အာဏာသိမ်းကောင်စီက အမျိုးသမီးများအပေါ် လိင်ဆိုင်ရာ စော်ကားမှုများ ကျူးလွန်
သတင်းနှင့် မီီဒယာ ကွန်ရက်
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်။
အာဏာသိမ်းစစ်ကောင်စီက အမျိုးသမီးများအပေါ်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ကျူးလွန်နေသည်ဟု ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသမီးအချို့ကို ရိုက်နှက်နှိပ်စက်သည့်အပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ဖြစ်သည့် အဓမ္မပြုကျင့်ခံရသည့် အမှုနှင့် ပတ်သက်သည့် အချက်အလက်အချို့လည်း ကောက်ခံရထားသည်ဟု အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန (NUG) ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ပြော သည်။
“မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသမီးတွေအပေါ် စစ်ဆေးမေးမြန်းရာတွင်လည်း နှုတ်အားဖြင့် အကြမ်းဖက်ခြင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း ပြင်းထန်စွာ ဒဏ်ရာအနာတရ ဖြစ်စေအောင် ရိုက်နှက် ခြင်း ထိုသို့ ရိုက်နှက်သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကြောင့် အမျိုးသမီးတစ်ဦးပင် ကိုယ်ဝန်ပျက်ကျ သည့်အထိ ဖြစ်ခဲ့ရကြောင်း သိခဲ့ရပါတယ်။ နောက်ထပ်တိုင်ကြားစာတစ်ခုထဲမှာလည်း မတရား ဖမ်းဆီးခံ ထား ရတဲ့ အမျိုးသမီးငယ် တစ်ဦးကို စစ်ဆေးရာနေရာမှာပင် မုဒိမ်းပြုကျင့်ပြီးတော့ အခြားဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အတင်းအဓမ္မ ကပြဖျော်ဖြေခိုင်းခြင်း ဖြစ်ကြောင်းကိုလည်း သိ ရှိခဲ့ရပါတယ်။”
စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အမျိုးသမီးများအပေါ် မုဒိန်းကျင့်ခြင်း၊ နှုတ်အားဖြင့်သော်လည်းကောင်း လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်ခြင်းများကို ကျူးလွန်နေသည့်အပြင် ၎င်းတို့၏ ရိုက်နှက်မှုကြောင့် ကိုယ်ဝန်ပျက်ကျခဲ့သည့် အမျိုးသမီးတစ်ဦးလည်း ရှိသည်ဟု ပြောသည်။
ထို့အပြင် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်း ကလည်း “ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေက သာမန်နှိပ်စက်တာမကပဲနဲ့ အမျိုးသမီး တွေရဲ့ လိင်ပိုင်းဆိုင်ရာ အိနြေသိက္ခာ ထိပါးလောက် တဲ့ ပုံစံမျိုး ဆက်ဆံမှုမျိုး ပြောဆိုမှု နှိမ့်စက်မှု ဖြစ်တယ်ဆို တဲ့ အချက်အလက်တွေ ကျနော်တို့ အများကြီး ရထားပြီးပါပြီ။ ဒါက အမျိုးသမီးကိစ္စတွေပေါ့။ ပိုမိုဆိုးဝါးတာ ကတော့ မသေမချင်းနှိပ်စက်မှု ဒါတွေက စုစု ပေါင်း ကိစ္စပေါင်း ကျနော်တို့ ၃၂ လောက်ရရှိထားပြီ” ဟု ပြော သည်။
ဒါ့အပြင် အခြား သေစေလောက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြားကိုလည်း ကျူးလွန်ခဲ့သည်ဟု NUG က ပြောသည်။
NUG က ရရှိထားသည့် မသေမချင်းနှိပ်စက်မှုထဲတွင် “နောက်ဆုံးဖြစ်သွားတဲ့ ကိစ္စကတော့ ကျနော်တို့ ဒီမှာ ၈၈ ကျောင်းသားတွေပါတဲ့အတွက် ကျနော်တို့ သေဘောဘိုစခန်းက တပ်ရင်းဗိုလ် ကိုစိုးမိုးလှိုင် ဆိုလို့ရှိရင် ကျန်း ကျန်းမာမာနဲ့ ဖမ်းသွားတဲ့ ဒါပေမယ့် နောက်တစ်နေ့မှာ သေဆုံးသွားပြီးတော့ နှိပ်စက်တဲ့အရာမျိုးဖြစ်လာတယ်။ စုဖောင်ဒေးရှင်းက ဆရာ ဆိုလို့ရှိရင် နောက်တစ်နေ့မှာ မမှတ်မိလောက်တဲ့ ပုံစံမျိုးနဲ့ ရုပ်ပျက်ဆင်းပျက် ရောက် ရှိလာတယ်။ ဒါတွေကို ကြည့် ခြင်းအားဖြင့် မတရားနှိပ်စက်ညှင်းပမ်းခြင်း အရာတွေဖြစ်တယ်။ ဒါတွေက တော် တော် ဆိုးဆိုးဝါးဝါး ဖြစ်လာပါပြီ” ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်း က ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်အာဏာရှင်ဆန့်ကျင်သည့် လူငယ်များနှင့် ပြည်သူများကို ကနဦးတွင် ဆန္ဒပြပွဲ များကိုတားဆီးချင်သည့် လမ်းပေါ်မထွက်ရဲအောင် ခြိမ်းခြောက်မှုများကို ပြုလုပ်ခဲ့ပြီးနောက် အဆင့်ဆင့်တက်ကာ ဖမ်းဆီးရိုက်နှိပ်စက်ခြင်း၊ ရာဘာကျည်များဖြင့် ပစ်ခတ်ရာမှာ ကျည်အစစ်များအသုံးပြုခြင်း၊ Sniper လက် ဖြောင့်သေနတ်သမားများဖြင့် ဆန္ဒပြပြည်သူများကို သေစေလိုသည့် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းများကို ချိန်ပြီးပစ်ခြင်းများ ကျူးလွန်ခဲ့သည်။
ထို့နောက်တွင် ဖမ်းဆီးစစ်ဆေးရာတွင် မသေမချင်းနှိပ်စက်ခြင်း၊ အိမ်များထဲသို့ ကျည်အစစ်များဖြင့် ပစ်ခတ်ခြင်း များမှသည် ယခုအခါ တိုင်းရင်းသားဒေသများတွင် ပြည်သူများနေထိုင်သည့် ကျေးရွာများနှင့် ရပ်ကွက်များထဲသို့ လေယာဉ်များဖြင့် ဗုံးကြဲခြင်းများကိုပါ ကျူးလွန်လာခဲ့သည်ဟု NUG က ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ မေလ ၁၅ ရက်နေ့အတွင်း အသက် ၁၈ အောက် ကလေးငယ် စုစုပေါင်း ၇၃ ဦး သည် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည်ဟု NUG က ပြောသည်။
“လမ်းပေါ်မှာ ပစ်ရုံတင်မကပဲနဲ့ ခေါင်းကိုရည်ရွယ်ပြီး ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် လူငယ်တွေ သေဆုံး ခဲ့ရ တယ်။ တချိန်တည်းမှာ နောက်ပိုင်းမှာလည်း ဘာဖြစ်လဲဆိုတော့ အိမ်ထဲအထိဝင်ပြီးတော့ ပုန်းနေတဲ့သူတွေ ကို ရှာဖွေပြီးတော့ ဖမ်းဆီးတာ၊ သွေးအေးအေးနဲ့ မိသားစုတွေရှေ့မှာ သတ်ဖြတ်တာ၊ ဒီကြားထဲမှာ ပိုမိုပြီးတော့ ဝမ်းနည်းစရာကောင်းတာကတော့ အသက် ၅ နှစ်အရွယ် ကလေးတွေက အစ ခေါင်းကို ချိန်တွယ်ပြီးတော့ သတ် ဖြတ်ခံထိတဲ့ မခင်မျိုးချစ်လို အသက် ၅ နှစ် ၆ နှစ် အရွယ် ကလေး မိဘရဲ့ ရင်ခွင်ထဲမှာ သတ်ခံထိတဲ့ ကိစ္စ မျိုးက တော်တော်ကြီးကို ဆိုးဆိုးရွားရွားဖြစ်သွားပါတယ်။ ဒါကတော့ သတ်ဖြတ်မှုဆိုတဲ့ အဆင့်ကို ရောက် ပါတယ်” ဟု ဦးအောင်မျိုးမင်း က ပြောသည်။
စစ်ကောင်စီ၏ လူထုအပေါ် ကျူးလွန်မှုများက ပိုပိုဆိုးရွားလာသည်ဟု မေလ ၃၀ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား တွန်းလှန်ခြင်း စကားဝိုင်းတွင် အဆိုပါဝန်ကြီးများက ပြော ဆိုခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းယူခဲ့သည့် နေ့မှ မေလ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၈၄၀ ဦး၊ ဖမ်းဆီးခံထားရသူ ၄၄၂၄ ဦးနှင့် ဖမ်းဝရမ်း ထုတ်ခံရသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသူ ၁၈၈၁ ဦး ရှိသည်ဟု သိရသည်။
*** ZAWGYI ***
အာဏာသိမ္းေကာင္စီက အမ်ိဳးသမီးမ်ားအေပၚ လိင္ဆိုင္ရာ ေစာ္ကားမႈမ်ား က်ဴးလြန္
သတင္းႏွင့္ မီီဒယာ ကြန္ရက္
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁ ရက္။
အာဏာသိမ္းစစ္ေကာင္စီက အမ်ိဳးသမီးမ်ားအေပၚတြင္ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈမ်ား က်ဴးလြန္ေနသည္ဟု ၾကားကာလ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG က ေျပာသည္။
ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ အမ်ိဳးသမီးအခ်ိဳ႕ကို ႐ိုက္ႏွက္ႏွိပ္စက္သည့္အျပင္ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈ ျဖစ္သည့္ အဓမၼျပဳက်င့္ခံရသည့္ အမႈႏွင့္ ပတ္သက္သည့္ အခ်က္အလက္အခ်ိဳ႕လည္း ေကာက္ခံရထားသည္ဟု အမ်ိဳးသမီး၊ လူငယ္ႏွင့္ ကေလးသူငယ္ေရးရာဝန္ႀကီးဌာန (NUG) ဒုတိယဝန္ႀကီး ေဒၚအိသၪၨာေမာင္က ေျပာ သည္။
“မတရားသျဖင့္ ဖမ္းဆီးထိန္းသိမ္းခံရတဲ့ အမ်ိဳးသမီးေတြအေပၚ စစ္ေဆးေမးျမန္းရာတြင္လည္း ႏႈတ္အားျဖင့္ အၾကမ္းဖက္ျခင္း လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ျခင္း ျပင္းထန္စြာ ဒဏ္ရာအနာတရ ျဖစ္ေစေအာင္ ႐ိုက္ႏွက္ ျခင္း ထိုသို႔ ႐ိုက္ႏွက္ေသာေၾကာင့္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားေၾကာင့္ အမ်ိဳးသမီးတစ္ဦးပင္ ကိုယ္ဝန္ပ်က္က် သည့္အထိ ျဖစ္ခဲ့ရေၾကာင္း သိခဲ့ရပါတယ္။ ေနာက္ထပ္တိုင္ၾကားစာတစ္ခုထဲမွာလည္း မတရား ဖမ္းဆီးခံ ထား ရတဲ့ အမ်ိဳးသမီးငယ္ တစ္ဦးကို စစ္ေဆးရာေနရာမွာပင္ မုဒိမ္းျပဳက်င့္ၿပီးေတာ့ အျခားဖမ္းဆီးခံထားရတဲ့ အမ်ိဳးသမီးေတြကို လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက အတင္းအဓမၼ ကျပေဖ်ာ္ေျဖခိုင္းျခင္း ျဖစ္ေၾကာင္းကိုလည္း သိ ရွိခဲ့ရပါတယ္။”
စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက အမ်ိဳးသမီးမ်ားအေပၚ မုဒိန္းက်င့္ျခင္း၊ ႏႈတ္အားျဖင့္ေသာ္လည္းေကာင္း လိင္ပိုင္း ဆိုင္ရာအၾကမ္းဖက္ျခင္းမ်ားကို က်ဴးလြန္ေနသည့္အျပင္ ၎တို႔၏ ႐ိုက္ႏွက္မႈေၾကာင့္ ကိုယ္ဝန္ပ်က္က်ခဲ့သည့္ အမ်ိဳးသမီးတစ္ဦးလည္း ရွိသည္ဟု ေျပာသည္။
ထို႔အျပင္ လူ႔အခြင့္အေရးဆိုင္ရာ ဝန္ႀကီးဌာန ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ျပည္ေထာင္စု ဝန္ႀကီး ဦးေအာင္မ်ိဳးမင္း ကလည္း “ဖမ္းဆီးခံရတဲ့ အမ်ိဳးသမီးေတြက သာမန္ႏွိပ္စက္တာမကပဲနဲ႔ အမ်ိဳးသမီး ေတြရဲ႕ လိင္ပိုင္းဆိုင္ရာ အိေျႏသိကၡာ ထိပါးေလာက္ တဲ့ ပုံစံမ်ိဳး ဆက္ဆံမႈမ်ိဳး ေျပာဆိုမႈ ႏွိမ့္စက္မႈ ျဖစ္တယ္ဆို တဲ့ အခ်က္အလက္ေတြ က်ေနာ္တို႔ အမ်ားႀကီး ရထားၿပီးပါၿပီ။ ဒါက အမ်ိဳးသမီးကိစၥေတြေပါ့။ ပိုမိုဆိုးဝါးတာ ကေတာ့ မေသမခ်င္းႏွိပ္စက္မႈ ဒါေတြက စုစု ေပါင္း ကိစၥေပါင္း က်ေနာ္တို႔ ၃၂ ေလာက္ရရွိထားၿပီ” ဟု ေျပာ သည္။
ဒါ့အျပင္ အျခား ေသေစေလာက္သည့္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ အမ်ားအျပားကိုလည္း က်ဴးလြန္ခဲ့သည္ဟု NUG က ေျပာသည္။
NUG က ရရွိထားသည့္ မေသမခ်င္းႏွိပ္စက္မႈထဲတြင္ “ေနာက္ဆုံးျဖစ္သြားတဲ့ ကိစၥကေတာ့ က်ေနာ္တို႔ ဒီမွာ ၈၈ ေက်ာင္းသားေတြပါတဲ့အတြက္ က်ေနာ္တို႔ ေသေဘာဘိုစခန္းက တပ္ရင္းဗိုလ္ ကိုစိုးမိုးလႈိင္ ဆိုလို႔ရွိရင္ က်န္း က်န္းမာမာနဲ႔ ဖမ္းသြားတဲ့ ဒါေပမယ့္ ေနာက္တစ္ေန႔မွာ ေသဆုံးသြားၿပီးေတာ့ ႏွိပ္စက္တဲ့အရာမ်ိဳးျဖစ္လာတယ္။ စုေဖာင္ေဒးရွင္းက ဆရာ ဆိုလို႔ရွိရင္ ေနာက္တစ္ေန႔မွာ မမွတ္မိေလာက္တဲ့ ပုံစံမ်ိဳးနဲ႔ ႐ုပ္ပ်က္ဆင္းပ်က္ ေရာက္ ရွိလာတယ္။ ဒါေတြကို ၾကည့္ ျခင္းအားျဖင့္ မတရားႏွိပ္စက္ညႇင္းပမ္းျခင္း အရာေတြျဖစ္တယ္။ ဒါေတြက ေတာ္ ေတာ္ ဆိုးဆိုးဝါးဝါး ျဖစ္လာပါၿပီ” ဟု ျပည္ေထာင္စု ဝန္ႀကီး ဦးေအာင္မ်ိဳးမင္း က ဆက္ေျပာသည္။
စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ စစ္အာဏာရွင္ဆန႔္က်င္သည့္ လူငယ္မ်ားႏွင့္ ျပည္သူမ်ားကို ကနဦးတြင္ ဆႏၵျပပြဲ မ်ားကိုတားဆီးခ်င္သည့္ လမ္းေပၚမထြက္ရဲေအာင္ ၿခိမ္းေျခာက္မႈမ်ားကို ျပဳလုပ္ခဲ့ၿပီးေနာက္ အဆင့္ဆင့္တက္ကာ ဖမ္းဆီး႐ိုက္ႏွိပ္စက္ျခင္း၊ ရာဘာက်ည္မ်ားျဖင့္ ပစ္ခတ္ရာမွာ က်ည္အစစ္မ်ားအသုံးျပဳျခင္း၊ Sniper လက္ ေျဖာင့္ေသနတ္သမားမ်ားျဖင့္ ဆႏၵျပျပည္သူမ်ားကို ေသေစလိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ဦးေခါင္းမ်ားကို ခ်ိန္ၿပီးပစ္ျခင္းမ်ား က်ဴးလြန္ခဲ့သည္။
ထို႔ေနာက္တြင္ ဖမ္းဆီးစစ္ေဆးရာတြင္ မေသမခ်င္းႏွိပ္စက္ျခင္း၊ အိမ္မ်ားထဲသို႔ က်ည္အစစ္မ်ားျဖင့္ ပစ္ခတ္ျခင္း မ်ားမွသည္ ယခုအခါ တိုင္းရင္းသားေဒသမ်ားတြင္ ျပည္သူမ်ားေနထိုင္သည့္ ေက်း႐ြာမ်ားႏွင့္ ရပ္ကြက္မ်ားထဲသို႔ ေလယာဥ္မ်ားျဖင့္ ဗုံးႀကဲျခင္းမ်ားကိုပါ က်ဴးလြန္လာခဲ့သည္ဟု NUG က ေျပာသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ကေန ေမလ ၁၅ ရက္ေန႔အတြင္း အသက္ ၁၈ ေအာက္ ကေလးငယ္ စုစုေပါင္း ၇၃ ဦး သည္ စစ္ေကာင္စီ၏ တပ္ဖြဲ႕ဝင္မ်ား၏ ပစ္ခတ္မႈမ်ားေၾကာင့္ ေသဆုံးခဲ့ရသည္ဟု NUG က ေျပာသည္။
“လမ္းေပၚမွာ ပစ္႐ုံတင္မကပဲနဲ႔ ေခါင္းကိုရည္႐ြယ္ၿပီး ပစ္ခတ္ခဲ့တဲ့အတြက္ေၾကာင့္ လူငယ္ေတြ ေသဆုံး ခဲ့ရ တယ္။ တခ်ိန္တည္းမွာ ေနာက္ပိုင္းမွာလည္း ဘာျဖစ္လဲဆိုေတာ့ အိမ္ထဲအထိဝင္ၿပီးေတာ့ ပုန္းေနတဲ့သူေတြ ကို ရွာေဖြၿပီးေတာ့ ဖမ္းဆီးတာ၊ ေသြးေအးေအးနဲ႔ မိသားစုေတြေရွ႕မွာ သတ္ျဖတ္တာ၊ ဒီၾကားထဲမွာ ပိုမိုၿပီးေတာ့ ဝမ္းနည္းစရာေကာင္းတာကေတာ့ အသက္ ၅ ႏွစ္အ႐ြယ္ ကေလးေတြက အစ ေခါင္းကို ခ်ိန္တြယ္ၿပီးေတာ့ သတ္ ျဖတ္ခံထိတဲ့ မခင္မ်ိဳးခ်စ္လို အသက္ ၅ ႏွစ္ ၆ ႏွစ္ အ႐ြယ္ ကေလး မိဘရဲ႕ ရင္ခြင္ထဲမွာ သတ္ခံထိတဲ့ ကိစၥ မ်ိဳးက ေတာ္ေတာ္ႀကီးကို ဆိုးဆိုး႐ြား႐ြားျဖစ္သြားပါတယ္။ ဒါကေတာ့ သတ္ျဖတ္မႈဆိုတဲ့ အဆင့္ကို ေရာက္ ပါတယ္” ဟု ဦးေအာင္မ်ိဳးမင္း က ေျပာသည္။
စစ္ေကာင္စီ၏ လူထုအေပၚ က်ဴးလြန္မႈမ်ားက ပိုပိုဆိုး႐ြားလာသည္ဟု ေမလ ၃၀ ရက္ေန႔က ျပဳလုပ္သည့္ ျမန္မာႏိုင္ငံအတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားအား တြန္းလွန္ျခင္း စကားဝိုင္းတြင္ အဆိုပါဝန္ႀကီးမ်ားက ေျပာ ဆိုခဲ့ျခင္း ျဖစ္သည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ၏ ထုတ္ျပန္ခ်က္အရ အာဏာသိမ္းယူခဲ့သည့္ ေန႔မွ ေမလ ၃၁ ရက္ေန႔အထိ တစ္ႏိုင္ငံလုံးတြင္ ေသဆုံးသူ ၈၄၀ ဦး၊ ဖမ္းဆီးခံထားရသူ ၄၄၂၄ ဦးႏွင့္ ဖမ္းဝရမ္း ထုတ္ခံရသည့္အတြက္ ထြက္ေျပးတိမ္းေရွာင္ေနရသူ ၁၈၈၁ ဦး ရွိသည္ဟု သိရသည္။