KIO နယ်မြေတွင် COVID-19 လူနာ ၂၅၀ ကျော်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်း COVID-19 အတည်ပြုလူနာ ၂၅၀ ကျော်သွားပြီ ဖြစ်ပြီး ကူးစက်မှုများ မြင့်တက်လာနေသည့်အတွက် လိုင်ဇာမြို့ရှိ ကျောင်းများ၊ သင်တန်းများနှင့် ဘုရားကျောင်း များကို တစ်ပတ်ပိတ်လိုက်ပြီဟု သိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ (ယနေ့) ညနေပိုင်းအချိန်ထိ စစ်ဆေးတွေ့ရှိချက်များအရ ပိုးတွေ့အတည်ပြုလူနာအများစုမှ မိုင်ဂျာယန်မှ ဖြစ်သည်ဟု မိုင်ဂျာယန် က ဒေသခံတစ်ဦး က ပြောသည်။

“ကျမတို့ မိုင်ဂျာယန်မှာ စနေ့နေ့လောက်ကစပြီး ကျောင်းတွေအားလုံးစစ်တယ်၊ မိုင်ဂျာယန် ကောလိမ်မှာ လည်း စစ်တယ်။ အဲ့မှာက စနေညကတည်းက ၁၆၀ ကျော်တယ်နော်။ မနေ့ကလည်းစစ်တယ်။ ဒီနေ့လည်း စစ် တယ်။ ဒီနေ့ဆိုရင် ပါကထောင် စစ်ရှောင်စခန်းကလည်း p ဖြစ်တဲ့လူပါတယ်လို့ ပြောတယ်။ ကျောင်းတွေ လည်း အားလုံးပိတ်ထားတယ် အခုက” ဟု ပြောသည်။

မိုင်ဂျာယန်မြို့ရှိ COVID-19 အတည်ပြုလူနာများအား ဖက်ဒရယ် ဥပဒေ အကယ်ဒမီကျောင်းဝန်းအတွင်း သီး သန့် ဆေးကုသမှု ပေးထားသည်ဟု ဒေသခံများက ပြောသည်။

“မိုင်ဂျာယန် ဖက်ဒရယ် ဥပဒေအကယ်ဒမီကျောင်းကို Positive ဖြစ်တဲ့လူနာတွေကို အဲ့မှာ သီးသန့်ထားတယ်။ လူနာတွေကတော့ နေ့တိုင်းတိုးတယ်။ ၂၀၀ ကျော်ဆိုပေမယ့် အခုဆိုရင် ၃၀၀ လောက်ရှိလောက်ပြီ ဆိုတာမျိုး သိထားတယ်။ မိုင်ဂျာယန် ကောလိပ်၊ MIED ရယ်၊ နောက်ပြီး မုန်မြစ်ဆီလီ စစ်ရှောင်တွေရဲ့ ကျောင်းရယ်၊ ဘော် ဒါ ဒီဖာသာတွေဖွင့်ထားတဲ့ ဘော်ဒါက လူတွေ P ဖြစ်တယ်လို့သိရတယ်။ ကျမတို့လည်း ဒီနေ့ စစ်ထားပြီ။ မိုင်ဂျာယန် ဖက်ဒရယ်ကျောင်းလည်း စစ်ထားပြီ။ ဒီနေ့ စစ်တဲ့လူတွေကတော့ မနက်ဖြန်မှာ အဖြေသိရမယ်” ဟု မိုင်ဂျာယန်ရှိ အခြားဒေသခံတစ်ဦး က ဆက် ပြောသည်။

မိုင်ဂျာယန်ဒေသရှိ ကျောင်းများက ကျောင်းသူကျောင်းသားများ၊ စစ်ရှောင်စခန်းမှ စစ်ရှောင်များ နှင့် ဒေသခံများအား ဇူလိုင် ၁၀ ရက်နေ့ (စနေနေ့) က စတင်၍ ဆေးစစ်မှုများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

“မိုင်ဂျာယန်မှာက အားလုံးပိတ်လိုက်ပြီ။ လမ်းတွေလည်း ကိုယ့်ဟာကိုယ်ပိတ်ကြတယ်။ အခုက ကျောင်းတွေ အကုန်လုံးကို စစ်ပေးနေတယ်။ တချို့ကတော့ ကာကွယ်ဆေးက ထိုးပြီးသားဟုတ်တယ်။ ဒါပေမယ့် အခုက ထိုးပြီးတဲ့လူရော မထိုးရသေးတဲ့လူတွေရော အားလုံးကို ကျန်းမာရေးက စစ်ပေးနေတယ်” ဟု မိုင်ဂျာယန် က ဒေသခံတစ်ဦး က ပြောသည်။

ထို့အတူ လိုင်ဇာမြို့တွင်လည်း COVID-19 ရောဂါပိုး စစ်ဆေးမှုများကို ဇူလိုင်လ ၁၁ ရက်နေ့ (တနင်္ဂနွေနေ့) မှ စတင်၍ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီး လိုင်ဇာအနီးက အလမ့်ဘွမ်ရှိ ကျောင်းသူ ကျောင်းသားများကိုလည်း ဆေးစစ်ခဲ့ရာ ပိုးတွေ့ရှိမှု မရှိသေးဘူးဟု KIO ၏ COVID-19 ရောဂါကာကွယ် တားဆီးနှိမ်နှင်းရေး ကော်မတီ တာဝန်ရှိသူ က ပြောသည်။

မိုင်ဂျာယန်မြို့အတွင်း ကျောင်းသားများ၌ ဖြစ်ပွားနေသော ကူးစက်မြန် COVID-19 ရောဂါ အခြေအနေသည် စိုးရိမ်ရသော Positive လူနာများရှိလာခြင်းကြောင့် လိုင်ဇာမြို့တွင်လည်း အင်မတန် စိုးရိမ်သတိထားသင့်သော အခြေအနေ ဖြစ်ပေါ်နေပါသည်ဟု COVID-19 ရောဂါကာကွယ် တားဆီးနှိမ်နှင်းရေး ကော်မတီ က ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“ထို့ကြောင့် ကြိုတင် သတိထားကာကွယ်တဲ့အနေဖြင့် လိုင်ဇာမြို့ အုပ်ချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်း များ အားလုံး၊ မူကြိုကျောင်းများ၊ ကရာတေး ကလပ်၊ သင်တန်းများနှင့် ဘာသာရေး ဘုရားရှိခိုးခြင်း အစီအစဉ် များအား ၁၂/၇/၂၀၂၁ ရက်နေ့မှ ၁၈/၇/၂၀၂၁ ရက်နေ့အထိ (တစ်ပတ်) ပိတ်ထားမည် ဖြစ်ပါကြောင်း အများ ပြည်သူများအားလုံး သိရှိလိုက်နာဖို့ရန် အသိပေး ကြေညာ လိုက်ပါသည်” ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်း ၂၀၂၀ ခုနှစ် တစ်နှစ်ပတ်လုံးနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာ မသိမ်းခင်ကာလအထိ COVID-19 ရောဂါကူးစက်မှု မရှိခဲ့သော်လည်း ယခုနှစ် မတ်လခန့်မှစတင်၍ ယခု ဇူလိုင် လ ပထမ အပတ်အထိ ဝင်ရောက်လာသူများထဲမှ ရောဂါ ကူးစက်ခံရသူများရှိလာခဲ့ခြင်း ဖြစ်သည်။

ယခုခါတွင် မိုင်ဂျာယန်တွင် ကူးစက်မှုနှုန်းမှာ စိုးရိမ်သတိထားသင့်သည့် အခြေအနေမျိုး ဖြစ်လာ သည့်အတွက် ပြည်သူများအနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ နေထိုင်ကြရန် KIO ၏ COVID-19 ရောဂါကာကွယ် တားဆီးနှိမ်နှင်းရေး ကော်မတီ က တိုက်တွန်းထားသည်။

ဓါတ်ပုံ – Mai Ja Yang Institute of Education

*** ZAWGYI ***
KIO နယ္ေျမတြင္ COVID-19 လူနာ ၂၅၀ ေက်ာ္ေတြ႕

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၂ ရက္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ထိန္းခ်ဳပ္နယ္ေျမအတြင္း COVID-19 အတည္ျပဳလူနာ ၂၅၀ ေက်ာ္သြားၿပီ ျဖစ္ၿပီး ကူးစက္မႈမ်ား ျမင့္တက္လာေနသည့္အတြက္ လိုင္ဇာၿမိဳ႕ရွိ ေက်ာင္းမ်ား၊ သင္တန္းမ်ားႏွင့္ ဘုရားေက်ာင္း မ်ားကို တစ္ပတ္ပိတ္လိုက္ၿပီဟု သိရသည္။

ဇူလိုင္လ ၁၂ ရက္ေန႔ (ယေန႔) ညေနပိုင္းအခ်ိန္ထိ စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ ပိုးေတြ႕အတည္ျပဳလူနာအမ်ားစုမွ မိုင္ဂ်ာယန္မွ ျဖစ္သည္ဟု မိုင္ဂ်ာယန္ က ေဒသခံတစ္ဦး က ေျပာသည္။

“က်မတို႔ မိုင္ဂ်ာယန္မွာ စေန႔ေန႔ေလာက္ကစၿပီး ေက်ာင္းေတြအားလုံးစစ္တယ္၊ မိုင္ဂ်ာယန္ ေကာလိမ္မွာ လည္း စစ္တယ္။ အဲ့မွာက စေနညကတည္းက ၁၆၀ ေက်ာ္တယ္ေနာ္။ မေန႔ကလည္းစစ္တယ္။ ဒီေန႔လည္း စစ္ တယ္။ ဒီေန႔ဆိုရင္ ပါကေထာင္ စစ္ေရွာင္စခန္းကလည္း p ျဖစ္တဲ့လူပါတယ္လို႔ ေျပာတယ္။ ေက်ာင္းေတြ လည္း အားလုံးပိတ္ထားတယ္ အခုက” ဟု ေျပာသည္။

မိုင္ဂ်ာယန္ၿမိဳ႕ရွိ COVID-19 အတည္ျပဳလူနာမ်ားအား ဖက္ဒရယ္ ဥပေဒ အကယ္ဒမီေက်ာင္းဝန္းအတြင္း သီး သန႔္ ေဆးကုသမႈ ေပးထားသည္ဟု ေဒသခံမ်ားက ေျပာသည္။

“မိုင္ဂ်ာယန္ ဖက္ဒရယ္ ဥပေဒအကယ္ဒမီေက်ာင္းကို Positive ျဖစ္တဲ့လူနာေတြကို အဲ့မွာ သီးသန႔္ထားတယ္။ လူနာေတြကေတာ့ ေန႔တိုင္းတိုးတယ္။ ၂၀၀ ေက်ာ္ဆိုေပမယ့္ အခုဆိုရင္ ၃၀၀ ေလာက္ရွိေလာက္ၿပီ ဆိုတာမ်ိဳး သိထားတယ္။ မိုင္ဂ်ာယန္ ေကာလိပ္၊ MIED ရယ္၊ ေနာက္ၿပီး မုန္ျမစ္ဆီလီ စစ္ေရွာင္ေတြရဲ႕ ေက်ာင္းရယ္၊ ေဘာ္ ဒါ ဒီဖာသာေတြဖြင့္ထားတဲ့ ေဘာ္ဒါက လူေတြ P ျဖစ္တယ္လို႔သိရတယ္။ က်မတို႔လည္း ဒီေန႔ စစ္ထားၿပီ။ မိုင္ဂ်ာယန္ ဖက္ဒရယ္ေက်ာင္းလည္း စစ္ထားၿပီ။ ဒီေန႔ စစ္တဲ့လူေတြကေတာ့ မနက္ျဖန္မွာ အေျဖသိရမယ္” ဟု မိုင္ဂ်ာယန္ရွိ အျခားေဒသခံတစ္ဦး က ဆက္ ေျပာသည္။

မိုင္ဂ်ာယန္ေဒသရွိ ေက်ာင္းမ်ားက ေက်ာင္းသူေက်ာင္းသားမ်ား၊ စစ္ေရွာင္စခန္းမွ စစ္ေရွာင္မ်ား ႏွင့္ ေဒသခံ မ်ားအား ဇူလိုင္ ၁၀ ရက္ေန႔ (စေနေန႔) က စတင္၍ ေဆးစစ္မႈမ်ား ျပဳလုပ္ေပးခဲ့ျခင္း ျဖစ္သည္။

“မိုင္ဂ်ာယန္မွာက အားလုံးပိတ္လိုက္ၿပီ။ လမ္းေတြလည္း ကိုယ့္ဟာကိုယ္ပိတ္ၾကတယ္။ အခုက ေက်ာင္းေတြ အကုန္လုံးကို စစ္ေပးေနတယ္။ တခ်ိဳ႕ကေတာ့ ကာကြယ္ေဆးက ထိုးၿပီးသားဟုတ္တယ္။ ဒါေပမယ့္ အခုက ထိုးၿပီးတဲ့လူေရာ မထိုးရေသးတဲ့လူေတြေရာ အားလုံးကို က်န္းမာေရးက စစ္ေပးေနတယ္” ဟု မိုင္ဂ်ာယန္ က ေဒသခံတစ္ဦး က ေျပာသည္။

ထို႔အတူ လိုင္ဇာၿမိဳ႕တြင္လည္း COVID-19 ေရာဂါပိုး စစ္ေဆးမႈမ်ားကို ဇူလိုင္လ ၁၁ ရက္ေန႔ (တနဂၤေႏြေန႔) မွ စတင္၍ စစ္ေဆးမႈမ်ား ျပဳလုပ္လွ်က္ရွိၿပီး လိုင္ဇာအနီးက အလမ့္ဘြမ္ရွိ ေက်ာင္းသူ ေက်ာင္းသားမ်ားကိုလည္း ေဆးစစ္ခဲ့ရာ ပိုးေတြ႕ရွိမႈ မရွိေသးဘူးဟု KIO ၏ COVID-19 ေရာဂါကာကြယ္ တားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ တာဝန္ရွိသူ က ေျပာသည္။

မိုင္ဂ်ာယန္ၿမိဳ႕အတြင္း ေက်ာင္းသားမ်ား၌ ျဖစ္ပြားေနေသာ ကူးစက္ျမန္ COVID-19 ေရာဂါ အေျခအေနသည္ စိုးရိမ္ရေသာ Positive လူနာမ်ားရွိလာျခင္းေၾကာင့္ လိုင္ဇာၿမိဳ႕တြင္လည္း အင္မတန္ စိုးရိမ္သတိထားသင့္ေသာ အေျခအေန ျဖစ္ေပၚေနပါသည္ဟု COVID-19 ေရာဂါကာကြယ္ တားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ က ဇူလိုင္လ ၁၂ ရက္ေန႔တြင္ ထုတ္ျပန္ထားသည္။

“ထို႔ေၾကာင့္ ႀကိဳတင္ သတိထားကာကြယ္တဲ့အေနျဖင့္ လိုင္ဇာၿမိဳ႕ အုပ္ခ်ဳပ္နယ္ေျမအတြင္းရွိ စာသင္ေက်ာင္း မ်ား အားလုံး၊ မူႀကိဳေက်ာင္းမ်ား၊ ကရာေတး ကလပ္၊ သင္တန္းမ်ားႏွင့္ ဘာသာေရး ဘုရားရွိခိုးျခင္း အစီအစဥ္ မ်ားအား ၁၂/၇/၂၀၂၁ ရက္ေန႔မွ ၁၈/၇/၂၀၂၁ ရက္ေန႔အထိ (တစ္ပတ္) ပိတ္ထားမည္ ျဖစ္ပါေၾကာင္း အမ်ား ျပည္သူမ်ားအားလုံး သိရွိလိုက္နာဖို႔ရန္ အသိေပး ေၾကညာ လိုက္ပါသည္” ဟု အဆိုပါ ထုတ္ျပန္ခ်က္ထဲတြင္ ေရးသားထားသည္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ထိန္းခ်ဳပ္နယ္ေျမအတြင္း ၂၀၂၀ ခုႏွစ္ တစ္ႏွစ္ပတ္လုံးႏွင့္ ၂၀၂၁ ခုႏွစ္ စစ္အာဏာ မသိမ္းခင္ကာလအထိ COVID-19 ေရာဂါကူးစက္မႈ မရွိခဲ့ေသာ္လည္း ယခုႏွစ္ မတ္လခန႔္မွစတင္၍ ယခု ဇူလိုင္ လ ပထမ အပတ္အထိ ဝင္ေရာက္လာသူမ်ားထဲမွ ေရာဂါ ကူးစက္ခံရသူမ်ားရွိလာခဲ့ျခင္း ျဖစ္သည္။

ယခုခါတြင္ မိုင္ဂ်ာယန္တြင္ ကူးစက္မႈႏႈန္းမွာ စိုးရိမ္သတိထားသင့္သည့္ အေျခအေနမ်ိဳး ျဖစ္လာ သည့္အတြက္ ျပည္သူမ်ားအေနျဖင့္ ခ်မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း လိုက္နာ ေနထိုင္ၾကရန္ KIO ၏ COVID-19 ေရာဂါကာကြယ္ တားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ က တိုက္တြန္းထားသည္။

ဓါတ္ပုံ – Mai Ja Yang Institute of Education