ကိုဗစ်ရောဂါ ဘေးကြောင့် ကျောင်းများ ပိတ်စေလို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၆ ရက်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ကူးစက်ပြန့်ပွားမှု တိုးပွားလျက် စာသင်ကျောင်းများကို ပိတ်ပေးစေလိုကြောင်း မြိတ်မြို့ က ကျောင်းသားမိ ဘ အချို့က တောင်းဆိုလိုက်သည်။

တိုင်းဒေသကြီးအတွင်း ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ က ဇူလိုင်လ ၃ ရက်နေ့ စွဲဖြင့် (ထားဝယ်၊မြိတ်၊ကော့သောင်း) ခရိုင်မြို့နယ်များရှိ စားသောက်ဆိုင်များနှင့် လဘက်ရည်ဆိုင်များကို ဇူလိုင် ၅ ရက်နေ့မှ စတင်၍ ပါဆယ်ဖြင့်သာရောင်းချပေးရန် သတိပေးခဲ့ပြီးနောက် ကျောင်းသားမိဘ အချို့ က လည်း အထက်ပါ အတိုင်း တောင်းဆိုခြင်း ဖြစ်သည်။

“ပါဆယ် စနစ်လုပ်တာတော့ ကောင်းပါတယ်၊ ကျနော်တို့လည်း ဖြစ်သင့်တယ်လို့ ယူဆပါတယ်။ ဒါပေမယ့် လူအများထိတွေ့နိုင်တဲ့ ဆိုင်တွေကိုတော့ ပိတ်ခိုင်းပြီး စာသင်ကျောင်းတွေ မပိတ်သေးတော့ ကလေးတွေ အတွက်စိတ်ပူမိတယ်။ လူစုလူဝေးဖြစ်တဲ့ စာသင်ကျောင်းတွေလဲ ယာယီဖြစ်ဖြစ် ပိတ်ထားစေချင်ပါတယ်” ဟု မြိတ်မြို့၊ မြို့သစ်ရပ်နေ အသက် ၄၀ အရွယ်ခန့် ကျောင်းသားမိခင်တစ်ဦး က ပြောသည်။

မြိတ်မြို့အတွင်း COVID-19 ရောဂါ ပိုးတွေ့ ကူးစက်လူနာများ တိုးမြင့်တွေ့ရှိလာမှုကြောင့် မြို့နယ်တာဝန်ရှိသူများ က အသံချဲ့စက်ဖြင့် ဇူလိုင်(၄)ရက်နေ့ ညနေ ပိုင်းတွင် မြိတ်မြို့အနှံ့ ကားဖြင့်လှည့်လည်ကာ အသိပေး အကြောင်း ကြားမှုများ လုပ်ဆောင်နေသည်ဟု မြိတ်မြို့က ဒေသခံများက ပြောသည်။

ဆိုင်ထိုင်စားသောက်ခြင်းများ အပြင် လူစုလူဝေးဖြင့် လုပ်ရမည့် အခမ်းအနားများ၊ အလှူပွဲအခမ်းအနားများ၊ စင်တင်တေးဂီတ၊ ကာရာအိုကေ ဆိုင်ခန်းများကိုလည်း မပြုလုပ်ကြရန် ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ကန့်သတ်ချက်တွင် ထည့်သွင်းထားသည်။

ဈေးများတွင်လည်း နေ့စဉ်စားသောက်ရန် လိုအပ်သည့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များမှအပ အခြား ဆိုင်များကို ယာယီပိတ်ထားရန်လည်း ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီက ထည့်သွင်း ညွှန်ကြားထားသည်။

မြိတ်မြို့နယ်အတွင်းမှာ အထက်တန်းကျောင်း (၁၈)ကျောင်း၊ ကျောင်း(ခွဲ) (၈)ကျောင်း၊ အလယ်တန်းကျောင်း (၁၂)ကျောင်း၊ ကျောင်း(ခွဲ) (၉)ကျောင်း၊ မူလတန်းကျောင်း(၇၂)ကျောင်း၊ မူလွန်ကျောင်း(၂၇)ကျောင်း နှင့် မူလ တန်းကျောင်း (ခွဲ) (၁)ကျောင်း၊ စုစုပေါင်း (၁၄၄)ကျောင်းရှိပြီး၊ ဇူလိုင်လ ပထမအပတ် အထိ ကျောင်းသူ/သား ၄၀ ရာခိုင်နှုန်းခန့် ကျောင်းတက်ရောက် ပညာသင်ကြားနေသည် ဟု မြိတ်မြို့နယ် ပညာရေးမှူး ဦးကျော်ရှိန် က ပြောသည်။

တနင်္သာရီတိုင်းတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၁၅၀၀ ကျော်ခန့်ရှိပြီး ထားဝယ်ခရိုင် တွင် ၂၄၆ခန့်၊ မြိတ်ခရိုင်တွင် ၄၆၊ ကော့သောင်းခရိုင်တွင် ၁၅ကျောင်းရှိပြီး ကျောင်းပေါင်း ၄၀၀ နီးပါးခန့်က ဖွင့်လှစ်နိုင် ခြင်းမရှိသေးဟု ပညာရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်း CDM ဝင်ထားသူ ဆရာမ ၇၀၀၀ နီးပါးခန့်ကို ရာထူးမှ ထုတ်ပယ်ထားသည်။

ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့သူ ၈၄ ဦးရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်းမာ ရေးဌာနက သတင်းထုတ်ပြန်ထားသည်။

*** ZAWGYI ***
ကိုဗစ္ေရာဂါ ေဘးေၾကာင့္ ေက်ာင္းမ်ား ပိတ္ေစလို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၆ ရက္။

တနသၤာရီတိုင္းေဒသႀကီးအတြင္း COVID-19 ကူးစက္ျပန႔္ပြားမႈ တိုးပြားလ်က္ စာသင္ေက်ာင္းမ်ားကို ပိတ္ေပးေစလိုေၾကာင္း ၿမိတ္ၿမိဳ႕ က ေက်ာင္းသားမိ ဘ အခ်ိဳ႕က ေတာင္းဆိုလိုက္သည္။

တိုင္းေဒသႀကီးအတြင္း ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚ တုန႔္ျပန္ေရးေကာ္မတီ က ဇူလိုင္လ ၃ ရက္ေန႔ စြဲျဖင့္ (ထားဝယ္၊ၿမိတ္၊ေကာ့ေသာင္း) ခ႐ိုင္ၿမိဳ႕နယ္မ်ားရွိ စားေသာက္ဆိုင္မ်ားႏွင့္ လဘက္ရည္ဆိုင္မ်ားကို ဇူလိုင္ ၅ ရက္ေန႔မွ စတင္၍ ပါဆယ္ျဖင့္သာေရာင္းခ်ေပးရန္ သတိေပးခဲ့ၿပီးေနာက္ ေက်ာင္းသားမိဘ အခ်ိဳ႕ က လည္း အထက္ပါ အတိုင္း ေတာင္းဆိုျခင္း ျဖစ္သည္။

“ပါဆယ္ စနစ္လုပ္တာေတာ့ ေကာင္းပါတယ္၊ က်ေနာ္တို႔လည္း ျဖစ္သင့္တယ္လို႔ ယူဆပါတယ္။ ဒါေပမယ့္ လူအမ်ားထိေတြ႕ႏိုင္တဲ့ ဆိုင္ေတြကိုေတာ့ ပိတ္ခိုင္းၿပီး စာသင္ေက်ာင္းေတြ မပိတ္ေသးေတာ့ ကေလးေတြ အတြက္စိတ္ပူမိတယ္။ လူစုလူေဝးျဖစ္တဲ့ စာသင္ေက်ာင္းေတြလဲ ယာယီျဖစ္ျဖစ္ ပိတ္ထားေစခ်င္ပါတယ္” ဟု ၿမိတ္ၿမိဳ႕၊ ၿမိဳ႕သစ္ရပ္ေန အသက္ ၄၀ အ႐ြယ္ခန႔္ ေက်ာင္းသားမိခင္တစ္ဦး က ေျပာသည္။

ၿမိတ္ၿမိဳ႕အတြင္း COVID-19 ေရာဂါ ပိုးေတြ႕ ကူးစက္လူနာမ်ား တိုးျမင့္ေတြ႕ရွိလာမႈေၾကာင့္ ၿမိဳ႕နယ္တာဝန္ရွိသူမ်ား က အသံခ်ဲ႕စက္ျဖင့္ ဇူလိုင္(၄)ရက္ေန႔ ညေန ပိုင္းတြင္ ၿမိတ္ၿမိဳ႕အႏွံ႔ ကားျဖင့္လွည့္လည္ကာ အသိေပး အေၾကာင္း ၾကားမႈမ်ား လုပ္ေဆာင္ေနသည္ဟု ၿမိတ္ၿမိဳ႕က ေဒသခံမ်ားက ေျပာသည္။

ဆိုင္ထိုင္စားေသာက္ျခင္းမ်ား အျပင္ လူစုလူေဝးျဖင့္ လုပ္ရမည့္ အခမ္းအနားမ်ား၊ အလႉပြဲအခမ္းအနားမ်ား၊ စင္တင္ေတးဂီတ၊ ကာရာအိုေက ဆိုင္ခန္းမ်ားကိုလည္း မျပဳလုပ္ၾကရန္ ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚ တုန႔္ျပန္ေရးေကာ္မတီ ကန႔္သတ္ခ်က္တြင္ ထည့္သြင္းထားသည္။

ေဈးမ်ားတြင္လည္း ေန႔စဥ္စားေသာက္ရန္ လိုအပ္သည့္ စားေသာက္ကုန္ပစၥည္း အေရာင္းဆိုင္မ်ားမွအပ အျခား ဆိုင္မ်ားကို ယာယီပိတ္ထားရန္လည္း ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚ တုန႔္ျပန္ေရးေကာ္မတီက ထည့္သြင္း ၫႊန္ၾကားထားသည္။

ၿမိတ္ၿမိဳ႕နယ္အတြင္းမွာ အထက္တန္းေက်ာင္း (၁၈)ေက်ာင္း၊ ေက်ာင္း(ခြဲ) (၈)ေက်ာင္း၊ အလယ္တန္းေက်ာင္း (၁၂)ေက်ာင္း၊ ေက်ာင္း(ခြဲ) (၉)ေက်ာင္း၊ မူလတန္းေက်ာင္း(၇၂)ေက်ာင္း၊ မူလြန္ေက်ာင္း(၂၇)ေက်ာင္း ႏွင့္ မူလ တန္းေက်ာင္း (ခြဲ) (၁)ေက်ာင္း၊ စုစုေပါင္း (၁၄၄)ေက်ာင္းရွိၿပီး၊ ဇူလိုင္လ ပထမအပတ္ အထိ ေက်ာင္းသူ/သား ၄၀ ရာခိုင္ႏႈန္းခန႔္ ေက်ာင္းတက္ေရာက္ ပညာသင္ၾကားေနသည္ ဟု ၿမိတ္ၿမိဳ႕နယ္ ပညာေရးမႉး ဦးေက်ာ္ရွိန္ က ေျပာသည္။

တနသၤာရီတိုင္းတြင္ မူလတန္း၊ အလယ္တန္း၊ အထက္တန္းေက်ာင္းေပါင္း ၁၅၀၀ ေက်ာ္ခန႔္ရွိၿပီး ထားဝယ္ခ႐ိုင္ တြင္ ၂၄၆ခန႔္၊ ၿမိတ္ခ႐ိုင္တြင္ ၄၆၊ ေကာ့ေသာင္းခ႐ိုင္တြင္ ၁၅ေက်ာင္းရွိၿပီး ေက်ာင္းေပါင္း ၄၀၀ နီးပါးခန႔္က ဖြင့္လွစ္ႏိုင္ ျခင္းမရွိေသးဟု ပညာေရးဌာန တာဝန္ရွိသူ တစ္ဦးထံမွ သိရသည္။ တနသၤာရီတိုင္းအတြင္း CDM ဝင္ထားသူ ဆရာမ ၇၀၀၀ နီးပါးခန႔္ကို ရာထူးမွ ထုတ္ပယ္ထားသည္။

ဇြန္လ ၂၈ ရက္မွ ဇူလိုင္လ ၂ ရက္ေန႔အထိ ကိုဗစ္ပိုးေတြ႕သူ ၈၄ ဦးရွိေၾကာင္း တနသၤာရီတိုင္းေဒသႀကီး က်န္းမာ ေရးဌာနက သတင္းထုတ္ျပန္ထားသည္။