ကချင်စစ်ရှောင်များ ထောက်ပံ့မှုများ ပုံမှန် မရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၉ ရက်။
စစ်တပ်က အာဏာသိမ်းပြီးနောက် လစဉ်ရရှိသည့် ကူညီထောက်ပံ့ငွေများ အချိန်မှန် မရတော့သည့် အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ကချင်စစ်ရှောင်များက ပြောသည်။
ကချင်ပြည်နယ်အတွင်း ဆယ်စုနှစ် တစ်ခုအကြာ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရသည့် စစ်ရှောင် များသည် စစ်အာဏာရှိသိမ်းပြီးနောက် ဘဏ် ငွေသွင်းငွေထုတ်စနစ်များ အခက်အခဲဖြစ်နေသည့် အတွက် လစဉ် ထောက်ပံ့ငွေများ အချိန်မှီ၊ အချိန်မှန်မရရှိတော့ ဟု ပြောသည်။
မိုးမောက်မြို့ KBC စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသမီးတစ်ဦးက “အခုလက်ရှိ ကျမတို့အားလုံး အခက်အခဲ ဖြစ်နေတာကတော့ နေ့စဉ် စားသောက်နေရတဲ့ အစားအစာပေါ့။ အရင်ကဆို WFP ကနေ ပေးတဲ့ တစ်လမှာ လူ တစ်ယောက်စားစရိတ် ၁၁၀၀၀ ရရင်၊ ဆန် ခြောက်ပြည်၊ ဆီတစ်ပုလင်း၊ ဆား စတဲ့ အခြေခံစားသုံးကုန်နဲ့ ပုံမှန် ဖြေရှင်းလို့ ရနေတယ်ပေါ့နော် ဒါပေမယ့် WFP လည်း အခုလက်ရှိ ဘဏ်အခက်အခဲတွေကြောင့် ပိုက်ဆံ ထုတ် ရတာ အဆင်မပြေတော့ စားစရိတ်ပေးတာ အရင်ကထက် နောက်ကျလာတယ်” ဟု ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်မှ စတင်၍ လစဉ် တစ်လနောက်ကျပြီးမှသာ ထောက်ပံ့ငွေရရှိသလို မေလအတွက် ထောက်ပံ့ငွေမှာ ယခုဇွန်လ ပထမအပတ်အထိ မရရှိသေးဘူးဟု စစ်ရှောင်များက ပြောသည်။
“ဧပြီလရဲ့ စားရိတ်ကို မေလ မှ ရတယ်။ မေလ ရဲ့ စားရိတ်ကို အခု June လဆန်းထိ မရသေးဘူးဆိုတော့ တချို့ အပြင်မှာ ပိုက်ဆံရှာတဲ့သူ မရှိတဲ့ အိမ်ထောင်တွေ အတွက်ကတော့ ခက်ခဲလာတယ်။ အခုထက် ပိုပြီးခက်ခဲလာ ရင်တော့ အသင်းတော်ကနေ စုထားတဲ့ အလှူငွေနဲ့ ဆန်ဝယ်ပြီး ဝေစားဖို့တော့ အသင်းတော်က လူကြီးတွေနဲ့ စီ စဉ်ထားတယ် ရနိုင်သလောက်ပေါ့။ အလုပ်လုပ်ဖို့ ဆိုရင်လည်း ကျမတို့က တောင်ယာလည်း လုပ်မရ တစ်ခြား အလုပ်လည်း မလုပ်တတ် ဆိုတော့ တအားအခက်အခဲ ဖြစ်တာပေါ့” ဟု မိုးမောက်စစ်ရှောင်စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဝိုင်းမော် KBC စစ်ရှောင်စခန်းက အမျိုးသမီးတစ်ဦးကလည်း “လောလေဆယ်တော့ နောက်ကျတာပဲရှိတယ်။ ရိ က္ခာတော့ ပုံမှန်ပေးတယ်။ အရင်လတွေကတော့ ဒီ ၂၀ ကျော်လောက်ဆိုရင်ရတယ်။ အခုဒီရက်ပိုင်းကျတော့ တခါတလေကျရင် ဒီလစာက နောက်လမှာပဲရအဲ့လိုမျိုး၊ တခါတလေ နှစ်လပေါင်းပေးလိုက်၊ ဒီမေလဆိုရင် ဇွန် လလောက်မှပေါ့နော်၊ နောက်ကျလို့လေနော် ကျမတို့ အဲ့လိုမျိုး ဒုက္ခတော့ အရမ်းခံ့စားရတယ်။ စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာ အဲ့လိုမျိုးအခက်အခဲကြုံလာတယ်။ ဒါပေမယ့် ဘယ်လိုကြောင့်ဆိုတာတော့ အသေးစိတ် တော့ မသိဘူးလေနော်။ သူတို့ပေးတဲ့အချိန်မှာပဲရတာပေါ့” ဟု ပြောသည်။
ကချင်ပြည်နယ်အပါအဝင်၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဘဏ်များတွင် ငွေလွှဲငွေထုတ်ရန် အခက် အခဲများရှိနေကြပြီး၊ ကြိုတင်တုံကင်လက်မှတ်ယူကာ လူတစ်ဦးလျှင် တစ်ပတ်တွင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် ကျပ်ငွေ ငါးသိန်း သာ ထုတ်ပေးကြောင်း၊ ယခုက Wave Money၊ True Money၊ KPay၊ AYAPay စသည့် လွယ် ကူစွာ ငွေလွှဲ၊ ငွေထုတ်သည့် လုပ်ငန်းများလည်း ရပ်တန့်နေပြီး၊ အများစုမှာ ဘဏ်များတွင် တန်းစီစနစ်ဖြင့် အလှည့်ကျ ထုတ်ယူနေကြ ရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်၍ ကချင်စစ်ရှောင်များမှာ နဂိုရရှိနေသည့် ထောက်ပံ့ကြေးငွေ ကျပ် ၁၁၀၀၀ ကို လစဉ်ပုံမှန် အချိန်မှီမရတော့သည့်အတွက် အများစုမှာ ချေးငှားစားသောက်နေရပြီး၊ အချို့ ဆိုလျှင် ထမင်းကို ဆားနှင့်သာ စားနေရသည်ဟု စစ်ရှောင်များက ပြောသည်။
“အဲ့လိုမျိုးဒုက္ခရောက်တဲ့လူတွေအများကြီးပဲ၊ အကြွေးတွေက ပြောတောင်မပြောနဲ့တော့။ ဟင်းတွေဆို ဆားနဲ့ စားတာပဲ များလာသလိုလိုပဲ ဟုတ်တယ်။ အခုဟင်းသီးဟင်းရွက်လည်းစျေးတက်၊ အကုန်လုံးစျေးတက်နဲ့ နေ့ စားသွားမယ်ဆိုလည်း နေ့စားက ဘယ်သူမှ မခေါ်ကြ၊ ကြောက်လို့ အကုန်လုံးအဲ့လိုဖြစ်ကုန်တော့ ဒုက္ခရောက် တာတော့ ပြောတောင်မပြောချင်တော့ဘူး” ဟု ဝိုင်းမော် KBC စစ်ရှောင်စခန်းက အမျိုးသမီးက ဆက် ပြော သည်။
စစ်ရှောင်များသည် ၂၀၂၀ ခုနှစ် COVID-19 စတင်ဖြစ်ပွားလာခဲ့သည့်အချိန်မှစတင်၍ အပြင်ထွက်သွားလာခွင့် များ ကန့်သတ်ခံခဲ့ရသည့် နေ့စားအလုပ်အကိုင်များလည်း လုပ်ခွင့်မရခဲ့ကြပေ။
ထို့နောက် ယခု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစတင်၍ စစ်တပ်က အာဏာသိမ်းလိုက်သည့်နောက်တွင် ကပ်ရော ဂါကြောင့် ကြုံနေရသည့် အခက်အခဲအပြင်၊ နိုင်ငံရေးအခြေအနေမတည်ငြိမ်မှု အခက်အခဲများကြောင့် ပိုမိုခက်ခဲ လာသည်ဟု ကချင်စစ်ရှောင်များက ပြောသည်။
၂၀၁၁ ခုနှစ် က တစ်ကျော့ပြန်ဖြစ်ပွားလာသည့် ကချင်ပြည်နယ်တွင်းက စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မ တော် KIA အကြားက တိုက်ပွဲများကြောင့် ကချင်ပြည်သူများ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ များသို့ စစ်ဘေးတိမ်းရှောင်နေရသည်မှာ ယနေ့ဆိုလျှင် ၁၀ နှစ်ပြည့်ပြီ ဖြစ်သည်။
တစ်ကျော့ပြန်တိုက်ပွဲကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ကချင်စစ်ရှောင်ပြည် တစ် သိန်းနှစ်သောင်းကျော် နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြရသည် ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်။
*** ZAWGYI ***
ကခ်င္စစ္ေရွာင္မ်ား ေထာက္ပံ့မႈမ်ား ပုံမွန္ မရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၉ ရက္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ လစဥ္ရရွိသည့္ ကူညီေထာက္ပံ့ေငြမ်ား အခ်ိန္မွန္ မရေတာ့သည့္ အတြက္ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရသည္ဟု ကခ်င္စစ္ေရွာင္မ်ားက ေျပာသည္။
ကခ်င္ျပည္နယ္အတြင္း ဆယ္စုႏွစ္ တစ္ခုအၾကာ စစ္ေဘးေရွာင္စခန္းမ်ားတြင္ ေနထိုင္ေနၾကရသည့္ စစ္ေရွာင္ မ်ားသည္ စစ္အာဏာရွိသိမ္းၿပီးေနာက္ ဘဏ္ ေငြသြင္းေငြထုတ္စနစ္မ်ား အခက္အခဲျဖစ္ေနသည့္ အတြက္ လစဥ္ ေထာက္ပံ့ေငြမ်ား အခ်ိန္မွီ၊ အခ်ိန္မွန္မရရွိေတာ့ ဟု ေျပာသည္။
မိုးေမာက္ၿမိဳ႕ KBC စစ္ေရွာင္စခန္းက စစ္ေရွာင္အမ်ိဳးသမီးတစ္ဦးက “အခုလက္ရွိ က်မတို႔အားလုံး အခက္အခဲ ျဖစ္ေနတာကေတာ့ ေန႔စဥ္ စားေသာက္ေနရတဲ့ အစားအစာေပါ့။ အရင္ကဆို WFP ကေန ေပးတဲ့ တစ္လမွာ လူ တစ္ေယာက္စားစရိတ္ ၁၁၀၀၀ ရရင္၊ ဆန္ ေျခာက္ျပည္၊ ဆီတစ္ပုလင္း၊ ဆား စတဲ့ အေျခခံစားသုံးကုန္နဲ႔ ပုံမွန္ ေျဖရွင္းလို႔ ရေနတယ္ေပါ့ေနာ္ ဒါေပမယ့္ WFP လည္း အခုလက္ရွိ ဘဏ္အခက္အခဲေတြေၾကာင့္ ပိုက္ဆံ ထုတ္ ရတာ အဆင္မေျပေတာ့ စားစရိတ္ေပးတာ အရင္ကထက္ ေနာက္က်လာတယ္” ဟု ေျပာသည္။
စစ္အာဏာသိမ္းၿပီးေနာက္မွ စတင္၍ လစဥ္ တစ္လေနာက္က်ၿပီးမွသာ ေထာက္ပံ့ေငြရရွိသလို ေမလအတြက္ ေထာက္ပံ့ေငြမွာ ယခုဇြန္လ ပထမအပတ္အထိ မရရွိေသးဘူးဟု စစ္ေရွာင္မ်ားက ေျပာသည္။
“ဧၿပီလရဲ႕ စားရိတ္ကို ေမလ မွ ရတယ္။ ေမလ ရဲ႕ စားရိတ္ကို အခု June လဆန္းထိ မရေသးဘူးဆိုေတာ့ တခ်ိဳ႕ အျပင္မွာ ပိုက္ဆံရွာတဲ့သူ မရွိတဲ့ အိမ္ေထာင္ေတြ အတြက္ကေတာ့ ခက္ခဲလာတယ္။ အခုထက္ ပိုၿပီးခက္ခဲလာ ရင္ေတာ့ အသင္းေတာ္ကေန စုထားတဲ့ အလႉေငြနဲ႔ ဆန္ဝယ္ၿပီး ေဝစားဖို႔ေတာ့ အသင္းေတာ္က လူႀကီးေတြနဲ႔ စီ စဥ္ထားတယ္ ရႏိုင္သေလာက္ေပါ့။ အလုပ္လုပ္ဖို႔ ဆိုရင္လည္း က်မတို႔က ေတာင္ယာလည္း လုပ္မရ တစ္ျခား အလုပ္လည္း မလုပ္တတ္ ဆိုေတာ့ တအားအခက္အခဲ ျဖစ္တာေပါ့” ဟု မိုးေမာက္စစ္ေရွာင္စခန္းမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။
ဝိုင္းေမာ္ KBC စစ္ေရွာင္စခန္းက အမ်ိဳးသမီးတစ္ဦးကလည္း “ေလာေလဆယ္ေတာ့ ေနာက္က်တာပဲရွိတယ္။ ရိ ကၡာေတာ့ ပုံမွန္ေပးတယ္။ အရင္လေတြကေတာ့ ဒီ ၂၀ ေက်ာ္ေလာက္ဆိုရင္ရတယ္။ အခုဒီရက္ပိုင္းက်ေတာ့ တခါတေလက်ရင္ ဒီလစာက ေနာက္လမွာပဲရအဲ့လိုမ်ိဳး၊ တခါတေလ ႏွစ္လေပါင္းေပးလိုက္၊ ဒီေမလဆိုရင္ ဇြန္ လေလာက္မွေပါ့ေနာ္၊ ေနာက္က်လို႔ေလေနာ္ က်မတို႔ အဲ့လိုမ်ိဳး ဒုကၡေတာ့ အရမ္းခံ့စားရတယ္။ စစ္အာဏာ သိမ္းၿပီးေနာက္ပိုင္းမွာ အဲ့လိုမ်ိဳးအခက္အခဲႀကဳံလာတယ္။ ဒါေပမယ့္ ဘယ္လိုေၾကာင့္ဆိုတာေတာ့ အေသးစိတ္ ေတာ့ မသိဘူးေလေနာ္။ သူတို႔ေပးတဲ့အခ်ိန္မွာပဲရတာေပါ့” ဟု ေျပာသည္။
ကခ်င္ျပည္နယ္အပါအဝင္၊ အျခားျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားရွိ ဘဏ္မ်ားတြင္ ေငြလႊဲေငြထုတ္ရန္ အခက္ အခဲမ်ားရွိေနၾကၿပီး၊ ႀကိဳတင္တုံကင္လက္မွတ္ယူကာ လူတစ္ဦးလွ်င္ တစ္ပတ္တြင္ တစ္ႀကိမ္၊ တစ္ႀကိမ္လွ်င္ က်ပ္ေငြ ငါးသိန္း သာ ထုတ္ေပးေၾကာင္း၊ ယခုက Wave Money၊ True Money၊ KPay၊ AYAPay စသည့္ လြယ္ ကူစြာ ေငြလႊဲ၊ ေငြထုတ္သည့္ လုပ္ငန္းမ်ားလည္း ရပ္တန႔္ေနၿပီး၊ အမ်ားစုမွာ ဘဏ္မ်ားတြင္ တန္းစီစနစ္ျဖင့္ အလွည့္က် ထုတ္ယူေနၾက ရသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွစတင္၍ ကခ်င္စစ္ေရွာင္မ်ားမွာ နဂိုရရွိေနသည့္ ေထာက္ပံ့ေၾကးေငြ က်ပ္ ၁၁၀၀၀ ကို လစဥ္ပုံမွန္ အခ်ိန္မွီမရေတာ့သည့္အတြက္ အမ်ားစုမွာ ေခ်းငွားစားေသာက္ေနရၿပီး၊ အခ်ိဳ႕ ဆိုလွ်င္ ထမင္းကို ဆားႏွင့္သာ စားေနရသည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။
“အဲ့လိုမ်ိဳးဒုကၡေရာက္တဲ့လူေတြအမ်ားႀကီးပဲ၊ အေႂကြးေတြက ေျပာေတာင္မေျပာနဲ႔ေတာ့။ ဟင္းေတြဆို ဆားနဲ႔ စားတာပဲ မ်ားလာသလိုလိုပဲ ဟုတ္တယ္။ အခုဟင္းသီးဟင္း႐ြက္လည္းေစ်းတက္၊ အကုန္လုံးေစ်းတက္နဲ႔ ေန႔ စားသြားမယ္ဆိုလည္း ေန႔စားက ဘယ္သူမွ မေခၚၾက၊ ေၾကာက္လို႔ အကုန္လုံးအဲ့လိုျဖစ္ကုန္ေတာ့ ဒုကၡေရာက္ တာေတာ့ ေျပာေတာင္မေျပာခ်င္ေတာ့ဘူး” ဟု ဝိုင္းေမာ္ KBC စစ္ေရွာင္စခန္းက အမ်ိဳးသမီးက ဆက္ ေျပာ သည္။
စစ္ေရွာင္မ်ားသည္ ၂၀၂၀ ခုႏွစ္ COVID-19 စတင္ျဖစ္ပြားလာခဲ့သည့္အခ်ိန္မွစတင္၍ အျပင္ထြက္သြားလာခြင့္ မ်ား ကန႔္သတ္ခံခဲ့ရသည့္ ေန႔စားအလုပ္အကိုင္မ်ားလည္း လုပ္ခြင့္မရခဲ့ၾကေပ။
ထို႔ေနာက္ ယခု ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလကစတင္၍ စစ္တပ္က အာဏာသိမ္းလိုက္သည့္ေနာက္တြင္ ကပ္ေရာ ဂါေၾကာင့္ ႀကဳံေနရသည့္ အခက္အခဲအျပင္၊ ႏိုင္ငံေရးအေျခအေနမတည္ၿငိမ္မႈ အခက္အခဲမ်ားေၾကာင့္ ပိုမိုခက္ခဲ လာသည္ဟု ကခ်င္စစ္ေရွာင္မ်ားက ေျပာသည္။
၂၀၁၁ ခုႏွစ္ က တစ္ေက်ာ့ျပန္ျဖစ္ပြားလာသည့္ ကခ်င္ျပည္နယ္တြင္းက စစ္တပ္ႏွင့္ ကခ်င္လြတ္လပ္ေရး တပ္မ ေတာ္ KIA အၾကားက တိုက္ပြဲမ်ားေၾကာင့္ ကခ်င္ျပည္သူမ်ား ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေဒသ မ်ားသို႔ စစ္ေဘးတိမ္းေရွာင္ေနရသည္မွာ ယေန႔ဆိုလွ်င္ ၁၀ ႏွစ္ျပည့္ၿပီ ျဖစ္သည္။
တစ္ေက်ာ့ျပန္တိုက္ပြဲေၾကာင့္ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတို႔တြင္ ကခ်င္စစ္ေရွာင္ျပည္ တစ္ သိန္းႏွစ္ေသာင္းေက်ာ္ ေနရပ္စြန႔္ခြာၿပီး စစ္ေဘးတိမ္းေရွာင္ေနၾကရသည္ ဟု ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC က ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရသိရသည္။