သရက်တွင် ဆိုင်ထိုင်စားခွင့် ပိတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။
မကွေးတိုင်း၊ သရက်ခရိုင်အတွင်း COVID-19 ရောဂါ ပိုးတွေ့လူများ တိုးလာနေသည့်အတွက် ဇူလိုင်လ ၅ ရက်နေ့ (တင်္နလာနေ့)မှ စတင်၍ စားသောက်ဆိုင် များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် နှင့် လူတိုင်း Mask တပ်ကြရန် ခရိုင် COVID-19 ကော်မတီ က သတိပေးနိုးဆော်ထားသည်။
သရက်မြို့တွင် ဇွန်လ ၂၅ ရက်နေ့ မှ ဇူလိုင်လ ၄ ရက်နေ့ အထိ ၁၀ ရက် အတွင်း ပိုးတွေ့လူနာ ၄၀ ဦး၊ မင်တုန်း မြို့ နယ် ၅၆ ဦး၊ ကံမမြို့နယ်တါင် ၅ဦး နှင့် အောင်လံမြို့နယ်ထဲတွင် ၁၀ ဦး ရှိခဲ့ရာ၊ သရက်ခရိုင်တစ်ခုလုံး ပိုးတွေ့ လူ နာ စုစုပေါင်း ၁၁၁ ဦး တွေ့ ရှိထားကြောင်း သိရသည်။
သရက်ခရိုင်အတွင်း ရှိ မြို့နယ် ၆မြို့နယ် အနက် အထက်မင်းလှမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့တွင်သာ ပိုးတွေ့ ရှိမှု မရှိသေးကြောင်း သိရသည်။
စတိုးဆိုင်များ၊ ဖုန်းဆိုင်များ၊ ကုန်မာကဲ့သို့သော ဆိုင်များ ပိတ်ထားရမှာဖြစ်ပြီး မရှိမဖြစ် ဆေးဆိုင်ကဲ့သို့သောဆိုင် များသာ ဖွင့်ရမည်ဖြစ်ကြောင်း ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် ပြုလုပ်သည့် ခရိုင်အဆင့် COVID-19 ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း သရက်မြို့ စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုး က ပြောကြား သည်။
”သိပ်မလိုတဲ့ဆိုင်ပိတ်ပေါ့ မနက်ဖန်ကစပြီး လူတိုင်းmask တပ်ရမယ်။ မတပ်ရင် ပညာပေးရက် အတွင်း ဒဏ်ငွေ ၅၀၀ တပ်မယ်လို့ ကော်မတီကဆုံးဖြတ်တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိကူးစက်မှုအနေအထားအရ ကာကွယ်ဆေးထိုးပြီးသူ {ဆေးရုံဝန်ထမ်းများ (မင်းတုန်း)၊ ပညာရေးဝန်ထမ်း အချို့} နှင့် သရက်ခရိုင်ရဲမှူးကြီး၊ ခရိုင်ရုံးမှရဲမှူး အဆင့် အမျိုးသမီးတစ်ဦး တို့ လည်း COVID-19 ကူးစက်ခံထား ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်က ပို့တွေ့နှုန်း ၁၄ ရာခိုင်နှုန်းတွေ့ရာမှ ယခုအပတ်အတွင်း ၂၀ ရာခိုင်နှုန်း ပတ်ချာလည်ခန့် ရှိလာကြောင်း Stay At Home မြို့နယ်ပေါင်း ၂၆ မြို့နယ်အထိ ဖြစ်လာကြောင်း ကျန်းမားရေးနှင့် အားကစား ဝန် ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။
ကူးစက်မြန် ဗိုင်းရပ်စ်မျိုးကွဲသစ်ကို တွေ့ရှိထားပြီး ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းနှင့် ရင်ဆိုင်နေရသည့် မြန် မာနိုင်ငံတွင် ကူးစက်မှုနှုန်း၊ သေဆုံးမှုနှုန်းများ တိုးလာနေသဖြင့် သွားလာလှုပ်ရှားမှုများကို အထူးသတိထား ကြ ရန် ကျန်းမားရေး ပညာရှင်များက သိပေးနိုးဆော်ထားသည်။
*** ZAWGYI ***
သရက္တြင္ ဆိုင္ထိုင္စားခြင့္ ပိတ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၄ ရက္။
မေကြးတိုင္း၊ သရက္ခ႐ိုင္အတြင္း COVID-19 ေရာဂါ ပိုးေတြ႕လူမ်ား တိုးလာေနသည့္အတြက္ ဇူလိုင္လ ၅ ရက္ေန႔ (တနၤလာေန႔)မွ စတင္၍ စားေသာက္ဆိုင္ မ်ားကို ပါဆယ္စနစ္ျဖင့္သာ ေရာင္းခ်ရန္ ႏွင့္ လူတိုင္း Mask တပ္ၾကရန္ ခ႐ိုင္ COVID-19 ေကာ္မတီ က သတိေပးႏိုးေဆာ္ထားသည္။
သရက္ၿမိဳ႕တြင္ ဇြန္လ ၂၅ ရက္ေန႔ မွ ဇူလိုင္လ ၄ ရက္ေန႔ အထိ ၁၀ ရက္ အတြင္း ပိုးေတြ႕လူနာ ၄၀ ဦး၊ မင္တုန္း ၿမိဳ႕ နယ္ ၅၆ ဦး၊ ကံမၿမိဳ႕နယ္တါင္ ၅ဦး ႏွင့္ ေအာင္လံၿမိဳ႕နယ္ထဲတြင္ ၁၀ ဦး ရွိခဲ့ရာ၊ သရက္ခ႐ိုင္တစ္ခုလုံး ပိုးေတြ႕ လူ နာ စုစုေပါင္း ၁၁၁ ဦး ေတြ႕ ရွိထားေၾကာင္း သိရသည္။
သရက္ခ႐ိုင္အတြင္း ရွိ ၿမိဳ႕နယ္ ၆ၿမိဳ႕နယ္ အနက္ အထက္မင္းလွၿမိဳ႕နယ္ႏွင့္ ဆင္ေပါင္ဝဲၿမိဳ႕နယ္တို႔တြင္သာ ပိုးေတြ႕ ရွိမႈ မရွိေသးေၾကာင္း သိရသည္။
စတိုးဆိုင္မ်ား၊ ဖုန္းဆိုင္မ်ား၊ ကုန္မာကဲ့သို႔ေသာ ဆိုင္မ်ား ပိတ္ထားရမွာျဖစ္ၿပီး မရွိမျဖစ္ ေဆးဆိုင္ကဲ့သို႔ေသာဆိုင္ မ်ားသာ ဖြင့္ရမည္ျဖစ္ေၾကာင္း ယေန႔ ဇူလိုင္လ ၄ ရက္ေန႔တြင္ ျပဳလုပ္သည့္ ခ႐ိုင္အဆင့္ COVID-19 ေကာ္မတီ အစည္းအေဝးတြင္ ဆုံးျဖတ္ထားေၾကာင္း သရက္ၿမိဳ႕ စည္ပင္ေကာ္မတီ ဥကၠ႒ ဦးခင္ေမာင္စိုး က ေျပာၾကား သည္။
”သိပ္မလိုတဲ့ဆိုင္ပိတ္ေပါ့ မနက္ဖန္ကစၿပီး လူတိုင္းmask တပ္ရမယ္။ မတပ္ရင္ ပညာေပးရက္ အတြင္း ဒဏ္ေငြ ၅၀၀ တပ္မယ္လို႔ ေကာ္မတီကဆုံးျဖတ္တယ္” ဟု ၎က ေျပာသည္။
လက္ရွိကူးစက္မႈအေနအထားအရ ကာကြယ္ေဆးထိုးၿပီးသူ {ေဆး႐ုံဝန္ထမ္းမ်ား (မင္းတုန္း)၊ ပညာေရးဝန္ထမ္း အခ်ိဳ႕} ႏွင့္ သရက္ခ႐ိုင္ရဲမႉးႀကီး၊ ခ႐ိုင္႐ုံးမွရဲမႉး အဆင့္ အမ်ိဳးသမီးတစ္ဦး တို႔ လည္း COVID-19 ကူးစက္ခံထား ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ သီတင္းပတ္က ပို႔ေတြ႕ႏႈန္း ၁၄ ရာခိုင္ႏႈန္းေတြ႕ရာမွ ယခုအပတ္အတြင္း ၂၀ ရာခိုင္ႏႈန္း ပတ္ခ်ာလည္ခန႔္ ရွိလာေၾကာင္း Stay At Home ၿမိဳ႕နယ္ေပါင္း ၂၆ ၿမိဳ႕နယ္အထိ ျဖစ္လာေၾကာင္း က်န္းမားေရးႏွင့္ အားကစား ဝန္ ႀကီးဌာန က သတင္းထုတ္ျပန္ထားသည္။
ကူးစက္ျမန္ ဗိုင္းရပ္စ္မ်ိဳးကြဲသစ္ကို ေတြ႕ရွိထားၿပီး ကိုဗစ္ကပ္ေရာဂါ တတိယလႈိင္းႏွင့္ ရင္ဆိုင္ေနရသည့္ ျမန္ မာႏိုင္ငံတြင္ ကူးစက္မႈႏႈန္း၊ ေသဆုံးမႈႏႈန္းမ်ား တိုးလာေနသျဖင့္ သြားလာလႈပ္ရွားမႈမ်ားကို အထူးသတိထား ၾက ရန္ က်န္းမားေရး ပညာရွင္မ်ားက သိေပးႏိုးေဆာ္ထားသည္။