ဖားကန့်တွင် တိုက်ခိုက်မှုများ တနေ့ထဲ အများအပြား ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။

ဖားကန့်မြို့နယ်အတွင်း တနင်္လာနေ့က ဗုံးကွဲမှု၊ ရဲကားတိုက်ခိုက်ခံရမှုနှင့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်းရှိ ယူမန်ကျေးရွာအနီးတွင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၈ နာရီကျော်အချိန်ခန့် က စစ်ကောင်စီ၏ လက်အောက်ခံ ရဲကားတစ်စီးကို KIA က တိုက်ခိုက်ခဲ့သည် ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီရဲကားကို KIA က တိုက်ခိုက်တာလို့ပြောတယ်။ အစတော့ မိုင်းခွဲတိုက်ခိုက်တာဟုတ်တယ်။ ပြီး တော့ ခနကြတော့ သေနတ်သံတွေ ပြန်ကြားရတယ်။ အသံတွေတော့ ကြားနေရတာ။ ဖြစ်တာတော့ ဟုတ် တယ်။ အသေးစိတ်တော့ မသိဘူး။ ရဲကားက မနက်တိုင်း ဖြတ်သွား ဖြတ်လာ သွားနေကြ။ အဲ့ဒါ မနေ့ကလည်း အဲ့လိုလာတဲ့အချိန်မှာ ကျောင်းမရောက်ခင်မှာ တိုက်ခိုက်ခံရတာမျိုးပေါ့နော်” ဟု ဒေသခံတစ်ဦး က ပြောသည်။

ထိုသို့ ရဲကားတိုက်ခိုက်ခံရသည့် အချိန်နှင့် မရှေ့မနှောင်းတွင် ယူမန်ကျေးရွာရှိ စာသင်ကျောင်းအနီးတွင်လည်း ထိုနေ့ နံနက်ပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု အခြားဒေသခံ တစ်ဦး က ပြောသည်။

အခြားဒေသခံတစ်ဦး က “ဗုံးလည်းကွဲတယ် ကျောင်းနားမှာပါ။ အဲ့ဘက်မှာက ဗုံးကွဲသံ နှစ်ချက်ကြားတယ်။ ရဲ ကားတွေ တိုက်ခိုက်ခံရတာလည်း သိပ်မဝေးဘူးဗျ။ တခါတည်းဖြစ်တာလား ဗုံးကွဲလို့ ရဲတွေက ရောက်လာ တာလား ဘာလားတော့ သေချာမသိဘူး။ အဲ့နားမှာ စစ်ကားရော၊ ရဲကားရောက သွားလိုက်လာလိုက် ဟုတ်တယ် ဗျ” ဟု ပြောသည်။

အလားတူ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ကချင်လွတ်လပ်ရေးတပ်မတော် တပ်ရင်း ၆ နယ် မြေဖြစ်သည့် ဖားကန့်နှင့် ဆိုင်းတောင်ကြားတွင် သွားလာနေသည့် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ် ကောင်စီတပ်ဘက် ထိခိုက်ဒဏ်ရာ ရရှိမှုများရှိသည် ဟု အဆိုပါဒေသအတွင်းမှ ရပ်မိရပ်ဖတစ်ဦး က ပြော သည်။

“အဲ့ဒီအနီး တဝိုက်မှာ လှုပ်ရှားနေတဲ့ ဗမာစစ်တပ်ကို KIA က တားဆီးပစ်ခတ်တယ်။ ခြုံခိုတိုက်ခိုက်ခဲ့တယ်။ ဗမာစစ်တပ် က ကားတွေနဲ့ တက်လာတာကို KIA က ပစ်ခတ်ခဲ့ တဲ့အခါမှာ ဗမာစစ်တပ်ဘက်က ထိခိုက်ဒဏ်ရာ ရတာရှိ တယ်။ အသေးစိတ်ကို မသိရသေးဘူး” ဟု ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ (ယနေ့)တွင်လည်း ဖားကန့်၊ ယူမန်ကျေးရွာထဲတွင် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးအတွက် လှည့်လည်သွားလာနေသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲနှင့် ရဲကား တိုက်ခိုက်ခဲ့ရသည့် ဖြစ်စဉ်အပြင် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာအနီးက စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ် စခန်းတစ်ခုအား KIA တိုက်ခိုက်ခဲ့ ပြီးနောက် ဝိုင်းမော်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်မြို့နယ်များထဲသို့ စစ်ကောင်စီတပ် များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

*** ZAWGYI ***
ဖားကန႔္တြင္ တိုက္ခိုက္မႈမ်ား တေန႔ထဲ အမ်ားအျပား ျဖစ္ပြား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၃ ရက္။

ဖားကန႔္ၿမိဳ႕နယ္အတြင္း တနလၤာေန႔က ဗုံးကြဲမႈ၊ ရဲကားတိုက္ခိုက္ခံရမႈႏွင့္ စစ္ေကာင္စီတပ္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕အတြင္းရွိ ယူမန္ေက်း႐ြာအနီးတြင္ ဇူလိုင္လ ၁၂ ရက္ေန႔ နံနက္ ၈ နာရီေက်ာ္အခ်ိန္ခန႔္ က စစ္ေကာင္စီ၏ လက္ေအာက္ခံ ရဲကားတစ္စီးကို KIA က တိုက္ခိုက္ခဲ့သည္ ဟု ေဒသခံတစ္ဦးက ေျပာသည္။

“ဒီရဲကားကို KIA က တိုက္ခိုက္တာလို႔ေျပာတယ္။ အစေတာ့ မိုင္းခြဲတိုက္ခိုက္တာဟုတ္တယ္။ ၿပီး ေတာ့ ခနၾကေတာ့ ေသနတ္သံေတြ ျပန္ၾကားရတယ္။ အသံေတြေတာ့ ၾကားေနရတာ။ ျဖစ္တာေတာ့ ဟုတ္ တယ္။ အေသးစိတ္ေတာ့ မသိဘူး။ ရဲကားက မနက္တိုင္း ျဖတ္သြား ျဖတ္လာ သြားေနၾက။ အဲ့ဒါ မေန႔ကလည္း အဲ့လိုလာတဲ့အခ်ိန္မွာ ေက်ာင္းမေရာက္ခင္မွာ တိုက္ခိုက္ခံရတာမ်ိဳးေပါ့ေနာ္” ဟု ေဒသခံတစ္ဦး က ေျပာသည္။

ထိုသို႔ ရဲကားတိုက္ခိုက္ခံရသည့္ အခ်ိန္ႏွင့္ မေရွ႕မေႏွာင္းတြင္ ယူမန္ေက်း႐ြာရွိ စာသင္ေက်ာင္းအနီးတြင္လည္း ထိုေန႔ နံနက္ပိုင္းက ဗုံးႏွစ္လုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည္ဟု အျခားေဒသခံ တစ္ဦး က ေျပာသည္။

အျခားေဒသခံတစ္ဦး က “ဗုံးလည္းကြဲတယ္ ေက်ာင္းနားမွာပါ။ အဲ့ဘက္မွာက ဗုံးကြဲသံ ႏွစ္ခ်က္ၾကားတယ္။ ရဲ ကားေတြ တိုက္ခိုက္ခံရတာလည္း သိပ္မေဝးဘူးဗ်။ တခါတည္းျဖစ္တာလား ဗုံးကြဲလို႔ ရဲေတြက ေရာက္လာ တာလား ဘာလားေတာ့ ေသခ်ာမသိဘူး။ အဲ့နားမွာ စစ္ကားေရာ၊ ရဲကားေရာက သြားလိုက္လာလိုက္ ဟုတ္တယ္ ဗ်” ဟု ေျပာသည္။

အလားတူ ဇူလိုင္လ ၁၂ ရက္ေန႔ နံနက္ပိုင္း ၉ နာရီအခ်ိန္ခန႔္က ကခ်င္လြတ္လပ္ေရးတပ္မေတာ္ တပ္ရင္း ၆ နယ္ ေျမျဖစ္သည့္ ဖားကန႔္ႏွင့္ ဆိုင္းေတာင္ၾကားတြင္ သြားလာေနသည့္ စစ္ေကာင္စီတပ္မ်ားႏွင့္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ ေကာင္စီတပ္ဘက္ ထိခိုက္ဒဏ္ရာ ရရွိမႈမ်ားရွိသည္ ဟု အဆိုပါေဒသအတြင္းမွ ရပ္မိရပ္ဖတစ္ဦး က ေျပာ သည္။

“အဲ့ဒီအနီး တဝိုက္မွာ လႈပ္ရွားေနတဲ့ ဗမာစစ္တပ္ကို KIA က တားဆီးပစ္ခတ္တယ္။ ၿခဳံခိုတိုက္ခိုက္ခဲ့တယ္။ ဗမာစစ္တပ္ က ကားေတြနဲ႔ တက္လာတာကို KIA က ပစ္ခတ္ခဲ့ တဲ့အခါမွာ ဗမာစစ္တပ္ဘက္က ထိခိုက္ဒဏ္ရာ ရတာရွိ တယ္။ အေသးစိတ္ကို မသိရေသးဘူး” ဟု ေျပာသည္။

ထိုသို႔ တိုက္ခိုက္ခံရၿပီးေနာက္ေန႔ ဇူလိုင္လ ၁၃ ရက္ေန႔ (ယေန႔)တြင္လည္း ဖားကန႔္၊ ယူမန္ေက်း႐ြာထဲတြင္ စစ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား လုံၿခဳံေရးအတြက္ လွည့္လည္သြားလာေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဖားကန႔္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့သည့္ အဆိုပါ တိုက္ပြဲႏွင့္ ရဲကား တိုက္ခိုက္ခဲ့ရသည့္ ျဖစ္စဥ္အျပင္ ဇူလိုင္လ ၁၁ ရက္ေန႔ကလည္း ဝိုင္းေမာ္ၿမိဳ႕နယ္၊ ေအာင္ေျမ (၁) ေက်း႐ြာအနီးက စစ္ေကာင္စီ လက္ေအာက္ခံ ျပည္သူ႔စစ္တပ္ စခန္းတစ္ခုအား KIA တိုက္ခိုက္ခဲ့ ၿပီးေနာက္ ဝိုင္းေမာ္၊ မိုးေမာက္၊ ေဒါ့ဖုန္းယန္ၿမိဳ႕နယ္မ်ားထဲသို႔ စစ္ေကာင္စီတပ္ မ်ားက လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့သည္။