ယုဇနကုမ္ပဏီကို အကအိုင်အေမှ ဒုတိယ အကြိမ် ဝင်ရောက်ဖျက်ဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၀ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တနိုင်းသွားလမ်းပေါ်ရှိ ဘန်ကောက်ကျေးရွာအနီးရှိ ယုဇနကုမ္ပဏီပိုင် အဆောက်အဦများကို ကချင်လွတ်လပ်ရေးတပ်မတော်က ဒုတိယအကြိမ် ဝင်ရောက်ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီ စစ်တပ်မှ စစ်သားများ လာရောက်ခိုအောင်းလေ့ရှိခြင်းကြောင့် ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ လီဒိုလမ်းမကြီးပေါ်ရှိ ယုဇနကုမ္ပဏီပိုင် အဆောက်အဦးများကို ဖျက်ဆီးခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။

ရှဒူးဇွပ်ကျေးရွာက ဒေသခံတစ်ဦး က “မနေ့ညက ကိုးနာရီလောက်ကနေ စပြီးတော့မှ ဘတ်ဖိုး ၂ စီးနဲ့ ဟိုတစ်လောက တစ်ခေါက်နော ပစ်ပြီးမှ မီးရှို့ ထားတယ်။ ဒီတစ်ခေါက်နဲ့ဆို နှစ်ကြိမ်ပေါ့။ ဘတ်ဖိုးတွေနဲ့ ကျန်တဲ့ အဆောက်အအုံတွေဘာတွေ အုတ်နံရံတွေကို ထိုး ကလော်ပြီးမှ အကုန် ဖြိုပစ်လိုက်တာ ဒါကတော့ ဘာကြောင့်ဖြိုသလဲဆိုလို့ရှိရင်တော့ ယုဇနကုမ္ပဏီ စက်ရုံ နဲ့ ယုဇန ဝန်ထမ်းတွေ အဆောက်အအုံထဲမှာ လုံးဝမနေခိုင်းဘူးလေ KIA အစိုးရက အဲဒါသူတို့က တစ်ချို့တွေက ပြန်သွားကြတာ များတယ်။ အများပိုင်းတော့ တစ်ချို့ ကိုယ်စားလှယ်တွေက ပြန်လာနေတယ်။ ယုဇနကုမ္ပဏီ ကိုယ်စားလှယ်တွေက ပြန်လာနေတယ်ဆိုတော့ အဲဒီအခု စစ်ကောင်စီဖက်ကလည်း အဲမှာ ခိုးခိုးပြီးမှ ဝင်လာနေ တယ် အဲဒါကြောင့် ရှင်းလိုက်တဲ့ သဘောဖြစ်နိုင်တယ်” ဟု ပြောသည်။

မေလ ၁၉ ရက်နေ့ (ယမန်နေ့) ညပိုင်းက KIA ဝင်ရောက်ဖျက်ဆီးပြီးနောက် ယနေ့နံနက်ပိုင်းအထိ စစ်ကောင်စီ တပ်ဘက်က အဆိုပါနေရာထဲသို့ လက်နက်ကြီးများဖြင့် ဆက်တိုက် ပြန်လည်ပစ်ခတ်နေသည်ဟု ဘန်ကောက် ကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

“KIA ဖက်ကတော့ အဲဒီ ဘတ်ဖိုးနဲ့ ကုမ္ပဏီ စက်ရုံကို ထိုးရှင်းတဲ့ အချိန်မှာ ရှဒူးဇွပ် အခြေစိုက် ခလရ ၂၉၇ တပ် ရင်းကနေပေါ့နော်။ လက်နက်ကြီးနဲ့ ပစ်တာ မနက်ပိုင်း တစ်နာရီခွဲလောက်ကနေပစ်တာ မနက်လေးနာရီခွဲ အထိပစ်တယ်။ အဲဒါကျတော့ KIA ဖက်ကတော့ ပြန်ပစ်တာတော့ မရှိဘူး။ တပ်မတော်ဖက် ပစ်တာပဲရှိတယ်။ လက်နက်ကြီးနဲ့ လှမ်းထုတာပေါ့။ အထိအခိုက်တော့ မရှိပါဘူး” ဟု ပြောသည်။

ထို့ကြောင့် ဒေသခံများက တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်သည်ဟု ဆက်ပြောသည်။

“တကယ်လို့ စစ်တပ်ဖက်ကနေ လာပစ်ရင်တော့ တိုက်ပွဲကတော့ ဖြစ်မှာပဲလေ။ သူတို့လည်း အသင့်စောင့်နေ ပြီးတော့ လုပ်ကိုင်နေတယ်။ အဲဆိုတော့ စစ်တပ်ဖက်ကနေ မလာဘူးဆိုလို့ရှိရင်တော့ တိုက်ပွဲတော့ မဖြစ်တော့ ဘူး။ ဖြစ်ရင်တော့ စိုးရိမ်တာပေါ့။ ရွာနားမှာကြီးကို ဘန်ကောက် ရွာနားမှာကြီးကို စက်ရုံက လမ်းပဲ ခြားတယ်” ဟု အဆိုပါ ဘန်ကောက်ကျေးရွာက ဒေသခံ က ဆက်ပြောသည်။

ယမန်နေ့ ညက KIA က သွားရောက် ဖျက်ဆီးမှုကြောင့် ယုဇနကုမ္ပဏီပိုင် အဆောက်အဦအများစု ပျက်စီးသွား ပြီးဖြစ်ပြီး ပထမအကြိမ် ဧပြီလ ၁ ရက်နေ့ မီးရှို့ဖျက်ဆီးမှုတွင်လည်း ကုမ္ပဏီ၏ ဂိုဒေါင်များ၊ ကုမ္ပဏီပိုင် ကားနှင့် စက်ယန္တရား အစီး ၂၀ ကျော် ဖျက်ဆီးခံခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“မနေ့ည ကိုးနာရီကနေ ဖျက်တာ ဒီနေ့ကျတော့ အကုန်ဖျက်လိုက်ပြီ ဒီမနက်သွားကြည့်တာ ဖျက်ထားလိုက်ပြီ နည်းနည်းတော့ ကျန်သေးတာပေါ့ အဆောက်အအုံ နည်းနည်းပါးပါးတော့ ကျန်သေးတာပေါ့။ နံပါတ်တစ်တုန်း က အဲဒီအချိန်မှာက ကလောပီနံစက်ရုံကို အဓိကထားပြီးတော့ သူတို့ ဖျက်ဆီးတာ ကားတွေ အဲဒီခါကျတော့ နှစ် ဆယ် သုံးဆယ်လောက်ပဲ ဖြစ်မှာ ဘိုဒိုဇာတို့ ဘတ်ဖိုးတို့ ကားတွေကတော့ အဲဒီ ပထမတုန်းကတော့ သိပ်မများ လောက်ဘူး။ စက်ရုံကြီးကိုပဲ အဓိကထားပြီးတော့ သူတို့ဖျက်ဆီးတာ” ဟု ဖြစ်စဉ်ကို သွားရောက်မှတ်တမ်းယူ ခဲ့သည့် ရှဒူးဇွပ်ကျေးရွာက ဒေသခံ က ပြောသည်။

လီဒိုလမ်းမကြီးပေါ်က ဟူးကောင်း ချိုင့်ဝှမ်းဒေသအတွင်းရှိ ရှဒူးဇွပ်၊ နမ့်ဖြတ်၊ တိန်ကောက်၊ တနိုင်း၊ ဝါရာဇွပ်၊ နောင်းမီ၊ စံပြ၊ အောင်ရာနှင့် ကောင်းရာ ကျေးရွာများက ဘိုးဘွားပိုင် မြေဧက၂ သိန်းကျော်ကို ယုဇနကုမ္ပဏီ က ၂၀၀၆ ခုနှစ်ကတည်း သိမ်းယူခဲ့ခြင်းသည့်အတွက် မြေယာအငြင်းပွားမှုများ ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် နေရာဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် ယုဇနကုမ္ပဏီက မြေလွတ်မြေရိုင်းအဖြစ် စစ်အစိုးရထံတွင် လျှောက်ထားကာ သိမ်းဆည်းပြီး နောက် စီးပွားဖြစ် ပီလောပီနံများ စိုက်ပျိုးလျက်ရှိသည်။

၁၅ နှစ်ကျော်အကြာ ကုမ္ပဏီက သိမ်းယူခဲ့သည့် အဆိုပါနေရာအား KIA က ဝင်ရောက်ဖျက်ဆီးပေးသည့်အပေါ် ဒေသခံများက ကြိုဆိုထောက်ခံနေကြပြီး ဧပြီလ ၇ ရက်နေ့က ယုဇနကုမ္ပဏီ အလိုမရှိကြောင်း၊ ၎င်းတို့၏ မြေပေါ်မှာ အပြီးအပိုင် ထွက်သွားပေးရန်၊ တောင်သူလယ်သမား အခွင့်အရေးရရှိရေး၊ မိမိတို့ပိုင် မြေယာများကို ကိုယ်ပိုင်စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Photo – CJ

*** ZAWGYI ***
ယုဇနကုမၸဏီကို ေကအိုင္ေအမွ ဒုတိယ အႀကိမ္ ဝင္ေရာက္ဖ်က္ဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၀ ရက္။

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ တႏိုင္းသြားလမ္းေပၚရွိ ဘန္ေကာက္ေက်း႐ြာအနီးရွိ ယုဇနကုမၸဏီပိုင္ အေဆာက္အဦမ်ားကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္က ဒုတိယအႀကိမ္ ဝင္ေရာက္ဖ်က္ဆီးခဲ့သည္။

စစ္ေကာင္စီ စစ္တပ္မွ စစ္သားမ်ား လာေရာက္ခိုေအာင္းေလ့ရွိျခင္းေၾကာင့္ ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသ၊ လီဒိုလမ္းမႀကီးေပၚရွိ ယုဇနကုမၸဏီပိုင္ အေဆာက္အဦးမ်ားကို ဖ်က္ဆီးျခင္းျဖစ္ႏိုင္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ရွဒူးဇြပ္ေက်း႐ြာက ေဒသခံတစ္ဦး က “မေန႔ညက ကိုးနာရီေလာက္ကေန စၿပီးေတာ့မွ ဘတ္ဖိုး ၂ စီးနဲ႔ ဟိုတစ္ေလာက တစ္ေခါက္ေနာ ပစ္ၿပီးမွ မီးရႈိ႕ ထားတယ္။ ဒီတစ္ေခါက္နဲ႔ဆို ႏွစ္ႀကိမ္ေပါ့။ ဘတ္ဖိုးေတြနဲ႔ က်န္တဲ့ အေဆာက္အအုံေတြဘာေတြ အုတ္နံရံေတြကို ထိုး ကေလာ္ၿပီးမွ အကုန္ ၿဖိဳပစ္လိုက္တာ ဒါကေတာ့ ဘာေၾကာင့္ၿဖိဳသလဲဆိုလို႔ရွိရင္ေတာ့ ယုဇနကုမၸဏီ စက္႐ုံ နဲ႔ ယုဇန ဝန္ထမ္းေတြ အေဆာက္အအုံထဲမွာ လုံးဝမေနခိုင္းဘူးေလ KIA အစိုးရက အဲဒါသူတို႔က တစ္ခ်ိဳ႕ေတြက ျပန္သြားၾကတာ မ်ားတယ္။ အမ်ားပိုင္းေတာ့ တစ္ခ်ိဳ႕ ကိုယ္စားလွယ္ေတြက ျပန္လာေနတယ္။ ယုဇနကုမၸဏီ ကိုယ္စားလွယ္ေတြက ျပန္လာေနတယ္ဆိုေတာ့ အဲဒီအခု စစ္ေကာင္စီဖက္ကလည္း အဲမွာ ခိုးခိုးၿပီးမွ ဝင္လာေန တယ္ အဲဒါေၾကာင့္ ရွင္းလိုက္တဲ့ သေဘာျဖစ္ႏိုင္တယ္” ဟု ေျပာသည္။

ေမလ ၁၉ ရက္ေန႔ (ယမန္ေန႔) ညပိုင္းက KIA ဝင္ေရာက္ဖ်က္ဆီးၿပီးေနာက္ ယေန႔နံနက္ပိုင္းအထိ စစ္ေကာင္စီ တပ္ဘက္က အဆိုပါေနရာထဲသို႔ လက္နက္ႀကီးမ်ားျဖင့္ ဆက္တိုက္ ျပန္လည္ပစ္ခတ္ေနသည္ဟု ဘန္ေကာက္ ေက်း႐ြာက ေဒသခံတစ္ဦးက ေျပာသည္။

“KIA ဖက္ကေတာ့ အဲဒီ ဘတ္ဖိုးနဲ႔ ကုမၸဏီ စက္႐ုံကို ထိုးရွင္းတဲ့ အခ်ိန္မွာ ရွဒူးဇြပ္ အေျခစိုက္ ခလရ ၂၉၇ တပ္ ရင္းကေနေပါ့ေနာ္။ လက္နက္ႀကီးနဲ႔ ပစ္တာ မနက္ပိုင္း တစ္နာရီခြဲေလာက္ကေနပစ္တာ မနက္ေလးနာရီခြဲ အထိပစ္တယ္။ အဲဒါက်ေတာ့ KIA ဖက္ကေတာ့ ျပန္ပစ္တာေတာ့ မရွိဘူး။ တပ္မေတာ္ဖက္ ပစ္တာပဲရွိတယ္။ လက္နက္ႀကီးနဲ႔ လွမ္းထုတာေပါ့။ အထိအခိုက္ေတာ့ မရွိပါဘူး” ဟု ေျပာသည္။

ထို႔ေၾကာင့္ ေဒသခံမ်ားက တိုက္ပြဲမ်ား ျဖစ္ပြားလာမည္ကို စိုးရိမ္သည္ဟု ဆက္ေျပာသည္။

“တကယ္လို႔ စစ္တပ္ဖက္ကေန လာပစ္ရင္ေတာ့ တိုက္ပြဲကေတာ့ ျဖစ္မွာပဲေလ။ သူတို႔လည္း အသင့္ေစာင့္ေန ၿပီးေတာ့ လုပ္ကိုင္ေနတယ္။ အဲဆိုေတာ့ စစ္တပ္ဖက္ကေန မလာဘူးဆိုလို႔ရွိရင္ေတာ့ တိုက္ပြဲေတာ့ မျဖစ္ေတာ့ ဘူး။ ျဖစ္ရင္ေတာ့ စိုးရိမ္တာေပါ့။ ႐ြာနားမွာႀကီးကို ဘန္ေကာက္ ႐ြာနားမွာႀကီးကို စက္႐ုံက လမ္းပဲ ျခားတယ္” ဟု အဆိုပါ ဘန္ေကာက္ေက်း႐ြာက ေဒသခံ က ဆက္ေျပာသည္။

ယမန္ေန႔ ညက KIA က သြားေရာက္ ဖ်က္ဆီးမႈေၾကာင့္ ယုဇနကုမၸဏီပိုင္ အေဆာက္အဦအမ်ားစု ပ်က္စီးသြား ၿပီးျဖစ္ၿပီး ပထမအႀကိမ္ ဧၿပီလ ၁ ရက္ေန႔ မီးရႈိ႕ဖ်က္ဆီးမႈတြင္လည္း ကုမၸဏီ၏ ဂိုေဒါင္မ်ား၊ ကုမၸဏီပိုင္ ကားႏွင့္ စက္ယႏၲရား အစီး ၂၀ ေက်ာ္ ဖ်က္ဆီးခံခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

“မေန႔ည ကိုးနာရီကေန ဖ်က္တာ ဒီေန႔က်ေတာ့ အကုန္ဖ်က္လိုက္ၿပီ ဒီမနက္သြားၾကည့္တာ ဖ်က္ထားလိုက္ၿပီ နည္းနည္းေတာ့ က်န္ေသးတာေပါ့ အေဆာက္အအုံ နည္းနည္းပါးပါးေတာ့ က်န္ေသးတာေပါ့။ နံပါတ္တစ္တုန္း က အဲဒီအခ်ိန္မွာက ကေလာပီနံစက္႐ုံကို အဓိကထားၿပီးေတာ့ သူတို႔ ဖ်က္ဆီးတာ ကားေတြ အဲဒီခါက်ေတာ့ ႏွစ္ ဆယ္ သုံးဆယ္ေလာက္ပဲ ျဖစ္မွာ ဘိုဒိုဇာတို႔ ဘတ္ဖိုးတို႔ ကားေတြကေတာ့ အဲဒီ ပထမတုန္းကေတာ့ သိပ္မမ်ား ေလာက္ဘူး။ စက္႐ုံႀကီးကိုပဲ အဓိကထားၿပီးေတာ့ သူတို႔ဖ်က္ဆီးတာ” ဟု ျဖစ္စဥ္ကို သြားေရာက္မွတ္တမ္းယူ ခဲ့သည့္ ရွဒူးဇြပ္ေက်း႐ြာက ေဒသခံ က ေျပာသည္။

လီဒိုလမ္းမႀကီးေပၚက ဟူးေကာင္း ခ်ိဳင့္ဝွမ္းေဒသအတြင္းရွိ ရွဒူးဇြပ္၊ နမ့္ျဖတ္၊ တိန္ေကာက္၊ တႏိုင္း၊ ဝါရာဇြပ္၊ ေနာင္းမီ၊ စံျပ၊ ေအာင္ရာႏွင့္ ေကာင္းရာ ေက်း႐ြာမ်ားက ဘိုးဘြားပိုင္ ေျမဧက၂ သိန္းေက်ာ္ကို ယုဇနကုမၸဏီ က ၂၀၀၆ ခုႏွစ္ကတည္း သိမ္းယူခဲ့ျခင္းသည့္အတြက္ ေျမယာအျငင္းပြားမႈမ်ား ယေန႔အခ်ိန္ထိ ျဖစ္ပြားေနသည့္ ေနရာျဖစ္သည္။

၂၀၀၆ ခုႏွစ္တြင္ ယုဇနကုမၸဏီက ေျမလြတ္ေျမ႐ိုင္းအျဖစ္ စစ္အစိုးရထံတြင္ ေလွ်ာက္ထားကာ သိမ္းဆည္းၿပီး ေနာက္ စီးပြားျဖစ္ ပီေလာပီနံမ်ား စိုက္ပ်ိဳးလ်က္ရွိသည္။

၁၅ ႏွစ္ေက်ာ္အၾကာ ကုမၸဏီက သိမ္းယူခဲ့သည့္ အဆိုပါေနရာအား KIA က ဝင္ေရာက္ဖ်က္ဆီးေပးသည့္အေပၚ ေဒသခံမ်ားက ႀကိဳဆိုေထာက္ခံေနၾကၿပီး ဧၿပီလ ၇ ရက္ေန႔က ယုဇနကုမၸဏီ အလိုမရွိေၾကာင္း၊ ၎တို႔၏ ေျမေပၚမွာ အၿပီးအပိုင္ ထြက္သြားေပးရန္၊ ေတာင္သူလယ္သမား အခြင့္အေရးရရွိေရး၊ မိမိတို႔ပိုင္ ေျမယာမ်ားကို ကိုယ္ပိုင္စီမံခန႔္ခြဲသြားမည္ျဖစ္ေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

Photo – CJ