တံတားအမည်ပြောင်းရုံဖြင့် စစ်တပ်ကို ထောက်ခံလာမည်မဟုတ်ကြောင်း မွန်လူငယ်များပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်။

မွန်ပြည်သူများကန့်ကွက်ခဲ့သည့် တံတားအမည်ကို မူရင်းအမည်ပြန်လည်ပြောင်းလဲရုံဖြင့် စစ်တပ်ကို ထောက်ခံမည်မဟုတ်ကြောင်း မွန်လူငယ်များနှင့် မွန်နိုင်ငံရေး အသိုင်းအဝိုင်းများက ပြောသည်။

NLD အစိုးရလက်ထက် ဒေသခံဌာနေတိုင်းရင်းသားများ ကန့်ကွက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းတံတားကို အာဏာသိမ်းစစ်ကောင်စီက မူရင်းအမည်ဖြစ်သည့် သံလွင်တံတား (ချောင်းဆုံ)ဟု ပြောင်းလဲပေးလိုက်ပြီး အခန်းအနားကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့သည်။

အဆိုပါ တံတားမှာ မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်နှင့် ချောင်းဆုံ (ဘီလူးကျွန်း) သို့ ဆက်သွယ်ထားသည့် သံလွင်မြစ်ဖြတ်သန်း ဆောက်လုပ်ထားသည့် ဗိုလ်ချုပ် အောင်ဆန်းတံတား (ချောင်းဆုံ) တံတားဖြစ်သည်။

ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းတံတားအား မူလအမည်ဖြစ်သည့် သံလွင်တံတား(ချောင်းဆုံ) အဖြစ် ပြန်ပြောင်းလိုက်သည့်အပေါ် အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသည်လည်း ရှိသည်။

မွန်လူငယ်တစ်ဦးက “ဒီလိုမျိုး တံတားနာမည်ပြောင်းပေးလိုက်ရင် မွန်ပြည်သူတွေက သူတို့ကို လက်မခံမယ် ထင်တာလားမသိဘူး။ သူတို့ကို ထောက်ခံမယ်ထင်နေတာဗျ။ ကျနော်တို့က အခုက ဒီတံတားကိစ္စကို မကျေနပ် တာက သက်သက်ပါဗျ။ အခုလုပ်တာက စစ်အာဏာရှင်ကို တိုက်နေတာ။ စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ကျဆုံး ဖို့ လုပ်နေကြတာ။ ဘယ်အာဏာရှင်မှ မလိုချင်ဘူးဗျာ ကျနော်တို့က။ ဒါက တခြားစီပဲ။ မဆိုင်ဘူးဗျ။ တံတား နာမည်ကို ကျနော်တို့ လိုချင်တဲ့နာမည်ပြန်ပြောင်းပေးလဲ ကျနော်တို့ကတော့ စစ်အာဏာရှင်ကို ဆက်လက် ဆန့် ကျင်ရမှာပဲ၊ ကြိုက်မှမကြိုက်တာဗျာ” ဟု ပြောသည်။

တံတားအမည်ပြောင်းလဲခြင်းကို အခမ်းအနားဖြင့် ဇွန်လ ၁ ရက်နေ့(ယနေ့)တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံ အုပ် ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ကို ဦးဆောင်ကန့်ကွက်ခဲ့သူတစ်ဦးဖြစ်သည့် ဒေါက်တာအောင်နိုင်ဦး က “ကျ နော်တို့ မွန်အမျိုးသားရေး ဦးတည်ချက်ကတော့ တံတားနာမည်မျှလောက်နဲ့ မဟုတ်ပါဘူး နိုင်ငံတော်ကို ပုံဖော် တည်ဆောက်တဲ့နေရာမှာ အပြန်အလှန်လေးစားမှု အပြန်အလှန်နားလည်စာနာမှုများနဲ့ တိုင်းရင်းသား အားလုံး အတွက် ယုံကြည်စိတ်ချရမယ့် နိုင်ငံရေးစနစ်ကောင်းတစ်ခု ပေါ်ထွန်းဖြစ်တည်ရေးသာဖြစ်ပါတယ်၊ အဲဒါက တော့ ကျနော် တို့ အမြဲပြောနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးသာဖြစ်ပါတယ်” ဟု ပြောဆိုလိုက် သည်။

တံတားအမည် ပြောင်းလဲလိုက်သည်နှင့်အတူ အမည်ဆိုင်းဘုတ်အောက်ခံ အရောင်ကိုလည်း အနီရောင်မှ အစိမ်း ရောင်ကို ပြောင်းလဲလိုက်သည်ကိုလည်း တွေ့ရသည်။

အဆိုပါတံတားသည် စီမံကိန်း စတင်ခဲ့စဉ်က သံလွင်တံတား (ချောင်းဆုံ) အမည်ဖြင့် စခဲ့သော်လည်း စီမံကိန်း ပြီး စီးခါနီးတွင် ဗိုလ်ချုပ်အောင်ဆန်း တံတား အမည်ဖြင့် NLD အစိုးရက ပြောင်းလဲခဲ့သည်။

မူလ သံလွင်တံတား (ချောင်းဆုံ) အမည်ကနေ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ဖြင့် ပြောင်းလဲလိုက်ခြင်း အပေါ် ဒေသခံဌာနေတိုင်းရင်းသားများက လက်မခံပဲ ကန့်ကွက်ခဲ့ကြသည်။

တံတားအမည်ကို မူလအမည်ဖြစ်သည့် သံလွင်တံတား (ချောင်းဆုံ) အမည်အတိုင်း ထားရှိပေးရန် ဒေသခံဌာနေ တိုင်းရင်းသားများက နိုင်ငံတော်သမ္မတအထိ တင်ပြတောင်းဆိုခဲ့သော်လည်း နောက်ဆုံး ပြည်သူ့လွှတ်တော်တွင် မဲခွဲပြီး ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ဖြင့် အတည်ပြုသတ်မှတ်ခဲ့သည်။

သံလွင်တံတား (ချောင်းဆုံ) သည် ဦးသိန်းစိန်အစိုးရလက်ထက်က စတင်တည်ဆောက်ခဲ့ပြီး NLD အစိုးရလက် ထက် ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် တံတားတစ်စင်း ဖြစ်သည်။

Photo – CJ

*** ZAWGYI ***
တံတားအမည္ေျပာင္း႐ုံျဖင့္ စစ္တပ္ကို ေထာက္ခံလာမည္မဟုတ္ေၾကာင္း မြန္လူငယ္မ်ားေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁ ရက္။

မြန္ျပည္သူမ်ားကန႔္ကြက္ခဲ့သည့္ တံတားအမည္ကို မူရင္းအမည္ျပန္လည္ေျပာင္းလဲ႐ုံျဖင့္ စစ္တပ္ကို ေထာက္ခံမည္မဟုတ္ေၾကာင္း မြန္လူငယ္မ်ားႏွင့္ မြန္ႏိုင္ငံေရး အသိုင္းအဝိုင္းမ်ားက ေျပာသည္။

NLD အစိုးရလက္ထက္ ေဒသခံဌာေနတိုင္းရင္းသားမ်ား ကန႔္ကြက္ခဲ့သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတားကို အာဏာသိမ္းစစ္ေကာင္စီက မူရင္းအမည္ျဖစ္သည့္ သံလြင္တံတား (​ေခ်ာင္းဆုံ)ဟု ေျပာင္းလဲေပးလိုက္ၿပီး အခန္းအနားကို အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကိုယ္တိုင္ တက္ေရာက္ခဲ့သည္။

အဆိုပါ တံတားမွာ မြန္ျပည္နယ္အတြင္းရွိ ေမာ္လၿမိဳင္ႏွင့္ ေခ်ာင္းဆုံ (ဘီလူးကြၽန္း) သို႔ ဆက္သြယ္ထားသည့္ သံလြင္ျမစ္ျဖတ္သန္း ေဆာက္လုပ္ထားသည့္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းတံတား (​ေခ်ာင္းဆုံ) တံတားျဖစ္သည္။

ယခုကဲ့သို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတားအား မူလအမည္ျဖစ္သည့္ သံလြင္တံတား(​ေခ်ာင္းဆုံ) အျဖစ္ ျပန္ေျပာင္းလိုက္သည့္အေပၚ အမ်ိဳးမ်ိဳး ေဝဖန္ေျပာဆိုေနၾကသည္လည္း ရွိသည္။

မြန္လူငယ္တစ္ဦးက “ဒီလိုမ်ိဳး တံတားနာမည္ေျပာင္းေပးလိုက္ရင္ မြန္ျပည္သူေတြက သူတို႔ကို လက္မခံမယ္ ထင္တာလားမသိဘူး။ သူတို႔ကို ေထာက္ခံမယ္ထင္ေနတာဗ်။ က်ေနာ္တို႔က အခုက ဒီတံတားကိစၥကို မေက်နပ္ တာက သက္သက္ပါဗ်။ အခုလုပ္တာက စစ္အာဏာရွင္ကို တိုက္ေနတာ။ စစ္အာဏာရွင္ အျမစ္ျပတ္ဖို႔ က်ဆုံး ဖို႔ လုပ္ေနၾကတာ။ ဘယ္အာဏာရွင္မွ မလိုခ်င္ဘူးဗ်ာ က်ေနာ္တို႔က။ ဒါက တျခားစီပဲ။ မဆိုင္ဘူးဗ်။ တံတား နာမည္ကို က်ေနာ္တို႔ လိုခ်င္တဲ့နာမည္ျပန္ေျပာင္းေပးလဲ က်ေနာ္တို႔ကေတာ့ စစ္အာဏာရွင္ကို ဆက္လက္ ဆန႔္ က်င္ရမွာပဲ၊ ႀကိဳက္မွမႀကိဳက္တာဗ်ာ” ဟု ေျပာသည္။

တံတားအမည္ေျပာင္းလဲျခင္းကို အခမ္းအနားျဖင့္ ဇြန္လ ၁ ရက္ေန႔(ယေန႔)တြင္ က်င္းပခဲ့ၿပီး ႏိုင္ငံေတာ္စီမံ အုပ္ ခ်ဳပ္ေရးေကာင္စီ ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကိုယ္တိုင္တက္ေရာက္ ေျပာင္းလဲဖြင့္လွစ္ခဲ့သည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတားအမည္ကို ဦးေဆာင္ကန႔္ကြက္ခဲ့သူတစ္ဦးျဖစ္သည့္ ေဒါက္တာေအာင္ႏိုင္ဦး က “က် ေနာ္တို႔ မြန္အမ်ိဳးသားေရး ဦးတည္ခ်က္ကေတာ့ တံတားနာမည္မွ်ေလာက္နဲ႔ မဟုတ္ပါဘူး ႏိုင္ငံေတာ္ကို ပုံေဖာ္ တည္ေဆာက္တဲ့ေနရာမွာ အျပန္အလွန္ေလးစားမႈ အျပန္အလွန္နားလည္စာနာမႈမ်ားနဲ႔ တိုင္းရင္းသား အားလုံး အတြက္ ယုံၾကည္စိတ္ခ်ရမယ့္ ႏိုင္ငံေရးစနစ္ေကာင္းတစ္ခု ေပၚထြန္းျဖစ္တည္ေရးသာျဖစ္ပါတယ္၊ အဲဒါက ေတာ့ က်ေနာ္ တို႔ အၿမဲေျပာေနတဲ့ ဖယ္ဒရယ္ဒီမိုကေရစီစနစ္ ေပၚထြန္းေရးသာျဖစ္ပါတယ္” ဟု ေျပာဆိုလိုက္ သည္။

တံတားအမည္ ေျပာင္းလဲလိုက္သည္ႏွင့္အတူ အမည္ဆိုင္းဘုတ္ေအာက္ခံ အေရာင္ကိုလည္း အနီေရာင္မွ အစိမ္း ေရာင္ကို ေျပာင္းလဲလိုက္သည္ကိုလည္း ေတြ႕ရသည္။

အဆိုပါတံတားသည္ စီမံကိန္း စတင္ခဲ့စဥ္က သံလြင္တံတား (​ေခ်ာင္းဆုံ) အမည္ျဖင့္ စခဲ့ေသာ္လည္း စီမံကိန္း ၿပီး စီးခါနီးတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း တံတား အမည္ျဖင့္ NLD အစိုးရက ေျပာင္းလဲခဲ့သည္။

မူလ သံလြင္တံတား (ေခ်ာင္းဆုံ) အမည္ကေန ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတားအမည္ျဖင့္ ေျပာင္းလဲလိုက္ျခင္း အေပၚ ေဒသခံဌာေနတိုင္းရင္းသားမ်ားက လက္မခံပဲ ကန႔္ကြက္ခဲ့ၾကသည္။

တံတားအမည္ကို မူလအမည္ျဖစ္သည့္ သံလြင္တံတား (​ေခ်ာင္းဆုံ) အမည္အတိုင္း ထားရွိေပးရန္ ေဒသခံဌာေန တိုင္းရင္းသားမ်ားက ႏိုင္ငံေတာ္သမၼတအထိ တင္ျပေတာင္းဆိုခဲ့ေသာ္လည္း ေနာက္ဆုံး ျပည္သူ႔လႊတ္ေတာ္တြင္ မဲခြဲၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတားအမည္ျဖင့္ အတည္ျပဳသတ္မွတ္ခဲ့သည္။

သံလြင္တံတား (​ေခ်ာင္းဆုံ) သည္ ဦးသိန္းစိန္အစိုးရလက္ထက္က စတင္တည္ေဆာက္ခဲ့ၿပီး NLD အစိုးရလက္ ထက္ ၂၀၁၇ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့သည့္ တံတားတစ္စင္း ျဖစ္သည္။

Photo – CJ