အမျိုးသား ညီညွတ်ရေး အစိုးရ NUG နှင့် ချင်း အမျိုးသား တပ်ဦး CNF တို့ မဟာမိတ် သဘောတူညီချက် လက်မှတ်ထိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၉ ရက်။

အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ စနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် အမျိုးသား ညီညွတ်ရေး အစိုးရ NUG နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့ နှစ်ဖက်သဘောတူညီ လက်မှတ်ရေးထိုးလိုက်ကြောင်း NUG က ထုတ်ပြန်သည်။

ချင်း အမျိုးသား တပ်ဦး CNF သည် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ကြားကာလ အမျိုး သား ညီညွတ်ရေး အစိုးရ NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုကာ နှစ်ဖက် သဘော တူညီချက်များ ကို ပထမဆုံး လက်မှတ်ရေးထိုးလိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဖြစ်လာသည်။

အဆိုပါ နှစ်ဦးနှစ်ဖက် သဘောတူညီချက်များကို မေလ ၂၉ ရက်နေ့ (ယနေ့) တွင် ပြုလုပ်သည့် အွန်လိုင်းဆွေး နွေးမှုများမှ တစ်ဆင့် လက်မှတ် ရေးထိုးခဲ့ကြပြီး ဆွေးနွေးမှုများမှ ရရှိခဲ့သည့် သဘောတူညီချက်များနှင့် ပတ် သက်၍ NUG က ယခုကဲ့သို့ ထုတ်ပြန်ထားသည်။

“အဆိုပါ သဘောတူညီချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား အပြန်အ လှန်အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုဖြင့် အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ် ဒီမို ကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် တန်းတူရေးအခြေခံဖြင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် အခြား အရေးကြီးသော ပူးပေါင်း ဆောင်ရွက်မှု ကိစ္စများပါဝင်သည်” ဟု NUG ၏ ထုတ်ပြန်ချက် ထဲတွင် တွေ့ရသည်။

အဆိုပါ သဘောတူညီချက်များကို ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG မှ နိုင်ငံတော် ဒု-သမ္မတ ကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးများ တက်ရောက် လက်မှတ်ရေးထိုးခဲ့သည်ဟု NUG က ဆိုသည်။

ထို့အပြင် ချင်းအမျိုးသား တပ်ဦး CNF မှ ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ဒု-ဥက္ကဋ္ဌများနှင့် အတူ အထွေထွေအတွင်းရေးမှူး များမှ တက်ရောက် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။

*** ZAWGYI ***
အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ႏွင့္ ခ်င္း အမ်ိဳးသား တပ္ဦး CNF တို႔ မဟာမိတ္ သေဘာတူညီခ်က္ လက္မွတ္ထိုး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၉ ရက္။

အာဏာရွင္စနစ္ ဆန႔္က်င္ေတာ္လွန္ေရးႏွင့္ ဖက္ဒရယ္ ဒီမိုကေရစီ စနစ္ ေဖာ္ေဆာင္က်င့္သုံးေရးအတြက္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ႏွင့္ ခ်င္းအမ်ိဳးသားတပ္ဦး CNF တို႔ ႏွစ္ဖက္သေဘာတူညီ လက္မွတ္ေရးထိုးလိုက္ေၾကာင္း NUG က ထုတ္ျပန္သည္။

ခ်င္း အမ်ိဳးသား တပ္ဦး CNF သည္ စစ္အာဏာသိမ္းမႈေၾကာင့္ ျဖစ္ေပၚလာသည့္ ၾကားကာလ အမ်ိဳး သား ညီၫြတ္ေရး အစိုးရ NUG ကို တရားဝင္ အစိုးရအျဖစ္ အသိအမွတ္ျပဳကာ ႏွစ္ဖက္ သေဘာ တူညီခ်က္မ်ား ကို ပထမဆုံး လက္မွတ္ေရးထိုးလိုက္သည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕ျဖစ္လာသည္။

အဆိုပါ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီခ်က္မ်ားကို ေမလ ၂၉ ရက္ေန႔ (ယေန႔) တြင္ ျပဳလုပ္သည့္ အြန္လိုင္းေဆြး ေႏြးမႈမ်ားမွ တစ္ဆင့္ လက္မွတ္ ေရးထိုးခဲ့ၾကၿပီး ေဆြးေႏြးမႈမ်ားမွ ရရွိခဲ့သည့္ သေဘာတူညီခ်က္မ်ားႏွင့္ ပတ္ သက္၍ NUG က ယခုကဲ့သို႔ ထုတ္ျပန္ထားသည္။

“အဆိုပါ သေဘာတူညီခ်က္တြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရႏွင့္ ခ်င္းအမ်ိဳးသားတပ္ဦးတို႔အၾကား အျပန္အ လွန္အသိအမွတ္ျပဳမႈ၊ အျပန္အလွန္ေလးစားမႈျဖင့္ အာဏာရွင္စနစ္ ဆန႔္က်င္ေတာ္လွန္ေရးႏွင့္ ဖက္ဒရယ္ ဒီမို ကေရစီစနစ္ ေဖာ္ေဆာင္က်င့္သုံးေရးအတြက္ တန္းတူေရးအေျခခံျဖင့္ လက္တြဲ ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္းႏွင့္ အျခား အေရးႀကီးေသာ ပူးေပါင္း ေဆာင္႐ြက္မႈ ကိစၥမ်ားပါဝင္သည္” ဟု NUG ၏ ထုတ္ျပန္ခ်က္ ထဲတြင္ ေတြ႕ရသည္။

အဆိုပါ သေဘာတူညီခ်က္မ်ားကို ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG မွ ႏိုင္ငံေတာ္ ဒု-သမၼတ ႀကီး ဒူဝါလရွီးလ၊ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္း၊ ျပည္ေထာင္စု ႏိုင္ငံျခားေရးဝန္ႀကီး၊ ျပည္ထဲေရး ဝန္ႀကီး၊ ကာကြယ္ေရးဝန္ႀကီးမ်ား တက္ေရာက္ လက္မွတ္ေရးထိုးခဲ့သည္ဟု NUG က ဆိုသည္။

ထို႔အျပင္ ခ်င္းအမ်ိဳးသား တပ္ဦး CNF မွ ဥကၠ႒ ပူးဇင္က်ဳံး၊ ဒု-ဥကၠ႒မ်ားႏွင့္ အတူ အေထြေထြအတြင္းေရးမႉး မ်ားမွ တက္ေရာက္ လက္မွတ္ေရးထိုးခဲ့ၾကသည္ဟု NUG ၏ ထုတ္ျပန္ခ်က္အရ သိရသည္။