတယ္။ တိုက္ပြဲျဖစ္တဲ့ ေနရာကေတာ့ သိပ္ေတာ့ မေ၀းဘူးေပါ့ အေလာ့ဒ္ (Alaw Bum) ဘြမ္ဆိုတဲ့ ေနရာမွာ ျဖစ္တယ္။ လိုင္ဇာနဲ႔ မိုင္ဂ်ာယာန္သြားတဲ့ လမ္းက တစ္၀က္ ေလာက္ရွိတဲ့ ေနရာမွာ ျဖစ္ပါတယ္။

ေမး – တိုက္ပြဲျဖစ္ေတာ့ တပ္မေတာ္ရဲ႕ တပ္စခန္းေတြ ေတာင္ကုန္းေတြကို KIA ဖက္က သိမ္းပိုက္ရရွိထားတဲ့ ရွိၿပီး လူမႈကြန္ရက္ေပၚမွာ တက္လာတာေတြ႕ရတယ္။ အဲဒီအေျခအေနက ဘယ္လိုရွိသလဲ။

ဗိုလ္မွဴးႀကီး ေနာ္ဘူ – အဲဒါသတင္းကေတာ့ အခ်င္းခ်င္းအားေပးတဲ့ သတင္းျဖစ္မွာပါ။ Confirm ကေတာ့ မဟုတ္ေသးဘူး။ စစ္ေရးဆိုင္ရာ ေဒတာေတြေပါ့ေနာ သတင္းေတြ က်ေနာ္တို႔ဆီမွာ ဘာမွမတက္ဘူး။ မဟုတ္ ဘူးလို႔ ေျပာခ်င္တာကေတာ့ မဟုတ္ဘူး။ တပ္ပိုင္းဆိုင္ရာ သတင္းေတြကေတာ့ က်ေနာ္တို႔ဆီမွာ ဘာမွ မရ ေသးဘူး။ တိုက္ပြဲလည္း အခုလည္း ဆက္ျဖစ္ေနတဲ့ အေနအထားပဲျဖစ္ပါတယ္။ ၿပီးစီးသြားတဲ့ ရပ္သြားတဲ့ အေန အထားေတာ့ မဟုတ္ဘူး။ အဲဒါေၾကာင့္ ခုနေျပာတဲ့ ရန္သူရဲ႕ တပ္ေတြ ေတာင္ကုန္းေတြ သိမ္းပိုက္ထားတယ္ ဆို တဲ့ သတင္းကိုေတာ့ က်ေနာ္အခုကေတာ့ Confirm လုပ္ေပးဖို႔ နည္းနည္းေစာပါတယ္။

ေမး – မေန႔က တိုက္ပြဲျဖစ္တာ အဲဒီ အေလာ့ဒ္ဘြမ္မွာပဲ ျဖစ္တာလား။တစ္ျခားမွာေရာျဖစ္ေသးလား။ ႏွစ္ေနရာ သံုး ေနရာ ျဖစ္တယ္လို႔ ၾကားလို႔ေလ။

ဗိုလ္မွဴးႀကီး ေနာ္ဘူ – တစ္ျခားေနရာ ဆိုတာကေတာ့ ေ၀းတဲ့ ေနရာက မဟုတ္ဘူး။ အေလာ့ဒ္ဘြမ္စခန္းရဲ႕ အနီး အနားက ကာကင္း ေတြေပါ့ အေထာက္အကူျပဳတဲ့ တပ္ေတြအဲဒီဖက္မွာ ျဖစ္တာပါ။ တစ္ျခားေနရာက ျဖစ္တာ ေတာ့ မဟုတ္ဘူးေပါ့။ အဲက တစ္ဝိုက္ေပါ့ စစ္တိုက္တာကသိတဲ့အတိုင္း ပတ္၀န္းက်င္မွာေတာ့ ကာကင္းေတြ တပ္စခန္းေတြ အမ်ားႀကီးခ်ထားတာရွိပါတယ္။ အဲဒီကိုအားလံုး တစ္ခါတည္း တိုက္ပြဲေတြ ျဖစ္တဲ့ အေနအထား ျဖစ္ပါတယ္။ တစ္ျခားေနရာမွာေတာ့ မဟုတ္ဘူး အဲဒီတစ္ဝိုက္ေလာက္ျဖစ္ပါတယ္။

ေမး – အခုျဖစ္တဲ့တိုက္ပြဲက KIA ဖက္က သြားတိုက္တာလား မဟုတ္ရင္ တပ္မေတာ္ဖက္က လာတိုက္တာ လား။ ဘယ္လိုအေျခအေနလဲ။

ဗိုလ္မွဴးႀကီး ေနာ္ဘူ – အေၾကာင္းအရင္းက ဒီလိုရွိမွာပါ။ ဒီ မတ္လ ၂၁ ရက္ေန႔ကေန ႏွစ္ရက္ သံုးရက္ေလာက္ ေပါ့ တပ္မေတာ္က က်ေနာ္တို႔ တပ္စခန္းဆီမွာ လက္နက္ႀကီးနဲ႔ ပစ္တယ္ သူတို႔ ရန္စၿပီးမွ က်ေနာ္တို႔ကို အရင္ ပစ္တာေတြ ရွိတယ္။ က်ေနာ္တို႔ရဲ႕ ဖာလမ္ဘြမ္ ဆမား အဲဒီၾကားက က်ေနာ္တို႔ရဲ႕ တပ္စခန္း ပို႔စ္ဖက္မွာလည္း ၂၂ ရက္ေန႔ည တစ္ညလံုး ဆမားဖက္ကေန လက္နက္ႀကီး လက္နက္ငယ္နဲ႔ ပစ္ခဲ့တာရွိတယ္။ ေနာက္တစ္ခု က ေတာ့ ၂၃ ရက္ေန႔မွာလည္းပဲ က်ေနာ္တို႔ တပ္ရင္း ၃ ဌာနခ်ဳပ္ျဖစ္ေနတဲ့ ဒီဆဒံုးဖက္မွာေလ သူတို႔ လက္နက္ႀကီး နဲ႔ ပစ္တာ က်ေနာ္တို႔ရဲ႕ တပ္စခန္းေတြကို ပစ္တာရွိတယ္။ ေနာက္ျပည္သူလူထုရွိတဲ့ စစ္ေရွာင္စခန္းမွာလည္း သူ တို႔က လက္နက္ႀကီးနဲ႔ ပစ္တာ အဲဒါလက္နက္ႀကီး က်ည္ဆန္ကေတာ့ တ႐ုတ္ျပည္ဖက္ကမ္းမွာေတာင္ ၂ လံုး က်တာရွိတယ္။ ၂ လံုးေပါက္ကြဲသြားတာရွိတယ္။ ဆိုေတာ့ သူတို႔ဖက္ကေန က်ေနာ္တို႕ကို အရင္ရန္စၿပီးမွ ပစ္ တာ ဒါေၾကာင့္ က်ေနာ္တို႔လည္း ဒီဖက္ျပန္ပစ္တဲ့ အေနအထားျဖစ္ပါတယ္။

ေမး – ဒီလအေတာအတြင္းမွာ KIA နဲ႔ တပ္မေတာ္တို႔အၾကား တိုက္ပြဲ ဘယ္ႏွစ္ႀကိမ္ေလာက္ျဖစ္သလဲ။ ဘယ္ ေဒသေတြမွာ ျဖစ္တာလဲ။

ဗိုလ္မွဴးႀကီး ေနာ္ဘူ – ဒီလအေတာအတြင္းမွာ အင္ဂ်န္းယန္ဖက္မွာ ျဖစ္တာရွိပါတယ္။ ခုနေျပာတဲ့ တပ္မေတာ္ ဖက္က ပစ္တာ တပ္ရင္း ၃ နယ္ေျမဖက္မွာ ျဖစ္တာရွိပါတယ္။ အခု အေလာ့ဒ္ဘြမ္ဖက္မွာလည္း ျဖစ္တာရွိပါ တယ္။ ေနာက္တစ္ခုကေတာ့ မိုးေကာင္းနဲ႔ကားမိုင္းၾကားမွာ သံုးေလး ေနရာေလာက္မွာေတာ့ ျဖစ္တယ္လို႔ထင္ပါ တယ္။ အတိအက်ေတာ့ က်ေနာ္ကလည္း မမွတ္မိေတာ့ ပါဘူး။ ရွမ္းေျမာက္ဖက္မွာလည္း ဒီလ အေတာအ တြင္းမွာလည္း တိုက္ပြဲေတြ ျဖစ္တာရွိပါတယ္။ ငါးႀကိမ္ ေျခာက္ႀကိမ္ေလာက္ျဖစ္မယ္ထင္တယ္။ က်ေနာ္လည္း အတိအက်သိပ္မမွတ္မိေတာ့ဘူး။

ေမး – ဒီလိုအေနအထားမွာ လိုင္ဇာဌာနခ်ဳပ္ဖက္ကေရာ ဘယ္လိုျပင္ဆင္ထားသလဲ။ ေဒသခံျပည္သူေတြ အတြက္ကို ဘယ္လိုႀကိဳတင္ျပင္ဆင္ၿပီးေတာ့ လုပ္ေဆာင္ထားတာရွိသလဲ။

ဗိုလ္မွဴးႀကီး ေနာ္ဘူ – အထူးျပင္ဆင္ထားတာေတာ့ မရွိပါဘူး။ ဒါေပမယ့္ ျပည္သူလူထုက အားလံုးတိုင္းလိုေပါ့ ပတ္၀န္းက်င္မွာ တိုက္ပြဲ ျဖစ္လို႔ရွိရင္ သူတို႔ဟာ သူတို႔ ဘယ္လိုလုပ္မလဲဆိုတာ ႀကိဳတင္ၿပီးမွ ျပင္ဆင္ထားၾက တာေတာ့ ရွိပါတယ္။ ဒါအၿမဲတမ္းေပါ့ ဒီတစ္ေခါက္ မဟုတ္ပါဘူး။ လြန္ခဲ့တဲ့အခ်ိန္မွာလည္း က်ေနာ္တို႔ လိုင္ဇာ မွာက လက္နက္ႀကီး က်ည္ဆန္ေတြလည္း က်တာေပါ့ ဆိုေတာ့ ျပည္သူလူထုလည္း ကိုယ့္ကိုကိုယ္ကာကြယ္ဖို႔ သူတို႔ရဲ႕ မိသားစု ကိုယ့္အိမ္ကို ကာကြယ္ဖို႔ဆိုတာကေတာ့ သူတို႔ဖာသာ သူတို႔ေပါ့ က်ေနာ္တို႔ကလည္း သတင္း ကိုေတာ့ နားေထာင္ဖို႔ေပါ့။ အၿမဲတမ္းနားစြင့္ဖို႔ေတာ့ ေျပာထားတာေတာ့ရွိပါတယ္။

တျခား သတင္းမ်ားတြင္ အေလာ့ဘြမ္ကို ေကအုိင္ေအ တပ္ဖြဲ႔မ်ားက သိမ္းပိုက္မိၿပီဆိုေသာ္လည္း ေကအိုင္အို ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွူးႀကီး ေနာ္ဘူကေတာ့ အတည္မျပဳနိုင္ေသးေၾကာင္း ေျပာပါတယ္။