တိုက်ပွဲများကြောင့် ဖားကန့် လုံးခင်းဒေသ အိမ်ထောင်စု ၂၀၀ ကျော် စစ်ရှောင်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ယခုရက်ပိုင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အနီးအနားကျေးရွာ များမှ ဒေသခံပြည်သူ အိမ်ထောင်စု ၂၀၀ ကျော် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိန်းရှောင်နေကြရသည်ဟု ဒေသခံများနှင့် စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
ဖားကန့်မြို့နယ်၊ လုံးခင်းဒေသ ကန်စီးကျေးရွာအနီး ယခုရက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ် ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး လေယာဉ်ဖြင့် တိုက်ခိုက်မှုများရှိလာသည့်အတွက် စစ်ဘေး လွတ်ရာသို့ ထွက်ပြေးနေရခြင်း ဖြစ်သည်ဟု ပြောသည်။
အမည်မဖော်သလိုသူ ကန်စီးကျေးရွာသားတစ်ဦး က “အခုလေယာဉ်နဲ့လာပစ်တဲ့နေရာက ကျနော်တို့နေတဲ့ ရွာနဲ့ ဆို နှစ်မိုင်၊ သုံးမိုင် အဲ့လောက်ပဲ ဝေးတာ။ နီးနီးလေးပဲ။ မနေ့ကဆို လေယာဉ်နဲ့ ခနခနလာပစ်တယ်လေနော်။ ဒီကလူတွေ အဓိကကြောက်တာက လက်နက်ကြီးတွေနဲ့ပစ်လာတာနဲ့ လေယာဉ်နဲ့ပစ်တာကို ကြောက်တာပါ။ အဲ့ ကြောင့် ထွက်ပြေးကြတာပါ။ ဒီရက်ပိုင်းဆို လေယာဉ်ကလည်း ခနခန လာတယ်လေ။ ပစ်တယ်၊ မနေ့ကဆို ၆ ခေါက်လောက်ရှိတယ် လာပစ်တာနော်။ ပြီးရင် ပြန်သွားတယ်။ ခနဆိုပြန်လာတယ်။ ပြန်ပစ်တယ် အဲ့ဒါကို ကြောက်လို့ ထွက်ပြေးတာပါ” ဟု ပြောသည်။
ကန်စီးကျေးရွာနှင့်အနီးအနားရှိ ကျေးရွာအချို့မှ ဒေသခံပြည်သူ ၄၀၀ နီးပါးခန့် စစ်ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်များအား ကူညီပေးနေသူ တစ်ဦးက ပြောသည်။
“ဒီမှာက စစ်ရှောင်က ၃ မျိုးလောက်ရှိတယ်။ အဲထဲမှာ တချို့က အရင်ကတည်းက စစ်ရှောင်စခန်းတွေမှာ စာ ရင်းဝင်ထားတဲ့လူတွေရှိတယ်။ တောင်ယာခုတ်ရင်း ခြံလုပ်ရင်း အပြင်မှာသွားနေကြတာ အခု စစ်တွေဖြစ်လာ တော့ စစ်ရှောင်စခန်းမှာ ပြန်လာနေကြတယ်။ နောက်တစ်မျိုးက ကိုယ့်ရဲ့ လုံခြုံရေးအတွက် ဖားကန့်မြို့တို့၊ လုံးခင်းတို့ ဘက်မှာရှိတဲ့ ဆွေမျိုးတွေအိမ်မှာ သွားနေကြတာ ရှိတယ်။ နောက်တမျိုးက ဒီကန်စီးကျေးရွာမှာပဲ အနီးအနားရွာ တွေက လူတွေ လာနေတာရှိတယ်။ ဘော်စာဒီး၊ ဒန်ဆီခေါ အဲ့ကရွာတွေက လူတွေ ပြေးလာကြ တယ်။ အခု ကောက်ထားတဲ့စာရင်းအရ အိမ်ထောင်စု ၂၀၀ လောက်ရှိပြီ။ လူဦးရေက ၃၀၀ ကျော် ၄၀၀ လောက်ရှိတယ်။”
ကန်စီးကျေးရွာရှိ စာသင်းကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် စစ်ရှောင်များအတွက် နေရာပြင် ဆင်ပေးထားရပြီး အသင်းတော်များက ၎င်းတို့၏ စားဝတ်နေရေးအတွက် ကူညီပေးနေသည်ဟုလည်း သိရ သည်။
“ကန်စီးကို ရောက်လာတဲ့လူတွေကိုတော့ တောင်အောက်ပေါ့၊ တောင်ပေါ်က စစ်တပ်စခန်းနဲ့ အရမ်းနီးလို့ တောင် အောက်မှာရှိတဲ့ စာသင်ကျောင်းရယ်၊ KBC ကျမ်းစာကျောင်းရှိတယ် အဲ့ဒီမှာတွေ နေဖို့ ပြင်ထားပေး တယ်။ ပြီးတော့ လီဆူဘုရားကျောင်းရှိတယ် အဲ့ဒီနေရာတွေမှာ နေကြတယ်။ တချို့လည်း နေ့လည်ဆို ကိုယ့် ရွာကိုယ် နည်း နည်းပါးပါးပြန်ကြည့်၊ အသံမြည်လာရင် ပြန်လာပေါ့။ အခုကတော့ ဒီ ဒန်ဆီခေါရွာက တချို့က တော့ ကျေးလက် ဆေးပေးခန်းမှာ နေတာလည်းရှိတယ်” ဟု စစ်ရှောင်များအား ကူညီပေးနေသူ က ဆက် ပြော သည်။
KIA တပ်မဟာ ၉ လက်အောက်တပ်ခံတပ်ရင်းတစ်ခုဖြစ်သည့် တပ်ရင်း ၆ နယ်မြေအတွင်း ကန်စီးကျေးရွာ အနီး ရှိ တန်းဂေါင်နှင့် မဆတူ နေရာများတွင် ဧပြီလ ၁၈ ရက်နေ့ ည ၈ နာရီခန့်ကစတင်ပြီး ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ကြား စစ်ရေးတင်းမာနေသည်ဟု ဒေသခံများက ပြောသည်။
ထို့ကြောင့် ရွာသားများအတွက် လုံခြုံရေးမှာ စိုးရိမ်နေရသည်ဟု စစ်ရှောင်တစ်ဦး က “စစ်ရှောင်တွေက အခုမှ ရောက်တာဆိုတော့ လိုအပ်တာတွေတော့ သိပ်မရှိသေးဘူး။ ဒါပေမယ့် အခုရောက်နေတဲ့ နေရာကလည်း မလုံ ခြုံဘူးနော်။ စစ်တပ်စခန်းနဲ့လည်း အရမ်းနီးတာဆိုတော့ အဲ့ဒါပဲ လုံခြုံရေးပဲ အဓိက စိုးရိမ်ရတာ။ ရွာသားတွေ လည်း အဲ့ဒါပဲ ကြောက်ကြတာနော်။ ရက်ကြာလာရင်တော့ အခက်အခဲရှိမှာပေါ့နော်။ အခုက ဘုရားကျောင်း တွေကပဲ အဓိက အစားအသောက်တွေကျွေးနေတာပေါ့” ဟု ပြောသည်။
ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကန်ဆီးကျေးရွာအနီးရှိ တန်းဂေါင်ဘွမ်(တန်းဂေါင်တောင်) နှင့် ဂိုင်းဒါးဘွမ် (ဂိုင်းဒါး တောင်)ရှိ စစ်တပ်ကုန်းနှစ်ခုကို KIA က သိမ်းယူလိုက်သည့်နောက် ယခုကဲ့သို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား လာရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
*** ZAWGYI ***
တိုက္ပြဲမ်ားေၾကာင့္ ဖားကန႔္ လုံးခင္းေဒသ အိမ္ေထာင္စု ၂၀၀ ေက်ာ္ စစ္ေရွာင္ေနရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၀ ရက္။
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္အတြင္း ယခုရက္ပိုင္း ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ အနီးအနားေက်း႐ြာ မ်ားမွ ေဒသခံျပည္သူ အိမ္ေထာင္စု ၂၀၀ ေက်ာ္ စစ္ေဘးလြတ္ရာသို႔ ထြက္ေျပးတိန္းေရွာင္ေနၾကရသည္ဟု ေဒသခံမ်ားႏွင့္ စစ္ေရွာင္မ်ားအား ကူညီေဆာင္႐ြက္ေပးေနသူမ်ားက ေျပာသည္။
ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေဒသ ကန္စီးေက်း႐ြာအနီး ယခုရက္ပိုင္း ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ စစ္ ေကာင္စီတပ္တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနၿပီး ေလယာဥ္ျဖင့္ တိုက္ခိုက္မႈမ်ားရွိလာသည့္အတြက္ စစ္ေဘး လြတ္ရာသို႔ ထြက္ေျပးေနရျခင္း ျဖစ္သည္ဟု ေျပာသည္။
အမည္မေဖာ္သလိုသူ ကန္စီးေက်း႐ြာသားတစ္ဦး က “အခုေလယာဥ္နဲ႔လာပစ္တဲ့ေနရာက က်ေနာ္တို႔ေနတဲ့ ႐ြာနဲ႔ ဆို ႏွစ္မိုင္၊ သုံးမိုင္ အဲ့ေလာက္ပဲ ေဝးတာ။ နီးနီးေလးပဲ။ မေန႔ကဆို ေလယာဥ္နဲ႔ ခနခနလာပစ္တယ္ေလေနာ္။ ဒီကလူေတြ အဓိကေၾကာက္တာက လက္နက္ႀကီးေတြနဲ႔ပစ္လာတာနဲ႔ ေလယာဥ္နဲ႔ပစ္တာကို ေၾကာက္တာပါ။ အဲ့ ေၾကာင့္ ထြက္ေျပးၾကတာပါ။ ဒီရက္ပိုင္းဆို ေလယာဥ္ကလည္း ခနခန လာတယ္ေလ။ ပစ္တယ္၊ မေန႔ကဆို ၆ ေခါက္ေလာက္ရွိတယ္ လာပစ္တာေနာ္။ ၿပီးရင္ ျပန္သြားတယ္။ ခနဆိုျပန္လာတယ္။ ျပန္ပစ္တယ္ အဲ့ဒါကို ေၾကာက္လို႔ ထြက္ေျပးတာပါ” ဟု ေျပာသည္။
ကန္စီးေက်း႐ြာႏွင့္အနီးအနားရွိ ေက်း႐ြာအခ်ိဳ႕မွ ေဒသခံျပည္သူ ၄၀၀ နီးပါးခန႔္ စစ္ေဘးလြတ္ရာ ေနရာမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္ဟု စစ္ေရွာင္မ်ားအား ကူညီေပးေနသူ တစ္ဦးက ေျပာသည္။
“ဒီမွာက စစ္ေရွာင္က ၃ မ်ိဳးေလာက္ရွိတယ္။ အဲထဲမွာ တခ်ိဳ႕က အရင္ကတည္းက စစ္ေရွာင္စခန္းေတြမွာ စာ ရင္းဝင္ထားတဲ့လူေတြရွိတယ္။ ေတာင္ယာခုတ္ရင္း ၿခံလုပ္ရင္း အျပင္မွာသြားေနၾကတာ အခု စစ္ေတြျဖစ္လာ ေတာ့ စစ္ေရွာင္စခန္းမွာ ျပန္လာေနၾကတယ္။ ေနာက္တစ္မ်ိဳးက ကိုယ့္ရဲ႕ လုံၿခဳံေရးအတြက္ ဖားကန႔္ၿမိဳ႕တို႔၊ လုံးခင္းတို႔ ဘက္မွာရွိတဲ့ ေဆြမ်ိဳးေတြအိမ္မွာ သြားေနၾကတာ ရွိတယ္။ ေနာက္တမ်ိဳးက ဒီကန္စီးေက်း႐ြာမွာပဲ အနီးအနား႐ြာ ေတြက လူေတြ လာေနတာရွိတယ္။ ေဘာ္စာဒီး၊ ဒန္ဆီေခါ အဲ့က႐ြာေတြက လူေတြ ေျပးလာၾက တယ္။ အခု ေကာက္ထားတဲ့စာရင္းအရ အိမ္ေထာင္စု ၂၀၀ ေလာက္ရွိၿပီ။ လူဦးေရက ၃၀၀ ေက်ာ္ ၄၀၀ ေလာက္ရွိတယ္။”
ကန္စီးေက်း႐ြာရွိ စာသင္းေက်ာင္းႏွင့္ ခရစ္ယာန္ဘုရားရွိခိုးေက်ာင္းမ်ားတြင္ စစ္ေရွာင္မ်ားအတြက္ ေနရာျပင္ ဆင္ေပးထားရၿပီး အသင္းေတာ္မ်ားက ၎တို႔၏ စားဝတ္ေနေရးအတြက္ ကူညီေပးေနသည္ဟုလည္း သိရ သည္။
“ကန္စီးကို ေရာက္လာတဲ့လူေတြကိုေတာ့ ေတာင္ေအာက္ေပါ့၊ ေတာင္ေပၚက စစ္တပ္စခန္းနဲ႔ အရမ္းနီးလို႔ ေတာင္ ေအာက္မွာရွိတဲ့ စာသင္ေက်ာင္းရယ္၊ KBC က်မ္းစာေက်ာင္းရွိတယ္ အဲ့ဒီမွာေတြ ေနဖို႔ ျပင္ထားေပး တယ္။ ၿပီးေတာ့ လီဆူဘုရားေက်ာင္းရွိတယ္ အဲ့ဒီေနရာေတြမွာ ေနၾကတယ္။ တခ်ိဳ႕လည္း ေန႔လည္ဆို ကိုယ့္ ႐ြာကိုယ္ နည္း နည္းပါးပါးျပန္ၾကည့္၊ အသံျမည္လာရင္ ျပန္လာေပါ့။ အခုကေတာ့ ဒီ ဒန္ဆီေခါ႐ြာက တခ်ိဳ႕က ေတာ့ ေက်းလက္ ေဆးေပးခန္းမွာ ေနတာလည္းရွိတယ္” ဟု စစ္ေရွာင္မ်ားအား ကူညီေပးေနသူ က ဆက္ ေျပာ သည္။
KIA တပ္မဟာ ၉ လက္ေအာက္တပ္ခံတပ္ရင္းတစ္ခုျဖစ္သည့္ တပ္ရင္း ၆ နယ္ေျမအတြင္း ကန္စီးေက်း႐ြာ အနီး ရွိ တန္းေဂါင္ႏွင့္ မဆတူ ေနရာမ်ားတြင္ ဧၿပီလ ၁၈ ရက္ေန႔ ည ၈ နာရီခန႔္ကစတင္ၿပီး ယေန႔အခ်ိန္ထိ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနၿပီး ႏွစ္ဖက္ၾကား စစ္ေရးတင္းမာေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
ထို႔ေၾကာင့္ ႐ြာသားမ်ားအတြက္ လုံၿခဳံေရးမွာ စိုးရိမ္ေနရသည္ဟု စစ္ေရွာင္တစ္ဦး က “စစ္ေရွာင္ေတြက အခုမွ ေရာက္တာဆိုေတာ့ လိုအပ္တာေတြေတာ့ သိပ္မရွိေသးဘူး။ ဒါေပမယ့္ အခုေရာက္ေနတဲ့ ေနရာကလည္း မလုံ ၿခဳံဘူးေနာ္။ စစ္တပ္စခန္းနဲ႔လည္း အရမ္းနီးတာဆိုေတာ့ အဲ့ဒါပဲ လုံၿခဳံေရးပဲ အဓိက စိုးရိမ္ရတာ။ ႐ြာသားေတြ လည္း အဲ့ဒါပဲ ေၾကာက္ၾကတာေနာ္။ ရက္ၾကာလာရင္ေတာ့ အခက္အခဲရွိမွာေပါ့ေနာ္။ အခုက ဘုရားေက်ာင္း ေတြကပဲ အဓိက အစားအေသာက္ေတြေကြၽးေနတာေပါ့” ဟု ေျပာသည္။
ဖားကန္႔ၿမိဳ႕နယ္ လုံးခင္းအုပ္စု ကန္ဆီးေက်း႐ြာအနီးရွိ တန္းေဂါင္ဘြမ္(တန္းေဂါင္ေတာင္) ႏွင့္ ဂိုင္းဒါးဘြမ္ (ဂိုင္းဒါး ေတာင္)ရွိ စစ္တပ္ကုန္းႏွစ္ခုကို KIA က သိမ္းယူလိုက္သည့္ေနာက္ ယခုကဲ့သို႔ တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြား လာရျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။