ကရင် စစ်ဘေးရှောင်များအတွက် အကူအညီများ တစ်ကြိမ် ပို့ခွင့်ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ် ဧပြီလ ၅ ရက်။
ကရင်စစ်ဘေးရှောင်များအား သွားရောက်ကူညီရန် ထိုင်းဖက်က တကြိမ်ခွင့်ပြုလိုက်သည်ဟု ကရင်ဒုက္ခသည်ကော်မတီ (KRC) က တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဧပြီလ ၅ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် အကူအညီပေးမယ့် ပစ္စည်းများကို ဒုက္ခသည်များရှိရာ ထိုင်း တစ်ဖက် ကမ်းသို့ ပို့ဆောင် ခွင့်ပြုလိုက်သည်ဟု ကရင်ဒုက္ခသည်ကော်မတီ (KRC) က တာဝန်ရှိသူ တစ်ဦး ဖြစ်သူ စောဘွေးဒို က အတည်ပြု ပြောဆိုသည်။
၎င်းက “သတင်းအရဆိုရင် ၉ နာရီမှာပေါ့ ကျနော်သိတဲ့လူတွေကို လှမ်းမေးကြည့်တော့ သွားနေပြီ အခု လှေပေါ် ကို ပစ္စည်းတွေတင်နေပြီ အဲဒါဟုတ်ပါတယ်။ ဒါပေမယ့် သွားပို့ခွင့်ရတာက မနေ့က ရောက်လာတဲ့ ပစ္စည်းတွေပဲ ပို့လို့ရတာ။ နောက်လာမယ့်ဟာတွေ အတွက်ကတော့ မရသေးဘူး။ မနေ့က ကားအစီး ၂၀ ကျော်ရောက်လာ တဲ့ဟာတွေလေ သော်လဲထာကနေ ဒီနေ့ ဟိုဖက်ကို သွားပို့ဖို့ အခွင့်ပေးလိုက်တာ” ဟုပြောသည်။
The Reporters သတင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် သတင်းဖော်ပြချက်တွင် “အခုတော့ ဒီမှာ ရှိ နေတဲ့ ပစ္စည်းအားလုံးကို နေရာရွှေ့သွားပါပြီ ဒီနေ့မနက် အစောပိုင်းမှာပဲ။ ဒီက ဒေသခံတွေရဲ့ အကြောင်းကြား လာတဲ့အချက်တွေအရတော့ ဒီကပစ္စည်းတွေ ကမ်းစပ်မှာရှိတဲ့ လှေတွေပေါ်တင်ထားပါပြီ။ လှေ လေးစီး၊ ငါးစီး လောက် ရှိတယ်။ ဒေသခံတွေရဲ့ လှေတွေနဲ့ပဲ မြန်မာဘက်အခြမ်းမှာ ရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကူညီပေး ဖို့ ပါ။ အီသူထဆိုတဲ့ နေရာနဲ့ အနီးဆုံးကိုသွားပို့ကြမှာပါ။ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် ဒီကရင်ဘက်ခြမ်းက လူတွေ လာယူကြမှာပါ” ဟု ပြောသည်။
ထိုင်းအာဏာပိုင်များက ကရင်စစ်ရှောင်များကို ထိုင်းဘက်ခြမ်းဝင်ခွင့်မပြုခြင်း၊ လိုအပ်နေသည့် အစားအ သောက်များနှင့် အကူအညီအထောက်အပံ့များကို ခွင့်မပြုခြင်းတို့ကြောင့် ဝေဖန်မှုများ မြှင့်တက်နေသကဲ့သို့ ဆက်လက်ကူညီထောက်ပံ့ခွင့်နှင့် စစ်ရှောင်များအား ထိုင်းဘက်ခြမ်း ခေတ္တခိုလှုံခွင့်ပြုရန် တောင်းဆိုထားသည်။
“မနေ့ကဆိုရင် မိုးတွေ အရမ်းရွာတယ်။ ဒီမယ်ဟောင်ဆောင်ဒေသတစ်ခုလုံး နယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် ဘက် အခြမ်းရော မိုးအရမ်းရွာခဲ့တယ်။ ဒီလိုမျိုး မိုးတွေ အရမ်းရွာခဲ့တော့ စစ်ဘေးရှောင်ပြည်သူတွေလည်း နေထိုင်ရေး တော်တော်လေးခက်ခဲနေတယ်။ အဲ့အတွက် အခုပစ္စည်းတွေ သွားပို့နိုင်ပြီ။ နောက်ရောက်လာမယ့် အကူအညီတွေကတော့ အစိုးရရဲ့ ခွင့်ပြုချက်ရမှပါ” ဟု The Reporters သတင်းဌာနက သတင်းထောက်က ပြောဆိုထားသည်။
ကရင်ဒုက္ခသည်များကို သွားရောက်ကူညီရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထိုင်းအစိုးရမှ ခွင့်မပြုပဲ တားမြစ် ထားရာမှ ယနေ့နံနက်ပိုင်းတွင် ရောက်နှင့်ပြီးသား အကူအညီပေးသည့် ပစ္စည်းများကို သွားရောက်ပို့ဆောင်ရန် ခွင့်ပြုခဲ့သော်လည်း နောက်လာမည့် အရာများအတွက် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးဟု စောဘွေးဒို က ဆက်ပြောသည်။
“အဲဒါကတော့ သူတို့ ပြောကြဆိုကြ အစည်းအဝေးလုပ်ဆဲပဲ ဘယ်အချိန်သွားရမလဲ ဘယ်လိုသွားရမလဲ ဆိုတာ ခွင့်ပြုတယ် မပြုဘူးဆိုတာကတော့ ဘာမှမပြောသေးဘူး” ဟု စောဘွေးဒိုက ပြောသည်။
ကရင်စစ်ဘေးဒုက္ခသည် ၇၀၀၀ ကျော်ခန့်သည် မြန်မာဖက်ခြမ်း သံလွင်မြစ်ကမ်းဘေးတွင် ရောက်ရှိနေပြီး လက်ရှိတွင် အစားအသောက်များအပြင် အဖက်ဖက်မှ အကူအညီများလိုအပ်နေသည်ဟု KRC က ဆိုသည်။
စောဘွေးဒိုက “သူတို့ပြောတာက သူတို့အတွက် လုံခြုံရေးလိုအပ်တယ်။ အခုက မိုးကလည်း နည်းနည်းရွာလာ တာဆိုတော့ အမိုးအကာတွေ လိုမယ်။ အစားအသောက်တွေလိုတယ်။ အရေးကြီးဆုံးကတော့ အခြေအနေက ဒီထက်ပိုဆိုးလာမယ်ဆိုရင် ထိုင်းဖက်မှာ ခတ္တခန လာရောက်ခိုလှုံနိုင်ဖို့အတွက်လေ ပြီးတော့ ဒုက္ခသေည် တွေကို သွားရာက်ကူညီဖို့ အကူအညီပေးမယ့်အဖွဲ့တွေကို ထိုင်းဖက်က ခွင့်ပြုပေးဖို့ လိုအပ်တယ်” ဟု ပြောသည်။
စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များသည် များသောအားဖြင့် ကလေး သူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများလည်း ပါရှိနေပြီး ၎င်းတို့အတွက် ရေနှင့် အစား အသောက်များအပြင် မိုးအနည်းငယ်ကျလာသည့်အတွက် အမိုးအကာများလည်း အရေးအပေါ် လိုအပ်နေသည် ဟု သိရသည်။
ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်မဟာ ၅ နှင့် စစ်ကောင်စီတပ်များအကြား ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် KNU/KNLA တပ်မဟာ ၅ ဧရိယာအတွင်းရှိ တကောတိုဘောရွာ၊ ဒေပိုနိုရွာ၊ သဒါးဒဲရွာ၊ သေ မူဒဲရွာ စ သည့် သံလွင်မြစ်နှင့် မနီးသည့် ကျေးရွာများမှ ပြည်သူ နှစ်သောင်းကျော်သည် တောတောင်ထဲ တွင် ထွက်ပြေး တိမ်းရှောင်နေရခြင်း ဖြစ်သည်။
ထို့အပြင် မယ်နူထရွာ၊ သီးကော်ထရွာ၊ အီးသူထရွာ၊ အူးဝေးကလိုးရွာ စသည့် သံလွင်မြစ်ကမ်းနှင့် နီးသည့် ကျေး ရွာများမှာ ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ ပြန်လည် မောင်းထုတ် ခဲ့သည်ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။ ထို့ကြောင့် လက်ရှိအချိန်အထိ သံလွင်မြစ်ကမ်းနား နှင့် တောတောင်ထဲတွင် နေထိုင်နေကြရသည့် စစ်ရှောင်များလည်း ရှိနေသည်။
*** ZAWGYI ***
ကရင္ စစ္ေဘးေရွာင္မ်ားအတြက္ အကူအညီမ်ား တစ္ႀကိမ္ ပို႔ခြင့္ရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္ ဧၿပီလ ၅ ရက္။
ကရင္စစ္ေဘးေရွာင္မ်ားအား သြားေရာက္ကူညီရန္ ထိုင္းဖက္က တႀကိမ္ခြင့္ျပဳလိုက္သည္ဟု ကရင္ဒုကၡသည္ေကာ္မတီ (KRC) က တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ဧၿပီလ ၅ ရက္ေန႔ (ယေန႔) နံနက္ပိုင္းတြင္ အကူအညီေပးမယ့္ ပစၥည္းမ်ားကို ဒုကၡသည္မ်ားရွိရာ ထိုင္း တစ္ဖက္ ကမ္းသို႔ ပို႔ေဆာင္ ခြင့္ျပဳလိုက္သည္ဟု ကရင္ဒုကၡသည္ေကာ္မတီ (KRC) က တာဝန္ရွိသူ တစ္ဦး ျဖစ္သူ ေစာေဘြးဒို က အတည္ျပဳ ေျပာဆိုသည္။
၎က “သတင္းအရဆိုရင္ ၉ နာရီမွာေပါ့ က်ေနာ္သိတဲ့လူေတြကို လွမ္းေမးၾကည့္ေတာ့ သြားေနၿပီ အခု ေလွေပၚ ကို ပစၥည္းေတြတင္ေနၿပီ အဲဒါဟုတ္ပါတယ္။ ဒါေပမယ့္ သြားပို႔ခြင့္ရတာက မေန႔က ေရာက္လာတဲ့ ပစၥည္းေတြပဲ ပို႔လို႔ရတာ။ ေနာက္လာမယ့္ဟာေတြ အတြက္ကေတာ့ မရေသးဘူး။ မေန႔က ကားအစီး ၂၀ ေက်ာ္ေရာက္လာ တဲ့ဟာေတြေလ ေသာ္လဲထာကေန ဒီေန႔ ဟိုဖက္ကို သြားပို႔ဖို႔ အခြင့္ေပးလိုက္တာ” ဟုေျပာသည္။
The Reporters သတင္းဌာန၏ လူမႈကြန္ရက္စာမ်က္ႏွာမွ တဆင့္ သတင္းေဖာ္ျပခ်က္တြင္ “အခုေတာ့ ဒီမွာ ရွိ ေနတဲ့ ပစၥည္းအားလုံးကို ေနရာေ႐ႊ႕သြားပါၿပီ ဒီေန႔မနက္ အေစာပိုင္းမွာပဲ။ ဒီက ေဒသခံေတြရဲ႕ အေၾကာင္းၾကား လာတဲ့အခ်က္ေတြအရေတာ့ ဒီကပစၥည္းေတြ ကမ္းစပ္မွာရွိတဲ့ ေလွေတြေပၚတင္ထားပါၿပီ။ ေလွ ေလးစီး၊ ငါးစီး ေလာက္ ရွိတယ္။ ေဒသခံေတြရဲ႕ ေလွေတြနဲ႔ပဲ ျမန္မာဘက္အျခမ္းမွာ ရွိတဲ့ စစ္ေျပးဒုကၡသည္ေတြကို ကူညီေပး ဖို႔ ပါ။ အီသူထဆိုတဲ့ ေနရာနဲ႔ အနီးဆုံးကိုသြားပို႔ၾကမွာပါ။ သံလြင္ျမစ္ကမ္းေဘးတစ္ေလွ်ာက္ ဒီကရင္ဘက္ျခမ္းက လူေတြ လာယူၾကမွာပါ” ဟု ေျပာသည္။
ထိုင္းအာဏာပိုင္မ်ားက ကရင္စစ္ေရွာင္မ်ားကို ထိုင္းဘက္ျခမ္းဝင္ခြင့္မျပဳျခင္း၊ လိုအပ္ေနသည့္ အစားအ ေသာက္မ်ားႏွင့္ အကူအညီအေထာက္အပံ့မ်ားကို ခြင့္မျပဳျခင္းတို႔ေၾကာင့္ ေဝဖန္မႈမ်ား ျမႇင့္တက္ေနသကဲ့သို႔ ဆက္လက္ကူညီေထာက္ပံ့ခြင့္ႏွင့္ စစ္ေရွာင္မ်ားအား ထိုင္းဘက္ျခမ္း ေခတၱခိုလႈံခြင့္ျပဳရန္ ေတာင္းဆိုထားသည္။
“မေန႔ကဆိုရင္ မိုးေတြ အရမ္း႐ြာတယ္။ ဒီမယ္ေဟာင္ေဆာင္ေဒသတစ္ခုလုံး နယ္စပ္ျဖစ္တဲ့ ကရင္ျပည္နယ္ ဘက္ အျခမ္းေရာ မိုးအရမ္း႐ြာခဲ့တယ္။ ဒီလိုမ်ိဳး မိုးေတြ အရမ္း႐ြာခဲ့ေတာ့ စစ္ေဘးေရွာင္ျပည္သူေတြလည္း ေနထိုင္ေရး ေတာ္ေတာ္ေလးခက္ခဲေနတယ္။ အဲ့အတြက္ အခုပစၥည္းေတြ သြားပို႔ႏိုင္ၿပီ။ ေနာက္ေရာက္လာမယ့္ အကူအညီေတြကေတာ့ အစိုးရရဲ႕ ခြင့္ျပဳခ်က္ရမွပါ” ဟု The Reporters သတင္းဌာနက သတင္းေထာက္က ေျပာဆိုထားသည္။
ကရင္ဒုကၡသည္မ်ားကို သြားေရာက္ကူညီရန္ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက ထိုင္းအစိုးရမွ ခြင့္မျပဳပဲ တားျမစ္ ထားရာမွ ယေန႔နံနက္ပိုင္းတြင္ ေရာက္ႏွင့္ၿပီးသား အကူအညီေပးသည့္ ပစၥည္းမ်ားကို သြားေရာက္ပို႔ေဆာင္ရန္ ခြင့္ျပဳခဲ့ေသာ္လည္း ေနာက္လာမည့္ အရာမ်ားအတြက္ တစ္စုံတစ္ရာ ေျပာဆိုျခင္း မရွိေသးဟု ေစာေဘြးဒို က ဆက္ေျပာသည္။
“အဲဒါကေတာ့ သူတို႔ ေျပာၾကဆိုၾက အစည္းအေဝးလုပ္ဆဲပဲ ဘယ္အခ်ိန္သြားရမလဲ ဘယ္လိုသြားရမလဲ ဆိုတာ ခြင့္ျပဳတယ္ မျပဳဘူးဆိုတာကေတာ့ ဘာမွမေျပာေသးဘူး” ဟု ေစာေဘြးဒိုက ေျပာသည္။
ကရင္စစ္ေဘးဒုကၡသည္ ၇၀၀၀ ေက်ာ္ခန႔္သည္ ျမန္မာဖက္ျခမ္း သံလြင္ျမစ္ကမ္းေဘးတြင္ ေရာက္ရွိေနၿပီး လက္ရွိတြင္ အစားအေသာက္မ်ားအျပင္ အဖက္ဖက္မွ အကူအညီမ်ားလိုအပ္ေနသည္ဟု KRC က ဆိုသည္။
ေစာေဘြးဒိုက “သူတို႔ေျပာတာက သူတို႔အတြက္ လုံၿခဳံေရးလိုအပ္တယ္။ အခုက မိုးကလည္း နည္းနည္း႐ြာလာ တာဆိုေတာ့ အမိုးအကာေတြ လိုမယ္။ အစားအေသာက္ေတြလိုတယ္။ အေရးႀကီးဆုံးကေတာ့ အေျခအေနက ဒီထက္ပိုဆိုးလာမယ္ဆိုရင္ ထိုင္းဖက္မွာ ခတၱခန လာေရာက္ခိုလႈံႏိုင္ဖို႔အတြက္ေလ ၿပီးေတာ့ ဒုကၡေသည္ ေတြကို သြားရာက္ကူညီဖို႔ အကူအညီေပးမယ့္အဖြဲ႕ေတြကို ထိုင္းဖက္က ခြင့္ျပဳေပးဖို႔ လိုအပ္တယ္” ဟု ေျပာသည္။
စစ္ေဘးေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာသည့္ စစ္ေဘးဒုကၡသည္မ်ားသည္ မ်ားေသာအားျဖင့္ ကေလး သူငယ္၊ ကိုယ္ဝန္ေဆာင္မိခင္၊ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ နာမက်န္းသူမ်ားလည္း ပါရွိေနၿပီး ၎တို႔အတြက္ ေရႏွင့္ အစား အေသာက္မ်ားအျပင္ မိုးအနည္းငယ္က်လာသည့္အတြက္ အမိုးအကာမ်ားလည္း အေရးအေပၚ လိုအပ္ေနသည္ ဟု သိရသည္။
ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU/KNLA တပ္မဟာ ၅ ႏွင့္ စစ္ေကာင္စီတပ္မ်ားအၾကား ျဖစ္ပြားလာသည့္ တိုက္ပြဲမ်ားေၾကာင့္ KNU/KNLA တပ္မဟာ ၅ ဧရိယာအတြင္းရွိ တေကာတိုေဘာ႐ြာ၊ ေဒပိုႏို႐ြာ၊ သဒါးဒဲ႐ြာ၊ ေသ မူဒဲ႐ြာ စ သည့္ သံလြင္ျမစ္ႏွင့္ မနီးသည့္ ေက်း႐ြာမ်ားမွ ျပည္သူ ႏွစ္ေသာင္းေက်ာ္သည္ ေတာေတာင္ထဲ တြင္ ထြက္ေျပး တိမ္းေရွာင္ေနရျခင္း ျဖစ္သည္။
ထို႔အျပင္ မယ္ႏူထ႐ြာ၊ သီးေကာ္ထ႐ြာ၊ အီးသူထ႐ြာ၊ အူးေဝးကလိုး႐ြာ စသည့္ သံလြင္ျမစ္ကမ္းႏွင့္ နီးသည့္ ေက်း ႐ြာမ်ားမွာ ထိုင္းဖက္သို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကေသာ္လည္း ထိုင္းအစိုးရက လက္မခံပဲ ျပန္လည္ ေမာင္းထုတ္ ခဲ့သည္ဟု ကရင္အရပ္ဖက္အဖြဲ႕အစည္းမ်ားက ေျပာသည္။ ထို႔ေၾကာင့္ လက္ရွိအခ်ိန္အထိ သံလြင္ျမစ္ကမ္းနား ႏွင့္ ေတာေတာင္ထဲတြင္ ေနထိုင္ေနၾကရသည့္ စစ္ေရွာင္မ်ားလည္း ရွိေနသည္။