ကွတ်ခိုင်နှင့် နမ္မတူတွင် တိုက်ပွဲများ ဖြစ်ပွားနေ၊ ကွတ်ခိုင်အဝင် လမ်းပိုင်းကားများ ရပ်နားထားရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် မေလ ၂၆ ရက်နေ့ တွင် တိုက်ပွဲများ ဖြစ်ပွား နေသောကြောင့် မူဆယ်-မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မူဆယ်မှ ကွတ်ခိုင်အဝင်လမ်းပိုင်းကို ရပ်ထားရသည်ဟု ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့က ဒေသခံတစ်ဦးက “အခုက ရှုခင်းသာမှာ ဖြစ်တာ။ မြို့ကနေတော့ ဒီမနက် ၁၀ နာရီ ၁၁ နာရီ လောက်မှ လက်နက်ကြီးတွေနဲ့ ပစ်တာ သုံးလုံးလောက်ရှိတယ်။ ၁၁ နာရီ ဝန်းကျင်လောက်မှာ ငြိမ်နေတယ်။ အခု ပြန်မေးကြည့်တော့ မူဆယ်က နေ ကွတ်ခိုင်ဝင်မယ့် ကားတွေ အကုန်လုံးရပ်ထားရတယ်။ အဲ့လိုအခြေ အ နေရှိတယ်။ ဘယ်သူနဲ့ ဘယ်သူဖြစ်တယ်ဆိုတာတော့ မသိသေးဘူး။ မြို့ထဲကနေတော့ လက်နက်ကြီးနဲ့ ၃ လုံး လောက်ပစ်ကူတာရှိတယ်” ဟု ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း ယနေ့ဖြစ်ပွားနေသည့် တိုက်ပွဲသည် မည့်သည့်လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားနေသည်ကို အတိအကျမသိရသေးသော်လည်း ကွတ်ခိုင်မြို့ ရှိ အာဏာသိမ်းစစ်ကောင်စီ တပ်ဘက်က လက်နက်ကြီး ပစ်ကူ များဖြင့် ပြန်လည် ပစ်ခတ်နေသည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။

နမ္မတူမြို့နယ်အတွင်းတွင်မူ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း အကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု နမ္မတူ ဒေသခံများက ပြောသည်။

“ဟုတ်တယ်။ ဒီမနက် ပြန်ဖြစ်တယ်။ ဒီမနက်က ၆ နာရီလောက်စဖြစ်မယ်၊ ၆ နာရီလောက်မှာ ပန်လုံဘက် အထက်ဘက်၊ နမ့်ဆန်သွားတဲ့လမ်း ပန်ကိုင်ရွာမှာ ဖြစ်တာ။ နမ္မတူမြို့နယ်ထဲမှာပဲ။ သူက နမ့်ဆန်တက်တဲ့ လမ်း ဘက်မှာ။ အရင် ရက်ပိုင်းတွေ ဖြစ်တဲ့နေရာပါပဲ အစ်မ။ ဘာဖြစ်လို့လဲဆို ပန်ကိုင်က ရေအိုးနဲ့ ပန်လုံကြားမှာ။ ခါတိုင်းက ပန်လုံမှာလည်းဖြစ်တယ်။ ရေအိုးမှာလည်းဖြစ်တယ်။ အခုက အဲ့ဒီရွာနှစ်ရွာရဲ့ ကြားမှာ ပြန်ထပ် ဖြစ် တာ။ ရွာသားတွေက အစောင့်ပုံစံလိုမျိုး ၁၀ ယောက်လောက်ပဲကျန်တာ။ ကျနော်တို့ ကြားတာကတော့ ခါတိုင်း ၃ ဖွဲ့ပဲ။ TNLA ရယ် SSPP ရယ်၊ RCSS ရယ် သူတို့ ဖြစ်တာလို့ ကြားတယ်” နမ္မတူမြို့ က ဒေသခံတစ်ဦးက ပြောသည်။

နမ္မတူမြို့နယ်ထဲတွင် ယနေ့ နံနက်ပိုင်း ၆ နာရီအချိန်က စတင်ပြီး တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် PSLF/TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပူးပေါင်းတပ်များနှင့် ရှမ်းပြည်ပြန်လည်ထူထောင် ရေး ကောင်စီ RCSS/SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု နမ္မတူ ဒေသခံများက ပြောသည်။

အဆိုပါနေရာအနီးတဝိုက်တွင် တိုက်ပွဲများ ရပ်တန့်နေသည်မှာ ၂ ပတ်နီးပါးရှိလာနေသည့်အတွက် ကျေးရွာသား အချို့ နေရပ်သို့ပြန်ချိန် သေနတ်များ၊ လက်နက်ကြီး၊ လက်နက်ငယ်များ ပြန်လည်ပစ်ခတ်လာသည့် အတွက် ယနေ့နံနက်တွင်ပင် သီပေါနှင့် နမ္မတူမြို့ပေါ်ရှိ ၎င်းတို့ စစ်ရှောင်လာသည့် နေရာများသို့ ပြန်လာကြရသည်ဟု ဆက်ပြောသည်။

“ရွာသားတွေက သိတဲ့အတိုင်းပဲ ဒီအချိန်က ပြောင်းဖူးစိုက်ရတော့မယ်ဆိုတော့ မိုးရွာရင် ရွာသားတွေက ဒီအချိန် မှာ မနေတတ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခြံဝင်တဲ့အချိန်ဆိုတော့လေ။ အခုက ဒီကြားထဲမှာက တိုက်ပွဲ မဖြစ်တာက တပတ်ကျော် နှစ်ပတ်လောက်ဖြစ်ပြီဆိုတော့ ခနပြန်နေမယ်ပေါ့ အလုပ်လုပ်နိုင်တဲ့လူတွေ ခနပြန် နေမယ်လုပ်တော့ တိုက်ပွဲ အဲ့လိုမျိုးသေနတ်သံပြန်ကြားတော့ သူတို့က ခါတိုင်း ထွက်ပြေးတိမ်းရှောင်တဲ့ နေရာ ကိုပဲ ပြန်လှည့်ပြန်သွားလိုက်တာ။”

ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်များထဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် တိုင်းရင်းသား လက်နက် ကိုင်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်သာမက တိုင်းရင်းသား လက်နက်ကိုင်များ အချင်းချင်းကြားတွင် လည်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် အနည်းဆုံး မြို့နယ် ၄ မြို့နယ်ထဲက ပြည်သူ ၆ ထောင်ကျော် က စစ် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

တိုက်ပွဲများ မကြာခန ဖြစ်ပွားနေသည့် ရှမ်းမြောက်ဒေသအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ငြိမ်းချမ်းရေး၊ အပစ်ခတ်ရပ်စဲရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်ရန် စစ်ကောင်စီဘက်က မေလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ထားသော်လည်း ရှမ်း၊ ကချင်၊ ကရင် ပြည်နယ်များရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသကဲ့သို့ ချင်း၊ ကယားနှင့် စစ်ကိုင်းတိုင်းဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ် ပွားလျှက်ရှိသည်။

*** ZAWGYI ***
ကြတ္ခိုင္ႏွင့္ နမၼတူတြင္ တိုက္ပြဲမ်ား ျဖစ္ပြားေန၊ ကြတ္ခိုင္အဝင္ လမ္းပိုင္းကားမ်ား ရပ္နားထားရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၆ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ နမၼတူၿမိဳ႕နယ္ႏွင့္ ကြတ္ခိုင္ၿမိဳ႕နယ္တို႔တြင္ ေမလ ၂၆ ရက္ေန႔ တြင္ တိုက္ပြဲမ်ား ျဖစ္ပြား ေနေသာေၾကာင့္ မူဆယ္-မႏၲေလး ျပည္ေထာင္စု လမ္းမႀကီးေပၚရွိ မူဆယ္မွ ကြတ္ခိုင္အဝင္လမ္းပိုင္းကို ရပ္ထားရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕က ေဒသခံတစ္ဦးက “အခုက ရႈခင္းသာမွာ ျဖစ္တာ။ ၿမိဳ႕ကေနေတာ့ ဒီမနက္ ၁၀ နာရီ ၁၁ နာရီ ေလာက္မွ လက္နက္ႀကီးေတြနဲ႔ ပစ္တာ သုံးလုံးေလာက္ရွိတယ္။ ၁၁ နာရီ ဝန္းက်င္ေလာက္မွာ ၿငိမ္ေနတယ္။ အခု ျပန္ေမးၾကည့္ေတာ့ မူဆယ္က ေန ကြတ္ခိုင္ဝင္မယ့္ ကားေတြ အကုန္လုံးရပ္ထားရတယ္။ အဲ့လိုအေျခ အ ေနရွိတယ္။ ဘယ္သူနဲ႔ ဘယ္သူျဖစ္တယ္ဆိုတာေတာ့ မသိေသးဘူး။ ၿမိဳ႕ထဲကေနေတာ့ လက္နက္ႀကီးနဲ႔ ၃ လုံး ေလာက္ပစ္ကူတာရွိတယ္” ဟု ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ယေန႔ျဖစ္ပြားေနသည့္ တိုက္ပြဲသည္ မည့္သည့္လက္နက္ကိုင္အဖြဲ႕မ်ားအၾကား ျဖစ္ပြားေနသည္ကို အတိအက်မသိရေသးေသာ္လည္း ကြတ္ခိုင္ၿမိဳ႕ ရွိ အာဏာသိမ္းစစ္ေကာင္စီ တပ္ဘက္က လက္နက္ႀကီး ပစ္ကူ မ်ားျဖင့္ ျပန္လည္ ပစ္ခတ္ေနသည္ဟု ကြတ္ခိုင္ေဒသခံမ်ားက ေျပာသည္။

နမၼတူၿမိဳ႕နယ္အတြင္းတြင္မူ တိုင္းရင္းသား လက္နက္ကိုင္ အခ်င္းခ်င္း အၾကား တိုက္ပြဲျဖစ္ပြားေနသည္ဟု နမၼတူ ေဒသခံမ်ားက ေျပာသည္။

“ဟုတ္တယ္။ ဒီမနက္ ျပန္ျဖစ္တယ္။ ဒီမနက္က ၆ နာရီေလာက္စျဖစ္မယ္၊ ၆ နာရီေလာက္မွာ ပန္လုံဘက္ အထက္ဘက္၊ နမ့္ဆန္သြားတဲ့လမ္း ပန္ကိုင္႐ြာမွာ ျဖစ္တာ။ နမၼတူၿမိဳ႕နယ္ထဲမွာပဲ။ သူက နမ့္ဆန္တက္တဲ့ လမ္း ဘက္မွာ။ အရင္ ရက္ပိုင္းေတြ ျဖစ္တဲ့ေနရာပါပဲ အစ္မ။ ဘာျဖစ္လို႔လဲဆို ပန္ကိုင္က ေရအိုးနဲ႔ ပန္လုံၾကားမွာ။ ခါတိုင္းက ပန္လုံမွာလည္းျဖစ္တယ္။ ေရအိုးမွာလည္းျဖစ္တယ္။ အခုက အဲ့ဒီ႐ြာႏွစ္႐ြာရဲ႕ ၾကားမွာ ျပန္ထပ္ ျဖစ္ တာ။ ႐ြာသားေတြက အေစာင့္ပုံစံလိုမ်ိဳး ၁၀ ေယာက္ေလာက္ပဲက်န္တာ။ က်ေနာ္တို႔ ၾကားတာကေတာ့ ခါတိုင္း ၃ ဖြဲ႕ပဲ။ TNLA ရယ္ SSPP ရယ္၊ RCSS ရယ္ သူတို႔ ျဖစ္တာလို႔ ၾကားတယ္” နမၼတူၿမိဳ႕ က ေဒသခံတစ္ဦးက ေျပာသည္။

နမၼတူၿမိဳ႕နယ္ထဲတြင္ ယေန႔ နံနက္ပိုင္း ၆ နာရီအခ်ိန္က စတင္ၿပီး တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မ ေတာ္ PSLF/TNLA၊ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA ပူးေပါင္းတပ္မ်ားႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ ေရး ေကာင္စီ RCSS/SSA တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနျခင္း ျဖစ္သည္ဟု နမၼတူ ေဒသခံမ်ားက ေျပာသည္။

အဆိုပါေနရာအနီးတဝိုက္တြင္ တိုက္ပြဲမ်ား ရပ္တန႔္ေနသည္မွာ ၂ ပတ္နီးပါးရွိလာေနသည့္အတြက္ ေက်း႐ြာသား အခ်ိဳ႕ ေနရပ္သို႔ျပန္ခ်ိန္ ေသနတ္မ်ား၊ လက္နက္ႀကီး၊ လက္နက္ငယ္မ်ား ျပန္လည္ပစ္ခတ္လာသည့္ အတြက္ ယေန႔နံနက္တြင္ပင္ သီေပါႏွင့္ နမၼတူၿမိဳ႕ေပၚရွိ ၎တို႔ စစ္ေရွာင္လာသည့္ ေနရာမ်ားသို႔ ျပန္လာၾကရသည္ဟု ဆက္ေျပာသည္။

“႐ြာသားေတြက သိတဲ့အတိုင္းပဲ ဒီအခ်ိန္က ေျပာင္းဖူးစိုက္ရေတာ့မယ္ဆိုေတာ့ မိုး႐ြာရင္ ႐ြာသားေတြက ဒီအခ်ိန္ မွာ မေနတတ္ေတာ့ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ၿခံဝင္တဲ့အခ်ိန္ဆိုေတာ့ေလ။ အခုက ဒီၾကားထဲမွာက တိုက္ပြဲ မျဖစ္တာက တပတ္ေက်ာ္ ႏွစ္ပတ္ေလာက္ျဖစ္ၿပီဆိုေတာ့ ခနျပန္ေနမယ္ေပါ့ အလုပ္လုပ္ႏိုင္တဲ့လူေတြ ခနျပန္ ေနမယ္လုပ္ေတာ့ တိုက္ပြဲ အဲ့လိုမ်ိဳးေသနတ္သံျပန္ၾကားေတာ့ သူတို႔က ခါတိုင္း ထြက္ေျပးတိမ္းေရွာင္တဲ့ ေနရာ ကိုပဲ ျပန္လွည့္ျပန္သြားလိုက္တာ။”

ရွမ္းျပည္နယ္ ေျမာက္ပိုင္းက ၿမိဳ႕နယ္မ်ားထဲတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားႏွင့္ တိုင္းရင္းသား လက္နက္ ကိုင္မ်ားအၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနသည္သာမက တိုင္းရင္းသား လက္နက္ကိုင္မ်ား အခ်င္းခ်င္းၾကားတြင္ လည္း တိုက္ပြဲမ်ား ျဖစ္ပြားေနသည့္အတြက္ အနည္းဆုံး ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္ထဲက ျပည္သူ ၆ ေထာင္ေက်ာ္ က စစ္ ေဘးလြတ္ရာေနရာမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။

တိုက္ပြဲမ်ား မၾကာခန ျဖစ္ပြားေနသည့္ ရွမ္းေျမာက္ေဒသအပါအဝင္ ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးတြင္ ၿငိမ္းခ်မ္းေရး၊ အပစ္ခတ္ရပ္စဲေရးအတြက္ ဆက္လက္ေဆာင္႐ြက္ႏိုင္ရန္ စစ္ေကာင္စီဘက္က ေမလ ၁ ရက္ေန႔မွ ေမလ ၃၁ ရက္ေန႔အထိ စစ္ေရးဆိုင္ရာ လႈပ္ရွားမႈမ်ားကို ရပ္ဆိုင္းထားမည္ဟု ထုတ္ျပန္ထားေသာ္လည္း ရွမ္း၊ ကခ်င္၊ ကရင္ ျပည္နယ္မ်ားရွိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနသကဲ့သို႔ ခ်င္း၊ ကယားႏွင့္ စစ္ကိုင္းတိုင္းေဒသအတြင္းရွိ ျပည္သူ႔ကာကြယ္ေရးတပ္မ်ားႏွင့္ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ ပြားလွ်က္ရွိသည္။