အိမ်သစ်တက်မည့် အိမ်ရှိ လူအားလုံးအား စစ်ကောင်စီ တပ်ဖွဲ့များက အလုံးအရင်း ဝင်ရောက်ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။
ကချင်ပြည်နယ်အတွင်း အိမ်သစ်တက်ပွဲပြုလုပ်ရန် ပြင်ဆင်နေသည့် နေအိမ်တစ်အိမ်အတွင်း စစ် ကောင်စီတပ်များက သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့်အတွက် အိမ်ရှင် မိသားစုဝင်များ နှင့် အတူ ကျေးရွာထဲက ဒေသခံပြည်သူ ၃၀ နီးပါးခန့် ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ဇူလိုင်လ ၁ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၄ နာရီကျော် အချိန်ခန့်က ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ နေအိမ်တစ် အိမ်အား စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ပြီး သေနတ်ပစ်ဖောက်ကာ ဖမ်းဆီးခေါ် ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လုံခြုံရေးအရ အမည်မဖော်လိုသူ မိုင်းနားဒေသခံတစ်ဦး က “အခုလက်ရှိ အုပ်ချုပ်ရေးမှူး ဦးဒိုင်ဒေါင်ရဲ့ အိမ်ရဲ့ ခြံ ကပ်ရက်၊ မြောက်ဘက်က အိမ်သစ်ပဲ။ အခုလက်ရှိအုပ်ချုပ်ရေးမှူးရဲ့ မြောက်ဘက် တည့်တည့်အိမ်ပဲ။ ဖမ်းခံရတဲ့ အိမ်ကလည်း ကချင်ပဲ ဟုတ်တယ်။ ဖိတ်စာက ဒီနေ့ရက်မှာပဲ ဆုတောင်းပွဲကတော့ ၁၀ နာရီလောက်မှာ လုပ်မှာ ပေါ့။ အဲ့ဒါကို ည ၁၁ နာရီလောက်မှာ မီးမှိတ်တယ်လေ။ အဲ့အချိန်ကတည်းက ဝိုင်း ထားပြီးတော့ မနက် ၄ နာရီလောက် သေနတ်ဖောက်ပြီးတော့ ဖမ်းတာ။ အင်းဖောက်ပြီးမှ ဖမ်းတာ ၄ နာရီ လောက်မှာ။ လူက ၃၀ လောက်လည်းပါတယ်၊ နောက်ပြီးမှ ဘယ်လောက်အသေအချာပါလည်းတော့ မသိဘူး။ အချုပ်ကားတစ်စီးတော့ ပါသွားတယ်လို့ ပြောတယ်လေ” ဟု ပြောသည်။
လာရောက်ဖမ်းဆီးစဉ် အချုပ်ကားပါ ပါလာခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေး ၅ ယောက်ထက် မနည်းအပါ အဝင်၊ လူဦးရေ ၃၀ ခန့်အား အဆိုပါအချုပ်ကားဖြင့် ဖမ်းဆီးခေါ် ဆောင်သွားသည်ဟု ဆိုသည်။
အိမ်ရှင်အပါအဝင် အိမ်သစ်တက်ပွဲတွင် လာရောက် ပြင်ဆင်ချက်ပြုတ် ကူညီပေးနေကြသည့် မိုင်းနားကျေးရွာမှ ရွာသားများနှင့် လူငယ်အချို့ကို အာဏာသိမ်းစစ်ကောင်စီ တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယနေ့ ဝင်ရောက်ဖမ်းဆီးခံရသူများမှာ မိုင်းနားကျေးရွာမှ ဒေသခံများသာဖြစ်ပြီး ၎င်းတို့အိမ်အား ဝင်ရောက် ဖမ်း ဆီးစဉ် လုံခြုံရေးအပြည့်ဖြင့် အင်အားအလုံးအရင်းသုံးပြီး ပိတ်ဆို့ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံ များ က ပြောသည်။
“သူတို့က အဲ့မှာနေတာတော့ ကြာပြီ။ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ပဲ အဲ့မှာနေတာကြာပြီ။ အိမ်ကဆောက်တာတော့ ပြီး ထားပြီ။ အဲ့ဒါအိမ်သစ်တက်ပွဲလုပ်တာ အဲ့ဒါ။ လုံခြုံရေးကတော့ အဲ့ဒီဘေးပတ်ဝန်းကျင် အဝင်အထွက် မရှိ အောင်တော့ အဲ့ဒီလမ်းတွေမှာ ပိတ်ပြီးတော့ စောင့်ထားတာတွေ့တယ်။”
မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုတော့ မသိရသေးဟု ဒေသခံ များက ပြောသည်။
မိုင်းနားကျေးရွာက လူငယ်တစ်ဦးကလည်း “ကျနော်တို့ ဒီမနက်အစောကြီး မြစ်ကြီးနားသွားဖို့လုပ်တော့ လမ်း မှာ စစ်သားတွေအများကြီးတွေ့တာ အဲ့လို။ အခု ဖမ်းခံရတဲ့အိမ်မှာလည်း စစ်သားတွေရော၊ လူတွေရောတွေ့ တယ်။ အစ ဘာဖြစ်တာလဲဆိုပြီး ကြည့်သေးတယ်။ နောက်တော့ စစ်သားတွေများတော့ အကြာကြီးမကြည့်ရဲ ဘူး လေနော်။ ဘေးကလူတွေကို မေးကြည့်တော့ အဲ့ဒီအိမ်သစ်တက်တဲ့အိမ်ကလူတွေကို လာဖမ်းတာတဲ့။ အဲ့ဒါ မနက်က လည်း သေနတ်သံတော့ကြားတာ ဟုတ်တယ်။ အစက ဘာဖြစ်မှန်းမသိဘူး။ နောက်မှ လူလာဖမ်းတာ သိရတာ။ မိုင်းနားတစ်လျှောက်လုံး စစ်သားတွေကြီးပဲ။ အများကြီးဟုတ်တယ်” ဟု ၎င်း မြင်တွေ့ခဲ့ရသည် များကို ပြောသည်။
ဒေသခံများ၏ ပြောပြချက်အရ ယနေ့ သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်ဖမ်းဆီးခံခဲ့ရသည့် နေအိမ်မှာ ဦးဇော်အောင် ဆိုသူ၏ အိမ်ဖြစ်ပြီး၊ ယနေ့ မွန်းလွှဲပိုင်းအချိန်ထိ စစ်သားများ အနီးအနားတွင် စောင့်နေသည်ဟု သိရ သည်။
မိုင်းနားရွာမှာ မကြာသေးခင်က KIA က လာရောက်တိုက်ခိုက်ခဲ့သည့် ဗလမင်းထင်တံတားအနီးရှိ စုပေါင်းဂိတ်ရှိရာရွာ ဖြစ်သည်။
မြစ်ကြီးနား-ဝိုင်းမော်လမ်းမကြီးပေါ်ရှိ ဗလမင်းထင်တံတားထိပ်က စုပေါင်းဂိတ်အား ကချင်လွတ်လပ်ရေး တပ် မတော် KIA က ဇွန်လ ၂၃ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့ကလည်း KIA တပ်ရင်း ၁၁ က မြစ်ကြီးနား-နမ္မတီး လမ်းမကြီးပေါ်က မြစ်ကြီးနားမြို့ အဝင်ဖြစ်သည် ၂၁ မိုင် စုပေါင်းဂိတ်ကိုလည်း ဝင်ရောက် တိုက်ခိုက် ခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
*** ZAWGYI ***
အိမ္သစ္တက္မည့္ အိမ္ရွိ လူအားလုံးအား စစ္ေကာင္စီ တပ္ဖြဲ႕မ်ားက အလုံးအရင္း ဝင္ေရာက္ဖမ္းဆီး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္။
ကခ်င္ျပည္နယ္အတြင္း အိမ္သစ္တက္ပြဲျပဳလုပ္ရန္ ျပင္ဆင္ေနသည့္ ေနအိမ္တစ္အိမ္အတြင္း စစ္ ေကာင္စီတပ္မ်ားက ေသနတ္မ်ား ပစ္ေဖာက္ကာ ဝင္ေရာက္ဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့သည့္အတြက္ အိမ္ရွင္ မိသားစုဝင္မ်ား ႏွင့္ အတူ ေက်း႐ြာထဲက ေဒသခံျပည္သူ ၃၀ နီးပါးခန႔္ ဖမ္းဆီးခံလိုက္ရသည္ဟု ေဒသခံမ်ားက ေျပာသည္။
ဇူလိုင္လ ၁ ရက္ေန႔ (ယေန႔) နံနက္ပိုင္း ၄ နာရီေက်ာ္ အခ်ိန္ခန႔္က ဝိုင္းေမာ္ၿမိဳ႕နယ္၊ မိုင္းနားေက်း႐ြာရွိ ေနအိမ္တစ္ အိမ္အား စစ္ေကာင္စီတပ္မ်ားက အင္အားအလုံးအရင္းျဖင့္ ပိတ္ဆို႔ၿပီး ေသနတ္ပစ္ေဖာက္ကာ ဖမ္းဆီးေခၚ ေဆာင္သြားျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
လုံၿခဳံေရးအရ အမည္မေဖာ္လိုသူ မိုင္းနားေဒသခံတစ္ဦး က “အခုလက္ရွိ အုပ္ခ်ဳပ္ေရးမႉး ဦးဒိုင္ေဒါင္ရဲ႕ အိမ္ရဲ႕ ၿခံ ကပ္ရက္၊ ေျမာက္ဘက္က အိမ္သစ္ပဲ။ အခုလက္ရွိအုပ္ခ်ဳပ္ေရးမႉးရဲ႕ ေျမာက္ဘက္ တည့္တည့္အိမ္ပဲ။ ဖမ္းခံရတဲ့ အိမ္ကလည္း ကခ်င္ပဲ ဟုတ္တယ္။ ဖိတ္စာက ဒီေန႔ရက္မွာပဲ ဆုေတာင္းပြဲကေတာ့ ၁၀ နာရီေလာက္မွာ လုပ္မွာ ေပါ့။ အဲ့ဒါကို ည ၁၁ နာရီေလာက္မွာ မီးမွိတ္တယ္ေလ။ အဲ့အခ်ိန္ကတည္းက ဝိုင္း ထားၿပီးေတာ့ မနက္ ၄ နာရီေလာက္ ေသနတ္ေဖာက္ၿပီးေတာ့ ဖမ္းတာ။ အင္းေဖာက္ၿပီးမွ ဖမ္းတာ ၄ နာရီ ေလာက္မွာ။ လူက ၃၀ ေလာက္လည္းပါတယ္၊ ေနာက္ၿပီးမွ ဘယ္ေလာက္အေသအခ်ာပါလည္းေတာ့ မသိဘူး။ အခ်ဳပ္ကားတစ္စီးေတာ့ ပါသြားတယ္လို႔ ေျပာတယ္ေလ” ဟု ေျပာသည္။
လာေရာက္ဖမ္းဆီးစဥ္ အခ်ဳပ္ကားပါ ပါလာခဲ့ၿပီး အသက္ ၁၈ ႏွစ္ေအာက္ ကေလး ၅ ေယာက္ထက္ မနည္းအပါ အဝင္၊ လူဦးေရ ၃၀ ခန႔္အား အဆိုပါအခ်ဳပ္ကားျဖင့္ ဖမ္းဆီးေခၚ ေဆာင္သြားသည္ဟု ဆိုသည္။
အိမ္ရွင္အပါအဝင္ အိမ္သစ္တက္ပြဲတြင္ လာေရာက္ ျပင္ဆင္ခ်က္ျပဳတ္ ကူညီေပးေနၾကသည့္ မိုင္းနားေက်း႐ြာမွ ႐ြာသားမ်ားႏွင့္ လူငယ္အခ်ိဳ႕ကို အာဏာသိမ္းစစ္ေကာင္စီ တပ္က ဖမ္းဆီးသြားျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
ယေန႔ ဝင္ေရာက္ဖမ္းဆီးခံရသူမ်ားမွာ မိုင္းနားေက်း႐ြာမွ ေဒသခံမ်ားသာျဖစ္ၿပီး ၎တို႔အိမ္အား ဝင္ေရာက္ ဖမ္း ဆီးစဥ္ လုံၿခဳံေရးအျပည့္ျဖင့္ အင္အားအလုံးအရင္းသုံးၿပီး ပိတ္ဆို႔ကာ ဖမ္းဆီးသြားျခင္းျဖစ္သည္ဟု ေဒသခံ မ်ား က ေျပာသည္။
“သူတို႔က အဲ့မွာေနတာေတာ့ ၾကာၿပီ။ ေဆြမ်ိဳးအသိုင္းအဝိုင္းနဲ႔ပဲ အဲ့မွာေနတာၾကာၿပီ။ အိမ္ကေဆာက္တာေတာ့ ၿပီး ထားၿပီ။ အဲ့ဒါအိမ္သစ္တက္ပြဲလုပ္တာ အဲ့ဒါ။ လုံၿခဳံေရးကေတာ့ အဲ့ဒီေဘးပတ္ဝန္းက်င္ အဝင္အထြက္ မရွိ ေအာင္ေတာ့ အဲ့ဒီလမ္းေတြမွာ ပိတ္ၿပီးေတာ့ ေစာင့္ထားတာေတြ႕တယ္။”
မည္သည့္အေၾကာင္းေၾကာင့္ ယခုကဲ့သို႔ ဖမ္းဆီးေခၚေဆာင္သြားသည္ကိုေတာ့ မသိရေသးဟု ေဒသခံ မ်ားက ေျပာသည္။
မိုင္းနားေက်း႐ြာက လူငယ္တစ္ဦးကလည္း “က်ေနာ္တို႔ ဒီမနက္အေစာႀကီး ျမစ္ႀကီးနားသြားဖို႔လုပ္ေတာ့ လမ္း မွာ စစ္သားေတြအမ်ားႀကီးေတြ႕တာ အဲ့လို။ အခု ဖမ္းခံရတဲ့အိမ္မွာလည္း စစ္သားေတြေရာ၊ လူေတြေရာေတြ႕ တယ္။ အစ ဘာျဖစ္တာလဲဆိုၿပီး ၾကည့္ေသးတယ္။ ေနာက္ေတာ့ စစ္သားေတြမ်ားေတာ့ အၾကာႀကီးမၾကည့္ရဲ ဘူး ေလေနာ္။ ေဘးကလူေတြကို ေမးၾကည့္ေတာ့ အဲ့ဒီအိမ္သစ္တက္တဲ့အိမ္ကလူေတြကို လာဖမ္းတာတဲ့။ အဲ့ဒါ မနက္က လည္း ေသနတ္သံေတာ့ၾကားတာ ဟုတ္တယ္။ အစက ဘာျဖစ္မွန္းမသိဘူး။ ေနာက္မွ လူလာဖမ္းတာ သိရတာ။ မိုင္းနားတစ္ေလွ်ာက္လုံး စစ္သားေတြႀကီးပဲ။ အမ်ားႀကီးဟုတ္တယ္” ဟု ၎ ျမင္ေတြ႕ခဲ့ရသည္ မ်ားကို ေျပာသည္။
ေဒသခံမ်ား၏ ေျပာျပခ်က္အရ ယေန႔ ေသနတ္ပစ္ေဖာက္ၿပီး ဝင္ေရာက္ဖမ္းဆီးခံခဲ့ရသည့္ ေနအိမ္မွာ ဦးေဇာ္ေအာင္ ဆိုသူ၏ အိမ္ျဖစ္ၿပီး၊ ယေန႔ မြန္းလႊဲပိုင္းအခ်ိန္ထိ စစ္သားမ်ား အနီးအနားတြင္ ေစာင့္ေနသည္ဟု သိရ သည္။
မိုင္းနား႐ြာမွာ မၾကာေသးခင္က KIA က လာေရာက္တိုက္ခိုက္ခဲ့သည့္ ဗလမင္းထင္တံတားအနီးရွိ စုေပါင္းဂိတ္ရွိရာ႐ြာ ျဖစ္သည္။
ျမစ္ႀကီးနား-ဝိုင္းေမာ္လမ္းမႀကီးေပၚရွိ ဗလမင္းထင္တံတားထိပ္က စုေပါင္းဂိတ္အား ကခ်င္လြတ္လပ္ေရး တပ္ မေတာ္ KIA က ဇြန္လ ၂၃ ရက္ေန႔က ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ဇြန္လ ၃၀ ရက္ေန႔ကလည္း KIA တပ္ရင္း ၁၁ က ျမစ္ႀကီးနား-နမၼတီး လမ္းမႀကီးေပၚက ျမစ္ႀကီးနားၿမိဳ႕ အဝင္ျဖစ္သည္ ၂၁ မိုင္ စုေပါင္းဂိတ္ကိုလည္း ဝင္ေရာက္ တိုက္ခိုက္ ခဲ့သည့္ ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့သည္။