ကရင် စစ်ရှောင်များအတွက် အကူအညီပေးရန် ကရင်အရပ်ဘက် အဖွဲ့များတောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်။
ထိုင်းအာဏာပိုင်များအနေဖြင့် တိုက်ပွဲများကြောင့် နယ်စပ်ကို ရောက်ရှိနေသည့် ကရင်စစ်ရှောင်ဒုက္ခသည်များကို ရိက္ခာထောက်ပံ့ပေးနိုင်ရေးနှင့် အခြားသောလူသားချင်းစာနာထောက်ထားသည့် အကူအညီများ ရရှိအောင် ကူညီ ပေးစေလိုသည် ဟု ကရင်အရပ်ဘက်အဖွဲ့ အစည်းအချို့က ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ၏ နေထိုင်စားသောက်ရေး အခြေအနေမှာ အခက်အခဲများစွာရှိနေ သော်လည်း ထိုင်းဘက်က အကူအညီသွားပေးမည့် အဖွဲ့အစည်းများကို သွားခွင့်မပြုကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN မှ ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးကို ပြောသည်။
“အဲဒီမှာ အကူအညီပေးမယ့် အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ သွားချင်ပေမယ့် ထိုင်းစစ်တပ်က အခွင့်မ ပေးဘူး။ အဲဒါကြောင့် အသက်ကြီးတဲ့ သူတွေထဲက တချို့ကတော့ စားစရာတွေကို ဟိုဖက်ကမ်းမှာ သွားပြန်ယူ ရတာရှိတယ်။ စားစရာတွေ ရေတွေကို သူတို့ရဲ့ ရွာမှာ ပြန်ယူနေရတယ်။”
ထိုင်းအာဏာပိုင်များက ကရင်စစ်ဘေးရှောင်ပြည်သူများကို နယ်စပ်က ပြန်ခိုင်းနေသည့်အပြင် အကူအညီပေး မည့် အဖွဲ့အစည်းများနှင့် သတင်းမီဒီယာသမားများကို ပါ ၎င်းနေရာများတွင် သွားရောက်ခွင့် မပြုဟု ပြောသည်။
ထွက်ပြေးတိမ်းရှောင်လာသူများအတွက် စားဝတ်နေရေး၊ နေရေးထိုင်ရေး အစစအရာရာ အခက် အခဲရှိနေသည့် အတွက် အမြန်ဆုံး အကူအညီပေးနိုင်ရေး နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ထိုင်းအစိုးရကို တွန်းအားပေး စေချင်သည်ဟု နော်ဝါးခူရှီး က ဆက်ပြောသည်။
”အခက်အခဲက သူတို့ဆီသွားဖို့ကို ထိုင်းစစ်တပ်ဖက်က ခွင့်မပြုဘူး။ အကူအညီပေးဖို့ သွားရောက်မယ့် အဖွဲ့အ စည်းတွေက သူတို့ဆီကို ရောက်အောင်သွားဖို့ဆိုတာ အခက်အခဲတွေရှိနေတယ်။ အစားအသောက်တွေ သယ် သွားတာတို့ လိုအပ်တာတွေ သွားပို့ပေးဖို့ ထိုင်းစစ်တပ်ဖက် ခွင့်မပြုတဲ့အတွက် အခက်အခဲဖြစ်နေတာ ဟုတ် တယ်ပေါ့နော်။ အဲဒါက ကျမတို့ စဉ်းစားတာက အခုက NGO အဖွဲ့အစည်း တွေပဲဖြစ်ဖြစ် UNHCR ပဲ ဖြစ်ဖြစ် ထိုင်းနိုင်ငံက အကူအညီပေးတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ် ထွက်ပြေးလာတဲ့ သူတွေကို အကူအညီသွားပေးလို့ရအောင် တွန်းအေားပေးဖို့ ဘာဖြစ်လို့လဲဆိုတော့ ထွက်ပြေးလာတဲ့သူတွေက များသောအားဖြင့် ကလေးတွေပဲ ဖြစ်တယ် ပေါ့နော်။”
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါက “ကျနော်တို့ အနေနဲ့ ကတော့ ထိုင်းအစိုးရဖက်ခြမ်းကို ပြောချင်တာကတော့ ကျနော်တို့ အမှန်တကယ် မြန်မာပြည်မှာ ရှိတဲ့ ပြည်သူ တွေဟာ စစ်မက်ဒဏ်ကို ခံရလို့ပဲ လုံးဝနေစရာ မရှိလို့ပဲ သူတို့ နောက်ဆုံး ဒီကမ်းနားမှာတောင်နေလို့ မရတော့ လို့ ထိုင်းဖက်ခြမ်း ကူးလာတဲ့အခါမှာတော့ လူသားချင်းစာနာမှု အထောက်အကူပြုတာတော့ ပြသသင့်တယ်ပေါ့ နော။ ဒီလူတွေက ဘယ်လိုမှ မြန်မာပြည်မှာ အခြေချလို့ မရတဲ့ အနေအထားမျိုးမှာ မြန်မာပြည်ကို ပြန်ရင် လည်း သေဖို့ပဲရှိတဲ့ အနေအထားမျိုးမှာတော့ သူတို့အနေနဲ့ကတော့ ဒီလူသားချင်းစာနာမှုဆိုတဲ့စိတ်ဓာတ်ကို ပြ သပြီးတော့မှ လက်ခံသင့်တယ်လို့တော့ ကျနော်တို့ မြင်တယ်ခင်ဗျာ” ဟု ပြောသည်။
မတ်လ ၃၀ ရက်နေ့ (ယနေ့) နေ့လည်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းထိုးစစ်ဆင်မှုများကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာကြသည့် မူတြော်ခရိုင်အတွင်းက အူးဝဲကလိုးနှင့် ပကာဒဲကျေးရွာတို့က စစ် ရှောင် ၅၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက ပြန်ပို့ခဲ့သည်ဟု သိရသည်။
ယမန်နေ့ကလည်း အီတူးထာကျေးရွာက စစ်ရှောင် ၂၀၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက မြန်မာဘက်အခြမ်း ကို ပြန်ပို့ခဲ့သည့်အတွက် ကရင်စစ်ရှောင်များမှာ နေရပ်ပြန်ရန်လည်း အသက်ဘေးမလုံခြုံသည့်အတွက် တော တောင်များထဲတွင် ပုန်းအောင်းနေကြရသည်။
*** ZAWGYI ***
ကရင္ စစ္ေရွာင္မ်ားအတြက္ အကူအညီေပးရန္ ကရင္အရပ္ဘက္ အဖြဲ႕မ်ားေတာင္းဆို
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၃၀ ရက္။
ထိုင္းအာဏာပိုင္မ်ားအေနျဖင့္ တိုက္ပြဲမ်ားေၾကာင့္ နယ္စပ္ကို ေရာက္ရွိေနသည့္ ကရင္စစ္ေရွာင္ဒုကၡသည္မ်ားကို ရိကၡာေထာက္ပံ့ေပးႏိုင္ေရးႏွင့္ အျခားေသာလူသားခ်င္းစာနာေထာက္ထားသည့္ အကူအညီမ်ား ရရွိေအာင္ ကူညီ ေပးေစလိုသည္ ဟု ကရင္အရပ္ဘက္အဖြဲ႕ အစည္းအခ်ိဳ႕က ေျပာသည္။
ထြက္ေျပးတိမ္းေရွာင္ေနရသည့္ ေဒသခံမ်ား၏ ေနထိုင္စားေသာက္ေရး အေျခအေနမွာ အခက္အခဲမ်ားစြာရွိေန ေသာ္လည္း ထိုင္းဘက္က အကူအညီသြားေပးမည့္ အဖြဲ႕အစည္းမ်ားကို သြားခြင့္မျပဳေၾကာင္း ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္ KPSN မွ ေျပာေရးဆိုခြင့္ရွိသူ ေနာ္ဝါးခူရွီးကို ေျပာသည္။
“အဲဒီမွာ အကူအညီေပးမယ့္ အဖြဲ႕အစည္းေတြနဲ႔ သတင္းမီဒီယာေတြ သြားခ်င္ေပမယ့္ ထိုင္းစစ္တပ္က အခြင့္မ ေပးဘူး။ အဲဒါေၾကာင့္ အသက္ႀကီးတဲ့ သူေတြထဲက တခ်ိဳ႕ကေတာ့ စားစရာေတြကို ဟိုဖက္ကမ္းမွာ သြားျပန္ယူ ရတာရွိတယ္။ စားစရာေတြ ေရေတြကို သူတို႔ရဲ႕ ႐ြာမွာ ျပန္ယူေနရတယ္။”
ထိုင္းအာဏာပိုင္မ်ားက ကရင္စစ္ေဘးေရွာင္ျပည္သူမ်ားကို နယ္စပ္က ျပန္ခိုင္းေနသည့္အျပင္ အကူအညီေပး မည့္ အဖြဲ႕အစည္းမ်ားႏွင့္ သတင္းမီဒီယာသမားမ်ားကို ပါ ၎ေနရာမ်ားတြင္ သြားေရာက္ခြင့္ မျပဳဟု ေျပာသည္။
ထြက္ေျပးတိမ္းေရွာင္လာသူမ်ားအတြက္ စားဝတ္ေနေရး၊ ေနေရးထိုင္ေရး အစစအရာရာ အခက္ အခဲရွိေနသည့္ အတြက္ အျမန္ဆုံး အကူအညီေပးႏိုင္ေရး ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားအေနျဖင့္ ထိုင္းအစိုးရကို တြန္းအားေပး ေစခ်င္သည္ဟု ေနာ္ဝါးခူရွီး က ဆက္ေျပာသည္။
”အခက္အခဲက သူတို႔ဆီသြားဖို႔ကို ထိုင္းစစ္တပ္ဖက္က ခြင့္မျပဳဘူး။ အကူအညီေပးဖို႔ သြားေရာက္မယ့္ အဖြဲ႕အ စည္းေတြက သူတို႔ဆီကို ေရာက္ေအာင္သြားဖို႔ဆိုတာ အခက္အခဲေတြရွိေနတယ္။ အစားအေသာက္ေတြ သယ္ သြားတာတို႔ လိုအပ္တာေတြ သြားပို႔ေပးဖို႔ ထိုင္းစစ္တပ္ဖက္ ခြင့္မျပဳတဲ့အတြက္ အခက္အခဲျဖစ္ေနတာ ဟုတ္ တယ္ေပါ့ေနာ္။ အဲဒါက က်မတို႔ စဥ္းစားတာက အခုက NGO အဖြဲ႕အစည္း ေတြပဲျဖစ္ျဖစ္ UNHCR ပဲ ျဖစ္ျဖစ္ ထိုင္းႏိုင္ငံက အကူအညီေပးတဲ့ အဖြဲ႕ေတြပဲျဖစ္ျဖစ္ ထြက္ေျပးလာတဲ့ သူေတြကို အကူအညီသြားေပးလို႔ရေအာင္ တြန္းေအားေပးဖို႔ ဘာျဖစ္လို႔လဲဆိုေတာ့ ထြက္ေျပးလာတဲ့သူေတြက မ်ားေသာအားျဖင့္ ကေလးေတြပဲ ျဖစ္တယ္ ေပါ့ေနာ္။”
ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳ ကြန္ရက္မွ ေျပာေရးဆိုခြင့္ရွိသူ ေစာေလးကေပါက “က်ေနာ္တို႔ အေနနဲ႔ ကေတာ့ ထိုင္းအစိုးရဖက္ျခမ္းကို ေျပာခ်င္တာကေတာ့ က်ေနာ္တို႔ အမွန္တကယ္ ျမန္မာျပည္မွာ ရွိတဲ့ ျပည္သူ ေတြဟာ စစ္မက္ဒဏ္ကို ခံရလို႔ပဲ လုံးဝေနစရာ မရွိလို႔ပဲ သူတို႔ ေနာက္ဆုံး ဒီကမ္းနားမွာေတာင္ေနလို႔ မရေတာ့ လို႔ ထိုင္းဖက္ျခမ္း ကူးလာတဲ့အခါမွာေတာ့ လူသားခ်င္းစာနာမႈ အေထာက္အကူျပဳတာေတာ့ ျပသသင့္တယ္ေပါ့ ေနာ။ ဒီလူေတြက ဘယ္လိုမွ ျမန္မာျပည္မွာ အေျခခ်လို႔ မရတဲ့ အေနအထားမ်ိဳးမွာ ျမန္မာျပည္ကို ျပန္ရင္ လည္း ေသဖို႔ပဲရွိတဲ့ အေနအထားမ်ိဳးမွာေတာ့ သူတို႔အေနနဲ႔ကေတာ့ ဒီလူသားခ်င္းစာနာမႈဆိုတဲ့စိတ္ဓာတ္ကို ျပ သၿပီးေတာ့မွ လက္ခံသင့္တယ္လို႔ေတာ့ က်ေနာ္တို႔ ျမင္တယ္ခင္ဗ်ာ” ဟု ေျပာသည္။
မတ္လ ၃၀ ရက္ေန႔ (ယေန႔) ေန႔လည္ပိုင္းက အာဏာသိမ္းစစ္ေကာင္စီ၏ ေလေၾကာင္းထိုးစစ္ဆင္မႈမ်ားေၾကာင့္ ထိုင္းဘက္ျခမ္းသို႔ ထြက္ေျပးလာၾကသည့္ မူေၾတာ္ခ႐ိုင္အတြင္းက အူးဝဲကလိုးႏွင့္ ပကာဒဲေက်း႐ြာတို႔က စစ္ ေရွာင္ ၅၀၀ ေက်ာ္ကို ထိုင္းအာဏာပိုင္မ်ားက ျပန္ပို႔ခဲ့သည္ဟု သိရသည္။
ယမန္ေန႔ကလည္း အီတူးထာေက်း႐ြာက စစ္ေရွာင္ ၂၀၀၀ ေက်ာ္ကို ထိုင္းအာဏာပိုင္မ်ားက ျမန္မာဘက္အျခမ္း ကို ျပန္ပို႔ခဲ့သည့္အတြက္ ကရင္စစ္ေရွာင္မ်ားမွာ ေနရပ္ျပန္ရန္လည္း အသက္ေဘးမလုံၿခဳံသည့္အတြက္ ေတာ ေတာင္မ်ားထဲတြင္ ပုန္းေအာင္းေနၾကရသည္။