TNLA နှင့် တပ်မတော်အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၅ ရက်။
တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA နှင့် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်တို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု TNLA က ပြောသည်။
မတ်လ ၂၅ ရက်နေ့ (ယနေ့) ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် TNLA နှင့်အတူ မြန်မာအမျိုးသား ဒီမိုက ရက်တစ် မဟာမိတ်တပ်မတော် MNDAA ကိုးကန့်တပ်ဖွဲ့များပါ ပူးပေါင်းကူညီတိုက်ခိုက်ခဲ့သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။
၎င်းက “ဒီမနက် ၈ နာရီခွဲကနေ ၁၁ နာရီခွဲအထိ နမ့်ခမ်းမြို့နယ်ထဲက ပန်ခါးရွာနှင့် မန်ပန်ရွာကြားပေါ့ ကျနော် တို့ အဖွဲ့ရယ် MNDAA ရယ် တပ်နဲ့ ထိတွေ့မှုဖြစ်တယ်။ ကျနော်တို့က ပန်ခါးကနေလာပြီးမှ အဲဖက် မန်ပန် ဖက် အသွား အဲ့မှာ ခလရ ၄၂၆ နဲ့ တိုးပြီးမှ တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်” ဟု ပြောသည်။
ယနေ့နံနက်ပိုင်းတွင် နှစ်ဖက်ကြား တိုက်ပွဲ ၄ နာရီနီးပါးခန့် ဖြစ်ပွားခဲ့ပြီး နေ့လည် ၁ နာရီ နောက်ပိုင်း အချိန်ခန့်မှ စတင်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်း မရှိပဲ ငြိမ်သက်နေသည်ဟု ဆိုသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော် “စောစောပြောသလို တိုက်ပွဲကတော့ နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် ပုံစံဖြစ်သွားတော့ တိုက်ပွဲဖြစ်ပွားရတာဖြစ်တယ်။ အဲမှာ နောက်မှာတော့ တိုက်ပွဲက လောလောဆယ်မှာ ပြန်ငြိမ်သွားတာပေါ့။ အထူးသဖြင့်တော့ တပ်ဖက်ကလည်း ထွက်လာတဲ့အချိန် ကျနော်တို့ဖက်လည်း ထွက်လာတယ်။ ပက်ပင်းတိုးပြီး တော့မှ အဲလိုမျိုး ရုတ်တရက် တိုက်ပွဲဖြစ်ပွားတာ ဖြစ်ပါတယ်” ဟုပြောသည်။
ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း TNLA နှင့် MNDAA ကိုးကန့် ပူးပေါင်းတပ်တို့ဖက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဟုဆိုသည်။ သို့သော် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များဖက်မှ ထိခိုက်ကျဆုံးမှုကို မသိရကြောင်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။
TNLA အနေဖြင့် တပ်မတော်မှ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် NLD အစိုးရထံမှ အာဏာ သိမ်း ယူမှုကို မကြိုက်မနှစ်သက်ကြောင်းနှင့် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များမှ ပြည်သူများ အား သေကြေဒဏ်ရာရရှိသည့် အထိ ဦးတည်ထိခိုက်နေမှုများကို မလိုလားဟု ဆိုသည်။
မတ်လ ၂၅ ရက်နေ့ (ယနေ့) တွင် PSLF/TNL ၊ MNDAA ကိုးကန့် ပူးပေါင်းတပ်များနှင့် အာဏာသိမ်း စစ်ကောင်စီ ၏ လက်နက်ကိုင်တပ်တို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ ကချင်ပြည်နယ်တွင် လည်း အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့များဖြင့် ပူး ပေါင်းထားသည့် ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။
မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ FPNCC အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ MNDAA၊ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် ULA၊ ပလောင် ပြည်နယ် လွတ် မြောက်ရေးတပ်ဦး PSLF၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (မိုင်းလား) NDAA “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP တို့ပါဝင်သည်။
*** ZAWGYI ***
TNLA ႏွင့္ တပ္မေတာ္အၾကား တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြား
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၅ ရက္။
တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ PSLF/TNLA ႏွင့္ အာဏာသိမ္း စစ္ေကာင္စီ၏ လက္နက္ကိုင္ တပ္တို႔အၾကား ရွမ္းျပည္နယ္ ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕နယ္ထဲတြင္ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့သည္ဟု TNLA က ေျပာသည္။
မတ္လ ၂၅ ရက္ေန႔ (ယေန႔) ျဖစ္ပြားခဲ့သည့္ တိုက္ပြဲတြင္ TNLA ႏွင့္အတူ ျမန္မာအမ်ိဳးသား ဒီမိုက ရက္တစ္ မဟာမိတ္တပ္မေတာ္ MNDAA ကိုးကန႔္တပ္ဖြဲ႕မ်ားပါ ပူးေပါင္းကူညီတိုက္ခိုက္ခဲ့သည္ဟု TNLA သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္က ေျပာသည္။
၎က “ဒီမနက္ ၈ နာရီခြဲကေန ၁၁ နာရီခြဲအထိ နမ့္ခမ္းၿမိဳ႕နယ္ထဲက ပန္ခါး႐ြာႏွင့္ မန္ပန္႐ြာၾကားေပါ့ က်ေနာ္ တို႔ အဖြဲ႕ရယ္ MNDAA ရယ္ တပ္နဲ႔ ထိေတြ႕မႈျဖစ္တယ္။ က်ေနာ္တို႔က ပန္ခါးကေနလာၿပီးမွ အဲဖက္ မန္ပန္ ဖက္ အသြား အဲ့မွာ ခလရ ၄၂၆ နဲ႔ တိုးၿပီးမွ တိုက္ပြဲျဖစ္ပြားတာျဖစ္တယ္” ဟု ေျပာသည္။
ယေန႔နံနက္ပိုင္းတြင္ ႏွစ္ဖက္ၾကား တိုက္ပြဲ ၄ နာရီနီးပါးခန႔္ ျဖစ္ပြားခဲ့ၿပီး ေန႔လည္ ၁ နာရီ ေနာက္ပိုင္း အခ်ိန္ခန႔္မွ စတင္ၿပီး တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားျခင္း မရွိပဲ ၿငိမ္သက္ေနသည္ဟု ဆိုသည္။
ဗိုလ္မႉး မိုင္းအိုက္ေက်ာ္ “ေစာေစာေျပာသလို တိုက္ပြဲကေတာ့ ႏွစ္ဖက္ထိပ္တိုက္ရင္ဆိုင္ ပုံစံျဖစ္သြားေတာ့ တိုက္ပြဲျဖစ္ပြားရတာျဖစ္တယ္။ အဲမွာ ေနာက္မွာေတာ့ တိုက္ပြဲက ေလာေလာဆယ္မွာ ျပန္ၿငိမ္သြားတာေပါ့။ အထူးသျဖင့္ေတာ့ တပ္ဖက္ကလည္း ထြက္လာတဲ့အခ်ိန္ က်ေနာ္တို႔ဖက္လည္း ထြက္လာတယ္။ ပက္ပင္းတိုးၿပီး ေတာ့မွ အဲလိုမ်ိဳး ႐ုတ္တရက္ တိုက္ပြဲျဖစ္ပြားတာ ျဖစ္ပါတယ္” ဟုေျပာသည္။
ယေန႔ျဖစ္ပြားခဲ့သည့္ တိုက္ပြဲအတြင္း TNLA ႏွင့္ MNDAA ကိုးကန႔္ ပူးေပါင္းတပ္တို႔ဖက္မွ ထိခိုက္ဒဏ္ရာ ရရွိမႈမရွိဟုဆိုသည္။ သို႔ေသာ္ အာဏာသိမ္း စစ္ေကာင္စီ၏ လက္နက္ကိုင္တပ္မ်ားဖက္မွ ထိခိုက္က်ဆုံးမႈကို မသိရေၾကာင္း ဗိုလ္မႉးမိုင္းအိုက္ေက်ာ္က ေျပာသည္။
TNLA အေနျဖင့္ တပ္မေတာ္မွ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိထားသည့္ NLD အစိုးရထံမွ အာဏာ သိမ္း ယူမႈကို မႀကိဳက္မႏွစ္သက္ေၾကာင္းႏွင့္ အာဏာသိမ္း စစ္ေကာင္စီ၏ လက္နက္ကိုင္တပ္မ်ားမွ ျပည္သူမ်ား အား ေသေၾကဒဏ္ရာရရွိသည့္ အထိ ဦးတည္ထိခိုက္ေနမႈမ်ားကို မလိုလားဟု ဆိုသည္။
မတ္လ ၂၅ ရက္ေန႔ (ယေန႔) တြင္ PSLF/TNL ၊ MNDAA ကိုးကန႔္ ပူးေပါင္းတပ္မ်ားႏွင့္ အာဏာသိမ္း စစ္ေကာင္စီ ၏ လက္နက္ကိုင္တပ္တို႔အၾကား ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ တိုက္ပြဲျဖစ္ပြားခဲ့သကဲ့သို႔ ကခ်င္ျပည္နယ္တြင္ လည္း အာဏာသိမ္း စစ္ေကာင္စီ၏ လက္နက္ကိုင္ တပ္မ်ားႏွင့္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA တို႔ အၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနသည္။
အာဏာသိမ္း စစ္ေကာင္စီ၏ လက္နက္ကိုင္တပ္မ်ားႏွင့္ တိုက္ပြဲျဖစ္ပြားခဲ့သည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားသည္ ေျမာက္ပိုင္းရွိ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး လက္နက္ကိုင္ အဖြဲ႕မ်ားျဖင့္ ပူး ေပါင္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေတြ႕ဆုံညႇိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႕ဝင္မ်ားျဖစ္သည္။
ေျမာက္ပိုင္းတိုင္းရင္းသား လက္နက္ကိုင္ ၇ ဖြဲ႕ျဖင့္ ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္း ေရးေကာ္မတီ FPNCC အဖြဲ႕တြင္ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO၊ ရွမ္းျပည္တိုးတက္ေရး ပါတီ SSPP၊ ျမန္မာႏိုင္ငံ အမွန္တရားႏွင့္ မွ်တမႈ အမ်ိဳးသားပါတီ MNDAA၊ ရကၡိဳင့္အမ်ိဳးသား အဖြဲ႕ခ်ဳပ္ ULA၊ ပေလာင္ ျပည္နယ္ လြတ္ ေျမာက္ေရးတပ္ဦး PSLF၊ ရွမ္းျပည္နယ္ အေရွ႕ပိုင္း အထူးေဒသ ၄ ၿငိမ္းခ်မ္းေရးႏွင့္ စည္းလုံးေရး ေကာ္မတီ (မိုင္းလား) NDAA “ဝ” ျပည္ေသြးစည္းညီၫႊတ္ေရးပါတီ UWSP တို႔ပါဝင္သည္။