KNU တပ်မဟာ နယ်မြေ ၇ ခုလုံးတွင် တိုက်ပွဲများဖြစ်၊ အာဏာသိမ်းချိန်မှစ၍ တိုက်ပွဲ ၂၀၀ ကျော်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၈ ရက်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၇ ခုလုံးနှင့် စစ်ကောင်စီ တပ်များအကြား တိုက် ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး ၂ လကျော်အတွင်း အကြိမ်ရေ ၂၀၀ ကျော်ဖြစ်ပွားခဲ့သည်ဟု KNU က ပြောသည်။

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ KNU/KNLA တပ်မဟာ ၇ ခုလုံးတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU/KNLA ၏ ဧပြီလ ၈ ရက်နေ့(ယနေ့) ထုတ်ပြန် ချက်ထဲတွင် ထည့်သွင်းထားသည်။

KNU က “စစ်တပ်မှ အာဏာသိမ်းပြီးသည့် အချိန် နောက်ပိုင်း ကော်သူးလေနယ်မြေအတွင်း ၌ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု ၏ တပ်များ ပိုမို လှုပ်ရှားသွားလာကြပြီး နယ်မြေကျော်လွန်ခြင်းများကြောင့် တပ်မ ဟာ (၁) သထုံခရိုင်၊ တပ်မဟာ(၂) တောင်ငူခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၄) ဘိတ်ထား ဝယ်ခရိုင်၊ တပ်မဟာ(၅) မူတရော်ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်၊ တပ်မဟာ(၇) ဖားအံခရိုင်များရှိ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များ နှင့် မကြာခဏဆိုသလို ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ များ ဖြစ်ပွားခဲ့ကြပါသည်။ အာဏာသိမ်းပြီးသည့် အချိန်မှ စတင်ပြီး ယခုအထိ တိုက်ပွဲ ကြီးငယ်များ အကြိမ် (၂၀၀) ခန့် ရှိခဲ့ ပြီး ဖြစ်ပါသည်” ဟု ပြောသည်။

KNU/KNLA တပ်မဟာ ၆ နယ်မြေ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ “ကျနော်တို့ ဒီ ဒူးပလာယာ ခရိုင် ဆိုတော့ ဝင်းရေးမြို့နယ် ကရင်လိုခေါ်ရင်တော့ ဟောင်းကော်ရွာပေါ့ဗျာ။ ဗမာလိုခေါ်ရင်တော့ မာန်အောင် ရွာပေါ့ဗျာ။ မာန်အောင် အဲဒီဂွင် အဲဒီဝန်းကျင်မှာ ဖြစ်သွားတာ ဖြစ်တယ်။ ဒီမှာ သတင်းရထားတော့ ၂ ပွဲ ဖြစ် တယ်။ အဲမှာဆိုရင် KNU က ဆိုရင် တပ်ရင်း ၁၆ ဗျာ။ တပ်ရင်း ၁၆ ရဲ့ ဌာနချုပ်တပ်ခွဲကို ကျနော် တို့ တာဝန်ချ ထားတာ ရှိတယ်။ ဆိုတော့ တပ်ရင်း ၁၆ တပ်ရင်း ဌာနချုပ်ရဲ့ လုံခြုံရေး တပ်ခွဲက တာဝန်သွားယူ ထားတယ်။ သူ တို့တပ်ဖွဲ့က တက်လာတယ် အကြောင်းမကြား ဘာမကြား၊ ဒီမှာက အကြောင်း မကြားဘဲ ဝင်လာရင်တော့ ကျ နော်တို့ ပစ်မယ့်ခတ်မယ့် အမိန့်က ထုတ်ထားတာဆိုတော့” ဟု ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စ တန် ဟု ဧပြီလ ၆ ရက်နေ့က ပြောသည်။

KNU/KNLA နှင့် စစ်တပ်တို့အကြား တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များမှ လေယာဉ်ဖြင့်သော်လည်းကောင်း လက်နက်ကြီးများ ဖြင့် သော်လည်းကောင်း ပစ်ခတ်မှုများကြောင့် ဒေသခံများမှာ သေဆုံးဒဏ်ရာရရှိသည့်အပြင် သုံးသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည် KNU က ဆိုသည်။

“ကော်သူးလေ နယ်မြေ အတွင်းရှိ ခရိုင်၊ တပ်မဟာ (၇) ခု လုံးတွင် အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု လက် အောက်ခံတပ်များ ၏ တိုက်လေယာဉ်ပျံများ အသုံးပြု ပစ်ခတ်ခြင်းကြောင့်သော်လည်းကောင်း၊ လက်နက်ကြီး များ ပစ်ခတ် ခြောက်လှန့်ခြင်းကြောင့် သော်လည်းကောင်း ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက်မှာ (၃ သောင်း) ကျော် ရှိနေပြီး ဖြစ်ပါသည်။ လက်ရှိ အခြေအနေအရ ကော်သူးလေ နယ်မြေ အတွင်း နေထိုင် နေကြ ရသော ပြည်သူလူထုများ အနေဖြင့် ကြောက်ရွံ့ထိတ်လန့်စွာ အသက်ရှင်နေရပါသည်။ စစ်ဘေးရှောင်ပြည်သူ များ အနေဖြင့် အစားအစာ၊ အဝတ်အထည်၊ နေရာထိုင်ခင်း အခက်အခဲ့ ပြဿနာများကို ရင်ဆိုင် ကြုံတွေ့ နေရ ပါသည်” ဟု KNU ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

မတ်လ ၂၇ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီတပ်များမှ တပ်မဟာ ၃ နှင့် ၅ တို့တွင် တိုက်လေယာဉ်များဖြင့် နေရာ ၉ ခု ကို ၆ ရက်အတွင်း ၁၅ ကြိမ်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ဖာပွန်ခရိုင်အတွင်း စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သံလွင်မြစ်ဘေးတစ် လျှောက် စစ်ဘေး တိမ်းရှောင်နေရသည့် ဒေပူနို ကျေးရွာက စစ်ရှောင်တစ်ဦး က “အခုက ကျနော်မှာ စားစရာမရှိဘူး။ ဆန်လေး နည်းနည်းပဲရှိတယ်။ လိုအပ်ချက်တွေကတော့ အများကြီးပဲ။ အိပ်တော့ လည်း မိုးရွာထဲအိပ်ရတယ်။ မိုးအရမ်း ရွာတယ်။ ခြင်လည်းကိုက်တယ်။ ခြင်ထောင်လည်းမရှိဘူး။ ကာဖို့ အတွက် မိုးကာတို့ တာလပတ်တို့လည်း မရှိ ဘူး”ဟု သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်၏ ရုပ်သံအင်တာဗျူးတစ်ခု တွင် ပြောထားသည်။

ထိုအပြင် အာဏာသိမ်းစစ်ကောင်စီ တပ်များမှ လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေအတွင်းရှိ အထက်တန်းကျောင်း (၂) ကျောင်း ဖြစ်သော ဒေဘူးနိုအထက်တန်းကျောင်း၊ ဒေါ်ကူထာ အထက်တန်းကျောင်းနှင့် ဒေဘူးနို ဆေးရုံတို့ကို ထိမှန်ပျက်စီးခဲ့သည့်အပြင် ဒေသခံပြည်သူများ၏ နေအိမ်များ၊ စားနပ်ရိက္ခာသိုလောင်သည့် နရာများနှင့် အိမ်မွေးတိရစ္ဆာန်များပါ သေကြေပျက်စီးခဲ့သည်ဟု KNU က ပြော သည်။

လက်ရှိတွင် နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာမှုများရှိနေသည့်အပြင် စစ်ကောင်စီ၏ လက်နက်ကိုင်တ ပ်များမှ KNU/KNLA တပ်မဟာ အသီးသီးသို့ တင်အင်အား ဖြည့်တင်းမှုများရှိနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည့် အနေအထားတွင် ရှိနေသည်ဟု KNU/KNLA နှင့် ဒေသခံများက ဆိုသည်။

*** ZAWGYI ***
KNU တပ္မဟာ နယ္ေျမ ၇ ခုလုံးတြင္ တိုက္ပြဲမ်ားျဖစ္၊ အာဏာသိမ္းခ်ိန္မွစ၍ တိုက္ပြဲ ၂၀၀ ေက်ာ္ၿပီ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၈ ရက္။

ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ KNLA တပ္မဟာ ၇ ခုလုံးႏွင့္ စစ္ေကာင္စီ တပ္မ်ားအၾကား တိုက္ ပြဲမ်ား ျပန္လည္ျဖစ္ပြားေနၿပီး ၂ လေက်ာ္အတြင္း အႀကိမ္ေရ ၂၀၀ ေက်ာ္ျဖစ္ပြားခဲ့သည္ဟု KNU က ေျပာသည္။

စစ္အာဏာသိမ္းသည့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ စတင္ကာ KNU/KNLA တပ္မဟာ ၇ ခုလုံးတြင္ တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားေနသည္ဟု ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU/KNLA ၏ ဧၿပီလ ၈ ရက္ေန႔(ယေန႔) ထုတ္ျပန္ ခ်က္ထဲတြင္ ထည့္သြင္းထားသည္။

KNU က “စစ္တပ္မွ အာဏာသိမ္းၿပီးသည့္ အခ်ိန္ ေနာက္ပိုင္း ေကာ္သူးေလနယ္ေျမအတြင္း ၌ အာဏာသိမ္း အၾကမ္းဖက္ စစ္အုပ္စု ၏ တပ္မ်ား ပိုမို လႈပ္ရွားသြားလာၾကၿပီး နယ္ေျမေက်ာ္လြန္ျခင္းမ်ားေၾကာင့္ တပ္မ ဟာ (၁) သထုံခ႐ိုင္၊ တပ္မဟာ(၂) ေတာင္ငူခ႐ိုင္၊ တပ္မဟာ(၃) ေညာင္ေလးပင္ခ႐ိုင္၊ တပ္မဟာ(၄) ဘိတ္ထား ဝယ္ခ႐ိုင္၊ တပ္မဟာ(၅) မူတေရာ္ခ႐ိုင္၊ တပ္မဟာ(၆) ဒူးပလာယာခ႐ိုင္၊ တပ္မဟာ(၇) ဖားအံခ႐ိုင္မ်ားရွိ ကရင္ အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) တပ္ဖြဲ႕မ်ား ႏွင့္ မၾကာခဏဆိုသလို ထိပ္တိုက္ရင္ဆိုင္ တိုက္ပြဲ မ်ား ျဖစ္ပြားခဲ့ၾကပါသည္။ အာဏာသိမ္းၿပီးသည့္ အခ်ိန္မွ စတင္ၿပီး ယခုအထိ တိုက္ပြဲ ႀကီးငယ္မ်ား အႀကိမ္ (၂၀၀) ခန႔္ ရွိခဲ့ ၿပီး ျဖစ္ပါသည္” ဟု ေျပာသည္။

KNU/KNLA တပ္မဟာ ၆ နယ္ေျမ အတြင္း ျဖစ္ပြားခဲ့သည့္ တိုက္ပြဲႏွင့္ ပတ္သက္၍ “က်ေနာ္တို႔ ဒီ ဒူးပလာယာ ခ႐ိုင္ ဆိုေတာ့ ဝင္းေရးၿမိဳ႕နယ္ ကရင္လိုေခၚရင္ေတာ့ ေဟာင္းေကာ္႐ြာေပါ့ဗ်ာ။ ဗမာလိုေခၚရင္ေတာ့ မာန္ေအာင္ ႐ြာေပါ့ဗ်ာ။ မာန္ေအာင္ အဲဒီဂြင္ အဲဒီဝန္းက်င္မွာ ျဖစ္သြားတာ ျဖစ္တယ္။ ဒီမွာ သတင္းရထားေတာ့ ၂ ပြဲ ျဖစ္ တယ္။ အဲမွာဆိုရင္ KNU က ဆိုရင္ တပ္ရင္း ၁၆ ဗ်ာ။ တပ္ရင္း ၁၆ ရဲ႕ ဌာနခ်ဳပ္တပ္ခြဲကို က်ေနာ္ တို႔ တာဝန္ခ် ထားတာ ရွိတယ္။ ဆိုေတာ့ တပ္ရင္း ၁၆ တပ္ရင္း ဌာနခ်ဳပ္ရဲ႕ လုံၿခဳံေရး တပ္ခြဲက တာဝန္သြားယူ ထားတယ္။ သူ တို႔တပ္ဖြဲ႕က တက္လာတယ္ အေၾကာင္းမၾကား ဘာမၾကား၊ ဒီမွာက အေၾကာင္း မၾကားဘဲ ဝင္လာရင္ေတာ့ က် ေနာ္တို႔ ပစ္မယ့္ခတ္မယ့္ အမိန႔္က ထုတ္ထားတာဆိုေတာ့” ဟု ဒူးပလာယာခ႐ိုင္ အတြင္းေရးမႉး ပဒိုေစာလစၥ တန္ ဟု ဧၿပီလ ၆ ရက္ေန႔က ေျပာသည္။

KNU/KNLA ႏွင့္ စစ္တပ္တို႔အၾကား တိုက္ပြဲမ်ားအတြင္း စစ္ေကာင္စီတပ္မ်ားမွ ေလယာဥ္ျဖင့္ေသာ္လည္းေကာင္း လက္နက္ႀကီးမ်ား ျဖင့္ ေသာ္လည္းေကာင္း ပစ္ခတ္မႈမ်ားေၾကာင့္ ေဒသခံမ်ားမွာ ေသဆုံးဒဏ္ရာရရွိသည့္အျပင္ သုံးေသာင္းေက်ာ္ ထြက္ေျပးတိမ္းေရွာင္ေနရၿပီး ေနထိုင္စားေသာက္ေရး အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရသည္ KNU က ဆိုသည္။

“ေကာ္သူးေလ နယ္ေျမ အတြင္းရွိ ခ႐ိုင္၊ တပ္မဟာ (၇) ခု လုံးတြင္ အာဏာသိမ္း အၾကမ္းဖက္ စစ္အုပ္စု လက္ ေအာက္ခံတပ္မ်ား ၏ တိုက္ေလယာဥ္ပ်ံမ်ား အသုံးျပဳ ပစ္ခတ္ျခင္းေၾကာင့္ေသာ္လည္းေကာင္း၊ လက္နက္ႀကီး မ်ား ပစ္ခတ္ ေျခာက္လွန႔္ျခင္းေၾကာင့္ ေသာ္လည္းေကာင္း ထြက္ေျပးတိမ္းေရွာင္ရသူ အေရအတြက္မွာ (၃ ေသာင္း) ေက်ာ္ ရွိေနၿပီး ျဖစ္ပါသည္။ လက္ရွိ အေျခအေနအရ ေကာ္သူးေလ နယ္ေျမ အတြင္း ေနထိုင္ ေနၾက ရေသာ ျပည္သူလူထုမ်ား အေနျဖင့္ ေၾကာက္႐ြံ႕ထိတ္လန႔္စြာ အသက္ရွင္ေနရပါသည္။ စစ္ေဘးေရွာင္ျပည္သူ မ်ား အေနျဖင့္ အစားအစာ၊ အဝတ္အထည္၊ ေနရာထိုင္ခင္း အခက္အခဲ့ ျပႆနာမ်ားကို ရင္ဆိုင္ ႀကဳံေတြ႕ ေနရ ပါသည္” ဟု KNU ၏ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။

မတ္လ ၂၇ ရက္ေန႔မွ ဧၿပီလ ၁ ရက္ေန႔အထိ အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားမွ တပ္မဟာ ၃ ႏွင့္ ၅ တို႔တြင္ တိုက္ေလယာဥ္မ်ားျဖင့္ ေနရာ ၉ ခု ကို ၆ ရက္အတြင္း ၁၅ ႀကိမ္ပစ္ခတ္ခဲ့သည္ဟု ဆိုသည္။

ဖာပြန္ခ႐ိုင္အတြင္း စစ္တပ္က ေလယာဥ္ျဖင့္ ပစ္ခတ္ခဲ့သည့္အတြက္ သံလြင္ျမစ္ေဘးတစ္ေလွ်ာက္ စစ္ေဘး တိန္းေရွာင္ေနရသည့္ ေဒပူႏို ေက်း႐ြာက စစ္ေရွာင္တစ္ဦး က “အခုက က်ေနာ္မွာ စားစရာမရွိဘူး။ ဆန္ေလး နည္းနည္းပဲရွိတယ္။ လိုအပ္ခ်က္ေတြကေတာ့ အမ်ားႀကီးပဲ။ အိပ္ေတာ့ လည္း မိုး႐ြာထဲအိပ္ရတယ္။ မိုးအရမ္း ႐ြာတယ္။ ျခင္လည္းကိုက္တယ္။ ျခင္ေထာင္လည္းမရွိဘူး။ ကာဖို႔ အတြက္ မိုးကာတို႔ တာလပတ္တို႔လည္း မရွိ ဘူး”ဟု သံလြင္ၿငိမ္းခ်မ္းေရး ဥယ်ာဥ္၏ ႐ုပ္သံအင္တာဗ်ဴးတစ္ခု တြင္ ေျပာထားသည္။

ထိုအျပင္ အာဏာသိမ္းစစ္ေကာင္စီ တပ္မ်ားမွ ေလယာဥ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ မူေၾတာ္ခ႐ိုင္၊ တပ္မဟာ (၅) နယ္ေျမအတြင္းရွိ အထက္တန္းေက်ာင္း (၂) ေက်ာင္း ျဖစ္ေသာ ေဒဘူးႏိုအထက္တန္းေက်ာင္း၊ ေဒၚကူထာ အထက္တန္းေက်ာင္းႏွင့္ ေဒဘူးႏို ေဆး႐ုံတို႔ကို ထိမွန္ပ်က္စီးခဲ့သည့္အျပင္ ေဒသခံျပည္သူမ်ား၏ ေနအိမ္မ်ား၊ စားနပ္ရိကၡာသိုေလာင္သည့္ နရာမ်ားႏွင့္ အိမ္ေမြးတိရစာၦန္မ်ားပါ ေသေၾကပ်က္စီးခဲ့သည္ဟု KNU က ေျပာ သည္။

လက္ရွိတြင္ ႏွစ္ဖက္တပ္မ်ားအၾကား စစ္ေရးတင္းမာမႈမ်ားရွိေနသည့္အျပင္ စစ္ေကာင္စီ၏ လက္နက္ကိုင္တ ပ္မ်ားမွ KNU/KNLA တပ္မဟာ အသီးသီးသို႔ တင္အင္အား ျဖည့္တင္းမႈမ်ားရွိေနသည့္အတြက္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားမည့္ အေနအထားတြင္ ရွိေနသည္ဟု KNU/KNLA ႏွင့္ ေဒသခံမ်ားက ဆိုသည္။