ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးပြီးသူ ၆၀၀၀ ကျော်ရှိပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်း COVID-19 ကာကွယ်ဆေးများ ထိုးပေးလျှက်ရှိရာ ဆေးအပြည့် (Full Dose) ထိုးပြီးသူ လူဦးရေ စုစုပေါင်း ၆၀၀၀ ကျော်ရှိပြီဟု သိရသည်။
ဖေဖော်ဝါရီလ က စတင်၍ ယနေ့အချိန်ထိ အဆိုပါ COVID-19 ကာကွယ်ဆေးကို ထိုးပေးလျှက်ရှိပြီး ဆေးမှာ နှစ်မျိုးရှိသည်ဟု KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေး ကော်မတီ က ပြောသည်။
KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က “ဆေးထိုးတာက မိုင်ဂျာယန်ဘက်မှာ ဆိုရင် တစ်ခါဘဲ ထိုးရတဲ့ COVID ဆေး၊ လိုင်ဇာမှာဆိုလို့ရှိရင် နှစ်ခါ ထိုးရတဲ့ COVID ဆေးတွေ ထိုးတယ်။ ဆေးထိုးတာက တစ်သောင်းကျော် နှစ်သောင်းဝန်းကျင်လောက်တော့ ရှိ ပြီ Full Dose ထိုးပြီးတာကတော့ ခြောက်ထောင်ကျော်လောက်တော့ ရှိပြီ အခုဆိုရင် ဒီဆေးထိုးတဲ့လုပ်ငန်း လုပ်လာတာ သုံးလလောက်တော့ ရှိပြီ အခုထိမပြီးသေးဘူး” ဟု ပြောသည်။
COVID-19 ရောဂါကာကွယ်ဆေးလာရောက်ထိုးသူ နှစ်သောင်းနီးပါးခန့်ရှိပြီဖြစ်ပြီး ဆေးထိုးရန်ကျန်နေသေး သူ များကိုလည်း ဆက်လက်ထိုးပေးနေသည်ဟု KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေး ကော်မတီ က ပြော သည်။
KIO/KIA ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန်မြို့တွင် ထိုးပေးသည့် COVID-19 ကာကွယ်ဆေးမှာ တစ်ကြိမ် သာထိုးရပြီး၊ ကျန်နေရာများတွင် ထိုးရသည့်ဆေးမှာ နှစ်ကြိမ်ဖြစ်သည်ဟု ပြောသည်။
“ကျနော်တို့ ဒီ COVID ကာကွယ်ဆေးက Sinovac တရုတ်ဆီကထုတ်တဲ့ဟာသုံးနေပါတယ်။ လောလောဆယ် ဆိုလို့ ရှိရင် တရုတ်ပြည် Redcross Association ကနေတစ်ဆင့် ကျနော်တို့ကိုထောက်ပံ့ပေးထားတာ ဖြစ်ပါ တယ်။ နောက်ပြီးတော့ လိုသလောက်လည်း သူတို့ကို ပြန်ပြီးတော့ တင်ပြလို့ရှိရင် သူတို့ကလည်းပြန်ပြီးတော့ ကူညီမယ်လို့တော့ ပြောထားတယ်။ အခုတော့ ရှိနေတဲ့ဆေးတောင် အများကြီးကျန်နေတယ်။ အစကဆိုလို့ ရှိ ရင် ကျနော်တို့ရဲ့လူထုတွေက တစ်ချို့က သိပ်နားမလည်ဘူးဆိုတော့ လာထိုးဖို့လည်း အခါခါ ပြောရင်လည်း သိပ်မလာ မထိုးကြဘူး။ အခုတော့ အားလုံးလည်းလာထိုးဖြစ်အောင် ကျနော်တို့ လုပ်နေပါတယ်” ဟု ဗိုလ်မှူး ကြီး လဖိုင်ဟိန်းဝေါမ် က ပြောသည်။
KIO ထိန်းချုပ်နယ်မြေများအတွင်း အဝင်အထွက်များကို တင်းကြပ်ထားခြင်း၊ တရုတ်-မြန်မာနယ်စပ်ဂိတ်မှ ဝင်ရောက်လာသူများကို ယခင်နှစ်ကတည်း ကန့်သတ်ထားပြီး KIA ထိန်းချုပ် နယ်မြေအတွင်းက မိုင်ဂျာယာန်၊ လိုင်ဇာကဲ့သို့မြို့များသို့ ပြည်ပနှင့် နယ်ဝေးမှ လာရောက်ကြမည့် လူဝင်လူထွက်များကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ၎င်းတို့၏ နယ်မြေများသို့ ဝင်ခွင့်ပြုသည်ဟု KIO COVID-19 ရောဂါ တားဆီးနှိမ်နှင်းရေး ကော်မတီ က ပြောသည်။
လူအဝင်အထွက်များကို ကျန်းမာရေးစစ်ဆေးပေးနေသည့် ကျန်းမာရေးဝန်ထမ်းအသုံးပြုသည့် PPE ဝတ်စုံများ လုံ လောက်မှု မရှိဟု ဗိုလ်မှူးကြီး လဖိုင် ဟိန်းဝေါမ် က ပြောသည်။
၎င်းတို့ဒေသအတွင်း လိုအပ်ချက်များနှင့် ပတ်သက်၍လည်း “အခုလောလောဆယ်တော့ ကျနော်တို့ဆီမှာ ဆိုလို့ ရှိရင် Prevention လုပ်တဲ့ ဖြန်းတဲ့ ပိုးသတ်ဆေးတွေဘဲ လိုမယ်။ တစ်ခြားဟာကတော့ ကျနော်တို့လည်း စု ဆောင်းထားတာရှိတယ်။ အဓိက ဆိုလို့ရှိရင် ပိုကုန်တာက PPE ဝတ်စုံကတော့ ခဏခဏကုန်တယ် Swab ယူရ တဲ့အခါ အခု ရာသီဥတုက ပူတယ် ဆိုတော့ ချွတ်ရ ဝတ်ရ အဲတာ တော်တော် ကုန်တယ်” ဟု ဗိုလ်မှူးကြီး လဖိုင် ဟိန်းဝေါမ် က ပြောသည်။
၂၀၂၀ ခုနှစ် တစ်နှစ်ပတ်လုံးနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်ကာလအထိ KIO/KIA ထိန်းချုပ်နယ်မြေအတွင်း COVID-19 ကူးစက်မှုများ မရှိခဲ့သော်လည်း ယခုနှစ် မတ်လခန့်မှစတင်၍ ဝင်ရောက်လာသူများထဲမှ ရောဂါကူး စက် ခံရသူ ၁၃ ဦး ရှိခဲ့ရာ လက်ရှိ ဆေးရုံတွင် ၂ ဦးသာ ကျန်တော့သည့် အတွက် ရောဂါ ကူးစက်မှုနှုန်းကို ထိန်းချုပ်ထားနိုင်သည်ဟု KIO/KIA က ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတွင် COVID-19 ကာကွယ်ဆေးများ ထိုးပေးလျှက် ရှိသော် လည်း အခြားသော တိုင်းရင်းသားလက်နက်ကိုင်ရှိနေသည့် ကရင်၊ ကယား၊ မွန်၊ ရှမ်း ပြည်နယ်များရှိ တိုင်းရင်း သားလက်နက်ကိုင်များ ထိန်းချုပ်သည့် နယ်မြေများတွင် ကာကွယ်ဆေးထိုးနိုင်ခြင်း မရှိသေးပေ။
ထို့သို့ ကာကွယ်ဆေး ထိုးနိုင်ခြင်းမရှိသေးလို၊ တိုင်းရင်းသားဒေသ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် နယ် စပ်ဖြတ်ကျော်အကူအညီပေးရန် တိုင်းရင်းသားကျန်းမာရေးကော်မတီ EHC က မေလထဲတွင် ထုတ်ပြန် တောင်း ဆိုထားသည်။
တိုင်းရင်းသားပြည်နယ်များတွင် စစ်တပ်က အာဏာမသိမ်းခင်ကာလက ကျန်းမာရေးဆိုင်ရာ အကူအညီများနှင့် ထောက်ပံ့မှုများမှာ ဗဟိုချုပ်ကိုင်မှု အောက်မှ ဘဏ္ဍာငွေစီးဆင်းမှု အနည်းငယ် ရရှိခဲ့သော်လည်း ယခုလက်ရှိ နိုင်ငံရေး အခြေအနေများအရ ထိုထောက်ပံ့မှုများပင် မရရှိတော့သည့် အနေအထားများနှင့် ကြုံနေရသည်ဟု ဆိုသည်။
*** ZAWGYI ***
ကိုဗစ္ကာကြယ္ေဆး အျပည့္ထိုးၿပီးသူ ၆၀၀၀ ေက်ာ္ရွိၿပီ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၈ ရက္။
ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ထိန္းခ်ဳပ္နယ္ေျမအတြင္း COVID-19 ကာကြယ္ေဆးမ်ား ထိုးေပးလွ်က္ရွိရာ ေဆးအျပည့္ (Full Dose) ထိုးၿပီးသူ လူဦးေရ စုစုေပါင္း ၆၀၀၀ ေက်ာ္ရွိၿပီဟု သိရသည္။
ေဖေဖာ္ဝါရီလ က စတင္၍ ယေန႔အခ်ိန္ထိ အဆိုပါ COVID-19 ကာကြယ္ေဆးကို ထိုးေပးလွ်က္ရွိၿပီး ေဆးမွာ ႏွစ္မ်ိဳးရွိသည္ဟု KIO COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ က ေျပာသည္။
KIO COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ အတြင္းေရးမႉး ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က “ေဆးထိုးတာက မိုင္ဂ်ာယန္ဘက္မွာ ဆိုရင္ တစ္ခါဘဲ ထိုးရတဲ့ COVID ေဆး၊ လိုင္ဇာမွာဆိုလို႔ရွိရင္ ႏွစ္ခါ ထိုးရတဲ့ COVID ေဆးေတြ ထိုးတယ္။ ေဆးထိုးတာက တစ္ေသာင္းေက်ာ္ ႏွစ္ေသာင္းဝန္းက်င္ေလာက္ေတာ့ ရွိ ၿပီ Full Dose ထိုးၿပီးတာကေတာ့ ေျခာက္ေထာင္ေက်ာ္ေလာက္ေတာ့ ရွိၿပီ အခုဆိုရင္ ဒီေဆးထိုးတဲ့လုပ္ငန္း လုပ္လာတာ သုံးလေလာက္ေတာ့ ရွိၿပီ အခုထိမၿပီးေသးဘူး” ဟု ေျပာသည္။
COVID-19 ေရာဂါကာကြယ္ေဆးလာေရာက္ထိုးသူ ႏွစ္ေသာင္းနီးပါးခန႔္ရွိၿပီျဖစ္ၿပီး ေဆးထိုးရန္က်န္ေနေသး သူ မ်ားကိုလည္း ဆက္လက္ထိုးေပးေနသည္ဟု KIO COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ က ေျပာ သည္။
KIO/KIA ထိန္းခ်ဳပ္နယ္ေျမျဖစ္သည့္ မိုင္ဂ်ာယန္ၿမိဳ႕တြင္ ထိုးေပးသည့္ COVID-19 ကာကြယ္ေဆးမွာ တစ္ႀကိမ္ သာထိုးရၿပီး၊ က်န္ေနရာမ်ားတြင္ ထိုးရသည့္ေဆးမွာ ႏွစ္ႀကိမ္ျဖစ္သည္ဟု ေျပာသည္။
“က်ေနာ္တို႔ ဒီ COVID ကာကြယ္ေဆးက Sinovac တ႐ုတ္ဆီကထုတ္တဲ့ဟာသုံးေနပါတယ္။ ေလာေလာဆယ္ ဆိုလို႔ ရွိရင္ တ႐ုတ္ျပည္ Redcross Association ကေနတစ္ဆင့္ က်ေနာ္တို႔ကိုေထာက္ပံ့ေပးထားတာ ျဖစ္ပါ တယ္။ ေနာက္ၿပီးေတာ့ လိုသေလာက္လည္း သူတို႔ကို ျပန္ၿပီးေတာ့ တင္ျပလို႔ရွိရင္ သူတို႔ကလည္းျပန္ၿပီးေတာ့ ကူညီမယ္လို႔ေတာ့ ေျပာထားတယ္။ အခုေတာ့ ရွိေနတဲ့ေဆးေတာင္ အမ်ားႀကီးက်န္ေနတယ္။ အစကဆိုလို႔ ရွိ ရင္ က်ေနာ္တို႔ရဲ႕လူထုေတြက တစ္ခ်ိဳ႕က သိပ္နားမလည္ဘူးဆိုေတာ့ လာထိုးဖို႔လည္း အခါခါ ေျပာရင္လည္း သိပ္မလာ မထိုးၾကဘူး။ အခုေတာ့ အားလုံးလည္းလာထိုးျဖစ္ေအာင္ က်ေနာ္တို႔ လုပ္ေနပါတယ္” ဟု ဗိုလ္မႉး ႀကီး လဖိုင္ဟိန္းေဝါမ္ က ေျပာသည္။
KIO ထိန္းခ်ဳပ္နယ္ေျမမ်ားအတြင္း အဝင္အထြက္မ်ားကို တင္းၾကပ္ထားျခင္း၊ တ႐ုတ္-ျမန္မာနယ္စပ္ဂိတ္မွ ဝင္ေရာက္လာသူမ်ားကို ယခင္ႏွစ္ကတည္း ကန႔္သတ္ထားၿပီး KIA ထိန္းခ်ဳပ္ နယ္ေျမအတြင္းက မိုင္ဂ်ာယာန္၊ လိုင္ဇာကဲ့သို႔ၿမိဳ႕မ်ားသို႔ ျပည္ပႏွင့္ နယ္ေဝးမွ လာေရာက္ၾကမည့္ လူဝင္လူထြက္မ်ားကို က်န္းမာေရးစစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးမွသာ ၎တို႔၏ နယ္ေျမမ်ားသို႔ ဝင္ခြင့္ျပဳသည္ဟု KIO COVID-19 ေရာဂါ တားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ က ေျပာသည္။
လူအဝင္အထြက္မ်ားကို က်န္းမာေရးစစ္ေဆးေပးေနသည့္ က်န္းမာေရးဝန္ထမ္းအသုံးျပဳသည့္ PPE ဝတ္စုံမ်ား လုံ ေလာက္မႈ မရွိဟု ဗိုလ္မႉးႀကီး လဖိုင္ ဟိန္းေဝါမ္ က ေျပာသည္။
၎တို႔ေဒသအတြင္း လိုအပ္ခ်က္မ်ားႏွင့္ ပတ္သက္၍လည္း “အခုေလာေလာဆယ္ေတာ့ က်ေနာ္တို႔ဆီမွာ ဆိုလို႔ ရွိရင္ Prevention လုပ္တဲ့ ျဖန္းတဲ့ ပိုးသတ္ေဆးေတြဘဲ လိုမယ္။ တစ္ျခားဟာကေတာ့ က်ေနာ္တို႔လည္း စု ေဆာင္းထားတာရွိတယ္။ အဓိက ဆိုလို႔ရွိရင္ ပိုကုန္တာက PPE ဝတ္စုံကေတာ့ ခဏခဏကုန္တယ္ Swab ယူရ တဲ့အခါ အခု ရာသီဥတုက ပူတယ္ ဆိုေတာ့ ခြၽတ္ရ ဝတ္ရ အဲတာ ေတာ္ေတာ္ ကုန္တယ္” ဟု ဗိုလ္မႉးႀကီး လဖိုင္ ဟိန္းေဝါမ္ က ေျပာသည္။
၂၀၂၀ ခုႏွစ္ တစ္ႏွစ္ပတ္လုံးႏွင့္ ၂၀၂၁ ခုႏွစ္ စစ္အာဏာမသိမ္းခင္ကာလအထိ KIO/KIA ထိန္းခ်ဳပ္နယ္ေျမအတြင္း COVID-19 ကူးစက္မႈမ်ား မရွိခဲ့ေသာ္လည္း ယခုႏွစ္ မတ္လခန႔္မွစတင္၍ ဝင္ေရာက္လာသူမ်ားထဲမွ ေရာဂါကူး စက္ ခံရသူ ၁၃ ဦး ရွိခဲ့ရာ လက္ရွိ ေဆး႐ုံတြင္ ၂ ဦးသာ က်န္ေတာ့သည့္ အတြက္ ေရာဂါ ကူးစက္မႈႏႈန္းကို ထိန္းခ်ဳပ္ထားႏိုင္သည္ဟု KIO/KIA က ေျပာသည္။
ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ထိန္းခ်ဳပ္နယ္ေျမတြင္ COVID-19 ကာကြယ္ေဆးမ်ား ထိုးေပးလွ်က္ ရွိေသာ္ လည္း အျခားေသာ တိုင္းရင္းသားလက္နက္ကိုင္ရွိေနသည့္ ကရင္၊ ကယား၊ မြန္၊ ရွမ္း ျပည္နယ္မ်ားရွိ တိုင္းရင္း သားလက္နက္ကိုင္မ်ား ထိန္းခ်ဳပ္သည့္ နယ္ေျမမ်ားတြင္ ကာကြယ္ေဆးထိုးႏိုင္ျခင္း မရွိေသးေပ။
ထို႔သို႔ ကာကြယ္ေဆး ထိုးႏိုင္ျခင္းမရွိေသးလို၊ တိုင္းရင္းသားေဒသ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားအတြက္ နယ္ စပ္ျဖတ္ေက်ာ္အကူအညီေပးရန္ တိုင္းရင္းသားက်န္းမာေရးေကာ္မတီ EHC က ေမလထဲတြင္ ထုတ္ျပန္ ေတာင္း ဆိုထားသည္။
တိုင္းရင္းသားျပည္နယ္မ်ားတြင္ စစ္တပ္က အာဏာမသိမ္းခင္ကာလက က်န္းမာေရးဆိုင္ရာ အကူအညီမ်ားႏွင့္ ေထာက္ပံ့မႈမ်ားမွာ ဗဟိုခ်ဳပ္ကိုင္မႈ ေအာက္မွ ဘ႑ာေငြစီးဆင္းမႈ အနည္းငယ္ ရရွိခဲ့ေသာ္လည္း ယခုလက္ရွိ ႏိုင္ငံေရး အေျခအေနမ်ားအရ ထိုေထာက္ပံ့မႈမ်ားပင္ မရရွိေတာ့သည့္ အေနအထားမ်ားႏွင့္ ႀကဳံေနရသည္ဟု ဆိုသည္။