ကရင်နီ တပ်မတော် နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။

ကရင်နီ တပ်မတော် KA နှင့် အာဏာသိမ်း စစ် ကောင်စီတပ်တို့ အကြား ဇူလိုင်လ ၂ ရက်နေ့ (ယနေ့) နံနက်ပိုင်း က လွိုင်ကော်မြို့နယ်ထဲတွင် တိုက်ပွဲဖြစ်ပွားခဲ့ သည်ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP က ပြောသည်။

KNPP နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ လွိုင်ကော်မြို့နယ်ရှိ ပန်လောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွား ခဲ့ သည်ဟု အမည်မဖော်လိုသူ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဗဟိုကော်မတီဝင်တစ်ဦးက ပြော သည်။

၎င်းက “တိုက်ပွဲ ဖြစ်တယ်လို့တော့ ကြားတယ်။ ဒီမနက် ၈ နာရီကျော်မှာ ဖြစ်တယ်။ လွိုင်ကော်နဲ့ ပွန်ချောင်း ကြား ပန်လောင်းကျေးရွာအနီးမှာ လွိုင်ကော်မြို့နယ်ထဲကပဲ လွိုင်ကော်နဲ့ ပွန်ချောင်းကြား ပန်လောင်းဆိုတာ ရွာတစ်ရွာရှိတယ်။ အဲဒီ အနီးအနားမှာလို့တော့ ပြောတယ်။ ရွာထဲတော့ မဟုတ်ဘူး” ဟု ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ အတိအကျ မသိရသေးကြောင်း အဆိုပါ KNPP ဗဟိုကော်မတီဝင် က ဆိုသည်။

ကရင်နီပြည် လွိုင်ကော်မြို့ နှင့် ရှားတောမြို့ကြား ပွန်ချောင်းအနီး ကရင်နီတပ်မတော် မြို့နယ်တပ်နဲ့ စစ်ကောင်စီ တပ် တို့အကြား ဇူလိုင်လ ၂ရက်နေ့ နံနက် ၈နာရီ အချိန်တွင် နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန်လကုန် က စတင်၍ စစ်ကောင်စီတပ်ဘက်က ကလလတ၊ နယ်ခြားစောင့်တပ်နှင့် PNO အဖွဲ့တို့ ပူးပေါင်း၍ လုံခြုံရေး အကြောင်းပြကာ စစ်အင်အားတိုးချဲ့မှုများ လုပ်ဆောင်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု Karenni Information Center (KnIC) က ထုတ်ပြန်ထားသည်။

ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် စစ်အာဏာသိမ်းပြီးနောက် KNPP နှင့် စစ်ကောင်စီတပ်တို့အကြား သုံးကြိမ် မြောက် တိုက်ပွဲဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က KNPP နှင့် စစ်ကောင်စီတပ်တို့ ဖားဆောင်းမြို့နယ်ထဲတွင် တိုက်ပွဲ တစ်ကြိမ် ဖြစ် ပွားခဲ့ပြီး မေလ ၂၇ ရက်နေ့ကလည်း အဆိုပါ မြို့နယ်ထဲတွင် နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့သည်။

မေလ ၂၀ ရက်နေ့ နောက်ပိုင်းက စတင်ကာ ကယား (ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသအခြေ စိုက် PDF တပ်တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့ပြီး တိုက်ပွဲဖြစ်ပွားလာသည့်နောက်ပိုင်း စစ်ကောင်စီ တပ်မှ ကယား(ကရင်နီ) ပြည်နယ်အတွင်းသို့ ဆက်တိုက်ဆိုသလို စစ်အင်အား တိုးချဲ့မှုများကို ပြုလုပ်လာခဲ့ သည်ဟု ပြောသည်။

“တိုးချဲ့မှုတွေကတော့ ရှိပါတယ်။ ဟိုးဒီ မြို့တွင်းကတည်းကပေါ့နော်။ မိုးဗြဲ၊ ဖယ်ခုံ၊ မိုးဗြဲ နောက်လွိုင်ကော်၊ ခြောက်မိုင် ငါးမိုင် စသဖြင့်ပေါ့ အဲဒီ ဒေါငံခါး ဖြစ်ကတည်းက သူတို့ တဖြည်းဖြည်း တိုးချဲ့လာတယ်လေ။ အဲဒီ အပြင် ဒီးမော့ဆို အရှေ့ခြမ်းလည်း တိုးလာတာတွေရှိတယ်။ ရှားတောအထိ တိုးလာတာတွေ ရှိတယ်” ဟု အမည်မဖော်လိုသူ KNPP ဗဟိုကော်မတီဝင် က ပြောသည်။

ထိုသို့ စစ်အင်အား တိုးချဲ့မှုများကြောင့် ကယား(ကရင်နီ) ပြည်နယ်ရှိ ဒေသအခြေစိုက် PDF တပ်များနှင့် စစ် ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ပိုမို ဖြစ်ပွားလာသကဲ့သို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့်လည်း စစ်ကောင်စီတို့ တိုက်ပွားများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်း တိုင်းရင်းသား ပြည် နယ်များတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွား လာသကဲ့သို့ တိုင်းဒေသကြီးများတွင်လည်း NUG က ဖွဲ့စည်းထား သည့် ပြည်သူ့ကာကွယ်ရေး တပ်များ နှင့် စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာ ခဲ့သည်။

ထိုပဋိပက္ခများကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ပြည်သူများမှာ စစ်ကောင်စီ၏ ဖမ်းဆီး၊ နှိပ်စက် သတ်ဖြတ်မှုနှင့် ကင်းလွတ်ရာ တောထဲတောင်ထဲ နှင့် နေရာ ဒေသအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေရ ကြရ ပြီး အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။

*** ZAWGYI ***
ကရင္နီ တပ္မေတာ္ ႏွင့္ အာဏာသိမ္း စစ္ေကာင္စီ တပ္တို႔ တိုက္ပြဲျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္။

ကရင္နီ တပ္မေတာ္ KA ႏွင့္ အာဏာသိမ္း စစ္ ေကာင္စီတပ္တို႔ အၾကား ဇူလိုင္လ ၂ ရက္ေန႔ (ယေန႔) နံနက္ပိုင္း က လြိဳင္ေကာ္ၿမိဳ႕နယ္ထဲတြင္ တိုက္ပြဲျဖစ္ပြားခဲ့ သည္ဟု ကရင္နီ အမ်ိဳးသား တိုးတက္ေရး ပါတီ KNPP က ေျပာသည္။

KNPP ႏွင့္ အာဏာသိမ္း စစ္ေကာင္စီတပ္တို႔ လြိဳင္ေကာ္ၿမိဳ႕နယ္ရွိ ပန္ေလာင္းေက်း႐ြာအနီးတြင္ တိုက္ပြဲျဖစ္ပြား ခဲ့ သည္ဟု အမည္မေဖာ္လိုသူ ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ KNPP ဗဟိုေကာ္မတီဝင္တစ္ဦးက ေျပာ သည္။

၎က “တိုက္ပြဲ ျဖစ္တယ္လို႔ေတာ့ ၾကားတယ္။ ဒီမနက္ ၈ နာရီေက်ာ္မွာ ျဖစ္တယ္။ လြိဳင္ေကာ္နဲ႔ ပြန္ေခ်ာင္း ၾကား ပန္ေလာင္းေက်း႐ြာအနီးမွာ လြိဳင္ေကာ္ၿမိဳ႕နယ္ထဲကပဲ လြိဳင္ေကာ္နဲ႔ ပြန္ေခ်ာင္းၾကား ပန္ေလာင္းဆိုတာ ႐ြာတစ္႐ြာရွိတယ္။ အဲဒီ အနီးအနားမွာလို႔ေတာ့ ေျပာတယ္။ ႐ြာထဲေတာ့ မဟုတ္ဘူး” ဟု ေျပာသည္။

တိုက္ပြဲအတြင္း ႏွစ္ဖက္ ထိခိုက္ေသဆုံးမႈမ်ားႏွင့္ ပတ္သက္၍ အတိအက် မသိရေသးေၾကာင္း အဆိုပါ KNPP ဗဟိုေကာ္မတီဝင္ က ဆိုသည္။

ကရင္နီျပည္ လြိဳင္ေကာ္ၿမိဳ႕ ႏွင့္ ရွားေတာၿမိဳ႕ၾကား ပြန္ေခ်ာင္းအနီး ကရင္နီတပ္မေတာ္ ၿမိဳ႕နယ္တပ္နဲ႔ စစ္ေကာင္စီ တပ္ တို႔အၾကား ဇူလိုင္လ ၂ရက္ေန႔ နံနက္ ၈နာရီ အခ်ိန္တြင္ ႏွစ္ဖက္ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ဇြန္လကုန္ က စတင္၍ စစ္ေကာင္စီတပ္ဘက္က ကလလတ၊ နယ္ျခားေစာင့္တပ္ႏွင့္ PNO အဖြဲ႕တို႔ ပူးေပါင္း၍ လုံၿခဳံေရး အေၾကာင္းျပကာ စစ္အင္အားတိုးခ်ဲ႕မႈမ်ား လုပ္ေဆာင္ေနသည့္အတြက္ တိုက္ပြဲျဖစ္ပြားရျခင္းျဖစ္သည္ဟု Karenni Information Center (KnIC) က ထုတ္ျပန္ထားသည္။

ယေန႔ျဖစ္ပြားခဲ့သည့္ တိုက္ပြဲသည္ စစ္အာဏာသိမ္းၿပီးေနာက္ KNPP ႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား သုံးႀကိမ္ ေျမာက္ တိုက္ပြဲျဖစ္သည္ဟု သိရသည္။

ၿပီးခဲ့သည့္ ေမလ ၂၀ ရက္ေန႔က KNPP ႏွင့္ စစ္ေကာင္စီတပ္တို႔ ဖားေဆာင္းၿမိဳ႕နယ္ထဲတြင္ တိုက္ပြဲ တစ္ႀကိမ္ ျဖစ္ ပြားခဲ့ၿပီး ေမလ ၂၇ ရက္ေန႔ကလည္း အဆိုပါ ၿမိဳ႕နယ္ထဲတြင္ ေနာက္တစ္ႀကိမ္ ထပ္မံျဖစ္ပြားခဲ့သည္။

ေမလ ၂၀ ရက္ေန႔ ေနာက္ပိုင္းက စတင္ကာ ကယား (ကရင္နီ) ျပည္နယ္တြင္ စစ္ေကာင္စီတပ္ႏွင့္ ေဒသအေျခ စိုက္ PDF တပ္တို႔အၾကား တိုက္ပြဲမ်ား စတင္ျဖစ္ပြားလာခဲ့ၿပီး တိုက္ပြဲျဖစ္ပြားလာသည့္ေနာက္ပိုင္း စစ္ေကာင္စီ တပ္မွ ကယား(ကရင္နီ) ျပည္နယ္အတြင္းသို႔ ဆက္တိုက္ဆိုသလို စစ္အင္အား တိုးခ်ဲ႕မႈမ်ားကို ျပဳလုပ္လာခဲ့ သည္ဟု ေျပာသည္။

“တိုးခ်ဲ႕မႈေတြကေတာ့ ရွိပါတယ္။ ဟိုးဒီ ၿမိဳ႕တြင္းကတည္းကေပါ့ေနာ္။ မိုးၿဗဲ၊ ဖယ္ခုံ၊ မိုးၿဗဲ ေနာက္လြိဳင္ေကာ္၊ ေျခာက္မိုင္ ငါးမိုင္ စသျဖင့္ေပါ့ အဲဒီ ေဒါငံခါး ျဖစ္ကတည္းက သူတို႔ တျဖည္းျဖည္း တိုးခ်ဲ႕လာတယ္ေလ။ အဲဒီ အျပင္ ဒီးေမာ့ဆို အေရွ႕ျခမ္းလည္း တိုးလာတာေတြရွိတယ္။ ရွားေတာအထိ တိုးလာတာေတြ ရွိတယ္” ဟု အမည္မေဖာ္လိုသူ KNPP ဗဟိုေကာ္မတီဝင္ က ေျပာသည္။

ထိုသို႔ စစ္အင္အား တိုးခ်ဲ႕မႈမ်ားေၾကာင့္ ကယား(ကရင္နီ) ျပည္နယ္ရွိ ေဒသအေျခစိုက္ PDF တပ္မ်ားႏွင့္ စစ္ ေကာင္စီတပ္တို႔ အၾကား တိုက္ပြဲမ်ား ပိုမို ျဖစ္ပြားလာသကဲ့သို႔ ကရင္နီ အမ်ိဳးသား တိုးတက္ေရးပါတီ KNPP ႏွင့္လည္း စစ္ေကာင္စီတို႔ တိုက္ပြားမ်ား ျပန္လည္ျဖစ္ပြားလာခဲ့သည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ စတင္ကာ စစ္တပ္မွ အာဏာသိမ္းယူၿပီးေနာက္ပိုင္း တိုင္းရင္းသား ျပည္ နယ္မ်ားတြင္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး တပ္ဖြဲ႕ မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲ ျဖစ္ပြား လာသကဲ့သို႔ တိုင္းေဒသႀကီးမ်ားတြင္လည္း NUG က ဖြဲ႕စည္းထား သည့္ ျပည္သူ႔ကာကြယ္ေရး တပ္မ်ား ႏွင့္ စစ္ေကာင္စီ တပ္တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားလာ ခဲ့သည္။

ထိုပဋိပကၡမ်ားေၾကာင့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အသီးသီးရွိ ျပည္သူမ်ားမွာ စစ္ေကာင္စီ၏ ဖမ္းဆီး၊ ႏွိပ္စက္ သတ္ျဖတ္မႈႏွင့္ ကင္းလြတ္ရာ ေတာထဲေတာင္ထဲ ႏွင့္ ေနရာ ေဒသအသီးသီးသို႔ ထြက္ေျပးတိမ္းေရွာင္ေနရ ၾကရ ၿပီး အခက္အခဲအမ်ိဳးမ်ိဳးႏွင့္ ရင္ဆိုင္ေနၾကရသည္ဟု ဆိုသည္။