ကချင် သတင်းထောက် ၂ ဦးကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲလိုက်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်။ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မတ်လ ၂၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက်နှစ်ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲလိုက်ပြီဟု သိရသည်။

မြစ်ကြီးနားအခြေဆိုက် The 74 Media သတင်းဌာနမှ အမျိုးသမီးသတင်းထောက် မချန်းဘူနှင့် Kachin Waves သတင်းဌာနမှ အမျိုးသားသတင်းထောက် ကိုလရော် တို့ ဧပြီလ ၁ ရက်နေ့ (ယနေ့) တွင် နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

The 74 Media သတင်းဌာန မှ တာဝန်ရှိသူတစ်ဦးက “၅၀၅ (က) နဲ့ တရားစွဲလိုက်တာ ဟုတ်ပါတယ်။ လော လောဆယ်က သူတို့ကို အမှတ် ၁ ရဲစခန်းမှာ ချုပ်ထားတယ်။ မနက်ဖြန်ကိုက ထောင်ကြီးကို  ပို့မယ်ဆိုတာမျိုး အဲ့ လောက်ပဲ သိသေးတယ်။ နောက်ဆုံးအခြေအနေက တရားစွဲဆိုခံထားရတယ်ဆိုတာမျိုးပဲ သိထားသေး တယ်” ဟု ပြောသည်။ 

မတ်လ ၂၉ ရက်နေ့ က မြစ်ကြီးနားမြို့ ၊ ရမ်ပူရပ်ကွက်မှ သပိတ်စစ်ကြောင်းခံတပ် အကြမ်းဖက်ဖြိုခွင်း ခံရပြီး နောက် သတင်းထောက်နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောသည်။

သတင်းဌာန တာဝန်ရှိသူများက သူတို့နှစ်ဦး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း ပြောသည်။ 

“သူတို့ က အခုလို ပုဒ်မတပ်ပြီး တရားစွဲလိုက်ပြီဆို တော့ ကိုယ့်ဘက်က လုပ်နိုင်တာက တရားရင်ဆိုင်ဖို့ ရှေ့ နေ ငှားရမယ်။ အခုလောလောဆယ် တဖက်က ပုဒ်မတပ်ပြီးဆိုတော့ တရားရင်ဆိုင်သွားဖို့ပဲ ရှိတာပါ။”

The 74 Media သတင်းဌာနမှ အမျိုးသမီးသတင်းထောက် မချန်းဘူနှင့် Kachin Waves သတင်းဌာနမှ အမျိုးသား သတင်းထောက် ကိုလရော် တို့ကို ဧပြီလ ၂ ရက်နေ့တွင် အမှတ် ၁ ရဲစခန်းမှ မြစ်ကြီးနားထောင်သို့ ပို့ဆောင် မည်ဟုလည်း သိရသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် ပြစ်ဒဏ်စီရင်ခံရလျှင် အမြင့်ဆုံး ထောင် ဒဏ် ၃ နှစ်အထိ ကျခံရနိုင်သည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန်ဝတ္တတရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော် လည်း ကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြပေးထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း The 74 Media ၏ အယ်ဒီတာချုပ် ကိုထွယ် အောင်နှင့် ကင်မရာမန်း ကိုနောင်ဆိုင်း၊ Mizzima သတင်းဌာနက ကိုဆိုင်းလတ်အောင်နှင့် ထာဝရငြိမ်းချမ်းရေး ကွန် ယက် (EPN) က ကိုရန်ကောင်းနှင့် ကိုဝေယံတို့ အဖမ်းခံခဲ့ရပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း The 74 Media သတင်းဌာနက ကိုပေါင်လန်းတောင် တို့ ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါ ဖမ်းခံရမှုများတွင် ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG ၏ ညှိ နှိုင်းဆောင်ရွက်ပေးမှုကြောင့် ပြန်လွှတ် လာခဲ့ကြသော်လည်း  ယခုအကြိမ်တွင် ပြန်လွတ်လာခြင်းမရှိပဲ တရားစွဲဆိုခံရခြင်း ဖြစ်သည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီလ ၁ ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်း ဖမ်းဆီးခံရသည့် သတင်း ထောက် ၅၆ ယောက် ရှိပြီဖြစ်သည်ဟု ပြည်တွင်းအခြေဆိုက် သတင်းထောက်များက ပြုစုထားသည့် စာရင်းများ အရ သိရသည်။

ထို့အပြင် လိုင်စင်ပိတ်သိမ်းခံရသည့် သတင်းဌာန ၅ ခုရှိပြီး တရားစွဲခံထားရသည့် သတင်းဌာန တစ်ခုရှိသည်။

*** ZAWGYI ***
ကခ်င္ သတင္းေထာက္ ၂ ဦးကို ပုဒ္မ ၅၀၅ ျဖင့္ တရားစြဲလိုက္ၿပီ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၁ ရက္။ 

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ မတ္လ ၂၉ ရက္ေန႔က ဖမ္းဆီးခံခဲ့ရသည့္ သတင္းေထာက္ႏွစ္ဦးကို ပုဒ္မ ၅၀၅ (က) ျဖင့္ အမႈဖြင့္တရားစြဲလိုက္ၿပီဟု သိရသည္။

ျမစ္ႀကီးနားအေျခဆိုက္ The 74 Media သတင္းဌာနမွ အမ်ိဳးသမီးသတင္းေထာက္ မခ်န္းဘူႏွင့္ Kachin Waves သတင္းဌာနမွ အမ်ိဳးသားသတင္းေထာက္ ကိုလေရာ္ တို႔ ဧၿပီလ ၁ ရက္ေန႔ (ယေန႔) တြင္ ႏိုင္ငံေတာ္ အၾကည္ညိဳ ပ်က္ေစမႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲဆိုလိုက္ျခင္း ျဖစ္သည္။

The 74 Media သတင္းဌာန မွ တာဝန္ရွိသူတစ္ဦးက “၅၀၅ (က) နဲ႔ တရားစြဲလိုက္တာ ဟုတ္ပါတယ္။ ေလာ ေလာဆယ္က သူတို႔ကို အမွတ္ ၁ ရဲစခန္းမွာ ခ်ဳပ္ထားတယ္။ မနက္ျဖန္ကိုက ေထာင္ႀကီးကို  ပို႔မယ္ဆိုတာမ်ိဳး အဲ့ ေလာက္ပဲ သိေသးတယ္။ ေနာက္ဆုံးအေျခအေနက တရားစြဲဆိုခံထားရတယ္ဆိုတာမ်ိဳးပဲ သိထားေသး တယ္” ဟု ေျပာသည္။ 

မတ္လ ၂၉ ရက္ေန႔ က ျမစ္ႀကီးနားၿမိဳ႕ ၊ ရမ္ပူရပ္ကြက္မွ သပိတ္စစ္ေၾကာင္းခံတပ္ အၾကမ္းဖက္ၿဖိဳခြင္း ခံရၿပီး ေနာက္ သတင္းေထာက္ႏွစ္ဦးကို ႐ိုက္ႏွက္ဖမ္းဆီးသြားျခင္း ျဖစ္သည္ဟု မ်က္ျမင္သက္ေသမ်ားက ေျပာသည္။

သတင္းဌာန တာဝန္ရွိသူမ်ားက သူတို႔ႏွစ္ဦး လြတ္ေျမာက္ေရးအတြက္ ႀကိဳးပမ္းေနေၾကာင္း ေျပာသည္။ 

“သူတို႔ က အခုလို ပုဒ္မတပ္ၿပီး တရားစြဲလိုက္ၿပီဆို ေတာ့ ကိုယ့္ဘက္က လုပ္ႏိုင္တာက တရားရင္ဆိုင္ဖို႔ ေရွ႕ ေန ငွားရမယ္။ အခုေလာေလာဆယ္ တဖက္က ပုဒ္မတပ္ၿပီးဆိုေတာ့ တရားရင္ဆိုင္သြားဖို႔ပဲ ရွိတာပါ။”

The 74 Media သတင္းဌာနမွ အမ်ိဳးသမီးသတင္းေထာက္ မခ်န္းဘူႏွင့္ Kachin Waves သတင္းဌာနမွ အမ်ိဳးသား သတင္းေထာက္ ကိုလေရာ္ တို႔ကို ဧၿပီလ ၂ ရက္ေန႔တြင္ အမွတ္ ၁ ရဲစခန္းမွ ျမစ္ႀကီးနားေထာင္သို႔ ပို႔ေဆာင္ မည္ဟုလည္း သိရသည္။

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(က) ျဖင့္ ျပစ္ဒဏ္စီရင္ခံရလွ်င္ အျမင့္ဆုံး ေထာင္ ဒဏ္ ၃ ႏွစ္အထိ က်ခံရႏိုင္သည္။

ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ (က) ျပ႒ာန္းခ်က္အရ ျပည္ေထာင္စုအစိုးရ၏ ၾကည္း၊ ေရ၊ ေလ တပ္ တစ္ခုခုမွ အရာရွိအား သို႔တည္းမဟုတ္ တပ္သားအား စစ္ပုန္ကန္ျခင္းကိုေသာ္လည္းေကာင္း၊ သက္ဆိုင္ရာ မိမိ၏ တာဝန္ဝတၱတရားကို မေလးစားျခင္းေသာ္လည္းေကာင္း၊ ပ်က္ကြက္ျခင္းေသာ္ လည္း ေကာင္း၊ ျပဳေစရန္ အႀကံရွိလွ်င္ သို႔တည္းမဟုတ္ ထိုသို႔ျပဳေစတန္ရာသည့္ အေၾကာင္းရွိလွ်င္ ထိုသူကို ႏွစ္ႏွစ္အထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္ေၾကာင္း ေဖာ္ျပေပးထားသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔ကလည္း The 74 Media ၏ အယ္ဒီတာခ်ဳပ္ ကိုထြယ္ ေအာင္ႏွင့္ ကင္မရာမန္း ကိုေနာင္ဆိုင္း၊ Mizzima သတင္းဌာနက ကိုဆိုင္းလတ္ေအာင္ႏွင့္ ထာဝရၿငိမ္းခ်မ္းေရး ကြန္ ယက္ (EPN) က ကိုရန္ေကာင္းႏွင့္ ကိုေဝယံတို႔ အဖမ္းခံခဲ့ရၿပီး ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ကလည္း The 74 Media သတင္းဌာနက ကိုေပါင္လန္းေတာင္ တို႔ ဖမ္းဆီးခံခဲ့ရသည္။

အဆိုပါ ဖမ္းခံရမႈမ်ားတြင္ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္ PCG ၏ ညႇိ ႏႈိင္းေဆာင္႐ြက္ေပးမႈေၾကာင့္ ျပန္လႊတ္ လာခဲ့ၾကေသာ္လည္း  ယခုအႀကိမ္တြင္ ျပန္လြတ္လာျခင္းမရွိပဲ တရားစြဲဆိုခံရျခင္း ျဖစ္သည္။ 

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဧၿပီလ ၁ ရက္ေန႔အထိ ျမန္မာႏိုင္ငံတဝွမ္း ဖမ္းဆီးခံရသည့္ သတင္း ေထာက္ ၅၆ ေယာက္ ရွိၿပီျဖစ္သည္ဟု ျပည္တြင္းအေျခဆိုက္ သတင္းေထာက္မ်ားက ျပဳစုထားသည့္ စာရင္းမ်ား အရ သိရသည္။

ထို႔အျပင္ လိုင္စင္ပိတ္သိမ္းခံရသည့္ သတင္းဌာန ၅ ခုရွိၿပီး တရားစြဲခံထားရသည့္ သတင္းဌာန တစ္ခုရွိသည္။