ကရင်လက်နက်ကိုင် အဖွဲ့များ ပေါင်းစည်းကြရန် KNLA ဒု-ဦးစီးချုပ် ဖိတ်ခေါ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်။

ကရင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ အတူတကွ ပေါင်းစည်းပြီး တိုက်ပွဲဝင်ရန် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ဒု-စစ်ဦးစီးချုပ် က ဖိတ်ခေါ်တောင်းဆိုလိုက်သည်။

မေလ ၂ ရက်နေ့ (ယနေ့) တွင် ကရင်လက် နက်ကိုင် တော် လှန်ရေး အဖွဲ့ ၄ ဖွဲ့သို့ ပေးပို့သည့် KNLA ဒု-စစ်ဦးစီး ချုပ် ဒု-ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ၏ စာထဲတွင် ထိုသို့ ထည့်သွင်းရေးသားထားခြင်းဖြစ်သည်။

၎င်းက “KNLA၊ DKBA၊ KNU/KNLA-PC နှင့် BGF ခေါင်းဆောင် စစ်သည်အပေါင်းတို့ ကရင်တော်လှန်ရေး နှစ် ပေါင်း ၇၀ ကျော် ကာလအတွင်းမှာ ဒီနေ့မျိုးလို ကောင်းမွန်တဲ့ အခွင့်အရေး တခါမှ မရှိခဲ့ဖူးဘူး။ ဒီကောင်းမွန် တဲ့ အခွင့်အရေးကို အသုံးချ ပြီးတော့ တော်လှန်ရေးအတွက် ညီညီညွှတ်ညွှတ် ရဲရဲဝံ့ဝံ့နဲ့ စစ်အာဏာရှင်စနစ်ကို ပြိုလဲပျက်စီး သွားအာင် ကျနော်တို့ ခေတ်မှာ တိုက်ခိုက်ရမှာပါ အဲလိုတိုက်ခိုက်နိုင်မှ ကျနော်တို့ရဲ့ နောင်လာ နောင်သားတွေက စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ပြီး လွတ်လွပ်တဲ့ ဘဝတွေကို ပိုင်ဆိုင် ကြရမှာဖြစ်ပါ တယ်” ဟု ဒု-ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ က ပြောသည်။

နှစ် ၇၀ ကျော် ကရင့်တော်လှန်ရေးကာလအတွင်း တစ်ကြိမ်တစ်ခါမှ မရရှိခဲ့ဖူးသည့် ယခုအချိန်အခါကို ကရင် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များအနေဖြင့် အမိအရ အသုံးချရန် KNLA ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ က ကရင်လက်နက်ကိုင် အဖွဲ့များကိုပေးပို့သည့် စာထဲတွင် တိုက်တွန်းထားသည်။

ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး နောင်လာမယ့် နေ့ရက်များတွင် ကရင်လူမျိုးများအတွက် အမှန် တရားဖက်က ခိုင်ခိုင်မာမာရပ်တည်ပေးရန်၊ ဆိုးကျိုးကောင်းကျိုးများကို ရှင်းလင်းစွာ ဝေဖန်ပိုင်းခြားရန်နှင့် ကရင်ပြည်သူများ လိုလားနေကြသည့် စည်းလုံးညီညွှတ်စွာဖြင့် စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် တော်လှန်ရ မည့် အချိန်သည် ယခုပင်ဖြစ်သည်ဟု KNLA ဒု-စစ်ဦးစီးချုပ် က ၎င်း၏ စာထဲတွင် ထည့်သွင်းထားသည်။

ဒု-ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက “စည်းလုံး ညီညွှတ်မှု လမ်းကြောင်းကို ပြန်ရှာပြီး စစ်အာဏာရှင်ကို ပြိုလဲ သွားအောင် ရဲရဲဝံ့ဝံ့နဲ့ အတူတကွ ဆန့်ကျင်တော် လှန်ကြဖို့ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ ကရင်လူမျိုးတွေက ဖြစ်စေချင်တဲ့အရာ ဖြစ်ပြီး အဲဒါကို ဒီကနေ့မှာ ကျနော်တို့ကို တောင်းဆိုနေပြီးဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ကရင် ပြည်သူတွေ၊ ခေါင်းဆောင်စစ်သည် တွေရဲ့ အနစ်နာခံမှု၊ သူတို့ရဲ့ ခန္ဓာကိုယ် အသက်သွေးချွေးတွေ ပေးဆပ်ခြင်း တွေဟာ ကရင်လူမျိုးတွေ စစ်အာဏာ ရှင်ရဲ့ ကျွန်ပြုခြင်းကနေ လွတ်မြောက်ဖို့အတွက်ဖြစ်တယ်။ လွတ်မြာက် မှုနဲ့အတူ လွတ်လပ်မှုတွေကို ရရှိဖို့အတွက်ဖြစ်တယ်” ဟု ပြောသည်။

ထို့အပြင် လက်ရှိ နွေဦးတော်လှန်ရေးကာလ အတွင်း စစ်အာဏာရှင်ဖက်မှ တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့များရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် ၎င်းတို့ဖက်မှ အထိနာမှုများရှိနေပြီး အင်အား ချိနဲ့လာ နေသည့်အတွက် ကရင်တိုင်းရင်းသား အများစုပါသည့် ကရင်နယ်ခြားစောင့်တပ် BGF အား ပါဝင်တိုက်စေသည့် အနေထားလည်းရှိနေသည် ဟု KNLA ဒု-စစ်ဦးစီးချုပ်က ဆိုသည်။

“အဲဒါကြောင့် ပိတ်မိနေတဲ့ သူတို့ရဲ့ လူတွေကို ကူညီပေးဖို့ နယ်ခြားစောင့်တပ် BGF ကို ခိုင်းထားတယ်ဆိုပြီး ကျ နော်တို့ ကြားသိရပါတယ်။ ခေါင်းဆောင်အပေါင်းတို့ ရန်သူရဲ့ ကြံစည်မှုတွေဟာ ကျနော်တို့ ကရင်လူမျိုး တစ်ဦး တစ်ယောက်အတွက်မှ ကောင်းကျိုးမရှိဘူး။ ကျနော်တို့ ကရင်လူမျိုးအချင်းချင်းပဲ တိုက်ခိုက်ရမှာ ဖြစ်ပြီး သေ ကြေပျက်စီးတာတို့၊ ထိခိုက်ဒဏ်ရာရရှိတာတို့ အခက်အခဲကြုံရမှာက ကျနော်တို့ ကရင်လူမျိုးတွေပဲ ဖြစ်ပါ တယ်” ဒု-ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ က ပြောသည်။

ဧပြီလ နောက်ဆုံးအပတ်အတွင်း KNU တပ်မဟာ(၁) နယ်မြေဖြစ်သည့် သထုံခရိုင်တွင်း ပစ်ခတ်မှုများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းကာ ပြည်သူများ နေထိုင်သည့် ကျေးရွာများ ထဲသို့ ပစ်မှတ်ထား ပစ်ခတ်မှုရှိနေကြောင်း KNU သထုံခရိုင် တာဝန်ရှိသူက KIC သတင်းဌာနကို ပြောဆိုထား သည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် စစ်ကာင်စီတပ်များအကြား စစ်ရေးတင်းမာ မှုများရှိနေပြီး တိုက်ပွဲများလည်း ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာသည်မှာ ယနေ့အချိန်ထိဖြစ်သည်။

အထိနာနေသည့် စစ်ကောင်စီတပ်များက လေကြောင်း ပစ်ကူများဖြင့် တိုက်ခိုက်ခြင်းများသည် မြေပြင်တွင် စစ် အင်အား အားနည်းနေသည်ကို ပြသနေသည့်အပြင် KNLA က ဝိုင်းထားသည့် စစ်ကောင်စီတပ်များထံသို့ စစ်အင် အား ပို့ဆောင်၍ မရသောကြောင့်ဖြစ်သည် ဟု KNLA ဒု-စစ်ဦးစီးချုပ်၏ စာထဲတွင် တွေ့ရသည်။

ထို့အပြင် လေလိုင်းကနေ တိုက်ခိုက်နေမှုများမှာလည်း မည်မျှ ကြောက်စရာကောင်းနေပါစေ မြေပြင်အရ ဖြစ် တည်မှု တည်ရှိမှုများသည် ဘာမှ မဟုတ်ကြောင်း ယခုကဲ့သို့လုပ်ဆောင်မှုများသည် KNU/KNLA ဒေသသို့ ရောက် ရှိနေသည့် စစ်သားများ၏ စိတ်ပိုင်းဆိုင်ရာ ကျဆင်းနေမှုများကို မြှင့်တင်ရန်နှင့် ကရင်ပြည်သူပြည်သားများကို ကြောက်စိတ်များဝင်လာအောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ဒု-ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ က ပြော သည်။

KNLA သည် အပစ်ရပ်လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်သော်လည်း လက်ရှိတွင် စစ်ကောင်စီနှင့် တိုက်ပွဲ ပြင်း ထန်စွာ ဖြစ်ပွားနေသည့် ကရင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်သည်။

ထို့အပြင် အခြားကရင် တော်လှန်ရေး အဖွဲ့များဖြစ်သည့် DKBA၊ KNU/KNLA-PC တို့မှာ NCA စာချုပ်အပေါ် အခြေခံပြီး ယခုရက်ပိုင်းတွင် စစ်ကောင်စီနှင့် သွား ရောက်တွေ့ဆုံခဲ့သည့် အဖွဲများဖြစ်သည်။ BGF မှာ ကရင်နယ်ခြားစောင့် တပ်ဖွဲ့ဖြစ်သည်။

ထိုအဖွဲ့များသည် ကရင်အမျိုးသား အစည်းအရုံး KNU/KNLA မှ ခွဲထွက်ခဲ့သည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ ဖြစ်ကြသည်။

*** ZAWGYI ***
ကရင္လက္နက္ကိုင္ အဖြဲ႕မ်ား ေပါင္းစည္းၾကရန္ KNLA ဒု-ဦးစီးခ်ဳပ္ ဖိတ္ေခၚ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၃ ရက္။

ကရင္လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕မ်ား အတူတကြ ေပါင္းစည္းၿပီး တိုက္ပြဲဝင္ရန္ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ KNLA ဒု-စစ္ဦးစီးခ်ဳပ္ က ဖိတ္ေခၚေတာင္းဆိုလိုက္သည္။

ေမလ ၂ ရက္ေန႔ (ယေန႔) တြင္ ကရင္လက္ နက္ကိုင္ ေတာ္ လွန္ေရး အဖြဲ႕ ၄ ဖြဲ႕သို႔ ေပးပို႔သည့္ KNLA ဒု-စစ္ဦးစီး ခ်ဳပ္ ဒု-ဗိုလ္ခ်ဳပ္ႀကီး ေဘာေက်ာ္ဟဲ၏ စာထဲတြင္ ထိုသို႔ ထည့္သြင္းေရးသားထားျခင္းျဖစ္သည္။

၎က “KNLA၊ DKBA၊ KNU/KNLA-PC ႏွင့္ BGF ေခါင္းေဆာင္ စစ္သည္အေပါင္းတို႔ ကရင္ေတာ္လွန္ေရး ႏွစ္ ေပါင္း ၇၀ ေက်ာ္ ကာလအတြင္းမွာ ဒီေန႔မ်ိဳးလို ေကာင္းမြန္တဲ့ အခြင့္အေရး တခါမွ မရွိခဲ့ဖူးဘူး။ ဒီေကာင္းမြန္ တဲ့ အခြင့္အေရးကို အသုံးခ် ၿပီးေတာ့ ေတာ္လွန္ေရးအတြက္ ညီညီၫႊတ္ၫႊတ္ ရဲရဲဝံ့ဝံ့နဲ႔ စစ္အာဏာရွင္စနစ္ကို ၿပိဳလဲပ်က္စီး သြားအာင္ က်ေနာ္တို႔ ေခတ္မွာ တိုက္ခိုက္ရမွာပါ အဲလိုတိုက္ခိုက္ႏိုင္မွ က်ေနာ္တို႔ရဲ႕ ေနာင္လာ ေနာင္သားေတြက စစ္အာဏာရွင္စနစ္ကေန လြတ္ေျမာက္ၿပီး လြတ္လြပ္တဲ့ ဘဝေတြကို ပိုင္ဆိုင္ ၾကရမွာျဖစ္ပါ တယ္” ဟု ဒု-ဗိုလ္ခ်ဳပ္ႀကီး ေဘာေက်ာ္ဟဲ က ေျပာသည္။

ႏွစ္ ၇၀ ေက်ာ္ ကရင့္ေတာ္လွန္ေရးကာလအတြင္း တစ္ႀကိမ္တစ္ခါမွ မရရွိခဲ့ဖူးသည့္ ယခုအခ်ိန္အခါကို ကရင္ လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕မ်ားအေနျဖင့္ အမိအရ အသုံးခ်ရန္ KNLA ဒု-စစ္ဦးစီးခ်ဳပ္ ဒု-ဗိုလ္ခ်ဳပ္ႀကီး ေဘာေက်ာ္ဟဲ က ကရင္လက္နက္ကိုင္ အဖြဲ႕မ်ားကိုေပးပို႔သည့္ စာထဲတြင္ တိုက္တြန္းထားသည္။

ကရင္လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအားလုံး ေနာင္လာမယ့္ ေန႔ရက္မ်ားတြင္ ကရင္လူမ်ိဳးမ်ားအတြက္ အမွန္ တရားဖက္က ခိုင္ခိုင္မာမာရပ္တည္ေပးရန္၊ ဆိုးက်ိဳးေကာင္းက်ိဳးမ်ားကို ရွင္းလင္းစြာ ေဝဖန္ပိုင္းျခားရန္ႏွင့္ ကရင္ျပည္သူမ်ား လိုလားေနၾကသည့္ စည္းလုံးညီၫႊတ္စြာျဖင့္ စစ္အာဏာရွင္ စနစ္ကို အျမစ္ျပတ္ ေတာ္လွန္ရ မည့္ အခ်ိန္သည္ ယခုပင္ျဖစ္သည္ဟု KNLA ဒု-စစ္ဦးစီးခ်ဳပ္ က ၎၏ စာထဲတြင္ ထည့္သြင္းထားသည္။

ဒု-ဗိုလ္ခ်ဳပ္ႀကီး ေဘာေက်ာ္ဟဲက “စည္းလုံး ညီၫႊတ္မႈ လမ္းေၾကာင္းကို ျပန္ရွာၿပီး စစ္အာဏာရွင္ကို ၿပိဳလဲ သြားေအာင္ ရဲရဲဝံ့ဝံ့နဲ႔ အတူတကြ ဆန႔္က်င္ေတာ္ လွန္ၾကဖို႔ျဖစ္ပါတယ္။ ဒါဟာ က်ေနာ္တို႔ ကရင္လူမ်ိဳးေတြက ျဖစ္ေစခ်င္တဲ့အရာ ျဖစ္ၿပီး အဲဒါကို ဒီကေန႔မွာ က်ေနာ္တို႔ကို ေတာင္းဆိုေနၿပီးျဖစ္ပါတယ္။ က်ေနာ္တို႔ရဲ႕ ကရင္ ျပည္သူေတြ၊ ေခါင္းေဆာင္စစ္သည္ ေတြရဲ႕ အနစ္နာခံမႈ၊ သူတို႔ရဲ႕ ခႏၶာကိုယ္ အသက္ေသြးေခြၽးေတြ ေပးဆပ္ျခင္း ေတြဟာ ကရင္လူမ်ိဳးေတြ စစ္အာဏာ ရွင္ရဲ႕ ကြၽန္ျပဳျခင္းကေန လြတ္ေျမာက္ဖို႔အတြက္ျဖစ္တယ္။ လြတ္ျမာက္ မႈနဲ႔အတူ လြတ္လပ္မႈေတြကို ရရွိဖို႔အတြက္ျဖစ္တယ္” ဟု ေျပာသည္။

ထို႔အျပင္ လက္ရွိ ေႏြဦးေတာ္လွန္ေရးကာလ အတြင္း စစ္အာဏာရွင္ဖက္မွ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္ လွန္ေရး အဖြဲ႕မ်ားရွိရာသို႔ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားတြင္ ၎တို႔ဖက္မွ အထိနာမႈမ်ားရွိေနၿပီး အင္အား ခ်ိနဲ႔လာ ေနသည့္အတြက္ ကရင္တိုင္းရင္းသား အမ်ားစုပါသည့္ ကရင္နယ္ျခားေစာင့္တပ္ BGF အား ပါဝင္တိုက္ေစသည့္ အေနထားလည္းရွိေနသည္ ဟု KNLA ဒု-စစ္ဦးစီးခ်ဳပ္က ဆိုသည္။

“အဲဒါေၾကာင့္ ပိတ္မိေနတဲ့ သူတို႔ရဲ႕ လူေတြကို ကူညီေပးဖို႔ နယ္ျခားေစာင့္တပ္ BGF ကို ခိုင္းထားတယ္ဆိုၿပီး က် ေနာ္တို႔ ၾကားသိရပါတယ္။ ေခါင္းေဆာင္အေပါင္းတို႔ ရန္သူရဲ႕ ႀကံစည္မႈေတြဟာ က်ေနာ္တို႔ ကရင္လူမ်ိဳး တစ္ဦး တစ္ေယာက္အတြက္မွ ေကာင္းက်ိဳးမရွိဘူး။ က်ေနာ္တို႔ ကရင္လူမ်ိဳးအခ်င္းခ်င္းပဲ တိုက္ခိုက္ရမွာ ျဖစ္ၿပီး ေသ ေၾကပ်က္စီးတာတို႔၊ ထိခိုက္ဒဏ္ရာရရွိတာတို႔ အခက္အခဲႀကဳံရမွာက က်ေနာ္တို႔ ကရင္လူမ်ိဳးေတြပဲ ျဖစ္ပါ တယ္” ဒု-ဗိုလ္ခ်ဳပ္ႀကီး ေဘာေက်ာ္ဟဲ က ေျပာသည္။

ဧၿပီလ ေနာက္ဆုံးအပတ္အတြင္း KNU တပ္မဟာ(၁) နယ္ေျမျဖစ္သည့္ သထုံခ႐ိုင္တြင္း ပစ္ခတ္မႈမ်ား ေန႔စဥ္ ျဖစ္ပြားေနၿပီး စစ္ေကာင္စီႏွင့္ နယ္ျခားေစာင့္တပ္ BGF တို႔ ပူးေပါင္းကာ ျပည္သူမ်ား ေနထိုင္သည့္ ေက်း႐ြာမ်ား ထဲသို႔ ပစ္မွတ္ထား ပစ္ခတ္မႈရွိေနေၾကာင္း KNU သထုံခ႐ိုင္ တာဝန္ရွိသူက KIC သတင္းဌာနကို ေျပာဆိုထား သည္။

စစ္အာဏာသိမ္းၿပီးေနာက္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ႏွင့္ စစ္ကာင္စီတပ္မ်ားအၾကား စစ္ေရးတင္းမာ မႈမ်ားရွိေနၿပီး တိုက္ပြဲမ်ားလည္း ပိုမိုျပင္းထန္စြာ ျဖစ္ပြားလာသည္မွာ ယေန႔အခ်ိန္ထိျဖစ္သည္။

အထိနာေနသည့္ စစ္ေကာင္စီတပ္မ်ားက ေလေၾကာင္း ပစ္ကူမ်ားျဖင့္ တိုက္ခိုက္ျခင္းမ်ားသည္ ေျမျပင္တြင္ စစ္ အင္အား အားနည္းေနသည္ကို ျပသေနသည့္အျပင္ KNLA က ဝိုင္းထားသည့္ စစ္ေကာင္စီတပ္မ်ားထံသို႔ စစ္အင္ အား ပို႔ေဆာင္၍ မရေသာေၾကာင့္ျဖစ္သည္ ဟု KNLA ဒု-စစ္ဦးစီးခ်ဳပ္၏ စာထဲတြင္ ေတြ႕ရသည္။

ထို႔အျပင္ ေလလိုင္းကေန တိုက္ခိုက္ေနမႈမ်ားမွာလည္း မည္မွ် ေၾကာက္စရာေကာင္းေနပါေစ ေျမျပင္အရ ျဖစ္ တည္မႈ တည္ရွိမႈမ်ားသည္ ဘာမွ မဟုတ္ေၾကာင္း ယခုကဲ့သို႔လုပ္ေဆာင္မႈမ်ားသည္ KNU/KNLA ေဒသသို႔ ေရာက္ ရွိေနသည့္ စစ္သားမ်ား၏ စိတ္ပိုင္းဆိုင္ရာ က်ဆင္းေနမႈမ်ားကို ျမႇင့္တင္ရန္ႏွင့္ ကရင္ျပည္သူျပည္သားမ်ားကို ေၾကာက္စိတ္မ်ားဝင္လာေအာင္ လုပ္ေဆာင္ျခင္းသာ ျဖစ္သည္ဟု ဒု-ဗိုလ္ခ်ဳပ္ႀကီး ေဘာေက်ာ္ဟဲ က ေျပာ သည္။

KNLA သည္ အပစ္ရပ္လက္မွတ္ထိုးထားသည့္ အဖြဲ႕ျဖစ္ေသာ္လည္း လက္ရွိတြင္ စစ္ေကာင္စီႏွင့္ တိုက္ပြဲ ျပင္း ထန္စြာ ျဖစ္ပြားေနသည့္ ကရင္လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕ျဖစ္သည္။

ထို႔အျပင္ အျခားကရင္ ေတာ္လွန္ေရး အဖြဲ႕မ်ားျဖစ္သည့္ DKBA၊ KNU/KNLA-PC တို႔မွာ NCA စာခ်ဳပ္အေပၚ အေျခခံၿပီး ယခုရက္ပိုင္းတြင္ စစ္ေကာင္စီႏွင့္ သြား ေရာက္ေတြ႕ဆုံခဲ့သည့္ အဖြဲမ်ားျဖစ္သည္။ BGF မွာ ကရင္နယ္ျခားေစာင့္ တပ္ဖြဲ႕ျဖစ္သည္။

ထိုအဖြဲ႕မ်ားသည္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU/KNLA မွ ခြဲထြက္ခဲ့သည့္ လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕မ်ား ျဖစ္ၾကသည္။