ကချင်ပြည်နယ်တွင် စစ်ရေး တင်းမာနေ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၅ ရက်။
ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီမှ တပ်အင်အား တိုးချဲ့မှုများရှိနေသည့်အတွက် နှစ်ဖက်စစ်ရေး တင်းမာနေပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ပြော သည်။
လက်ရှိတွင် ကြီးမားပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားမှုမရှိသော်လည်း တိုက်ပွဲငယ်များမှာ ဆက်လက် ဖြစ်ပွား နေဆဲ ဖြစ်သည်ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
၎င်းက “အခုအချိန်က အားလုံးကတော့ စစ်ရေးအခြေအနေက တင်းမာနေတဲ့ အနေအထားဖြစ်ပါတယ်။ မရှိ ဘူးလို့ ပြောလို့မရဘူး။ ဒါပေမယ့် ကျနော်ကတော့ Confirm ပေးနိုင်တဲ့ အနေအထားလောက် ဖြစ်တဲ့ ဒီတိုက်ပွဲ တွေကို ပြောတာပါ။ ဟိုပြောက်ကျားစစ်တွေ နောက်ပြီးတော့ ရင်ဆိုင်တိုက်ပွဲတွေ ဒီအနည်းအကျဉ်းတွေ က တော့ နေရာတကာမှာ ဖြစ်တဲ့ အနေအထားဖြစ်ပါတယ်။” ဟု ပြောသည်။ “တိုက်ပွဲကြီးတွေကတော့ မရှိဘူးပေါ့။ ထိုး စစ်ဆင်တဲ့ တိုက်ပွဲကြီးတွေတော့ မရှိဘူးလို့တော့ ပြောလို့ရပါတယ်” ဟု ဆက်ပြောသည်။
မတ်လ အတွင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးတစ်လျှောက်၊ မိုးညှင်း၊ ဖားကန့်၊ တနိုင်း-လီဒိုလမ်းမတစ်လျှာက်၊ အင်ဂျန်းယန်၊ နမ္မတီး၊ ဆွမ်ပရာဘွမ်မြို့နယ်တဝိုက်နှင့် ဆဒုံးမြို့နယ်တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလျှက် ရှိသည်။
တိုက်ပွဲငယ်များ ဖြစ်ပွားနေသည့် တစ်ဖက်တွင် စစ်ကောင်စီ၏တပ်ဖွဲ့များက တပ်အင်အား ဖြည့် တင်းနေသည့်အတွက် နှစ်ဖက် စစ်ရေးတင်းမာမှုများရှိနေပြီး ကြီးမားပြင်းထန်သည့် တိုက်ပွဲများ ထပ်မံဖြစ်ပွား လာနိုင်သည်ဟု KIO/KIA က ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူက “ကြားသလောက်ကတော့ ကျနော်တို့ ကချင်ပြည်နယ်ဖက်မှာလည်း စစ်အင်အားတွေ တိုး ထားတယ်ဆိုတဲ့ သတင်း ကျနော်တို့ကြားပါတယ်။ တိုးထားတာ ထပ်တိုးထားတာပေါ့။ မြစ်ကြီးနားမှာလည်း စစ်အင်အားတွေကတော့ ပြန်တိုးထားတယ်ဆိုတဲ့ သတင်းကျနော်တို့ ကြားပါတယ်။ ပြီးတော့ ရှေ့တန်းစခန်း တွေမှာလည်း စစ်အင်အားတွေ ထပ်တိုးထားတယ်ဆိုတဲ့ သတင်းကြားပါတယ်။ တပ်မတော် ဖက်ကနေ လှုပ်ရှား လို့ရှိရင်တော့ တိုက်ပွဲကြီးတွေတော့ ဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။
ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် KIO/KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ ရှမ်း ပြည်နယ် မြောက်ပိုင်းရှိ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ပန်းခါးကျေးရွာအနီးတွင် ဧပြီလ ၄ ရက်နေ့ (ယမန် နေ့) တွင် စစ်ကောင်စီတပ်များနှင့် KIO/KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု လားရှိုးအခြေစိုက် ရွှေဖီမြေ သတင်းဌာနက ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းရေးသားထားသည်။
လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ပန်းခါးကျေးရွာအနီးက တိုက်ပွဲနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူ က “ထိတွေ့ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်မှာပါ။ ကျနော်ကတော့ မကြားမိပါဘူး။ ဟိုလိုင်းပေါ်ကသတင်းလောက်ပဲ ကြားပါ တယ်။ ကျနော်က အဲဒါတော့ အတည်ပြု ပြောလို့ မရဘူး။ ကျနော်တို့ တပ်ပိုင်းဆိုင်ရာပေါ့နော်။ အောက်ခြေက သတင်းတွေ အတည်ပြုနိုင်တဲ့သတင်းတွေ မရသေးဘူးခင်ဗျ” ဟုပြောသည်။
အဆိုပါတိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက ဒေသခံ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည် ဟု ရွှေဖီမြေသတင်းဌာနက ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လ လကုန်ပိုင်းလောက်က KIO/KIA က ကချင်ပြည်နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ အလော့ဒ်ဘွမ် တပ်စခန်းကုန်းနှင့် အခြား စစ်ရေးအရ အရေးပါသည့် တပ်စခန်းကုန်းအချို့ကို ဆက်တိုက်ဆိုသလို ဝင်ရောက်တိုက်ခိုက် သိမ်း ယူပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာမှုများ ဖြစ်လာခဲ့ပြီး တိုက်ပွဲများလည်း ဆက် လက်ဖြစ်ပွားနေသည်မှာ ယခု အချိန်အထိ ဖြစ်သည်။
*** ZAWGYI ***
ကခ်င္ျပည္နယ္တြင္ စစ္ေရး တင္းမာေန
သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၅ ရက္။
ကခ်င္ျပည္နယ္တြင္ အာဏာသိမ္းစစ္ေကာင္စီမွ တပ္အင္အား တိုးခ်ဲ႕မႈမ်ားရွိေနသည့္အတြက္ ႏွစ္ဖက္စစ္ေရး တင္းမာေနၿပီး တိုက္ပြဲမ်ားလည္း ဆက္လက္ျဖစ္ပြားေနသည္ဟု ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIO/KIA ေျပာ သည္။
လက္ရွိတြင္ ႀကီးမားျပင္းထန္သည့္ တိုက္ပြဲမ်ား ျဖစ္ပြားမႈမရွိေသာ္လည္း တိုက္ပြဲငယ္မ်ားမွာ ဆက္လက္ ျဖစ္ပြား ေနဆဲ ျဖစ္သည္ဟု KIO/KIA သတင္းႏွင့္ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉးႀကီး ေနာ္ဘူ က ေျပာသည္။
၎က “အခုအခ်ိန္က အားလုံးကေတာ့ စစ္ေရးအေျခအေနက တင္းမာေနတဲ့ အေနအထားျဖစ္ပါတယ္။ မရွိ ဘူးလို႔ ေျပာလို႔မရဘူး။ ဒါေပမယ့္ က်ေနာ္ကေတာ့ Confirm ေပးႏိုင္တဲ့ အေနအထားေလာက္ ျဖစ္တဲ့ ဒီတိုက္ပြဲ ေတြကို ေျပာတာပါ။ ဟိုေျပာက္က်ားစစ္ေတြ ေနာက္ၿပီးေတာ့ ရင္ဆိုင္တိုက္ပြဲေတြ ဒီအနည္းအက်ဥ္းေတြ က ေတာ့ ေနရာတကာမွာ ျဖစ္တဲ့ အေနအထားျဖစ္ပါတယ္။” ဟု ေျပာသည္။ “တိုက္ပြဲႀကီးေတြကေတာ့ မရွိဘူးေပါ့။ ထိုး စစ္ဆင္တဲ့ တိုက္ပြဲႀကီးေတြေတာ့ မရွိဘူးလို႔ေတာ့ ေျပာလို႔ရပါတယ္” ဟု ဆက္ေျပာသည္။
မတ္လ အတြင္းက ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနား-ဗန္းေမာ္လမ္းမႀကီးတစ္ေလွ်ာက္၊ မိုးညႇင္း၊ ဖားကန႔္၊ တႏိုင္း-လီဒိုလမ္းမတစ္လွ်ာက္၊ အင္ဂ်န္းယန္၊ နမၼတီး၊ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္တဝိုက္ႏွင့္ ဆဒုံးၿမိဳ႕နယ္တို႔တြင္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ အာဏာသိမ္းစစ္တပ္တို႔အၾကား တိုက္ပြဲမ်ား ျပန္လည္ ျဖစ္ပြားလွ်က္ ရွိသည္။
တိုက္ပြဲငယ္မ်ား ျဖစ္ပြားေနသည့္ တစ္ဖက္တြင္ စစ္ေကာင္စီ၏တပ္ဖြဲ႕မ်ားက တပ္အင္အား ျဖည့္ တင္းေနသည့္အတြက္ ႏွစ္ဖက္ စစ္ေရးတင္းမာမႈမ်ားရွိေနၿပီး ႀကီးမားျပင္းထန္သည့္ တိုက္ပြဲမ်ား ထပ္မံျဖစ္ပြား လာႏိုင္သည္ဟု KIO/KIA က ေျပာသည္။
ဗိုလ္မႉးႀကီး ေနာ္ဘူက “ၾကားသေလာက္ကေတာ့ က်ေနာ္တို႔ ကခ်င္ျပည္နယ္ဖက္မွာလည္း စစ္အင္အားေတြ တိုး ထားတယ္ဆိုတဲ့ သတင္း က်ေနာ္တို႔ၾကားပါတယ္။ တိုးထားတာ ထပ္တိုးထားတာေပါ့။ ျမစ္ႀကီးနားမွာလည္း စစ္အင္အားေတြကေတာ့ ျပန္တိုးထားတယ္ဆိုတဲ့ သတင္းက်ေနာ္တို႔ ၾကားပါတယ္။ ၿပီးေတာ့ ေရွ႕တန္းစခန္း ေတြမွာလည္း စစ္အင္အားေတြ ထပ္တိုးထားတယ္ဆိုတဲ့ သတင္းၾကားပါတယ္။ တပ္မေတာ္ ဖက္ကေန လႈပ္ရွား လို႔ရွိရင္ေတာ့ တိုက္ပြဲႀကီးေတြေတာ့ ျဖစ္လာႏိုင္ပါတယ္” ဟု ေျပာသည္။
ကခ်င္ျပည္နယ္တြင္ အာဏာသိမ္းစစ္ေကာင္စီ၏ တပ္မ်ားႏွင့္ KIO/KIA တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့သကဲ့သို႔ ရွမ္း ျပည္နယ္ ေျမာက္ပိုင္းရွိ လားရႈိးၿမိဳ႕နယ္ မိုင္းေယာ္တိုက္နယ္ ပန္းခါးေက်း႐ြာအနီးတြင္ ဧၿပီလ ၄ ရက္ေန႔ (ယမန္ ေန႔) တြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ KIO/KIA တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု လားရႈိးအေျခစိုက္ ေ႐ႊဖီေျမ သတင္းဌာနက ေဒသခံမ်ား၏ ေျပာဆိုခ်က္ကို ကိုးကား၍ သတင္းေရးသားထားသည္။
လားရႈိးၿမိဳ႕နယ္ မိုင္းေယာ္တိုက္နယ္ ပန္းခါးေက်း႐ြာအနီးက တိုက္ပြဲႏွင့္ ပတ္သက္၍ ဗိုလ္မႉးႀကီးေနာ္ဘူ က “ထိေတြ႕ရင္ဆိုင္ တိုက္ပြဲေတြ ျဖစ္မွာပါ။ က်ေနာ္ကေတာ့ မၾကားမိပါဘူး။ ဟိုလိုင္းေပၚကသတင္းေလာက္ပဲ ၾကားပါ တယ္။ က်ေနာ္က အဲဒါေတာ့ အတည္ျပဳ ေျပာလို႔ မရဘူး။ က်ေနာ္တို႔ တပ္ပိုင္းဆိုင္ရာေပါ့ေနာ္။ ေအာက္ေျခက သတင္းေတြ အတည္ျပဳႏိုင္တဲ့သတင္းေတြ မရေသးဘူးခင္ဗ်” ဟုေျပာသည္။
အဆိုပါတိုက္ပြဲအတြင္း အာဏာသိမ္းစစ္ေကာင္စီ၏ တပ္မ်ားက ေဒသခံ ၂ ဦးကို ဖမ္းဆီးေခၚေဆာင္သြားသည္ ဟု ေ႐ႊဖီေျမသတင္းဌာနက ေဖာ္ျပထားသည္။
ၿပီးခဲ့သည့္ မတ္လ လကုန္ပိုင္းေလာက္က KIO/KIA က ကခ်င္ျပည္နယ္အတြင္းရွိ အာဏာသိမ္းစစ္ေကာင္စီ၏ အေလာ့ဒ္ဘြမ္ တပ္စခန္းကုန္းႏွင့္ အျခား စစ္ေရးအရ အေရးပါသည့္ တပ္စခန္းကုန္းအခ်ိဳ႕ကို ဆက္တိုက္ဆိုသလို ဝင္ေရာက္တိုက္ခိုက္ သိမ္း ယူၿပီးေနာက္ ႏွစ္ဖက္စစ္ေရးတင္းမာမႈမ်ား ျဖစ္လာခဲ့ၿပီး တိုက္ပြဲမ်ားလည္း ဆက္ လက္ျဖစ္ပြားေနသည္မွာ ယခု အခ်ိန္အထိ ျဖစ္သည္။